ေပါက္တတ္ကရ အင္တာဗ်ဴး (၉)




    ေမး။ ။ ဘုန္းဘုန္း ရန္ကုန္မွာတုန္းက ပိန္ပိန္ေလးေနာ္။ အခု ေတာ္ေတာ္ ဝ, လာ တယ္။ စကၤာပူက အစားအစာေၾကာင္႔လား မသိဘူး။ ေပါက္ေပါက္႐ွာ႐ွာ ေမး တယ္ မထင္ပါနဲ႔ ဘုရား။
    ေျဖ။ ။ စကၤာပူက အစားအစာေၾကာင္႔ မဟုတ္ပါဘူး။ ဘုန္းဘုန္းမွ မဟုတ္ဘူး၊ တျခား ဘုန္းဘုန္းေတြ ဝလာတာလည္း အစားအစာနဲ႔ မဆိုင္ပါဘူး။ သကၤန္းေၾကာင္႔ပါ။
    ေမး။ ။ သကၤန္းနဲ႔ ဘယ္လိုပတ္သက္ေနလို႔လဲဘုရား
    ေျဖ။ ။ လူေတြက အက်ႌေဘာင္းဘီေတြ ဝတ္ၾကေတာ႔ နည္းနည္းေလး ဝ, လာတယ္ဆိုရင္ပဲ အက်ႌေတြ က်ပ္၊ ေဘာင္းဘီေတြ က်ပ္ ဆိုေတာ႔ တန္းသိတယ္။ ရဟန္းေတာ္ေတြမွာေတာ႔ သကၤန္းႀကီးက ျပန္႔ႀကီးဆိုေတာ႔ နည္းနည္းေလး ဝ, လာလည္းမသိ၊ မ်ားမ်ားႀကီးဝ, လာလည္းမသိ။ က်ပ္တယ္ဆိုတာလည္း မ႐ိွ။ ဒါေၾကာင႔္ပါ။
    ဘုန္းဘုန္းေတြ ဝ,လာရင္ ဘုရားေပးတဲ႔ သကၤန္းႀကီးေၾကာင္႔လို႔သာ မွတ္လိုက္ပါ။
    ****************************************************************************

    ပေါက်တတ်ကရ အင်တာဗျူး (၉)

    မေး။ ။ ဘုန်းဘုန်း ရန်ကုန်မှာတုန်းက ပိန်ပိန်လေးနော်။ အခု တော်တော်ဝလာတယ်။ စင်္ကာပူက အစားအစာကြောင့်လား မသိဘူး။ ပေါက်ပေါက်ရှာရှာ မေးတယ် မထင်ပါနဲ့ ဘုရား။
    ဖြေ။ ။ စင်္ကာပူက အစားအစာကြောင့် မဟုတ်ပါဘူး။ ဘုန်းဘုန်းမှ မဟုတ်ဘူး၊ တခြား ဘုန်းဘုန်းတွေ ဝလာတာလည်း အစားအစာနဲ့ မဆိုင်ပါဘူး။ သင်္ကန်းကြောင့်ပါ။
    မေး။ ။ သင်္ကန်းနဲ့ ဘယ်လိုပတ်သက်နေလို့လဲဘုရား
    ဖြေ။ ။ လူတွေက အကျႌဘောင်းဘီတွေ ဝတ်ကြတော့ နည်းနည်းလေး ဝ လာတယ်ဆိုရင်ပဲ အကျႌတွေ ကျပ်၊ ဘောင်းဘီတွေ ကျပ် ဆိုတော့ တန်းသိတယ်။ ရဟန်းတော်တွေမှာတော့ သင်္ကန်းကြီးက ပြန့်ကြီးဆိုတော့ နည်းနည်းလေး ဝ လာလည်းမသိ၊ များများကြီးဝ လာလည်းမသိ။ ကျပ်တယ်ဆိုတာလည်း မရှိ။ ဒါကြောင့်ပါ။
    ဘုန်းဘုန်းတွေ ဝလာရင် ဘုရားပေးတဲ့ သင်္ကန်းကြီးကြောင့်လို့သာ မှတ်လိုက်ပါ။

Post a Comment