ဒုက္ခပဲ


အစိုးရကတော့ ဟောင်ကောင်ကျောင်းသားသပိတ် ကိုင်တွယ်ပုံကို အတုယူပြီ ထင်တယ်။ လျှောက်ကြစမ်းပေါ့။ (လေရှီးမြို့ကို ခြေလျင်တက်ဖူးတယ်၊ မိုင် ၄၀ ခန့်၊ တောင်တက်ခရီး၊ နှစ်ညအိပ် သုံးရက်။ တကယ် မလွယ်ဘူး။ မိုးဖွဲထဲလျှောက် တာတောင် ချွေးထွက်မရပ်ဘူး)

ဟိုကလေးတွေက မြို့ထဲမှာ ထီးအဝါနဲ့။ တို့ကလေးတွေက တောလမ်းမှာ နေပူ ကျဲကျဲ။ နောက်ပြီး ဟောင်ကောင်ကျောင်းသားတွေနောက်မှာ ပြည်သူထောက်ခံမှု အားမကောင်းလှဘူး။ ပြည်သူထဲမှာကို တရုတ်ဖက် စီးပွားရေးအရ ရိုင်နေတာ အများကြီး။ အခြေအနေက မတူလှဘူး။ ဒုက္ခပဲ။

Post a Comment