Food for thoughts

1) If people from Poland are called Poles,why ain't people from Holland called Holes?

2) Why is a person plays piano called pianist but a person who drives a race car not called racist?

3) Do infants enjoy infancy as much as adults enjoy adultery?

4) It it is true that we are here to help others, then what exactly are the others here for?

5) Ever wonder what the speed of lightning would be if it didn't zigzag?

6) You never learn to swear until you learn to drive.

7) Isn't making a smoking section in a restaurant like making a peeing section in a swimming pool?

မောနင်း ပို့စ်

၆၉ ဂိုး ဂိုး မရှိနဲ့ ၆၇ ဂိုး ဂိုး မရှိ

ပရီမီးယားလိဂ် (ဘီလူးကြီးတွေ) ဒီအပတ်ထဲ အရှေ့တောင်အာရှကို အပြိုင်းပြိုင်းရောက်လာနေကြတယ်။ မန်ယူ၊ ချဲလ်ဆီးက ဘန်ကောက်၊ အာ ဆင်နယ်က ဂျကာတာ။ (ဘီလူးကြီးတွေ) ဆိုတာ အင်္ဂလိပ်သင်ပေးတဲ့ ဆရာ သမားကို အမှတ်တရအနေနဲ့ Giant ကို ဘာသာပြန်လိုက်တာပါ။ Giant wooden drum ကို ဘီလူးတီးသော သစ်သား ဒရမ်လို့ ဆရာက ဘာသာပြန် တယ်။ (တုန်းမောင်းကြီးဆို ရသားနဲ့)။
ထားပါတော့။ သတင်းထူးကတော့ နိုင်ဂျီးရီးယားက ဘောလုံးပွဲ နှစ်ပွဲပါ။ နှစ်
သင်းက အမှတ်တူနေတော့ ပရို အဆင့်ကိုတက်ဖို့ ဂိုးအရေအတွက်နဲ့ ဆုံးဖြတ်ရတော့မှာပေါ့။ ဒါနဲ့ ကန်လိုက်ကြတာ တစ်ပွဲက ၆၉ ဂိုး ဂိုး မရှိ ၊ နောက်တစ်ပွဲက ၆၇ ဂိုး ဂိုး မရှိ တဲ့။ ဒါပေမဲ့ ကံမကောင်းကြရှာပါဘူး၊ ယုတ္တိမရှိလို့ဆိုပြီး နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်က လေးသင်းစလုံးကို ပယ်ချလိုက်ပါလေရော။ တကယ်ဆို အတက်ကင်း ဖွတ်တဘော မို့ ဂုဏ်တောင်ယူရဦးမှာ။

အမျိုးသမီးအတွင်းရေးမှုး မရှိရ

ဒါကတော့ အင်ဒိုနီးရှား ပြည်နယ်အုပ်ချုပ်းရေးမှူးရဲ့ အမိန့်ပါ။ အရာရှိကြီးတွေ က အမျိုးသားအတွင်းရေးမှုးမခန့်တာ၊ အမျိုးသမီးအတွင်းရေးမှုးတွေကို လက်ဆောင်အကောင်းစားတွေ ပေးနေတာကို ကိုယ်ကျင့်တရား ရှုဒေါင့်က ကြည့်ပြီး မှားတယ်လို့ ယုံကြည်မိလို့ပါ တဲ့။ သူပြောတာက အရာရှိကြီးတွေက သူတို့ဇနီးတွေကိုတောင် ဒီလောက် စေတနာမရှိဘဲ အတွင်းရေးမှုးမလေးတွေ ကို စေတနာသိပ်ရှိနေလို့ တဲ့။ဒါကြောင့် အမျိုးသားအတွင်းရေးမှုးပဲ ခန့်ရမယ် (သို့) အမျိုးသမီးဆိုရင်လည်း Attractive မဖြစ်တော့တာမျိုးပဲ ဖြစ်နေရမယ် တဲ့။
ကဲ မြန်မာ အရာရှိကတော်တွေ သဘောတူ မတူ။

ဆေးခန်းအကြမ်ဖက်မှု

ဒါက သတင်းမဟုတ်ပါဘူး။ အတွေ့အကြုံပါ။ ဆရာဝန်မလေးထိုင် တဲ့ ဆေး ခန်းထဲ အသားဖြူဖြူ မျက်ပေါက်ကျဉ်းကျဉ်းလူတစ်ယောက် ဝင်လာပြီး ထိုင်ေ စာင့်နေတဲ့ လူနာတွေကိုဂရုမစိုက်ဘဲ ဆေးကုသတဲ့အခန်းထဲ တန်း ဝင်သွား တယ်။ ပြီးတော့ ဒဏ်ရာရထားတဲ့ သူ့ခြေထောက်ကို စားပွဲပေါ် တင်လိုက်ပြီး သူ့အနာကို ဆေးထည့်ပေးဖို့ပြောတယ်။ မာနကို စော်ကားတာရယ်၊ ဆေးခန်းဥပဒေကို ချိုးဖောက်တာရယ်ကြောင့် ဆရာဝန်မလေးက မကုနိုင်ဘူး၊ ထွက်သွားပါဆိုတော့ အဲဒီလူက သေနတ်ကိုထုတ်ပြီး မကုရင်သတ်မှာလို့ ခြိမ်းခြောက်တော့ ဆရာ ဝန်မလေးခမျာ သူ့အနာကို အရက်ပြန်နဲ့ဆေးပြီး ဆေးထည့်ပေးလိုက်ရ တယ်။ ဝမ်းနည်းစရာက အဲသလိုလူတွေကို တိုင်တန်းဖို့ မန္တလေးမှာ ရဲစခန်း မရှိခဲ့ဘူး။ ဟိုတုံးကပါ။
အခုရော???????

ပါးစပ်တွေသာလှုပ်နေသည်

ဇင်ရဟန်းတော်လေးပါး ဆိတ်ငြိရာမှာ တရားရှုမှတ်နေကြသည်။ ထိုစဉ် လေတိုက်ခတ်လာလာသဖြင့် ကျောင်းအမိုးပေါ်မှာ စိုက်ထားသည့် အလံ တလူလူလွင့်နေသည်။ ဒါကို မြင်လိုက်သည့် ပထမ ရဟန်းငယ်က
"အလံ လှုပ်နေတယ်" ဟုဆိုလိုက်သည်။
ဒုတိယ ရဟန်းငယ်က ဤအဆိုကိုသဘောမတူ
"အလံမလှုပ်၊ လေကသာလှုပ်နေတာ" ဆိုလိုက်ပြန်သည်။
ဒါကို တတိယရဟန်းငယ်က သဘောမတူနိုင်ပြန်
"အလံမလှုပ်၊ လေလည်းမလှုပ်၊ ငါ့ရှင်တို့ စိတ်ကသာလှုပ်နေတာ" ပြန်ပြော လိုက်ပြန်သည်။
သူတို့ညင်းခုံနေသည်ကို သဘောတွေ့ဟန်မတူသည့် အကြီးဆုံး စတုတ္တ ရဟန်းတော်က
"ဘာမှမလှုပ်၊ ငါ့ရှင်တို့ ပါးစပ်တွေသာလှုပ်နေတာ"
ပြောလိုက်မှ ရဟန်းငယ်သုံးပါးစလုံး ငြိမ်ကျသွားလေတော့သည်။

ဖြစ်ပျက်သမျှတွေ အဆုံးသတ်သွားသည်မဟုတ်သော်လည်း အတန်ငယ်ေ တာ့ ငြိမ်သက်စ ပြုလာသလိုလိုရှိလာသည်။ ထိုအခိုက် ယခုလတွေမှာ သတင်းစာထဲ မကြာမကြာ ဖတ်နေရသည့် ဘုရားမွေးဖွားရာဒေသ အိန္ဒိယ သားတို့က အနောက်တိုင်းသူ ခရီးသွားအမျိုးသမီးများကို အုပ်စုလိုက် အဓမ္မ ကျင့်တတ်သည့် သတင်းများဆီ စိတ်မကောင်းစွာ စိတ်ရောက်သွားမိသည်။ တကြိမ်မှာ အမျိုးသားကို ကြိုးနဲ့တုတ်နှောင်ပြီး သူ့မျက်စိ့ရှေ့မှာပင် သူ့ဇနီးကို အုပ်စုလိုက် အဓမ္မကျင့်ခဲ့ကြသည်။ မည်သည့်နည်းဖြင့်မှ ခွင့်လွှတ်ချင်စရာ မကောင်းသော ဒုစရိုက်အမှုဖြစ်လေသည်။

ပို၍စိတ်ဝင်စားစရာကောင်းသည်က ထို အဓမ္မကျင့်မှုတို့၏ နောက်ဆက်တွဲ သတင်းအနေအထားသာဖြစ်သည်။ ရာဇဝတ်မှုအပြီး ရဲကိုအကြောင်းကြား၊ အမှုဖွင့်၊ နှစ်ဖက်သံရုံးတို့ကို အသိပေး၊ တရားခံ ပေါ်အောင်ဖော်၊ အပြစ်ပေး၊ ဤမျှသာဖြစ်ပြီး ဘယ်လို အကြမ်းဖက်မှုမျိုးမှ ဖြစ်မလာခဲ့ပါ။ ဤသည်မှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ တရားဥပဒေနှင့်အညီ တုန့်ပြန်မှုဟု ဆိုရ မည်ဖြစ်ပေသည်။

အမေရိကန်တို့လည်း အမွှာမျှော်စဉ်ကြီးများနှင် အခြား အရေးကြီး အဆောက်အဦများ ဖြိုချခံလိုက်ရခြင်းဖြင့် လူမျိုးရေးသိက္ခာကို ကျကျနန အရှက်ခွဲခံလိုက်ရသည်။ အသက်များစွာ ပေးလိုက်ရ၏။ ထိုစဉ် ကျန်ရစ်သူ မိသားစုများ၊ အမေရိကန်များနှင့် ကမ္ဘာတစ်ဝှမ်းလုံးက လူထုကြီး တောင်းဆို သည်က တရားခံကို ရအောင်ရှာဖွေပြီး တရားဥပဒေနဲ့အညီ အပြစ်ပေးရေး သာဖြစ်သည်။
အစွန်းရောက် မွတ်စလင်များလက်ချက်ဟုသိကြသော်လည်း အစွန်းမရောက် သည့် မွတ်စလင်များပိုင်ဆိုင်သည့် အိမ်၊ဆိုင်၊ ကျောင်း စသည်တို့ကို အမေရိ ကန်မြေပေါ်မှ လှန်ပစ်ရမည်ဟု တောင်းဆိုခြင်းမျိုး မရှိခဲ့ပါ။ ဖြစ်လည်း မဖြစ်နိုင်ပါ။ ယနေ့ ကမ္ဘာမှာ မွတ်စလင်မရှိသောနိုင်ငံ၊ တရုတ်မရှိသောနိုင်ငံ ရှိလေဦးမလားပင် မသိတော့။

မြန်မာပြည်မှာ ဖြစ်ပွားခဲ့သည့် ရခိုင်မိန်းကလေးကို အဓမ္မကျင့်ခြင်းမှ စတင် လိုက်သည့် အကျိုးဆက်က ဝမ်းနည်းစရာအပေါ် ဝမ်းနည်းစရာဆင့် ဖြစ် သွားတော့သည်။
ဘာသာရေး သဘောတရားဖြင့်ကြည့်လျှင် မြန်မာဗုဒ္ဓဘာသာတို့က ခရစ်ယန် ဆွစ်ဇာလန်၊ အောစတေးလျ၊ ကမ္ဘာ့ပုလိပ် အမေရိကန်တို့လောက် လောကဓံ ကို မထိန်းမတ်နိုင်ဘူးလားဟု မေးစရာ ရှိနေသည်။ သူတို့အမျိုးသမီးတွေလည်း မတန်မရာ အဓမ္မကျင့်ခြင်းခံရသည်၊ လူမျိုး တစ် မျိုးလုံး သိက္ခာကို စော်ကားတာခံလိုက်ရသည်။ သူတို့လည်း မကျေနပ်ကြပါ ။ သေချာပါသည်။ သို့သော် သူတို့တုန့်ပြန်မှုက ညင်သာသည်။ တရား ဥပဒေဘောင်ကို ကျော်မသွား။
အမှန်က အဓမ္မကျင့်သူကို တရားဥပဒေနဲ့အညီ အပြစ်ပေးရေးသာ ဖြစ်သည်။
သို့မှ မကျေနပ်လျှင်တော့ "ဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေး" ဟူသည်က လည်း အစိုးရကြောင့်သာမဟုတ်တော့ဘဲ လူထုကြောင့်ပါ ကွာဝေးနေဆဲဟု ဆိုရပါလိမ့်မည်။

သဘောမတူသူများကို တောင်းပန်စကား ဆိုထားခဲ့ချင်ပါ၏။

ဆရာမနဲ့ လီလီ

ဆရာမ။ ။ နေ့ ၇ နေ့ထဲမှာ အင်္ဂလိပ်လို 'T' နဲ့စတဲ့ နေ့နှစ်နေ့က ဘာတွေလဲ
လီလီ ။ ။ လွယ်လွယ်လေး ဆရာမကလည်း၊ today နဲ့ tomorrow။
(ဆရာမလေး အသံခဏတိတ်သွားတယ်)

ဆရာမ။ ။ တစ်နှစ်မှာ စက္ကန့် (second) ဘယ်လောက်ရှိသလဲ။
လီလီ ။ ။ ၁၂ စက္ကန့်။
ဆရာမ။ ။ ဟင်၊ ဘာလို့လဲ သမီးရဲ့။
လီလီ ။ ။ January second, February second လေ၊ ၁၂ လဆိုတော့ ၁၂ စက္ကန့်ပေါ့ ဆရာမရဲ့။
(ဆရာမလေး အသံတော်တော်ကြာကြာတိတ်သွားတယ်)

ဒီလောက်တော်တဲ့ လီလီကိုမေးရမယ်၊ အင်္ဂလိပ်သင်ပုန်းကြီးမှာ 'S' ပြီးမှ 'T' လာပြီး မြန်မာသမိုင်းမှာ ဘာဖြစ်လို့ 'T' ပြီး 'S' 'T' ပြီး 'S' ဖြစ်နေရတာလဲလို့။

ရန်ငြိုးပြေချိန်

သုဓမ္မာနဲ့ ရွှေကျင်

မန္တလေး စာသင်သား သာမဏေဘဝက ရွှေကျင်ဂိုဏ်း၊ သုဓမ္မာဂိုဏ်း အယူ အဆပြင်းပြင်းထန်ထန်ရှိခဲ့သည်။ ယနေ့ အဲသလောက်မရှိတော့ဟု သင်္ကန်း ဝတ်ရုံသောအရောင်ကို ကြည့်ပြီး မှတ်ချက်ချကြည့်မိသည်။ ထို ရွှေကျင် ဂိုဏ်း၊ သုဓမ္မာဂိုဏ်း အယူအဆက မိမိမှာသာမက မိမိတို့နှင့် ခေတ်ပြိုင် သာ မဏေတိုင်းမှာလိုလို ရှိကြပါသည်။ ပြုံးရွှင်စဖွှယ် ဥပမာတစ်ခု ပြောချင်ပါ သည်။ သာမဏေငယ်တွေပဲဟူသည့် ယောနိသော မနသိကာရဖြင့် ဖတ်ရှု ကြစေလိုပါ၏။
သုဓမ္မာဂိုဏ်း စာသင်တိုက်အများစုက ပညာရေးကို ဦးစားပေးသည်။ ကျက် မှတ်ရမည့်စာရလျှင် လွတ်လပ်သွားပြီဖြစ်သည်။ ထို့အတူ ဥပုသ်နေ့များတွင် ဆရာတော်ကို လျှောက်ထာပြီး အပြင်ထွက်ခွင့်လည်းရှိသည်။ဥပုသ်နေ့များ တွင် ကျွန်ုပ်တို့ သွားတတ်သည်က ဦးပိန်တံတားကိုဖြတ်ပြီး ထိုထိုကျေးရွာ များရှိ ဘောလုံးကွင်းများဆီသို့ဖြစ်သည်။ နှစ်သင်းခွဲပြီး ဘောလုံးကန်ကြသည်။ ပြောရပါဦးမည်။ အမရပူရမြို့သို့သွားသည့်အခါ ကျွန်ုပ်တို့ သာမဏေအဖွဲ့က သင်္ကန်းအညိုရောင်များကိုသာ ဝတ်ကြသည်။ အဓိပ္ပါယ်က ဘောလုံးကန်နေကြသည့် သာမဏေများသည် မဟာဂန္ဓာရုံေ ကျာင်းတိုက်က သာမဏေများဟု ထင်စေလိုသောကြောင့်ဖြစ်သည်။
အဘယ့်ကြောင့် ဤသို့ ပြုလုပ်ကြသနည်းဆိုလျင် ရွှေကျင်ဂိုဏ်းမှ သာမဏေ များကလည်း မြို့ထဲလာလျင် သူတို့သင်္ကန်းအရောင်ဖြစ်သည့် အညိုရောင်ကို မဝတ်ဘဲ သုဓမ္မာသင်္ကန်းအရောင်ဖြစ်သည့် နီညိုရွှေရောင်ကို ဝတ်ကြသည် ဟု ကြားသိရသောကြောင့် ဖြစ်သည်။ ဤကိစ္စ မှန် မမှန်မသိပါ။ သို့သော်ကျွန်ုပ်တို့ကတော့ ဦးပိန်တံတားသွားတိုင်း အညိုရောင်လေး များနှင့်ဖြစ်သည်။

မသိမသာ ရွှေကျင်မုန်းတီးရေးစိတ်ရှိခဲ့သည်။ သို့သော် ရဟန်းဖြစ်ပြီး မန္တလေး သာသနာတက္ကသိုလ်ရောက်သည်မှစ၍ ဤ ရွှေကျင်မုန်းတီးရေးစိတ်ဓာတ် လုံးဝပျောက်ခဲ့တော့သည်။ သာသနာတက္ကသိုလ်ဆိုသည့် ခေါင်းစဉ်အောက်မှာ ရွှေကျင်၊ သုဓမ္မာ မရှိေ တာ့ပါ။ ထိုမျှမက မိမိနှင့် အရင်းနှီဆုံး၊ သဘောထား အတိုက်ဆိုင်ဆုံး ရဟန်း မိတ်ဆွေများတွင် ရွှေကျင်ကျောင်းထွက်က ပိုများနေသည်ကိုတွေ့မြင်လာရ သည်။ ထိုအခါ ငယ်စဉ်ကအကြောင်းများကို ပြန်ပြောရင်း ရယ်မောကြရပါ၏။

သီရိလင်္ကာအရောင်နဲ့ မြန်မာအရောင်

သင်္ကန်းအရောင်နှင့် ပတ်သက်သည့် နောက်တစ်ခု ကို ပြောပြချင်ပါသေး သည်။ စကာင်္ပူရောက်စ နှစ်များမှာ တခါတခါ သီရိလင်္ကာဆရာတော် တစ် ပါးနှင့်အတူ၊ တခါတခါ တစ်ပါးတည်းသီတင်းသုံးရသည့်ကာလ တော်တော် များများ ရှိခဲ့သည်။ စကာင်္ပူမှာက နေရာတကာ စီစီတီဗွီများနှင့်၊ အနေ အထိုင်လည်း အတော်ကြီးပင် ဂရုစိုက်ရသည်။ ကိုယ့်အတွက်ဆိုသည်ထက် ကိုယ့်နောက်မှာရှိသည့် မြန်မာသံဃာထုနှင့် ဒကာ၊ ဒကာမတိုအတွက် ဟုဆို က ပိုမှန်ပါလိမ့်မည်။
ဤကိစ္စဖြစ်လာခဲ့သည်။ အတူနေ သီရိလင်္ကာဆရာတော်က (ဆရာတော်က ရာမည၊ အမရပူရ ဂိုဏ်းမှ မဟုတ်ပါ) သင်္ကန်းအရောင်နှစ်မျိုးဝတ်တတ်သည်။ သီရိလင်္ကာအရောင်နှင့် မြန်မာအရောင်ဖြစ်သည်။ ထူးထူးချားချား သတိထား မိသည်က ပွဲသဘင်များတွင် သီရိလင်္ကာအရောင်ကို ဝတ်ရုံတတ်ပြီး သာမန်အပြင်ထွက်သောအခါများတွင် မြန်မာအရောင်ကို ဝတ်ရုံတတ်သည်။ သီရိလင်္ကာဆရာတော်ကတော့ ဘာရည်ရွယ်ချက်မှ ရှိဟန်မတူပါ၊ နောင် တွင် ဘာရည်ရွယ်ချက်မှ မရှိဟုလည်း ဖွင့်ပြောပါသည်။ ဤကိစ္စကို ကိုယ် တိုင်လုံးဝသဘောမကျမိပါ။ တရားဟော၊ ပရိတ်ရွတ်ကြွတော့ သီရိလင်္ကာ အရောင်၊ ရှော့ပင်းထွက်တော့ မြန်မာအရောင်ဖြစ်နေသည်။
အချိန်ကြာကြာ ငြိမ်မနေတတ်သည့်အကျင့်က ရှိနေတော့ ဤကိစ္စနှင့်ပတ် သက်ပြီး အကြီးအကျယ် ဆွေးနွေးခဲ့ရသည်။ မြန်မာသံဃာထုကို လေးစားေ သာ အားဖြင့် ဘယ်နေရာပဲ သွားသွား ကိုယ့်အရောင်ကိုပဲ ဝတ်ပေးပါ ၊ နိုင် ငံခြားသား ဗုဒ္ဓဘာသာများက သင်္ကန်းအရောင်ကိုကြည့်ကာ သီရိလင်္ကာ ရဟန်း၊ မြန်မာရဟန်း၊ ထိုင်းရဟန်းဟု ခွဲခြားတတ်ကြသည်ဟု ပြောရာ ဆရာတော်က လက်ခံသည်။ ဘာမှ မဖြစ်လောက်သည့်ကိစ္စဟု ပြောလို ကပြောနိုင်သည်။ သို့သော် ငယ်စဉ်က ခံစားချက် ခိုးဝင်လာသောကြောင့် လားမသိ၊ သိပ်ပြီးသဘောမတွေ့ခဲ့ပါ။
ထို တစ်ကြိမ်သာ အကြီးအကျယ်ဆွေးနွေးလိုက်ရပြီး ထိုဆရာတော်နှင့် ယနေ့တိုင် ချစ်ချစ်ခင်ခင် ရှိကြသည်။ ပို၍ပင် နားလည်လာသလို ခံစား ရပါသည်။

လူမျိုးရေး မုန်းတီးစိတ်

မန္တလေးမှာနေ၊ စာတွေဖတ်ရင်း ငယ်စဉ်ကပါလာသည့် နောက်ထပ် အမုန်း တရားက တရုတ်မုန်းတီးရေးဖြစ်သည်။ သူတို့ ချမ်းသာတာကို မုန်းတီးခြင်းဟု ထင်ပါသည်။ စကာင်္ပူရောက်ခြင်းက ဤ လူမျိုးစွဲအမုန်းကို ချေဖျက်ဖို့ ဖြစ်လာ ဟန် တူပါသည်။
ဘုမသိဘသိဖြင့် ရာနှူံးပြည့် တရုတ်ဗုဒ္ဓဘာသာများကြား ရောက်ရှိနေ လျက်ဖြစ်နေသည်။ သူတို့ စီးပွားရေးဇောကြီးပုံ၊ ဘာသာရေးကိုင်းရှိုင်းပုံ၊ စီးပွားရေးက စီးပွားရေး၊ ဘာသာရေးက ဘာသာရေး သီးသန့်ရှိနေပုံ တို့ ကို တွေ့ရှိလာရသည်။ လူမျိုးမစွဲ၊ ရဟန်းမစွဲ၊ ထေရဝါဒဆို အတူတူပဲဟု ပါး စပ်ကသာမက လက်တွေ့ တန်းတူကိုးကွယ်ကြသည်။ ကြွားသည်မထင်စေ လိုပါ။ သီရိလင်္ကာကျောင်းမှာ မြန်မာရဟန်းလူကြီးတင်ခြင်းကို တရုတ်ဗုဒ္ဓဘာ သာများသာလုပ်နိုင်ပါလိမ့်မည်။ မြန်မာဆရာတော်တစ်ပါးတည်ထောင် သည့် ကျောင်းမှာ သီရိလင်္ကာဆရာတော်တစ်ပါးကိုသာ ကျောင်းထိုင် တင် လိုက်မည်ဆိုလျင် မြန်မာတွေ ဘယ်လိုတုန့်ပြန်လာလေမလဲ ဟုလည်း တွေး မိသည်။

မိမိမျက်စေ့ထဲမှာ စီးပွားရေးဆန်လွန်းသည်ဟု ထင်မှတ်မိသော ဒကာကြီး တစ်ယောက်က ရွာကိုရောက်စဉ် ဒီလိုနေရာရောက်ပြီး ငါ့ ပစ္စည်းတွေကို စင်္ကာပူပြန်ယူလာဦးမယ်ဆိုရင် ငါ့ကိုယ်ငါ ဗုဒ္ဓဘာသာလို့ ပြောရမှာ ရှက်စရာ ဟုဆိုကာ သူယူလာမျှ အကောင်းစားအဝတ်အစားများနှင့် ရွာသားများ အသုံးပြုလို့ရသမျှ နာရီပါမချန် ပေးထားခဲ့လေသည်။
ထိုမှနောက် တရုတ်ဆို မြင်မြင်သမျှမုန်းခဲ့မိသည့် မိမိ၏အကုသိုလ်စိတ်ကို ရှက်ရှက်နှင့် ပြန်ကြည့်ခွင့်ရလေတော့သည်။
တချို့အမုန်းတရားတို့က ဘာကြောင့်ဟု မယ်မယ်ရရအကြောင်းမရှိတတ်ဘဲ လူပြောသူပြော၊ ကြားဖူးနားဝဖြင့် မုန်းတီးနေတတ်ခြင်း ဖြစ်နေတတ်သည်။
နှစ်ဖက်နာ နာ၏။