မောနင်း ပို့စ်




၁။ ဆယ်ဖီရောဂါ

တလောလေးကပဲ ရထားလာနေစဉ် ဆယ်ဖီရိုက်၊ အချိန်မှီထွက်မပြေးနိုင်လို့ အိန္ဒိယ အမျိုးသမီး သုံးဦး ရထားကြိတ်လို့ သေဆုံးရတဲ့အကြောင်း ဖတ်လိုက်ရတယ်။ အခု အမေရိကန် ပိုင်းလော့ ကလည်း ဒီ ဆယ်ဖီနဲ့ပဲ လေယာဉ်ထိုးကျခဲ့ရပါသတဲ့။ ဒါနဲ့များ ရောဂါဆိုးတွေအကြောင်း ရေးနေကြသေးတယ်။ လူဆိုတာ ဆယ်ဖီရိုက်ရင်းလည်း သေ သွားနိုင်တာပဲ။ သတင်း ရှု။

၂။ အော်စကာကြိမ်စာ

အစကတော့ အော်စကာဆုရတဲ့ မင်းသမီးတွေ အဲဒီရတဲ့နှစ်မှာပဲ အိမ်ထောင်ကွဲတတ်တယ်လို့ ဆိုကြပါတယ်။ အခု စနစ်တကျသုတေသနကပြောတာကတော့ အော်စကာကြိမ်စာက မင်းသမီးတွေထက် မင်းသားတွေကို ပိုအထိများပါသတဲ့။ တကယ်က အော်စကာဆုမရရင်နေ ဆန်ကာတင် အရွေးခံရပြီဆိုရင်ပဲ ဒီ အော်စကာကြိမ်စာကနေ မလွတ်တတ်ဘူး တဲ့။ နာမည် ထွက်ပြီး မရလိုက်တဲ့အခါမှာ အမျိုးသားတွေက အမျိုးသမီးတွေလောက် ဖြေပြီးမတွေးတတ်ကြလို့ ပါတဲ့။ ဘာရယ်မဟုတ်ပါဘူး။ အော်စကာ နော်မီနိတ်ကိုများ ရည်းစားတော်ထားမိရင် (သို့) ကိုသစ္စာနဲ့ ဝင့်ဝါတို့ သတိထားမိအောင်လို့ပါ။

Post a Comment