အာဆီယံရဲ့ ကလေးဆိုးများ


( ထိုင်းနိုင်ငံ၊ နေးရှင်းသတင်းစာက ဆရာကဝိ ( Kavi Chongkitta vorn ) တို့ရေးလိုက်ရင် မစားရ ဝခမန်းတွေချည်းပါပဲ။ ထိုင်း လူမျိုးဆိုတော့ သူတို့က ရှေ့ကို တော်တော်ကြီး ရောက်နေတာတောင် ခပ်လန့်လန့်ပဲ ထင် ပါရဲ့ )

အာဆီယံရဲ့ ကလေးဆိုးကြီးများဆိုတာ CLMV ကို ပြောတာပါ။ ကမ္ဘောဒီး ယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့ပါ။

ကမ္ဘောဒီးယားဆိုရင် သူတို့ပြည်တွင်းစစ်ကို ၁၉၉၁- ခုမှာ အဆုံးသတ်နိုင်ခဲ့ တယ်။ ဒီကာလအတွင်း ကုလသမဂ္ဂက စီးပွါးရေးပိတ်ဆို့ခဲ့တော့ တော်တော် ခံလိုက်ရတယ်။ ကမ္ဘောဒီးယား ဒီမိုကရက်တစ်နိုင်ငံဖြစ်လာဖို့ အားလုံး က မျှော်လင့်ထားခဲ့ကြပေမယ့် အာဏာရှင်စနစ်ကြောင့် အလုပ်မဖြစ်ခဲ့ပြန်ဘူး။

အပြောင်းအလဲဖြစ်လာတဲ့အထဲမှာ အင်ဒိုနီးရှားကတော့ အတိုးတက်ဆုံး လို့ ပြောရလိမ့်မယ် ထင်ပါတယ်။ ၁၉၉၈- မှာ ပြုပြင်ပြောင်းလဲရေးတွေ စတင် လာခဲ့ပြီး စီးပွါးရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးပါ တိုးတက် လာခဲ့လို့ အာဆီယံကို အများကြီး အထောက်အကူ ဖြစ်စေခဲ့ တယ်။ မြန်မာနဲ့ ပတ်သက်လို့ စဉ်းစားစရာရှိတာက မြန်မာဟာ အင်ဒိုလိုဖြစ်လာမလား ဆိုတာ ပါပဲ။

အရင်လကပဲ မြန်မာသမ္မတ စိုင်းမောက်ခန်းက နိုင်ငံရေးပြောင်းလဲမှုဟာ စီး ပွါးရေးပြောင်းလဲမှုရဲ့ အခြေခံဖြစ်တယ်လို့ ရန်ကုန်မှာ ပြောကြားခဲ့တယ် ။ မြန် မာခေါင်းဆောင်ပိုင်းတွေမှာ ဒီအမြင်မျိုးတွေ ရှိနေဖို့ဆိုတာ လွန်ခဲ့တဲ့နှစ်နှစ် ကဆိုရင် တွေးတောင်မတွေးရဲစရာပါ။

အခု မြန်မာအစိုးရက စီးပွါးရေးပြုပြင်ပြောင်းလဲမှုသက်သက်နဲ့ အာဆီယံနိုင် ငံတွေကို အမီလိုက်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်လာ ခဲ့ကြပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပါ တွဲပြီးလုပ်ဆောင်လာကြတယ်။ ဒီ အ ချက်ကသည်ပင် လာအို၊ ဗီယက်နမ်တို့နဲ့ ကွဲပြားနေတဲ့ အချက်တစ်ချက် ဖြစ် လာခဲ့တယ်။ အခြားအာဆီယံနိုင်ငံတွေ မလုပ်ရဲတာကို မြန်မာအစိုးရက လုပ် ချလိုက်တာဖြစ်တယ်။ အခုဆိုရင် သတင်းစာခေါင်းကြီးပိုင်းတွေကို မြန်မာ့ သ တင်းက တော်တော်စိုးမိုးထားတာ တွေ့လာရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အာဆီယံကို သိက္ခာတက်စေတာ အမှန်ပါပဲ။ ခရီးလည်း ပိုရောက်စေပါတယ်။ အခု သူတို့ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အာဆီယံနိုင်ငံတွေကို လာရောက်လေ့လာခွင့် ပြုခဲ့တယ်။
သူတို့အချင်း ချင်းဖြစ်နေတဲ့ လူမျိုးစုပြဿနာကိုသာ ဖြေရှင်းနိုင်ရင် ၂၀၁၅ - လောက်ဆို မြန်မာ့သိက္ခာဟာ တော်တော် တက်လာမှာဖြစ်ပါတယ်။

ဒါကသည်ပင် ၁၀- နှစ်လောက် အကြပ်ရိုက်ခဲ့တဲ့ အာဆီယံရဲ့ ချိန်ခွင် လျှာ ပြောင်းလာမယ့်သဘော ရှိနေပါတယ်။ မြန်မာ့ခေါင်းဆောင်တွေနဲ့ စ ကားပြောကြည့်ရာမှာလည်း အခုလို ပြောင်းလဲလာနိုင်မှုအပေါ် သူတို့ ဂုဏ် ယူမဆုံး ရှိနေကြတယ်ဆိုတာကို တွေ့ရပါတယ်။ ရိုးရိုးသားသားပြောရရင် မြန်မာလုပ်ချလိုက်ပုံဟာ အာဆီယံနိုင်ငံတိုင်းကို မျက်လုံးပြူးစေခဲ့တာ အမှန်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ကဆိုရင် မြန်မာရဲ့ပြိုင်ဘက်ဟာ အာဆီယံမဟုတ်၊ အာဆီယံကို ကျော်တက်နိုင်တယ်လို့ စောင်းပါးရိပ်ခြေပြောနေတာ အကြိမ်ေ ရမနည်းတော့ပါဘူး။ တိတိလင်းလင်း အကျယ်တဝင့်တော့ မပြောဘူးပေါ့။

တကယ်ဆိုရင် ဗီယက်နမ်နဲ့ လာအိုတို့က မြန်မာပြုပြင်ပြောင်းလဲရေး မစခင် ကတည်းက စခဲ့ကြတာပါ။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးလုပ်ပုံက ရဲရဲဝံ့ဝံ့ မရှိကြလေတော့ ၁၉၈၀- ခုနှစ်တွေက ပုံစံကို ပြန်ရောက်သွားကြတယ်။ လွန်ခဲ့တဲ့ နှစ်(၃၀) အတွင်း သူတို့ ပိုချမ်းသာလာကြတာကတော့ မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာတော့ တိုးတက်လာမှု သိပ်မရှိလှပါဘူး။ အာဆီယံ အဖွဲ့ ဝင် နိုင်ငံဖြစ်ဖို့အတွက်တော့ကျပြန်တော့ အာဆီယံရဲ့ မူအတိုင်း သူတို့ပြည် တွင်းနိုင်ငံရေး ဘယ်လိုပဲရှိနေနေ ပြဿနာမဟုတ်ပါဘူး။

မနှစ်က ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ သူတို့ဟာ ဒေသတွင်း အတိုးတက်ဆုံး နိုင် ငံတွေဖြစ်လာတယ်လို့ သိရပါတယ်။ သူတို့ စီးပွါးရေးဟာ နှစ်ဆနည်းပါးတက် လာခဲ့တယ်။ ဒါတောင် ထင်ရှားတဲ့ နိုင်ငံရေးပြောင်းလဲမှု ဘာမှ လုပ်ခဲ့တာ မ ဟုတ်ပါဘူး။ သူတို့ နိုင်ငံရေးဟာ ပိုမိုလွတ်လပ်လာတာ မှန်ပါတယ်။ ဒါပေ မယ့် မြန်မာနဲ့ယှဉ်လိုက်ရင် သူတို့ ပျောက်သွားတယ်။ မြန်မာနိုင်ငံရဲ့ ပွင့်လင်း လာတဲ့အစိုးရရဲ့စနစ်နဲ့ လူထုဗဟိုပြု ဒီမိုကရေစီအားဟာ အာဆီယံကို သေ ချာပေါက် ရိုက်ခတ်စေမှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားကလည်း တိုးတက်လာတာတော့ မှန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုသမိုင်းက တော်တော်ဆိုးဝါးနေဆဲပါ ။ မြန်မာ အာဆီယံထဲ ဝင်မလာခင်အထိတော့ ကမ္ဘောဒီးယားကလည်း အာ ဆီယံရဲ့ ကလေးဆိုးလေးပါပဲ။ အခု အနေအထားအရ အာဆီယံရဲ့ ကလေး ဆိုးတွေထဲမှာ လွတ်လပ်ခွင့်နဲ့ ကုန်သွယ်မှုမှာ ကမ္ဘောဒီးယားက ကျန်တဲ့ သုံးနိုင်ငံထက် သာနေပြီ။

ဒါက လတ်တလောအတိတ်ပါ။

အခု ဘာမှ မကြားသေးဘူး။ မြန်မာက သူတို့အားလုံးကို ကျော်တက်နေပြီး အခုသွားနေတဲ့ စံနှုံးကို ဘယ်လောက် ဆက်ထိန်းထားမလဲ စောင့်ကြည့်နေ ရုံသာ ရှိပါတော့တယ်။ ၂၀၁၅- မတိုင်မီ ကချင်နဲ့ လူမျိုးရေးပြဿနာကိုသာ ပညာသားပါပါရှင်းနိုင်ရင် မြန်မာဟာ ကလေးဆိုးလေးနိုင်ငံထဲမှာ အလား အလာ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေပါတော့တယ်။

Ref: Asian’s CLMV members face reform challenges.
By- Kavi Chongkittavorn. The Nation လက်ထောက် အယ်ဒီတာချုပ်။


 ဇင်ဝေသော် 

အန်ကယ်က သဘောကောင်းတယ် တဲ့လား


သင်တန်းများ စောစောပြီး၊ တစ်ပါးတည်း ရှိခိုက် ည ကိုးနာရီထိုး သဖြင့် ကျောင်းတံခါးများပိတ်ပြီး အပေါ်တက်ရန် ပြင်ဆင်နေစဉ် စပေါ့တ် ကား အကောင်းစားလေး ထစ်အ ထစ်အ ဖြင့် ကျောင်းထဲ ဝင်လာသည်၊ကား အက်ဆီးဒင့်ဖြစ်ခဲ့ပုံရသည်၊ကားမောင်းလာသူ နှစ်ယောက်က တကယ့် ဆယ်ကျော်သက် လူချမ်းသာ လေးများပင်၊ မိဘများ ခွင့်ပြုချက်မရပဲ ကားမောင်းထွက်ခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ကားကို ဖခင်ဖြစ်သူ မသိစေဘဲ တစ်ခါတည်း ပြင်သွားလိုဟန်လည်း ရှိသည်။ သို့ဖြင့် ရှောင်လို့ မရတော့ သည့်အဆုံး သူတို့အနားသွားပြီး အကျိုး ကြောင်းမေးရာ..

"စက်ပြင်ဆရာ ရောက်လာတဲ့အထိ ကျောင်းထဲ မှာနေခွင့်ပြုပါ"
"နေလို့က ရပါတယ်၊ ကျောင်းဂိတ်ကြီး ဖွင့်ပေးထားမယ်၊ကျောင်း တံခါးတွေ ပိတ်ပြီး ငါတော့ အပေါ်သွားမယ်၊ မင်းတို့ကိစ္စ ပြီးရင်သာ ဒီ ဖုန်း နံပတ်ကို လှမ်းခေါ်လိုက်၊ ဂိတ်ပိတ်ဖို့ ငါ ဆင်းလာမယ်"
"ဟုတ်ကဲ့၊ ခေါ်ပါမယ်"

တစ်နာရီခန့်ကြာသောအခါ ကားပြင်ခြင်းကိစ္စ ပြီးသွား၏၊ ကောင်မလေးက ဖုန်းဆက်သည်
"ကျေးဇူးတင်ပါတယ်၊ အားလုံးအဆင်ပြေသွားပါပြီ၊ သွားတော့မလို့ ဖုန်းဆက် အကြောင်းကြားတာပါ။
ဒါနဲ့..... အန်ကယ်က သိပ် သဘောကောင်းတာဘဲ"
ဆိုကာ စပေါ့ကားလေး ထွက်သွားလေတော့သည်၊ သူတို့ကားက ကောင်းသွားပေပြီ၊ ဤရဟန်းမှာသာ အန်ကယ်ဖြစ်ရင်း ကျန်ခဲ့ လိုက်ရသည်။


 သီဟနာဒ

လူပီသဖို့ ငိုရမယ် ၃ (I cry, therefore I am)


မျက်ရည်ဆိုတာ အထဲမှာ ဟန်လုပ်ပြီးကျတဲ့မျက်ရည် ရှိတယ်ဆိုတဲ့မှတ်တမ်း မှတ်ရာတွေ တွေ့ရပြန်ပါတယ်။

“ယောင်္ကျားဆုံးလို့ ရှိုက်ကြီးတငင် ငိုတတ်တဲ့ဇနီးဟာ မကြာခင် နောက် တစ် ပင် ထူတော့မယ်ဆိုတာကို ပြသနေသလိုပဲ” လို့ အိန်ဂျလာအက်စတိန်းက သူမရဲ့ ဒေးလီးမေးလ်မှာ ဖော်ပြထားတဲ့ ဆောင်ပါးထဲ ထည့်ရေးခဲ့ဖူးပါတယ်။

ရှေးဟောင်း ဂရိတရားရုံးတွေမှာတော့ ယောင်္ကျားရဲ့အမှုနိုင်ဖို့ အငိုသန်တဲ့ ဇ နီးတွေကို တရားသူကြီးတွေရှေ့ ရှိုက်ကြီးတငင် ငိုကြွေးဖို့ ရှေ့ထိုးပေးတတ် ကြပါတယ်။ ဇနီးရဲ့မျက်ရည်ဟာ ယောင်္ကျားရဲ့အမှုကို သက်သာစေတတ်ပါ တယ်။

၁၇-၁၈ ရာစုက ပြင်သစ်မှာ ရေးခဲ့၊ ရေပန်းစားခဲ့တဲ့ ပြဇာတ်တွေဟာ ကြေကွဲ ဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ အဲဒီတုန်းက အနုပညာခံကလည်း ပရိသတ်မျက်ရည်ကျလေလေ ပြဇာတ်ကောင်းတစ်ပုဒ် ဖြစ်လေလေဆိုတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီအယူအဆကို လက်မခံကြတော့ဘူး။ ပရိ သတ်မျက်ရည်ချူရင်းနဲ့ သိပ်မစွံတဲ့ အနုပညာကို လူထုရှေ့ချပြခြင်းပဲ လို့တောင် ဝေဖန်လာကြတယ်။

မျက်ရည်ဟာ လူ့ယဉ်ကျေးမှု အစကတည်းက ရှိခဲ့တာပါ။ ဘီစီ ငါးရာစုက ထွန်းကားခဲ့တဲ့ ဂရိယဉ်ကျေးမှုရဲ့ မျက်ရည်ကျခန်းက အထူးသဖြင့် နတ်တွေနဲ့ သက်ဆိုင်နေပါတယ်။ အထူးသဖြင့် ဒီယွန်နီးစပ်(Dionysus) ဆိုတဲ့ နတ် ပါ ။ ကြေကွဲဝမ်းနည်းစရာ ကဗျာနဲ့ တေးသီချင်းတွေဟာ ဘာသာရေးနဲ့ဆက်နွ ယ်ပြီး ပေါ်ပေါက်လာခဲ့တာပါ။
အခုထိတောင်မှ ဝမ်းနည်းစရာ ဇာတ်လမ်းတွေကိုကြည့်ပြီး မျက်ရည်ကျရ တာဟာ အရသာတစ်မျိုးလို့ ထင်မြင်နေကြဆဲပါ။(ဒီအချက်ကို ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူတွေ၊ ဇာတ်ညွှန်းရေးဆရာတွေ၊ တီဗီဇာတ်လမ်းတွဲ ရိုက် သူတွေ၊ နောက်ဆုံးသတင်းကြော်ငြာသူတွေကတောင် ကောင်းကောင်းကြီး သိကြပါတယ်။)

ငိုကြွေးခြင်းနဲ့ပတ်သက်လို့ လက်ချာပေးနေစဉ်မှာ ဘယ်လိုအနုပညာပုံစံဟာ မျက်ရည်ကျစေနိုင်သလဲ၊ လက်ချောင်းထောင်ပြပါလို့ စာသင်ခန်းထဲမှာ မေး ခဲ့ဖူးပါတယ်။

(၈၀) ရာခိုင်နှုံးက တေးဂီတကြောင့်လို့ပြောပြီး ဝတ္တုကြောင့်လို့ ပြောသူက (၇၄) ရာခိုင်နှုံး ရှိပါတယ်။ အဲဒီနောက် ရာခိုင်နှုံးက ရုတ်တရက်ကြီး ထိုးကျ သွားတယ်။ ကဗျာကြောင့်ဆိုသူက (၄၃) ရာခိုင်နှုံး၊ နောက်ဆုံး ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာကြောင့် မျက်ရည်ကျရပါတယ်ဆိုသူတွေက ၁၀- ရာခိုင်နှုံး ကနေ ၂၂- ရာခိုင်နှုံးပဲ ရှိပါတယ်။

ဒီသုတေသနမှာ ဘာကြောင့်ရုပ်ရှင်ကို မထည့်ရတာလဲလို့ မကြာမကြာ အမေးခံရတယ်။ ရုပ်ရှင်ကြည့်ရင်း ခံစားရတယ်ဆိုတာ အများအားဖြင့် ဂီတကြောင့်ပါ။ သက်သေအနေနဲ့ကြည့်ချင်ရင် မစ္စတာ မိုက်ကယ် ဟာဇာနာ ဗီရှပ်ရဲ့ အသံတိတ်ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ “The Artist” ကို ကြည့်နိုင်ပါ တယ်။ ဒီဇာတ်ကားဟာ မနှစ်က အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး ဓာတ် ပုံ ဆု ရခဲ့တာပါ။ ဘာဆို ဘာသံမှ မကြားရဘူး။ ဒါပေမယ့် ခံစားချက် ကတော့ မြင့်နေကြရတယ်။ အဲဒါ ဂီတသံကြောင့်ပါ။

ရုပ်ပိုင်းအနေနဲ့ကြည့်ရင် ငိုတယ်ဆိုတာ larynx နဲ့ pharynx ဆိုတဲ့ ပလိပ်ပြား ပါဝင်တဲ့ ဝင်လေ၊ ရှိုက်လေတစ်မျိုးပါ။ ငိုခြင်းဟာ စကားပြောခြင်းကို ရပ် တန့်စေတယ်။ ဒါကြောင့် ငိုတဲ့အခါ ရှိုက်သံပါလာကြတာပါ။ ဒီအချက်က ဘာသာစကားပညာရှင်တွေနဲ့ မနုဿဗေဒ ပညာရှင်တွေအတွက် ငိုကြွေးခြင်း ဟာ ဘာသာစကားတွေ မထွန်းကားမီကတည်းက ရှိနေခဲ့တာဆိုတဲ့ ကောက် ချက်ကို ပေးနိုင်ခဲ့ပါတယ်။

စိတ်ထဲမှာ ဝမ်းနည်းရတာနဲ့ ဘာကြောင့် ဒီမျက်ရည်က ကျလာရတာလဲ ဆို တဲ့မေးခွန်းကိုဖြေဖို့ ပြဿနာရှိနေဆဲပါ။

လူ့ယဉ်ကျေးမှု သမိုင်းတစ်လျှောက်လုံးမှာ မျက်ရည်ဟာ ဘိုင်အိုလော်ဂျီအရ မျက်လုံးကို စွတ်စိုစေရုံသာမက စိတ်တင်းကျပ်မှုရဲ့ ပြယုဂ်၊ လူမှုရေး အနှောင် အဖွဲ့ရဲ့ သင်္ကေတအနေနဲ့ အမြဲရှိနေခဲ့ပါတယ်။

အဇ္ဈတ္တအသိ တိုးပွါးလာခြင်း၊ ကိုယ့်အတ္တကို ထူထောင်လာခြင်း၊ ကမ္ဘာမြေ ဘယ်လိုစတင်ခဲ့တယ်ဆိုတဲ့ ပုံပြင်တွေပြောကြ၊ နားထောင်ကြခြင်း၊ လူသားဘယ်လို စတင်ပေါ်ပေါက်လာတယ်၊ သေပြီးတဲ့နောက်ဘဝ၊ သူများရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ခြင်း စတာတွေဟာ လူသားလို့ခေါ်လို့ ရအောင် ပြောင်းလဲပေးလိုက်တဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရဲ့ အဓိက အစိတ်အပိုင်း တစ်ပိုင်းဖြစ်နေပါတယ်။

နောက်တစ်ခါ တစ်ရှူးပေပါကို ဆောင်ထား၊ ဒါမှမဟုတ် သူငယ်ချင်းရဲ့ ပခုံးပေါ်မှာ မှီပြီးငို၊ ဒါမှမဟုတ် ရုပ်ရှင်ကြည့်ရင်းနဲ့ ငိုကြည့်ပါ။ ပြီးတော့မှ ခဏ ငိုတာရပ်၊ ပြီးတော့ ငါဘာကြောင့် ငိုမိတာပါလိမ့်၊ ငိုခြင်းရဲ့ အဓိပ္ပါယ်က ဘာပါလိမ့်လို့ စဉ်းစားကြည့်လိုက်ပါ။

တကယ်တော့ ကျွန်တော်တို့ဟာ" Love to cry and cry to love " တွေပါ။

(The writer is an emeritus professor of behavioural neurology and a consultant neuropsychiatrist at the Institute of Neurology, University College London, and the author of the forthcoming book: Why Human’s Life to Cry; Tragedy, Evolution and the Brain.)


 ဇင်ဝေသော်

Things kids say


Dad ။ ။ So what's your favorite food?
Child ။ ။ Rice. You can eat it and the rest you just stick under the table.

Seven-year-old ။ ။ Computers are for games. Except when Dad does them, then it’s called work.

Mum (to a child busily writing on a computer):
Mum ။ ။ What are you doing?
Child ။ ။ Writing a story.
Mum ။ ။ What's it about?
Child ။ ။ I don't know. I can't read.

Teacher။ ။ What's the capital of France?
Child ။ ။ F.


 ကမ်းလက် 

လူစိမ်းမှ လူရင်းသို့ ( ၇း ၂ )


လီကွမ်းယု ရဲ့ Hard Truths ကနေ အခုတလော ရေပန်းစားနေတဲ့ စက္ကူဖြူ စီမံကိန်းကို အထိုက်အလျောက် ထင်ဟပ်စေတဲ့ အခန်း ၇ ကို တင်ပေးလိုက် ပါတယ်။

မေး ။ ။ စင်ကာပူးရီးယန်းတွေ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ စိုးရိမ် တာတစ်ခုက သူတို့က PR ကိုသာ ယူပြီး စီတီဇင်ခံယူတဲ့ ရာခိုင်နှုန်း က တော်တော် နည်းနေတဲ့ ကိစ္စပဲ။

ဖြေ ။ ။ အဲဒါ မှန်တယ်။ ငါတို့လည်း ဒီအတွက် ပူနေရတယ်။

မေး ။ ။ နိုင်ငံခြားသားတွေ များလာတာကို အခြေခံပြီး စင်ကာပူ လူ့အဖွဲ့ အစည်းမှာ ဘာတွေ ဘယ်လို ပြောင်းလဲလာနေသလဲ။

ဖြေ ။ ။ ငါ့အမြင်ကတော့ စင်ကာပူးရီးယန်းတွေ ပိုကြိုးစားချင်လာအောင် ဆွပေးနေတယ်လို့ မြင်တယ်။ ကောင်းတာပေါ့။ တို့က သူတို့ကို နေရာခွဲပြီး ထားမယ်ဆိုရင် သူတို့က တို့အပေါ်လွှမ်းမိုးတာထက် တို့က သူတို့အပေါ် လွှမ်းမိုးတာက ပိုများမှာပေါ့။ အပြောင်းအလဲ သိပ်ကြီးကြီးမားမား မဖြစ်ပါဘူး။ သူတို့ ကလေးတွေက စင်ကာပူးရီးယန်းတွေ ဖြစ်ကုန်မယ်။ ဘာ့ကြောင့် သူတို့စင်ကာပူးရီးယန်း မဖြစ်နိုင်ရမှာလဲဆိုတဲ့ အကြောင်းကို မမြင်မိဘူး။

တရုတ်ပြည်ကလာတဲ့ တရုတ်မိဘတွေ ငြီးတွားတာကို ငါ ကြားရတယ်။
“ကြည့်၊ ငါ့သားက ကျောင်းမှာ တရုတ်စာ မသင်ချင်ဘူး။ အင်္ဂလိပ်စာ တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်အောင်လို့” တဲ့။
အိမ်မှာတော့ သူက မန်ဒရင်း ပြောမှာပေါ့။ SAP (SAP – Special Assistance Plan) ကျောင်း တက်ပြီးနောက်တော့ သူက ကြိုးစားပြီး လိုက်နေမှာ မဟုတ်တော့ဘူး။ သူက ထိပ်တန်းနေရာမှာ ရချင်တာ။ စင်ကာပူက ကလေးတွေ တွေးသလို သူကလည်း တွေးတယ်။
“တရုတ်စာကိုပဲ နင်းကန်လုပ်နေရင်တော့ ကျန်တဲ့ကျောင်းသားတွေကို ရှုံးမှာပဲ။ သူတို့ထက်သာဖို့ အရေးကြီးတဲ့ ဘာသာရပ်တွေဖြစ်တဲ့ အင်္ဂလိပ်၊ သိပ္ပံ၊ သင်္ချာ၊ အပိုသင်္ချာ၊ ဖီးစစ်၊ ဘိုင်အိုလော်ဂျီတွေမှာ တော်နေမှ ရမယ်။ ဒါမှ အမှတ်ရမယ်” လို့တွေးတယ်။


မေး ။ ။ နိုင်ငံခြားသားတွေနဲ့ စင်ကာပူးရီးယန်းတွေ ပေါင်းစည်းပေးရေး ကရော ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ အဲဒါက ငါတို့ တကယ်ရင်ဆိုင်နေရတဲ့ ပြဿနာပဲ။ တရုတ်ပြည်က လာတဲ့ တရုတ်တွေနဲ့ ငါတို့ ဒေသခံတရုတ်တွေက သိပ်ပြီး အစေးမကပ်လှဘူး။ ဒီတော့ သူတို့အချင်းချင်းပဲ သူတို့ အုပ်စု ဖွဲ့နေကြတယ်။ မြောက်ပိုင်း အိန္ဒိယနဲ့ တမီး(လ်)နာဒူးကလာတဲ့ လူတွေတောင်ပါသေး။ သူတို့က သူတို့ ကိုယ်သူတို့ ဒီက အိန္ဒိယန်းတွေထက် ဇာတ်ပိုမြင့်တယ်လို့ ထင်နေကြတာ။ ဒီတော့ ပေါင်းစပ်လို့ မရပြန်ဘူး။ ငါတို့ကျောင်းတွေရဲ့မူကြောင့် နောက်မျိုးဆက်ကတော့ တသားတည်း ဖြစ် သွားလိမ့်မယ်။ လက်ရှိလူတွေက လေးဆယ်ကျော်၊ ငါးဆယ်ကျော်တွေပေါ့။ သူတို့က နေမယ်ဆို ၁၀ နှစ်၊ ၂၀၊ ၃၀၊ ၄၀ နေကြရမှာပေါ့။ တို့က သူတို့ကို တတ်နိုင်သ၍ တသားတည်းဖြစ်အောင် ကူညီရမှာ။ ရေဒီယိုလိုင်း ၉၅.၈ ကို ငါနားထောင်ကြည့်တယ်။ သူတို့က တရုတ်ပြည်ကနေ ရောက်လာတဲ့ လူ လတ်ပိုင်းတစ်ယောက်ကို မင်ဒရင်းလို အင်တာဗျူး နေကြတယ်။

သူကပြောတယ်
“ဘယ်လိုလုပ် တသားတည်းဖြစ်လို့ ရမှာတုန်း၊ ကျွန်တော်လည်း ကြိုးစားနေ တာပဲ။ ဒါပေမဲ့ စားတဲ့အစားအစာက မတူ၊ ချက်ပုံပြုတ်ပုံက မတူ၊ အလေ့အ ကျင့်က မတူ၊ ဘယ်လို လုပ်မှာလဲ။ ကျွန်တော့ ကလေးတွေကတော့ ကျောင်း တက်နေကြတယ်။ သူတို့ကတော့ ခင်ဗျားတို့ လိုချင်တဲ့ပုံစံ ရောက်လာမှာပဲ။ ကျွန်တော်က နေ့ချင်းညချင်းကြီး ဘယ်လိုလုပ် ပြောင်းလဲယူလို့ ရမှာလဲ” တဲ့။
သူက အမှန်တွေ ပြောနေတာ။

ဟုတ်တယ်။ တို့က သူ့ကို နေ့ချင်းညချင်း ပြောင်းယူလို့မရဘူး။ ဒါပေမဲ့ ကြိုး စားရမယ်။ သူတို့ကို ခွဲပစ်ရမယ်။ သူတို့က အိမ်ဟောင်းတွေကို ဝယ်၊ ပြီးတော့ ပြန်ရောင်း။ နောက်ဆုံး သူတို့အချင်းချင်းပဲ ပြန်စုပြီး ပေါင်းနေကြ မယ်ဆိုရင် ငါတို့တော့ ပြဿနာပဲ။ သူတို့အချင်းချင်း သူတို့ဘာသာစကားနဲ့ ပဲ ပြောနေကြမှာ။ အင်္ဂလိပ်လို ပြောနေကြမှာ မဟုတ်ဘူး။ ဒါကြောင့် HDB မှာ နေထိုင်တဲ့လူတွေရဲ့ ပရိုဖိုင်းကို ကြည့်ပြီး သူတို့ကို ခွဲခြားပေးထားတယ်။

သူတို့ အိမ်နီးချင်းတွေက စင်ကာပူးရီးယန်းတွေ၊ စင်ကာပူးရီးယန်းတွေက ပိုများတယ်ဆိုရင် သူတို့ကလေးတွေကလည်း စင်ကာပူးရီးယန်းလေးတွေ လို ပဲ လူမျိုးပေါင်းစုံ စုပြီး နေတတ်သွားမှာပေါ့။

လူမှုရေးအင်ဂျင်နီယာဟာ တော်တော်အရေးကြီးတဲ့ ပညာရပ်ပဲ။ သူတို့ သဘောနဲ့ သူတို့သာ လွှတ်ထားလို့ကတော့ အဲဒီပေါင်းစည်းရေး ဆိုတာကြီး အတွက် ပြဿနာတက်ပြီသာ မှတ်ပေတော့။ ဒါကို ကောင်းကောင်း မကိုင် တွယ်နိုင်ရင် နောက်မျိုးဆက်ကလည်း သူတို့လူမျိုးစုလေးနဲ့ သူတို့ပဲ နေနေ ကြမှာ။ ဒါကြောင့်မိုလို့ တိုက်တွေမှာ ဘယ်လူမျိုးအတွက် အခန်း ဘယ်ေ လာက်ဆိုတဲ့ ကိုတာစနစ်နဲ့ ငါတို့ချပေးထားတာ။


မေး ။ ။ စီတီဇင် (နိုင်ငံသား) အသစ်တွေကို ဖြန့်ခွဲပြီးထားဖို့ အကြောင်းပြောခဲ့တယ်။ တကယ်တမ်း ဖြစ်နေတာက တိုက်ခန်းတွေမှာ နိုင်ငံခြားသားတွေ စုနေကြတဲ့ အိမ်တွေက တော်တော်ကြီးကို များနေတာ။

ဖြေ ။ ။ ငါတို့ ထိန်းလို့မရတာက အိမ်ခန်းငှားတဲ့ကိစ္စပဲ။ အိမ်ပိုင်ရှင်တွေကို အိမ်ခန်းငှားခွင့် ပြုထားကြတယ်။ ဒါဆို သူတို့အပိုဝင်ငွေ ရတာပေါ့။ အိမ်ခန်း ငှားထားတဲ့ စာရင်းတွေအထိ လိုက်ဖို့ဆိုတာကျတော့ မလွယ်လှတော့ ဘူးလေ။ တချို့က တစ်အိမ်လုံး ငှားတယ်။ တချို့က အခန်းပဲ ငှားတယ်။ ဒါတွေကို ဘယ်လိုသွား ထိန်းချုပ်မလဲ။ သူတို့ အိမ်ဝယ်စဉ်မှာပဲ ငါတို့က … သူက စင်ကာပူးရီးယန်း အဟောင်း၊ သူက အသစ်၊ သူက ပါမင့်နင့်(န်) ရက် ဆီးဒင့် (အမြဲနေထိုင်ခွင့်ရသူ)၊ သူကတော့ ခဏလာနေသူ စသဖြင့် ခွဲပြီး ထိန်းပေးထားလို့ရတာ။ ဝယ်ပြီး သူတို့က ပြန်ငှားတာကျတော့ တို့ဘာမှ လုပ်လို့မရဘူး။ ဒီက အရောင်းအဝယ် သဘောတရားလည်း ပါကောင်းပါနိုင် ပါတယ်။ တကယ်နေတော့မယ်ဆိုရင် လက်ရှိအိမ်ကို ရောင်းပြီး၊ ဈေးကျနေ တုန်း အိမ်အသစ်ကို ပြန်ဝယ် လုပ်နေကြပုံရပါတယ်။

ဒါဆို ရွေးစရာလမ်းက ဘာဖြစ်မလဲ။ နိုင်ငံရဲ့ စီးပွားရေးကျသွားပြီဆိုရင် နံပါတ်တစ် ပြန်လုပ်ရတဲ့ကိစ္စက စီးပွားရေး ပြန်ကောင်းလာဖို့ပဲ မဟုတ်လား။ တိုးတက်မလာဘူးဆိုရင် မင်းနိုင်ငံရဲ့ စီးပွားရေးက သေနေမှာပေါ့။

အသစ်ရောက်လာတဲ့ နိုင်ငံသားတွေ ဒီမှာ အခြေကျနေစေချင်တယ်ဆိုရင် သူတို့အတွက် အခွင့်အလမ်းတွေကိုလည်း ဖန်တည်းပေးထားမှ ရတယ်။ မင်း … ကြည့်၊ ၁၉၉၀ ခုက ဟောင်ကောင် တရုတ်ပြည်ထဲ ပြန်ရောက်တော့မယ် ဆိုတော့ ကနေဒါကို ရွေ့ပြောင်းသွားတဲ့ ဟောင်ကောင်လူမျိုးတွေ နည်းတာ မှတ်လို့။ ဟိုမှာ အခွင့်အလမ်း သိပ်မရှိတော့ အဲဒီလူတွေ ဟောင်ကောင် ကို ပြန်ရောက်လာကြတယ်။ သူတို့ မိသားစုတွေကိုတော့ ကနေဒါက Toranto၊ Vancouver တို့မှာ ထားခဲ့ကြတာပေါ့။ ဟောင်ကောင်ကမှ ပိုက်ဆံ ဝင်တဲ့နေရာကိုး။ သူတို့ကိုတော့ “astronauts” တွေလို့ ခေါ်ကြတယ်။

မေး ။ ။ စီးပွားရေးတိုးတက်မှု၊ လူဦးရေ တိုးပွားနှုန်းနည်းမှုကို အခြေခံ ပြီး နိုင်ငံခြားသားတွေ အများကြီး အချိန်တိုအတွင်းမှာ ခေါ်ယူခဲ့တယ်။ ပြီးရင် လူမှုရေး သဟဇာတမကျဖြစ်နေတဲ့ ဟန်ချက်ကို ဘယ်လိုများ ထိန်းသွားလို့ ရနိုင်ပါ့မလဲ။

ဖြေ ။ ။ အေးလေ … မသက်မသာ ခံစားနေရတာကတော့ ရှိနေမှာပဲ။ မန်ဒရင်းစကားကိုပဲ လေယူလေသိမ်းတစ်မျိုးနဲ့ ပြောသံကြားလိုက်ရင်၊ ဒီက အိန္ဒိယန်းတွေရဲ့ တမီး(လ်) စကား၊ ဟိန္ဒီစကားတွေကို ကြားလိုက်ရင် တစ်မျိုးတော့ ဖြစ်သွားကြမှာပေါ့ကွာ။ ဒါကတော့ ရှောင်လွှဲလို့ မရဘူးလေ။

တစ်ချို့ နိုင်ငံခြားသားတွေကို
“မင်းရဲ့နောက်ဆုံး ဦးတည်ထားတဲ့နေရာက ဘယ်မှာလဲ”
လို့ မေးဖူးတယ်။ သူက ကျွန်တော်က ဗြိတိန်က လာတာပါ။ ဒါပေမဲ့ သြစေ တးလျမှာ နေမယ် လို့ ဆုံးဖြတ်ထားတယ်လို့ သူကဖြေတယ်။ ဘာဖြစ်လို့ သြစတေးလျကို သွားမှာလဲဆိုတော့ အဲဒီက ပိုကောင်းလို့တဲ့။ ပြီးတော့ ဆက်ပြောတယ်။ ဗြိတိန်ကို ပြန်သွားရင်တောင် နေရာတွေကို မမှတ်မိတော့ ဘူး။ ဟိုမှာ ပိုလန်သားတွေ၊ အာရှသားတွေ၊ အာရပ်တွေ၊ အာဖရိကန်တွေ၊ လူမျိုးတွေက အများကြီး ဖြစ်နေပြီး အိမ်ကို ပြန်သွားတာတောင်မှ တစ်စိမ်း တစ်ရံလို ခံစားရတယ်လို့ ပြောတယ်။

အခု စီးပွားရေးအကျပ်မဆိုက်ခင်အထိ ဗြိတိန်ရဲ့ စီးပွားရေးက တော်တော်ေ ကာင်းခဲ့တာ။ ဒါ့ကြောင့် တခြားဥရောပနိုင်ငံတွေက လက်မခံခဲ့တဲ့ နိုင်ငံခြား သားတွေကို သူတို့က လက်ခံလိုက်တာ။
အင်ပါယာ ပြိုကွဲသွားပြီးတဲ့နောက် ဒီအရှိန်ကို သူတို့ဘယ်လို ထိန်းထားလို့ ရမလဲ။ ကုမ္ပဏီအသစ်တွေကို လက်ခံ၊ တစ်ကမ္ဘာလုံးက ပညာရှင်တွေကို ဝင် လာခွင့်ပြု၊ အထူးသဖြင့် အမေရိကန်တွေပေါ့။ သူတို့ကို အခြေချနေထိုင် လာအောင် အကူအညီပေး။ ဒါပဲ လုပ်လို့ရတယ်။

ပြီးတော့ ယူရိုဒေါ်လာကို သူတို့ စသုံးခဲ့ကြတယ်။ ဒီတော့ အမေရိကန် ဘဏ်တွေ လန်ဒန်ကို ရောက်လာရော။ လန်ဒန်ကို စီးပွားရေးအချက် အခြာ နေရာကြီးတစ်ခု ဖြစ်အောင် သူတို့ တည်ဆောက်ယူကြတယ်။ သူတို့အားလုံးက အင်္ဂလိပ်စကားပြောတွေ၊ အင်္ဂလိပ်စကားပြောတဲ့ ရှေ့နေ၊ အင်္ဂလိပ်စကားပြောတဲ့ စာရင်းစစ်။ ဒါတွေက ဘဏ်စစ်စတန်ကြီးတစ်ခုလုံး ကို ထောက်ခံပေးထားတာပဲ။ ဒီလိုနဲ့ အမေရိကန်ရှေ့နေနဲ့ အကောင့်တင့် (န်)တွေ လန်ဒန်မှာ အခြေချ နေလိုက်ကြရော။ အခု လောလောဆယ်တော့ သိပ်မကောင်းလှဘူး။ ဒါပေမဲ့ ပြန်ကောင်းလာမှာ။

ဒါတွေကိုကြည့်ပြီး ကောက်ချက်တစ်ခု ငါချလိုက်တယ်။
ဗြိတိသျှတွေ စီးပွားရေးတက်လာတာဟာ ကမ္ဘာထဲကို တိုးဝင်လိုက်လို့။

မေး ။ ။ စင်ကာပူးရီးယန်းတွေ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ စိုးရိမ် တာတစ်ခုက သူတို့က PR ကိုသာ ယူပြီး စီတီဇင်ခံယူတဲ့ ရာခိုင်နှုန်း က တော်တော် နည်းနေတဲ့ ကိစ္စပဲ။

ဖြေ ။ ။ အဲဒါ မှန်တယ်။ ငါတို့လည်း ဒီအတွက် ပူနေရတယ်။


 ဇင်ဝေသော်