ကမၻာ႔ ပထမဦးဆုံး ဘေလာ႔ဂ္ဂါ



ေဖ႔စ္ဘုတ္ေပၚ၊ ဘေလာ႔ဂ္ေပၚေရးတဲ႔စာ ဆိုတာ ဘယ္လိုစာမ်ိဳးလည္းဆိုေတာ႔ (ပညာရွင္တို႔ အဆိုအရ)
၁ ။ ကိုယ္နဲ႔ပတ္သက္တဲ႔ (ကိုယ္႔အာေဘာ္၊ ကိုယ္တိုင္ႂကြား၊ ကိုယ္တိုင္ ရင္ ဖြင္႔၊ ရန္လုပ္၊ ဆဲ) ပုဂၢလိက ဒိုင္ယာရီ (သာဓကေတြမ်ားလို႔ ထုတ္ မျပေတာ႔ဘူး)
၂ ။ နားလည္ရခက္တဲ႔ စာလုံးေပါင္း၊ ေဝါဟာရ အထူး အဆန္းေတြနဲ႔ ေရးတဲ႔ စာ မ်ိဳး ျဖစ္ေနရမယ္။
ဒီႏွစ္ခ်က္နဲ႔ ညွိလိုက္ေတာ႔ ကမၻာမွာ ပထမဦးဆုံး ဘေလာ႔ဂ္ဂါ က အေသာက မင္ႀကီး ျဖစ္ေနတယ္။

၁ ။ သူ႕ကိုယ္သူ ေဒဝါနံ ပိယဒသီ=နတ္တို႔ အထူးခ်စ္ျမတ္ႏိုးတဲ႔ဘုရင္ တဲ႔၊ သူကိုယ္တိုင္ အဲသလိုေရးတာ၊ သူမ်ား ေရးတာမဟုတ္ဘူး (ကိုယ္တိုင္ႂကြား)။ ၿပီးေတာ႔ ေရးတဲ႔စာေတြက ဘုရားစာလို႔ ဆိုေပမယ္႔ သူ႕အာေဘာ္ေတြနဲ႔သူ ေရး တယ္ (ကိုယ္႔အာေဘာ္) ကလိဂၤစစ္ပြဲ အၿပီး ဘယ္ေလာက္ ရင္နာရ ပုံ (ကိုယ္တိုင္ ရင္ဖြင္႔) ဓမၼနဲ႔ေအာင္ႏိုင္ခ်င္တယ္ ဆိုေပမဲ့ ရန္လာစရင္ေတာ႔ အေသာကတို႔က ငုံ႔ခံေနမွာ မဟုတ္ တဲ႔။

၂ ။ ႏွစ္ ကေတာ႔ ေျပာမေနနဲ႔ သူ႕ စာလုံးေပါင္းေတြကို တစ္ကမၻာလုံးက ပညာရွင္ေတြ အဓိပၸါယ္ဝိုင္းေဖာ္ေနတာ မသိတာေတြ အမ်ားႀကီး က်န္ေနေသး တယ္။

အစ ဖုန္းမက္ေဆ႔ဂ်္ေတြ၊ ၿပီးေတာ႔ အြန္လိုင္း ေရးဟန္ေတြ၊ အခု ေဖ႔စ္ဘုတ္ေရး ဟန္ကို ၾကည္႔ၿပီး အဂၤလိပ္ေတြကလည္း သူတို႔စာေတာ႔ ပ်က္ပါၿပီ၊ ျမန္မာေတြက လည္း ျမန္ မာစာေတာ႔ ပ်က္ပါၿပီ (က်န္တဲ႔ဘာသာေတြလည္း အတူတူေနမွာပဲ) လုပ္ေနၾကတာ ၾကာပါၿပီ။ ပ်က္ေတာ႔ မပ်က္ပါဘူး၊ အြန္လိုင္းက အြန္လိုင္း ဟန္နဲ႔ပဲ ရွိေနမွာပါ။

တကယ္ေတာ႔ ဒီလိုေခတ္မီတဲ႔ ေရးဟန္က အေသာကႀကီး စ ခဲ႔တာပါ။ ကြန္ဆာေဗးတစ္ေတြ အျပစ္ေျပာခ်င္ရင္ အေသာက ေရးဟန္ကိုၾကည္႔ၾက လို႔ ေျပာရမယ္။
ဟုတ္တယ္။ ဝိုင္ဖိုင္ မေပၚေသးတာကလြဲရင္ အေသာကဟာ ဘေလာ႔ဂ္ဂါ အစစ္ပဲ။ ခပ္ႂကြားႂကြား နားလည္ရခက္တဲ႔ ေရးဟန္ေရး ထုံးေတြနဲ႔။
ဘာျဖစ္ျဖစ္ နားေတာ႔မယ္။ ။
*************************************************************************

ကမ္ဘာ့ ပထမဦးဆုံး ဘလော့ဂ်ဂါ

ဖေ့စ်ဘုတ်ပေါ်၊ ဘလော့ဂ်ပေါ်ရေးတဲ့ စာ ဆိုတာ ဘယ်လိုစာမျိုးလည်းဆိုတော့ ( ပညာရှင်တို့ အဆိုအရ )

၁ ။ ကိုယ်နဲ့ပတ်သက်တဲ့ ( ကိုယ့်အာဘော်၊ ကိုယ်တိုင်ကြွား၊ ကိုယ်တိုင် ရင် ဖွင့်၊ ရန်လုပ်၊ ဆဲ ) ပုဂ္ဂလိက ဒိုင်ယာရီ ( သာဓကတွေများလို့ ထုတ် မပြတော့ ဘူး )

၂ ။ နားလည်ရခက်တဲ့ စကားလုံးပေါင်း၊ ဝေါဟာရ အထူး အဆန်းတွေ နဲ့ ရေးတဲ့စာ မျိုး ဖြစ်နေရမယ်။

ဒီနှစ်ချက်နဲ့ ညှိလိုက်တော့ ကမ္ဘာမှာ ပထမဦးဆုံး ဘလော့ဂ်ဂါ က အသောက မင်ကြီး ဖြစ်နေတယ်။

၁ ။ သူ့ကိုယ်သူ ဒေဝါနံ ပိယဒသီ နတ်တို့ အထူးချစ်မြတ်နိုးတဲ့ဘုရင် တဲ့၊ သူကိုယ်တိုင် အဲသလိုရေးတာ၊ သူများ ရေးတာမဟုတ်ဘူး ( ကိုယ်တိုင်ကြွား )။ ပြီးတော့ ရေးတဲ့စာတွေက ဘုရားစာလို့ ဆိုပေမယ့် သူ့အာဘော်တွေနဲ့ သူ ရေးတယ် ( ကိုယ့်အာဘော် ) ကလိင်္ဂစစ်ပွဲ အပြီး ဘယ်လောက် ရင်နာရ ပုံ ( ကိုယ်တိုင် ရင်ဖွင့် ) ဓမ္မနဲ့အောင်နိုင်ချင်တယ် ဆိုပေမဲ့ ရန်လာစရင်တော့ အသောကတို့က ငုံ့ခံနေမှာ မဟုတ် တဲ့။

၂ ။ နှစ် ကတော့ ပြောမနေနဲ့ သူ့ စာလုံးပေါင်းတွေကို တစ်ကမ္ဘာလုံးက ပညာရှင်တွေ အဓိပ္ပါယ် ဝိုင်းဖော်နေတာ မသိတာတွေ အများကြီး ကျန်နေသေးတယ်။

အစ ဖုန်းမက်ဆေ့ဂျ်တွေ၊ ပြီးတော့ အွန်လိုင်း ရေးဟန်တွေ၊ အခု ဖေ့စ်ဘုတ်ရေးဟန်ကို ကြည့်ပြီး အင်္ဂလိပ်တွေကလည်း သူတို့စာတော့ ပျက်ပါပြီ၊ မြန် မာတွေကလည်း မြန် မာစာတော့ ပျက်ပါပြီ ( ကျန်တဲ့ဘာသာတွေလည်း အတူတူနေမှာပဲ ) လုပ်နေကြတာ ကြာပါပြီ။ ပျက်တော့ မပျက်ပါဘူး၊ အွန်လိုင်းက အွန်လိုင်း ဟန်နဲ့ပဲ ရှိနေမှာပါ။

တကယ်တော့ ဒီလိုခေတ်မီတဲ့ ရေးဟန်က အသောကကြီး စ ခဲ့တာပါ။ ကွန်ဆာဗေးတစ်တွေ အပြစ်ပြောချင်ရင် အသောက ရေးဟန်ကိုကြည့်ကြ လို့ ပြောရမယ်။ ဟုတ်တယ်။ ဝိုင်ဖိုင် မပေါ်သေးတာကလွဲရင် အသောက ဟာ ဘလော့ဂ်ဂါအစစ်ပဲ။ ခပ်ကြွားကြွား နားလည်ရခက်တဲ့ ရေးဟန်ရေး ထုံးတွေနဲ့။
ဘာဖြစ်ဖြစ် နားတော့မယ်။ ။

Post a Comment