ေတာင္ေျပာင္းေျမာက္ေျပာင္း


စကၤာပူကိုအလည္ေရာက္ရင္း ေရးထားဟန္တူတဲ႔ဆရာတစ္ေယာက္ရဲ႕ ေဆာင္းပါး တစ္ပုဒ္ ေရႊျမန္မာမဂၢဇင္းမွာ ဖတ္ရဖူးတယ္၊ သူ႔အႀကံျပဳခ်က္က လက္ရွိ အေျခအေနနဲ႔အညီ Burmese Buddhist Temple ကို Myanmar Buddhist Temple လို႔ အမည္ေျပာင္းလဲသတ္မွတ္သင္႔ေၾကာင္းပါ။ သူက ျမန္မာျပည္လို ေျပာင္းခ်င္သလို ေျပာင္းလို႔ရတယ္ထင္ေနပုံရတယ္။
စကၤာပူမွာ အမည္ေတြကို မွတ္ပုံတင္ရတယ္။ ေျပာင္းခ်င္ရင္ေတာင္ ေျပာင္းလို႔ရဖိ႔ု ပရိုစီဂ်ာေတြလုပ္ရတယ္၊ ထင္သေလာက္ မလြယ္လွဘူးဆိုတာ သိဟန္မတူဘူး။

ေနာက္ၿပီးအမည္တစ္ခု မွတ္ပုံတင္ရာမွာ ဒီအမည္ဟာ ဘယ္သူ႔ကိုမွ ထိပါးေစာ္ ကားျခင္း မရွိဘူးဆိုတဲ႔ ေထာက္ခံခ်က္ေတြ အရင္ယူရတယ္။ အရင္က ဒီဥပေဒကို မသိခဲ႔ပါဘူး။ အခုဆိုရင္ ကုမၸဏီအသစ္ေတြဆီက စာေတြေရာက္ေရာက္ လာ တတ္တယ္။ သူတို႔ေပးထားတဲ႔အမည္ဟာ ဗုဒၶဘာသာကို ထိပါး၊ ေစာ္ကား၊ သေရာ္ဟန္ မရွိဘူးဆိုတာ လက္မွတ္နဲ႔တကြ ေထာက္ခံေပးရပါတယ္။
အဲဒီ ေထာက္ခံစာအတြက္လည္း ဥာဏ္ပူေဇာ္ခ ေပးကိုေပးရတယ္။ တစ္ခုခု ဆိုရင္လည္း ကိုယ္႔တာဝန္ပဲ။ အဲသလိုေတြပါ။

ဒါနဲ႔ဆက္စပ္ေတြးမိေတာ႔ အင္း Burmese Buddhist Temple ကို Myanmar Buddhist Temple လို႔ အမည္ေျပာင္းတယ္ဆိုပါေတာ႔၊ ကဲ ဒါဆို ေမာ္လမိန္း လမ္းတို႔၊ ရန္ဂြန္းလမ္းတို႔ကို ဘယ္လိုလုပ္ၾကမလဲ။
ျမန္မာအစိုးရ ေတာင္ေျပာင္းေျမာက္ေျပာင္း ေျပာင္းတိုင္း စကၤာပူ အစိုးရက လိုက္ေျပာင္းေနမွာ မဟုတ္ဘူး။
ဘာမွမဟုတ္ပါ။ ေခါင္းထဲ ေပၚလာလို႔။
****************************************************************************
စင်္ကာပူကို အလည်ရောက်ရင်း ရေးထားဟန်တူတဲ့ဆရာတစ်ယောက်ရဲ့ ဆောင်းပါးတစ်ပုဒ် ရွှေမြန်မာမဂ္ဂဇင်းမှာ ဖတ်ရဖူးတယ်၊ သူ့အကြံပြုချက်က လက်ရှိအခြေအနေနဲ့အညီ Burmese Buddhist Temple ကို Myanmar Buddhist Temple လို့ အမည်ပြောင်းလဲသတ်မှတ်သင့်ကြောင်းပါ။ သူက မြန်မာပြည်လို ပြောင်းချင်သလို ပြောင်းလို့ရတယ်ထင်နေပုံရတယ်။
စင်္ကာပူမှာ အမည်တွေကို မှတ်ပုံတင်ရတယ်။ ပြောင်းချင်ရင်တောင် ပြောင်းလို့ရဖို့ ပရိုစီဂျာတွေလုပ်ရတယ်၊ ထင်သလောက် မလွယ်လှဘူးဆိုတာ သိဟန်မတူဘူး။
နောက်ပြီးအမည်တစ်ခု မှတ်ပုံတင်ရာမှာ ဒီအမည်ဟာ ဘယ်သူ့ကိုမှ ထိပါးစော်ကားခြင်း မရှိဘူးဆိုတဲ့ ထောက်ခံချက်တွေ အရင်ယူရတယ်။ အရင်က ဒီဥပဒေကို မသိခဲ့ပါဘူး။ အခုဆိုရင် ကုမ္ပဏီအသစ်တွေဆီက စာတွေရောက်ရောက်လာတတ်တယ်။ သူတို့ပေးထားတဲ့အမည်ဟာ ဗုဒ္ဓဘာသာကို ထိပါး၊ စော်ကား၊ သရော်ဟန် မရှိဘူးဆိုတာ လက်မှတ်နဲ့တကွ ထောက်ခံပေးရပါတယ်။ အဲဒီ ထောက်ခံစာအတွက်လည်း ဉာဏ်ပူဇော်ခ ပေးကိုပေးရတယ်။ တစ်ခုခုဆိုရင်လည်း ကိုယ့်တာဝန်ပဲ။ အဲသလိုတွေပါ။
ဒါနဲ့ဆက်စပ်တွေးမိတော့ အင်း Burmese Buddhist Temple ကို Myanmar Buddhist Temple လို့ အမည်ပြောင်းတယ်ဆိုပါတော့၊ ကဲ ဒါဆို မော်လမိန်း လမ်းတို့၊ ရန်ဂွန်းလမ်းတို့ကို ဘယ်လိုလုပ်ကြမလဲ။ မြန်မာအစိုးရ တောင်ပြောင်းပြောင်းတိုင်း စင်္ကာပူအစိုးရက လိုက်ပြောင်းနေမှာ မဟုတ်ဘူး။ ဘာမှမဟုတ်ပါ။ ခေါင်းထဲ ပေါ်လာလို့။


Post a Comment