ဂရိဝန်ကြီးချုပ်အသစ် Alexis Tsipras


ဂရိဝန်ကြီးချုပ်အသစ် Alexis Tsipras က စိတ်ဝင်စားစရာကောင်းတယ်။
အသက် ၄၀ ပဲရှိသေးပြီး နှစ်ပေါင်း ၁၅၀ မှာ အသက်အငယ်ဆုံး ဂရိဝန်ကြီးချုပ်။
၁၉၉၀ ကျောင်းသားအရေးအခင်းမှာ ကျောင်းသားနဲ့အစိုးရအကြား ဆွေးနွေးညှိနှိုင်းပေးနိုင်သူ။
ကွန်မြူနစ်ပါတီ၊ လူလတ်တန်းစားမိဘတွေက မွေး။ လူထုရှေ့ အင်္ဂလိပ်စကား မပြော။ နက်ကတိုင် မစည်း။
နှိမ့်ချ၊ ရိုသား၊ ရုပ်ရည်သန့်ပြန့်လို့ လူကြိုက်များသတဲ့။
ကျောင်းသားအရေးအခင်းမှာ တွေ့ခဲ့တဲ့ Peristera Batziana နဲ့ လက်မထပ်ဘဲ အတူနေ။ (သား) ကလေးနှစ်ယောက်ရှိ။
ဇန္နဝါရီ ၂၆၊ ၂၀၁၅ ကနေစပြီး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်။
ဘေးကတော့ အတွေ့အကြုံနုနယ်၊ နိုင်ငံရဲ့ပြသနာက ထူထပ်။ ဘယ်လိုခရီးဆက်မလဲ ဝေဖန်နေကြတယ်ပေါ့။

Post a Comment