သီရိလင်္ကာကို မရောက်ဖူးရခြင်းအကြောင်း


"သို့သော် ကိုယ်လုပ်နိုင်သမျှကို လုပ်မည်။ လုပ်သမျှကိုလည်း မိမိ၏ ဆရာ များကျေးဇူးကြောင့် လုပ်နိုင်သည်။ ဤခရက်ဒစ်ကို “သီရိလင်္ကာမှာ ထရိန်နင် လုပ်ခဲ့လို့” ဟူသော စကားအတွက် ခွဲမပေးချင်တော့" (သီဟနာဒ)

ဤဆောင်းပါးက ပုဂ္ဂလိကဆန်သလို သီရိလင်္ကာမှာ ပညာသင်ကြားနေကြ သည့် နောင်တော်၊ ညီတော် ရဟန်းတော်တို့နှင့် သွားပြီးငြိနေမှာကိုလည်း စိုးရိမ်နေမိသည့်အတွက် ကာလအတန်ကြာရေးချင်လျက် မရေးဖြစ်။ ရေး ပြီးသည့်တိုင်လည်း မတင်ဖြစ် ဖြစ်နေခဲ့ရသည်။ သို့သော် သီရိလင်္ကာနေ ရဟန်းအချို့နှင့် စကားပြောကြည့်ရာ သူတို့မှာလည်း ကိုယ်ခံစားရသလို ခံ စားရသူရဟန်းအချို့ရှိနေသည် ကိုတွေ့ရသည်။ ထို့ကြောင့် ရေးလိုက်မိတော့သည်။ အကယ်၍ ဤဆောင်းပါးက တစ်စုံတစ်ေ ယာက် (သို့) တစ်ခုခုကိုထိပါးစေသည်ဟုဆိုပါက တစ်ပါတည်းတောင်းပန် ထားခဲ့ချင်ပါသည်

ဤခံစားချက်အစက ဗုဒ္ဓဘာသာယဉ်ကျေးမှုပေါင်းစုံတရားပွဲတစ်ပွဲ (Dhamma Talk) မှအပြန် ကားပေါ်မှာဖြစ်သည်။ သီရိလင်္ကာဆရာတော်ကြီးတစ်ပါးက ရှေ့ခန်းမှာထိုင်ပြီး ကားမောင်းသူရှေ့နေဒကာမနှင့် စကားပြောနေကြသည်။ သူတို့ပြောနေသောအကြောင်းအရာက ထေရဝါဒ သာသနာမှာ သီရိလင်္ကာက မဏ္ဍိုင်ကျကြောင်း၊ တူတူတန်တန် အလုပ် လုပ်နေသော မြန်မာ၊ထိုင်းရဟန်းတော်များပင် အများအားဖြင့် သီရိလင်္ကာမှာ ထရိန်နင်း(ပညာသင်)ယူခဲ့ရကြောင်းတို့ပင် ဖြစ်သည်။

မှန်ပါသည်။ ထေရဝါဒ ကမ္ဘာကိုပြန့်ရာ၌သီရိလင်္ကာရဟန်းတော်များ အရေး ပါလှကြောင်း ငြင်းဆန်၍ မရပါ။ ရိုးရိုးသားသားဆိုရလျှင် သီရိလင်္ကာ ရဟ န်းတော်များ အရေးပါလှကြောင်းငြင်းဆန်၍မရပါ။ သီရိလင်္ကာရဟန်းတော် တို့က တိဗက်ရဟန်းတော်များနှင့် ဆင်ဆင်တူသည်။ သူတို့လူမျိုးအခံမရှိပဲ လူမျိုးခြားတွေထဲရောက်အောင် သာသနာပြုနိုင်စွမ်းရှိသည်။ မြန်မာပြည်ပ ဆရာတော်များတွင် ဤသို့စွမ်းသော ဆရာတော်မရှိဟု မဆိုလိုပါ။ နည်းတော့နည်းပါသည်။ ကိုယ့်လူမျိုးနဲ့ကိုယ် သာသနာပြုဆိုတာထက် သာ သနာထိန်းနေတာ များပါသည်။ လိုအပ်သည်ဟုလည်း အလေးအနက် ယုံ ကြည်ပါ၏။

မည်သို့ဖြစ်စေ 
"သီရိလင်္ကာမှာ ထရိန်နင်လုပ်ပြီးမှ တူတူတန်တန်အလုပ်လုပ်နိုင်သည်" ဆိုသော စကားကိုတော့ အောင့်သက်သက်ဖြစ်မိသည်။

ထိုအခါ ကားမောင်းနေသော ရှေ့နေဒကာမက နောက်ကိုလှည့်ပြီးမေးသည်။
“ဘန္တေရော သီရိလင်္ကာမှာ ဘယ်နှနှစ်နေခဲ့ဖူးသလဲ”
“သီရိလင်္ကာမှာ မနေဖူးပါ၊ ရောက်ပင်မရောက်ဖူးသေးပါ ” 
ဟု ဖြေလိုက်သည်။

ထိုအခါ ဆရာတော်ရော၊ ဒကာမပါအံ့သြတကြီးပုံစံဖြင့် နောက်လှည့်ကြည့်ပြီး “တကယ်ပဲ သီရိလင်္ကာမှာ ပညာသင်ခဲ့တာ မဟုတ်ဘူးလား” ဟု မယုံသလို ဆက်မေးကြသည်။ 
"တကယ်ပါ။ အခွင့်မသင့်သေးလို့ ရောက်ပင်မရောက်ဖူးသေးပါ" လို့ ဖြေလိုက်သည်။

သက္ကရာဇ် (၁၉၉၀) ခုနှစ်တွေတုံးက သီရိလင်္ကာကိုသွားဖို့ ကြိုးစား ခဲ့ဖူး သည်။ မိတ်ဆွေရဟန်းက လေယာဉ်လက်မှတ်ဖိုးရှိရင် လာသာလာခဲ့၊ ကျန် တာ သူကူညီမည်ဟု ဆိုသည်။ သို့သော် မူးစု၊ပဲစုဖြင့် လေယာဉ်လက်မှတ် ဖိုးပင် မပြည့်သည့်အတွက် မသွားခဲ့ရပါ။

မသွားနိုင်တော့သည့်အဆုံး ယောနိသော မနသိကာရဖြင့် ဤသို့သာ စိတ်ဖြေ လိုက်ရသည်။ ငါလေ့လာချင်တာက အင်္ဂလိပ်ပဲ။ သီရိလင်္ကာကိုယ် တိုင်ကလည်း အင်္ဂလိပ်စကားပြောစစ်စစ်နိုင်ငံ မဟုတ်တော့ သိပ်မထူးပါဘူး။ ကိုယ့်နိုင်ငံမှာပဲ အင်္ဂလိပ်စာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကို သင်လည်း ရနိုင် တာပဲဟု တွေးလိုက်မိတော့သည်။ သို့ဖြင့် မန္တလေးတောင်ဝန်းကျင်နှင့် မင်းကွန်းတောင်စသည်တို့သည် မိမိ၏ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားလေ့လာ ရာ စာသင်ခန်းများ ဖြစ်လာတော့သည်။ ဝါကျအမှား၊ အသံထွက်အမှား များ ကို ပြင်ပေးခဲ့ကြသည့် နိုင်ငံခြားသားများကို ကျေးဇူးဆိုရန် ရှိသည်။ ထိုစဉ် ရှေးကုသိုလ်ထူးလှသော အရင်းနှီးဆုံးမိတ်ဆွေရဟန်းက ဗြိတိသျှေ ကာင်ဆယ်မှာ အင်္ဂလိပ်စာ ဆက်တက်မည်ဟုဆိုရာ မိမိက မတတ်နိုင်ပြန်။ ဤအကြောင်းတရားတို့သည် မိမိ၏ အင်္ဂလိပ်စာ လေ့လာရေးစိတ်ကို ခတ်နာ နာ၊ ခတ်စပ်စပ် ရိုက်ပေးလိုက်သော ကျေးဇူးရှင် ကြိမ်လုံးများ ဖြစ်ခဲ့လေသည်။

စင်္ကာပူရောက်ပြီးမှ ကြားလိုက်ရသည့်စကားကြောင့် သီရိလင်္ကာမသွားဖြစ်ခဲ့ သည်ကိုပင် ဝမ်းမြောက်သလိုလို ဖြစ်နေမိတော့သည်။ ဤသို့၊ ဤသို့သော Dhamma Talks များ ပေးနိုင်သည်မှာ သီရိလင်္ကာမှာ စာသင်ခဲ့လို့ဟု ဆိုကြ သည်။ (သီရိလင်္ကာမှာ စာမသင်ဘူးလျင် မလုပ်နိုင် ဟုဆိုလိုရာရောက်သည်)

ငယ်စဉ်ဘဝကတည်းက သင်ကြားပေးခဲ့ရှာသော၊ တက္ကသိုလ်ဘဝမှာ အတွေးအခေါ်များဖြင့် ခေါင်းကို ဖွင့်ပေးခဲ့ကြသော ဘုန်းကြီးဆရာ၊ လူ ဆရာ တို့ရသင့်သည့် ခရက်ဒစ်အားလုံး “သီရိလင်္ကာမှာ ထရိန်နင်ယူခဲ့လို့” ဟူသော စကားအောက် ရောက်သွားရပေတော့မည်။ မိမိက ကံကောင်းသည်။ ထို့ကြောင့် သီရိလင်္ကာမရောက်ဖူးလည်း အလုပ်ဖြစ်သည်ဟု ပြသခွင့် ရေ သာနေရာကိုရောက်ပြီး အလုပ်လုပ်ခွင့်လည်း ရသည်။ ကံ အကျိုးမပေးခဲ့ လျှင် ကိုယ်တိုင်လည်း လုပ်ခွင့်ရမည်မဟုတ်။ (မိမိသည် ကံကောင်းသူ စာ ရင်းတွင် မပါဝင်ပါ၊ လက်လုပ်လက်စား အတိတ်ကံသာ ရှိပါသည်။ သို့သော် တစ်ယောက်ထဲ ခေါင်းငုံ့၊ မျက်စေ့မှိတ် စွတ်လုပ်နေလျင် တစ်ခုခုတော့ ဖြစ် လာတတ်သည်)

သေသေချာချာ စဉ်းစားကြည့်လျှင် ဘာသာရေးကျမ်းစာများကို ကြေမွတ် ရာ၌ ဓမ္မာစရိယဖြင့် မြန်မာရဟန်းတိုင်း မညံကြတော့ပါ။ အင်္ဂလိပ်လို တတ် ဖို့ကလည်း သီရိလင်္ကာနေနေ၊ အမေရိကမှာပဲနေနေ ကိုယ်လုပ်မှ ကိုယ်ရ မည်။ သို့သော် သီရိလင်္ကာပညာရေးက ပို၍ခေတ်မီသည်။ ဤအချက် က ငြင်း၍မရ။ သူတို့သာသနာပြုနည်းက ခေတ်မီသည်။ ဤအချက်ကိုလည်း လက်ခံရမည်။

လက်ရှိဘဝမှာ သီရိလင်္ကာကို မရောက်ဖူးသော်လည်း သူတို့ပညာရေးစနစ်၊ သူတို့ရွတ်ဖတ်ပုံစနစ်၊ သူတို့ လူမျိုခြား ဒကာ၊ဒကာမ စည်းရုံးပုံစနစ်တို့ ကို လေ့လာရပါသည်။ မွေးစားရပါသည်။ ဒါမှ လူမျိုးခြားများအကြား အလုပ်ပို ၍ တွင်ကျယ်သည်။ သူတို့မခေလှကြောင်းသိပါသည်။

သို့သော် ကိုယ်လုပ်နိုင်သမျှကို လုပ်မည်။ လုပ်သမျှကိုလည်း မိမိ၏ ဆရာ များကျေးဇူးကြောင့် လုပ်နိုင်သည်။ ဤခရက်ဒစ်ကို “သီရိလင်္ကာမှာ ထရိန်နင် လုပ်ခဲ့လို့” ဟူသော စကားကို ခွဲမပေးချင်တော့။ ရှိသင့်သောမာနလား၊ မရှိ သင့်သောမာနလား။ အစွန်းရောက်သောမာနလား၊ အစွန်းမရောက်သော မာနလား မသိပါ။ ပေးလိုသော ကွန်မင့် ပေးစေ။

လုပ်နိုင်သမျှကိုတော့ “မြန်မာဆရာတွေ ထရိန်နင်းလုပ်ပေးလိုက်တာ” ဟူသော ခေါင်စဉ်အောက်မှာသာ ထားချင်တော့သည်။(အခြား ရဟန်းတော် များက ဤစိတ်ဓာတ်မျိုးရှိသော်လည်း မိမိလို အခွင့်အရေးမရကြဟု နားလည် သည်။) မည်သို့ပင်ဖြစ်စေ ၂၀၀၅ -ခုနှစ်က ပါဠိကောလိပ်၌ MA စာမေးပွဲရှိ သဖြင့် ပတ်ဝန်းကျင်ကလည်း ဘေးထွက်နေလို့မရအေင် ဖိအားပေးနေသဖြင့် အားလုံးနှင့် လိုက်လျောညီထွေရှိစေရန် MA တန်းကိုတော့ ဝင်ဖြေလိုက်ရေ သးသည်။ 

တစ်ကြိမ်မကပါ။ သီရိလင်္ကာ ယဉ်ကျေးမှုလွှမ်းသောနေရာဖြစ်သဖြင့် -
“အင်္ဂလိပ်စာက သီရိလင်္ကာမှာ သင်ခဲ့တာလား ”
“သီရိလင်္ကာမှာ ဘယ်နှနှစ်ကြာအောင် သီတင်းသုံးခဲ့သလဲ ” စသည့် မေးခွန်းများမေးတိုင်း.....
“ရောက်ကို မရောက်ဖူးသေးပါ။ သွားတော့ သွားရဦးမည်” ဟု ဖြေရသည်ကိုပင် အရသာရှိနေသလိုလို ဖြစ်နေသည်။

(ယခုလ ၁၉ ရက်နေ့ဆိုလျင် သီရိလင်္ကာကိုရောက်ဖူးတော့မည် ဖြစ်ပါသည်။ သီရိလင်္ကာကို မရောက်ဖူးသေးပါဟု ပြောခွင့်ရှိတော့မည်မဟုတ်။ ထို့ကြောင့် ခါတော်မှီ ဤ ဆောင်းပါးကို တင်လိုက်ရပါတော့သည်။)

သီဟနာဒ

ဆီးဂိမ်း ဖီဗာ



နယူးယောက် မာရသွန်ပွဲပြိုင်အတွက် အချိန်ကုန်ခံပြီး ဘာကြောင့် ဒီလောက်ြ ပင်ဆင်နေကြတယ်ဆိုတာကို ကျနော်တော့ နားမလည်နိုင်တော့ဘူး။
ကင်ညာနိုင်ငံက လူတစ်ယောက်ကိုခေါ်ပြီး လည်ပင်းမှာ ဆုတံဆိပ်ဆွဲပေး လိုက်ရင် ပြီးနေပြီ။ ဒါဆို ဘယ်သူမှ အလုပ်မရှုပ်တော့ဘူး။ 
(နယူးယောက် ပရိသတ်တစ်ဦး)

နေပြည်တော်က လူတွေပြောပါတယ်။ရွှေတံဆိပ်ဆု တစ်ရာကျော်လိုချင်ရင် ဘာဖြစ်လို့ ရေကူးတွေ၊ စားပွဲတင် တင်းနစ်တွေ၊ ဘတ်စကက်ဘော စတာေ တွ ထည့်နေရတာလဲ။ ဒီမှာ... 

၁။ ကျည်းသားရိုက်ထည့်။ 
မျက်နှာ၊ လက် စသည် ဘာနဲ့မှ အုပ်မထားရ။ ရွှေ သေချာတယ်။ 
အဖျားချွန်ချွန် ကျည်းသား မျက်လုံးကို မမှန်အောင် ရှောင်နိုင်တာလည်း အနုပညာပဲ။

၂။ ငွေစက္ကူတွေ ဖုံထဲမှာထောင်ပြီး ညှပ်ဖိနပ်နဲ့ ပစ်တဲ့ ကစားနည်းထည့်။ 
ဒါလည်း ရွှေ သေချာတယ်။ 

၃။ ဟော်ကီတွေ လုပ်မနေနဲ့။ လေ့ကျင့်ကွင်းလည်း မရှိဘဲနဲ့။ ဒါအစား ကျွဲစီး ထည့်။ မြင်းနဲ့ကျွဲ ဘာမှ မထူးဘူး။ လုပ်မနေနဲ့။ 
ဒီအားကစားရဲ့ ယူနိ(က်) ယူနီဖောင်းက ပုဆိုး လည်ပင်းလျောက်ပဲ။ စထရစ်ကလီ ကွန်ပတ်စရီ။
(က) နှီးကုန်းမပါ၊ နှာဖာကြိုးမပါဘဲ အလွတ်စီး။
(ခ) ဦးချိုကိုကိုင်ပြီး လည်ပင်းပေါ်မှာ အလှပြစီး
(ဂ) ကျောပေါ်မှာ ပုလွေမှုတ်ရင်း စီး။ ပုလွေသံမှာလည်း အမှတ်ပေးရမယ်။

၎။ ဘာဖြစ်လို့ မြားပစ်တွေ ထည့်နေမလဲ။ မြားမထွက်ခင် ပစ်မှတ်ကို မြားစိုက်ပေးမယ့်လူမှ မရှိတာ (ဖွင့်ပွဲလို လေ)
လောက်လေးခွ (ဘတ်ခွ) ပြိုင်ပွဲထည့်။ ဘာနဲ့ ပစ်ပစ်၊ ပစ်မှတ်ထိရင်ပြီးတာပဲ။

၅။ လှည်းပြိုင်ပွဲထည့်။
အိမ်ရှင်ရဲ့ ပရိုဗိုက်လုပ်တာကို မယူချင်ရင် ကိုယ့်လှည်း၊ ကိုယ့်နွားနဲ့ကို ယူ ခဲ့ကြ။ 
စင်္ကာပူတို့ အနားတောင် သီနိုင်မှာ မဟုတ်ဘူး။

ရွှေတံဆိပ် တစ်ရာတောင် ကျော်သွားဦးမယ်။ 
တကယ်က ဒါတွေလည်း နေရှင်နယ် စပေါ့တွေပဲဥစ္စာ။

ဇင်ဝေသော်

Sea games

ပထမလူ။ ။ ဒုက္ခပဲ။ မြန်မာတွေ ရေမကူးတတ်၊ လှေ မလှော်တတ်၊ စက်ဘီး မစီးတတ်။
ဒုတိယလူ။ ။ မဟုတ်ဘူး၊ ၂၀၁၅ အတွက်ပြင်ဆင်ပြီး အသက်လျှော့ဝင်ပြိုင် တာ။

မနက်ဖြန် အဘိဓမ္မာစာမေးပွဲ

ကမ်းလက်

 စင်္ကာပူမှာလည်း ဒုတိယအကြိမ်မြောက် (မင်္ဂ လဝိဟာရကျောင်းမှာ) ဖြေကြတော့မည်။ မအားမလပ်သည့်ကြားက တစ် ရာကျော် ဖြေကြမည်ဆိုတော့ သာဓုပေပေါ့။ 
သို့ဖြင် "မတည်"တတ်သည့်အလျောက် ခပ်နောက်နောက် ပို့စ်ကို ဖြည့်စွက် ပြီး ပြန်တင်လိုက်ရတော့သည်။

ဒါက ဘာ“ဇ” ပါလိမ့်

တစ်ခါက အဘိဓမ္မာဆရာတစ်ယောက်ဟာ ရွာထဲကလူတွေကို “အသံ” နဲ့ ပတ်သက်လို့ ရှင်းပြနေသတဲ့။

“မိုးခြိမ်းသံ၊ တော်လဲသံ၊ သစ်ကိုင်းကျိုးသံ၊ ရေစီးသံ စတဲ့အသံတွေက ဥတုကြောင့် သက်သက်ဖြစ်တဲ့ အသံတွေမို့ “ဥတုဇ” အသံလို့ ခေါ်ပါတယ်။ စကားပြောသံ၊ ငှက်မြည်သံ၊ တောက်ခေါက်သံ၊ လေချွန်သံ၊ ငြီးတွားသံ စတဲ့ အသံတွေကတော့ စိတ်၊ ဥတုဆိုတဲ့ အကြောင်းနှစ်ပါးကြောင့် ဖြစ်လာတာမို့ “စိတ္တဇ၊ ဥတုဇ” အသံလို့ ခေါ်ပါတယ်”

ရွာသားတွေကလည်း တယ်ဟုတ်ပါလားပေါ့လေ။ လသာသာအောက်မှာ စိတ်ဝင်တစား နားထောင်နေကြတုန်းမှာပဲ-
“ ဘူ” 
ဆိုတဲ့ အသံကြီးတစ်သံ လူတွေကြားထဲက ထွက်လာသတဲ့။
ဒါကို သိပ်ပြီးစိတ်မနှံ့ရှာတဲ့ လူတစ်ယောက်က-
“ဆရာကြီးခင်ဗျား၊ အခုနက မြည်သွားတဲ့ “ဘူ” ဆိုတဲ့ အသံကြီးကရော ဘာ့ကြောင့်ဖြစ်တဲ့အသံလို့ ထင်ပါသလဲခင်ဗျာ” လို့ မေးသတဲ့။

အဘိဓမ္မာဆရာကြီးလည်း နည်းနည်းတော့ အောင့်သွားတာပေါ့။ ဒါပေမယ့် ဆရာကြီး ဆိုတော့ ဖြေရတော့ မှာပေါ့။
“သူ့ဘာသာ ရိုးရိုးလေလည်တာဆိုရင် ဥတုဇ၊ ဥတုကြောင့်။ မင်းစိတ်ပုပ်လို့ ညှစ်ပေါက်လိုက်တာဆိုရင် စိတ်၊ ဥတုကြောင့် ဖြစ်တာမို့ စိတ္တဇ၊ ဥတုဇရုပ်” တဲ့။
အဖြေကြားတော့ အရူးက 
“ဆရာကြီး အဖြေတွေက ရှုပ်လိုက်တာဗျာ။ တကယ်တော့ ဒီအသံက ဘာကြောင့်မှ မဟုတ်ဘူး။ ပဲကြီးလှော်နဲ့ ဆူးပုပ်ရွက်ကြောင့် ဖြစ် တာ။ ခေါ်ခြင်းခေါ် ပဲကြီးလှော် ဇ၊ ဆူးပုပ်ရွက် ဇရုပ်(အသံ) လို့ ခေါ်ရမှာ ပါဗျာ။ လွယ်နေတာကို ရှုပ်အောင်လုပ်ကြတယ်ဆိုပြီး ထွက်သွားလေတော့ သတဲ့။
ဟဲ…ဟဲ၊ ပဲကြီးလှော် ဇ၊ ဆူးပုတ်ရွက် ဇ တဲ့၊ ဟုတ်တော့ ဟုတ်သား။
**************************************************
မေး၊ ဖြေ ပုံစံ

မေး။ ။ဆီးမ်ဂိမ်း၌ ရွှေတံဆိပ်ဆု ရသွားသော မြန်မာ့ အားကစားအသင်းကို လက်ခုပ်လက်ဝါးတီးပြီး အားပေးနေသည့် မြန်မာတစ်ယောက်မှာ ဖြစ်နိုင်ေ သာ စိတ်ကို ဖော်ပြပါ။
ဖြေ။ ။ မြန်မာတစ်ယောက်၏ သဏ္ဍာန်၌ ဖြစ်နိုင်သောစိတ်ကား 
သောမနဿ သဟဂုတ်၊ 
မျိုးချစ်စိတ် သမ္ပယုတ်၊ 
အသင်္ခါရိကစိတ် ဖြစ်ပါသည်။

သီဟနာဒ

သူတို့ ဘာပြောသလဲ???


1)...both showcased the nation's rich 900-year old heritage and transformation from reclusive state to an emerging nation.
ဒီအတွက်တော့.... သိရင် ပြီးတာပဲလို့ ပြောချင်တယ်။



2) But the loudest cheers were saved for Myanmar archer Maung Wai Lin Tun, who a flaming arrow, lit the Games cauldron and shot his country into new and exciting chapter.
ဒီကောင်လေးက တကယ် ပစ်သွားတာလား။ တိတိကျကျသိရင် ပြောကြပါ အုံး။ ဘရာဗို if he really did.

3) It was no surprise then, that China Vice-Premier Liu Yangdong, who is in Naypyidaw.
အင်း ဘာတွေ ပြန်ပေးရမလဲ မသိဘူး။ ရွာက အလှူလိုဖြစ်မှာ စိုးရတယ်။ အလှူကတော့ စီပါရဲ့ ပွဲပြီးတော့ မြေ တစ်ဧကနဲ့ နွားကြီးရောင်းလိုက်ရရော။

**************************************************
ကိုယ် ဘာပြောချင်သလဲ???

၁။ အစီအစဉ် ကြေညာသူတွေရဲ့ အင်္ဂလိပ်။ သူတို့က ပရော်ဖက်ရှင်နယ်တွေ၊ ခဏခဏပြောရတဲ့ ဂိမ်းစ်ကို (Games) ပါးစပ်မပိတ်ဘဲ အသံထွက်သွား တာတွေရှိတယ်။ အရုပ်ဆိုးတယ်။ ကျန်တာတော့ အမေရိကန် အက်ဆင့်ဝဲဝဲ နဲ့ မဆိုးလှပါဘူး။

၂။ ဖြော်ဖြေမှုမှာ မြန်မာလိုတွေချည်းပဲ (နောက်ဆုံးပိတ်က လွဲရင်) ဆိုတော့ နိုင်ငံခြား ဧည့်သည်တော်တွေကို အားနာမိတယ်။ ဒါပေမဲ့ အင်္ဂလိပ် စကားပြောနိုင်ငံမဟုတ်ရင်တော့ ဒီလိုပဲ များပါလိမ့်မယ်။

၃။ ဗုံးမလန့်ဘူး။ မီးမပျက်ဘူး။ သမ္မတကြီးနဲ့ ဇနီးက ပွဲမပြီးခင် ပြန်သွားတယ်။ သူ့ဇနီးကို "မင်း ကြည်ချင် ကြည့်နေရစ်ခဲ့လေ" လို့ မပြောဘူး။ မိုက်တယ်။ အထာလေးနဲ့။

၎။ ဇော်ဝင်းထွဋ်ဆိုတဲ့ သီချင်းက ကိုယ်ပိုင်သံစဉ်လား၊ ထင်တော့ထင်တယ်။ ကိုယ်ပိုင်သံစဉ် တစ်ခွေထွက်တယ်၊ မဟာ မှတ်တယ်။ (တကယ်သေသေချာချာ မသိလို့၊ သိသူက လုပ်ကြပါအုံး) ဘရာဗို if it is.

၅။ ပုဂံပြကွက်ဟာ အား အပါဆုံးပဲ။ ဇင်ယော်မောင်မောင်တို့ ပါဆိုပဲ။ ပုဂံ ဆက်တင်တော့ ဇင်ယော်မောင်မောင်က ငယ်နိုင်။

ခြုံကြည့်ရင် ကောင်းတယ်။ အောင်မြင်တယ်ပေါ့။


On Strait Time >> web  , pdf