တစ်။ မိမိရဲ့ ဘာသာစကားတစ်ခုကို စွန့်လွှတ်ဖို့ ဘယ်တိုင်းရင်းသားကမှ သဘော မတူတတ်။
နှစ်။ အစိုးရတိုင်းကလည်း ဘာသာစကားတစ်ခုထဲကိုပဲ အဓိက သင်ကြားမှု ဘာသာအဖြစ် လက်ခံလိုကြတယ်။
သဘောတူညီမှု အပြည့်အဝ ဘယ်တော့မှ မရတတ်။
တစ်။ ဝဲလ်ဖဲယား စတိတ် (အစိုးရက အပြည့်အဝ နည်းပါး) ထောက်ပံ့မှုပေးနဲ့
နှစ်။ မဲရစ်တိုကရေစီ (ကိုယ်စွမ်းရင် ကိုယ်ယူ) ကလည်း ပညာရေးမှာ အရေးပါတယ်။
ဘယ်လမ်း ရွေးမလဲ။
တစ်က တိုးအားလျော့စေတယ်။ အမေရိကန်တို့ စင်္ကာပူတို့ မကြိုက်၊ မလိုက်။ လူတော်တွေကို မစည်းရုံးနိုင်၊ လူတော်၊ လူချမ်းသာတွေ ထွက်သွားတတ်။
နှစ်က လူတန်းစား ကွာဟမှု ကြီးထွားစေတယ်။ စီးပွားရေး တိုးအားပိုကောင်း။ မီလျံနာတွေ ပိုထွက်။ သက်ဝင်လှုပ်ရှားမှု ပိုရှိ။ ယှဉ်ပြိုင်မှု ပိုပြင်းထန်။
ပညာရေးသုံး ဘာသာစကားနဲ့ပတ်သက်ရင် "ကံ" လည်းလိုတယ်။
ပြင်သစ်ကိုလိုနီတွေဟာ အင်္ဂလိပ်ကိုလိုနီလောက် ကံ မကောင်းကြ။
ဒါက စူပါ ပါဝါ အရွှေ့အပြောင်းကိစ္စ။
နောက်နေ့မှ အကျယ် ဆွေးနွေးပါမယ်။
ဇင်ဝေသော်
Post a Comment