သီရိပါဒလမ်းပေါ်မှာ ပြန်တွေ့ခဲ့ရသည့် အဖေ


သီရိပါဒခရီးသည် လှေကားထစ်ပေါင်း ၇၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး လေး နာရီ ငါးနာရီခန့် တောင်တက်ခရီးဆင်နွှဲရ၏။ သီရိပါဒဟူသည် ဒဏ္ဍာရီဆန် ဆန် သီဟိုဠ်သမိုင်းအရ ဘုရားရှင် ခြေတော်ရာ ခြခဲ့သော နေရာဟူ၏။ ယနေ့ ဘုရားရှင်၏ ခြေတော်ရာပေါင်းများစွာရှိသည့်အနက် သီရိပါဒသည် ဘုရားရှင် ၏ ခြေတော်ရာတစ်ဆူအဖြစ် ပထမဆုံးအဆိုတင်သည့် တောင်ထိပ်တစ်ခုဟု လည်း ဆိုနိုင်ပေမည်။ ည တစ်နာရီခန့်မှာ စတင်တက်ခဲ့ကြသော ကျွန်ုပ်တို့ လူပေါင်း ၄၀ အဖွဲ့တွင် ၁၀ ယောက်က လမ်းတစ်ဝက်မှာ ကျန်ရစ်ခဲ့သည်။ အချို့က အသက်ကြောင့်၊ အချို့က ဆူဖြိုးသော ကိုယ်ခန္ဓာကြောင့်ဖြစ်၏။

ဗုဒ္ဓဘာသာဝင်တို့က ဘုရားရှင် ခြေတော်ရာဟူသော ယုံကြည်မှုကြောင့် တက်နေကြတာဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့ကတော့ နေထွက်တာကို ကြည့်ရအောင် တက်ကြခြင်းဖြစ်သည်။ အာရှတိုက်သားများအတွက် နေ ထွက်တာကို ကြည့်ရုံမျှဖြင့်တော့ ဤမျှ ကြမ်းရှသော ခြေလှမ်း ၇၀၀၀ တက်နေရန်မလိုပါ။ ဘယ်မှမသွားဘဲ နေထွက်တာကို မြင်နိုင်သည်။ မတူဘူး ဟု ဆိုလိုကဆိုနိုင်ပါသည်၊ အငြင်းမပွားလိုပါ။

မိမိကိုယ်တိုင်လည်း ဘာမှပြင်ဆင်ခြင်းမရှိဘဲ ထို တောင်ကို တက်ခဲ့ခြင်းေ တာ့ မဟုတ်ပါ။ မသွားမီ ၃ လခန့်ကတည်းက နံနက်တိုင်း တစ်ခါတစ်ခါ ညနေပါ (ခပ်မြန်မြန်) လမ်းလျှောက်ခြင်း ပုံမှန်လုပ်ခဲ့သည်။ သက်လုံအထိုက် အလျောက် ရှိသည်ဟုဆိုနိုင်သည်။ သို့သော် ခရီး တစ်ဝက်ကျော်လာသည့် အခါ ရှိသည့်သက်လုံက ကုန်ခမ်းစ ပြုလာသလို ခရီးကလည်း ပို၍ပို၍ မတ်စောက်လာပါတောသည့်။

ငါ ဆက်မှတက်နိုင်ပါတော့မလား။
နံနက် ၃ နာရီ လေအေးကြမ်းများအကြားမှာပင် ချွေးတဖြိုက်ဖြိုက်ကျနေ သည်။ ကျိုက်ထီးရိုးထက် များစွာပိုပင်ပမ်း၏။



ထိုစဉ် ကလေးတစ်ယောက်နှင့် လူဖြူဇနီးမောင်နှံကို တွေ့ရ၏။ ကလေးက ၅ နှစ် ၆နှစ်ခန့်ဟုထင်ရသည်။ သူက တောင်ဝှေးလေး ထောက်ကာ ထောက်ကာ သူ့မိဘတွေနဲ့အတူ တက်နေသည်။ သူ့ကို "Strong boy" ဟုခေါ်ရာ သူက လှည့်ကြည့်ပြီး ပြုံး ၏။ သူ့ ဖခင်က "Yes, he is very strong" ဟု အားပေးသည်။ မကြာပါ။ ဤခရီးသည် ကလေးတစ်ယောက်အတွက် အားကစားကွင်း မဟုတ်ပါ။ သူ ဆက်မတက်နိုင်တော့။ သို့သော် ကလေးတစ်ယောက်အနေနဲ့ သူ အများ ကြီး လျှောက်ခဲ့ပြီးပြီ။ ထိုစဉ် ဖခင်ဖြစ်သူက သူ့ကျောပိုးအိပ်ကို ဇနီးပေးလိုက် ပြီး သူ့သားကို ပခုံးပေါ်ထမ်းက ဆက်တက်နေလေတော့သည်။

မလွယ်ပါ။
လုံးဝမလွယ်ပါ။
လူအလွတ်ပင် ချွေးဒီးဒီးကျအောင် တက်နေရချိန် ကလေးတစ်ယောက် ပခုံးပေါ်ထမ်းပြီးတက်ရသော မတ်စောက်တောင်တန်းခရီးသည် လုံးဝမလွယ်ပါ။
ထိုစဉ် ကျွန်ုပ်ထံမှ စကားသံလည်း ပြောင်းသွားရတော့သည်။
"Very strong man"
ဖခင်စိတ်။ ကလေးအစွမ်း၊ ကလေးသတ္တိကို ရနိုင်သမျှ ရအောင် ညှစ် ထုတ်ပြီးမှ ပခုံးပေါ်တင်ထမ်းသွားသည့် ဦးဆောင်စိတ်၊ ဖေးမစိတ်။
ထို ခွန်အားတို့က ကျွန်ုပ်ဆီသို့ပင် ကူးစက်လာတော့၏။

သူတို့ သားအဖကိုကြည့်ရင်း တစ်ခါတစ်ခါ ကျွန်ုပ်ကိုင်တိုင် အဖေ့ပခုံးေ ပါ် ရောက်သွားသလိုလို (အဖေသည် ခရီးဝေးသွားတိုင်း ကျွန်ုပ်ကို ထမ်း ပိုးခေါ်လေ့ရှိသည်)၊ တစ်ခါတစ်ခါ ကိုယ်တိုင်ကပင် သားတစ်ယောက်ကို ထမ်းတက်နေရသလိုလို ခံစားလိုက်ရ၏။ မှန်၏။ ဒုတိယ ခံစားချက်က အငှား ခံစားချက်သာ ဖြစ်၏။

မည်သို့ဖြစ်စေ ကလေးဖြစ်လိုက်၊ အဖေဖြစ်လိုက်ဖြင့် သီရိပါဒတောင်ထိပ်ပေါ် သို့ ၅ နာရီခွဲခန့်တွင် ကျွန်ုပ် ခြေချနိုင်ခဲ့တော့သည်။
အဖေ့ကို သတိရစိတ်ဖြင့် မျက်ရည်ပင် ကျခဲ့မိသေးသည်ထင်ပါ၏။

များ


မသယ်နိုင်တော့သည့် ပခုံများ
ငါးစာ မချတတ်သည့် ငါးမျှားချိတ်များ
ယုံကြည်စရာ မရှိတော့သည့် သဒ္ဓါတရားများ။

အချိုမရှိသည့် ပုရွက်ဆိတ်များ
မုတ်ဆိပ်မရှိသည့် ဘရိတ်ဓားများ
အိပ်ယာဝင်သူမရှိသည့် ကြမ်းပိုးများ။

မျက်နှာကျက်ပေါ်က ကြမ်းခင်းများ
တံစဉ်ကိုလှီးဖြတ်မယ့် စပါးနှံများ
လက်ယားတာကို ကုတ်ပေးမယ့် ကျောပြင်များ။

..............များ။ ။

အခန်း နှစ် America ( လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် )


အကျပ်အတည်းတွေနဲ့ ထိပ်မှာ(Troubled but still on top) (၂)

"အိုင်ဖုန်း၊ အိုင် ပက်၊ မိုက်ကရိုဆော့(ဖ်)၊ အင်တာနက်၊ ဒါတွေအားလုံး ကမ္ဘာ့ ဘယ်နိုင်ငံကမှ တီထွင်နိုင်တာ မဟုတ်ဘူး။ အမေရိကန်တွေက တီထွင်တာ။ အမေရိကန်နဲ့  နှိုင်းယှဉ်ရင် တစ်ဦးချင်းအရည်အသွေးမှာ တရုတ်တွေလည်း ရှိတာပါပဲ။ ဒီလိုရှိရက်နဲ့ သူတို့ ကဘာဖြစ်လို့ ဒီလိုတီထွင်မှုတွေ မလုပ်နိုင် ကြတာလဲ" (လီကွမ်းယု)

တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်ရေးအတွက် နောက်ထပ်အားသားချက်ကဘာသာစကားပါပဲ။ ဗြိတိသျှတွေက သူတို့ ဘာသာစကားအမွေကို ချန်ထားခဲ တော့ ဗြိတိသျှလက်အောက်ရောက်ခဲ့ ရတာ ကံကောင်းပါတယ်။ ဗီယက်နမ်နိုင်ငံ လို ကျွန်တော်တို့ ကိုပြင်သစ်က အုပ်ချုပ်တယ်ဆိုပါတော့။ ကမ္ဘာနဲ့ ဆက် သွယ်ဖို့ အင်္ဂလိပ်မသင်ခင် ပြင်သစ်ကို အရင်အဆက်ဖြတ် ရပါလိမ့်မယ်။ ဒါ ဟာ သိပ်ပြီးနှစ် မြို့ စရာမကောင်းတဲ့ အနေအထားပါ။ ၁၉၆၅ ခုမှာ စင်ကာပူ လွတ်လပ်ရေးရတော့ တရုတ်ကုန်သည်ကြီးများ အဖွဲ့ က ကျွန်တော့်ဆီလာပြီး တရုတ်စကားကို ရုံးသုံးသတ်မှတ်ဖို့  စည်းရုံးခဲ့ ကြပါသေးတယ်။ ကျွန်တော် က သူတို့ ကိုပြန်ပြောလိုက်ပါတယ် ။
“ဒါဆိုရင်တော့ ကျွန်တော်နဲ့ ခင်ဗျားတို့  အရင်ဆုံးချဲကြဖို့ လိုမယ်” နှစ်ငါးဆယ် သမိုင်းကိုပြန်ကြည့်တော့ စင်ကာပူဖွံ့ ဖြိုးတိုးတက်လာတဲ့ အေ ကြာင်း ရင်းတွေထဲမှာ အင်္ဂလိပ်စကားပြောပြီး တစ်ကမ္ဘာလုံးနဲ့  ဆက်ဆံနိုင် တဲ့ အချက်ဟာ အဓိကအကျဆုံးအချက်တွေထဲက တစ်ချက်ဖြစ်နေတာ ကို တွေ့ ရပါလိမ့်မယ်။ ဗြိတိသျှအင်ပါယာက အင်္ဂလိပ်စကား ကမ္ဘာကို ပြန့် နှံ့ စေခဲ့တယ်။ အမေရိကန်တွေက ဗြိတိသျှပါဝါကို လက်လွှဲယူလိုက်ပြန်တော့ လည်း ဗြိတိသျှအင်္ဂလိပ်ကနေ အမေရိကန်အင်္ဂလိပ်ကို ပြောင်းလွဲပြောဆိုေ ရးသားဖို့ ဆိုတာက ပြဿနာမရှိလှပါဘူး။ ဘာသာစကားဟာ အမေရိကန်ေ တွအတွက် အကြီးမားဆုံးအားသာချက်ပါပဲ။ ဒီစကားကိုလူတွေ အများ ကြီး ပြောနိုင်၊ နားလည်းနိုင်တယ်။

တကယ်လို့ တ ရုတ်စီးပွါးရေးဆက်ပြီးတက်နေအုံးမယ်ဆိုရင် တရုတ် နဲ့ ပေါင်းပြီး စီးပွါးရေး လုပ်တာပဲဖြစ်ဖြစ်၊ တရုတ်ပြည်ထဲသွားပြီး စီးပွါးရေး လုပ်ဖို့ ပဲဖြစ်ဖြစ် အားသာ ချက်တစ်ခုရနေအောင် ကျွန်တော်တို့ ကလေးေ တွရဲ့  တရုတ်စာအရည်အသွေးကို မြှင့်တင်ပေးရပါမယ်။ ဒါပေမယ့် စင်ကာ ပူမှာတော့ တရုတ်စာဟာ ဒုတိယဦးစားပေးအနေနဲ့ ပဲ ရှိနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တရုတ်က တစ်ဦးချင်းဝင်ငွေမှာ အမေရိကန်တွေ ကို ကျော်သွားတယ်ဆိုစေဦး အခုကျွန်တော်တို့ ရရှိပိုင်ဆိုင်နေ တဲ့ လူနေမှု အဆင့်အတန်းမျိုးကို တရုတ်ပြည်က ပေးထားနိုင်မှာ မဟုတ်လို့ ပါ ။ တရုတ် နဲ့ ပါတ်သတ်လို့ ကျွန်တော်တို့ ရတဲ့  တစ်ဦးချင်းဝင်ငွေဟာ နှစ်ဆယ်ရာခိုင် နှုန်းတောင်မရှိပါဘူး ။ စင်ကာပူလက်ရှိအနေအထားတိုင်း ဆက်ရှိနေဖို့  အ မှန်တကယ်ဖြည့်ဆည်းပေးနေတာက အခြားကမ္ဘာနိုင်ငံကြီးတွေပါ။ အမေရိကန်နိုင်ငံရယ်လို့တောင် မဟုတ်ပါဘူး။ ဗြိတိသျှ၊ဂျာမဏီ၊ပြင်သစ်၊ေ ဟ်ာလန်၊သြစတြေးလျ စတဲ့ နိုင်ငံတွေပါ။ ဒီနိုင်ငံတွေက စီးပွါးရေးစကားပြော ရာမှာ အင်္ဂလိပ်ကိုပဲ အသုံးပြုမှာပါ။ တရုတ်စကားပြောကြမှာ မဟုတ်ပါဘူး။ တရုတ်တွေကိုယ်တိုင်ကတောင်မှ သူတို့ ကလေးတွေ အင်္ဂလိပ်စကား ပိုကောင်းလာအောင် မူလတန်းကနေ တက္ကသိုလ်အထိ အားကြိုးမာန်တက် သင်ကြားပေးနေကြချိန်မှာ ကျွန်တော်တို့ က အင်္ဂလိပ်ကိုကျော်ပြီး တရုတ် စကားကို ရုံးသုံးစကားအဖြစ် သတ်မှတ်အုံးမယ်ဆိုရင်တော့ ဒါဟာ ဦးနှောက် မရှိမှုတစ်ခုသာပါပဲ။

နောက်ဆုံးစိန်ခေါ်မှု

အမေရိကန်ဟာ ကျဆင်းနေတာ မဟုတ်ပါဘူး။ အချိန်အကြာကြီး ရှုပ်ထွေး လွန်းလှတဲ့  အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲကြောင့် စီးပွါးရေး အကြီး အ ကျယ်အကျပ်ရိုက်မှုတေကြုံတွေ့ရပြီး နာမည်ခဏပျက်သွားရတာပါ။ ဒါပေမယ့် အမြင်ရှိတဲ့ သမိုင်းပညာရှင်တွေကတော့ အမေရိကန်ဟာ ဒီထက် ဆိုးရွားတဲ့ အခြေအနေတွေကတောင်မှ အကြိမ်ကြိမ်ခေါင်းထောင်ထ လာသေးတယ်ဆိုတာ ထောက်ပြကြပါလိမ့်မယ်။ ကျွန်တော်တို့ သိမှီသမျှကို ကြည့်ရင်ပဲ အခက်အခဲတွေ စိန်ခေါ်မှုတွေကနေ သူတို့ဖောက်ထွက်လာနိုင် တယ်ဆိုတာ တွေ့ ရပါတယ်။ ပြည်တွင်းစစ်ပွဲတွေ၊ ဗီယက်နမ်စစ်ပွဲတွေ၊ ဂျ ပန်နဲ့ ဂျာမနီက ရုတ်တရက်ကြီးထိုးတက်လာလို့  ကြုံလိုက်ရတဲ့ စက်မှု စီး ပွါးရေး၊ အကျပ်အတည်းတွေစုံလို့ ပါပဲ။ ကြုံလာတိုင်းလည်း စိတ်ဓါတ်ခွန် အားတွေ ရအောင်မွေးမြူနိုင်ပြီး ထိပ်ဆုံးရောက်အောင် ပြန်တတ်လာနိုင်တာ ချည်းပါပဲ။ အမေရိကန်က အမြဲတမ်းပဲ ပန်းပန်ခဲ့တယ်။ ဒီတစ်ကြိမ်လည်း ပန်နေအုံးမှာပါပဲ။

အမေရိကန်ရဲ့အောင်မြင်မှုဟာ သူတို့ ရဲ့ စီးပွါးရေးအစွမ်းကြောင့်ပါ။ ဒီ စီး ပွါးရေးကို သူတို့ ရဲ့ ရိုးသားတဲ့ စွမ်းရည်၊ အဆက်မပြတ်တီထွင်ဖန်တီးနိုင်မှု စွမ်းရည်တွေနဲ့  ထောက်ခံပေးထားပါတယ်။ ပစ္စည်းအသစ် ၊ ၀န်ဆောင်မှု အသစ်တွေကို သူတို့ က အမြဲတန်း တီထွင်ဖန်တီးနေတတ် တယ်။ေ တ်ာတော်ကြာတော့မှ သူတို့နည်းစနစ်တွေက အလုပ်လည်းဖြစ်၊ နှစ်ခြိုက်စရာ လည်းကောင်းတယ်ဆိုပြီး ကမ္ဘာကလိုက်လုပ်ကြတော့တာ။ အိုင်ဖုန်း၊ အိုင် ပက်၊ မိုက်ကရိုဆော့(ဖ်)၊ အင်တာနက်၊ ဒါတွေအားလုံး ကမ္ဘာ့ ဘယ်နိုင်ငံကမှ တီထွင်နိုင်တာ မဟုတ်ဘူး။ အမေရိကန်တွေက တီထွင်တာ။ အမေရိကန်နဲ့  နှိုင်းယှဉ်ရင် တစ်ဦးချင်းအရည်အသွေးမှာ တရုတ်တွေလည်း ရှိတာပါပဲ။ ဒီလိုရှိရက်နဲ့ သူတို့ ကဘာဖြစ်လို့ ဒီလိုတီထွင်မှုတွေ မလုပ်နိုင်ကြတာလဲ။ အဖြေက ရှင်းရှင်းလေးပါ ။ အမေရိကန်တွေမှာ ရှိတဲ့ သတ္တိမျိုး သူတို့ မှာ မရှိလို့ ပဲ။ ပွဲစဉ်ရဲ့ အဖြေတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ တီထွင်ဖန်တီးမှုမျိုး သူတို့ ဆီက အမြဲတန်း မျှော်လင့်ထားလို့ ရတယ်။ သူတို့ ခဏကျဆင်းပြီးတော့ ထိပ်တန်းပြန်ရောက်။ ဒီလို အကြိမ်ရေတွေက မနည်းတော့ပါဘူး။

“အမေရိကန်တွေ ကျရှုံးနေပြီ” ဆိုတဲ့ အယူရှိသူတွေရဲ့ အမြင်မှန်တယ် ဆိုေ စဦးတော့ သူတို့ သတိထားရမှာက အမေရိကန်ဟာ နိုင်ငံကြီး တစ်နိုင်ငံ မို့ သူတို့ ကျဆင်းချိန်ဟာ အချိန်အတော်ကြာမှ ရုပ်ပျက်ဆင်းပျက်ဖြစ်သွား မှာပါ ။
တကယ်လို့ စင်ကာပူသာ အဲဒီလို နိုင်ငံကြီးဆိုရင် ပေါ်လစီအမှားအယွင်းကို ကျင့်သုံးမိလိုက်ပြီးဆိုရင်တောင် သိပ်ပြီးစိုးရိမ်နေမိမှာမဟုတ်ပါဘူး။ ဘာလို့  လဲဆိုရင် ဒီပေါ်လစီအမှားတွေရဲ့ အကျိုးဆက်က ဖြည်းဖြည်းချင်းမှ ရောက် လာမှာမို့ ပါ။ ဒါပေမယ့် အခုကျွန်တော်တို့ နိုင်ငံက သေးသေးလေးဆိုတော့ လမ်းမှားတစ်ခုပေါ် လိုက်လိုက်မိတာနဲ့ အကျိုးဆက်အနေနဲ့  အချိန်တို အ တွင်းမှာ ချက်ချင်းကပ်ဆိုးဆိုက်သွားနိုင်ပါတယ် ။ ပြီးတော့အမေရိကန်ဟာ တင့်ကားကြီးတစ်စီးနဲ့ လည်းတူပါတယ်။ အလွယ်တကူ ဂျွမ်းထိုးမှောက် ခုံဖြစ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်နဲ့ ပါတ်သတ်လို့ အ ဆိုးမြင်နေသူတွေဟာ မှားတယ်လို့  ကျွန်တောယုံကြည်ဆဲပါ။ အမေရိကန် ဟာ ဒီအတိုင်းကျဆင်းသွားမှာ မဟုတ်ပါဘူး။ တရုတ်ပေါ်လာတော့ သူတို့  အားတော့နည်းနည်းလျှော့ သွားမယ်။

အနောက်ပစိဖိတ်သမုဒ္ဒရာထဲကို အင်အားဖြည့်ဆည်းဖို့ ခရီး အကွာ အဝေးကြောင့် အရေအတွက်အားဖြင့်ဖြစ်စေ၊ တစ်ဦးချင်းဝင်ငွေ အားဖြင့် ဖြစ်စေ၊ တရုတ်ကိုယှဉ်ပြိုင်နိုင်မယ်တော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် အမေရိကန်ရဲ့ အဓိက အားသားချက်က သူတို့ ရဲ့ ရွတ်ရွတ်ချွံချွံစိတ်ဓါတ်ပါ။ ဒီစိတ်ဓါတ်က ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ အမေရိကန် လူအဖွဲ့  အ စည်းဟာ တီထွင်ဖန်တီးမှုမှာ တရုတ်ထက် အပြတ်အသတ်သာပါတယ်။ အမေရိကန်တွေ ကျဆင်းနေပြီး ဆိုတာ အမှန်ပဲလား။ မမှန်ဘူးလားဆိုတာ သူတို့ အမေရိကန်တွေ အချင်းချင်းငြင်းခုံနေကြတာ ကြည့်ရင်ပဲ သူတို့ ဟာ လက်ရှိအောင်မြင်မှုအပေါ် သာယာနေတတ်တဲ့ လူ့ အဖွဲ့ အစည်း မဟုတ်ဘူး ဆိုတာ ပြောပြနေပါတယ်။ ဒါက အားသာချက်ပါ။

ရေရှည်မှာ အမေရိကန်တွေ အောင်ပွဲခံသွားမယ်လို့ ကျွန်တော် ဘာကြောင့် ယုံကြည်ရပါသလဲ။ ပထမဆုံးအချက်အနေနဲ့ ကတော့ အမေရိကန်ဟာ တ ရုတ်ပြည်ထက် ဆွဲဆောင်မှုရှိတယ်။ ဦးနှောက်ရှိပြီး နေရာအတည် တကျ မရှိတဲ့ ထောင်ပေါင်းများစွာသော ၀င်ရောက်နေထိုင်သူတွေ နှစ်တိုင်း အမေရိ ကထဲကို ၀င်ရောက်လာနေကြတယ်။ ပြီးရင် အမေရိကန်ထဲမှာ အခြေ တကျဖြစ်သွားကြပြီး နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေရသွားကြတယ်။ ၀င်ရောက်လာတဲ့ လူတွေဟာဖန်တီးတီထွင်နိုင်ပြီး ပိုပြီးလည်း စွန့်စားလိုစိတ် ရှိကြတယ်။ စွန့် စားလိုစိတ်မှ မရှိကြပဲ သူတို့ က ကိုယ့်နိုင်ငံကို စွန့်ခွာထွက် လာ ကြမှာ မဟုတ်ဘူး။ သူတို့ ဟာ အမေရိကန်လူ့ အဖွဲ့ အစည်းထဲကို အိုင် ဒီယာ အသစ်တွေ ယူလာကြတယ်။ ဒါတင်မကဘူး။ အကောင်းရော အဆိုးေ ရာ ပါလာတာပေါ့ ။

ဒါမျိုးတရုတ်ပြည်ထဲမှာ ရှာယူလို့ကို မတွေ့ နိုင်ပါဘူး။ သူတို့စွမ်းပကားတွေ မပါဘူးဆိုရင် အမေရိကန်လည်းဒီလောက်မတိုးတက်နိုင်ဘူး။ လွန်ခဲ့တဲ့  ရာစု နှစ်တွေကတည်းက ဥရောပရဲ့ ဦးနှောက်တွေကို အမေရိကန်က ရခဲ့ တာပါ။ ဒီနေ့ ဆိုရင် အိန္ဒိယ ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်ကဦးနှောက်တွေရအောင် ယူနေနိုင်တယ်။ အရှေ့ တောင်အာရှနိုင်ငံတွေကတောင် အခုပါနေပါပြီး။ အဲသလိုဝင်ရောက်နေထိုင်လာသူတွေကို အမေရိကန်က လက်ခံကြိုဆိုထား နိုင်တာ နေသားကျသွားအောင်ကူညီနိုင်တာ၊ အခွင့်အရေး တန်းတူပေးထား နိုင်တာတွေကြောင့် သူတို့ ကိုယ်တိုင်ကလည်း အမေရိကန်တွေရဲ့ အိမ်မက် ကို သဘောပေါက်လာကြပြီး သူတို့ကတစ်ဖန် အမေရိကန်ကို ပြန်ပြီးကျေး ဇူးပြုတော့တာပါပဲ။ ဒါတွေကတော့ နည်းပညာအသစ်တွေ တီထွင်တာ ကုန် ပစ္စည်းအသစ်အဆန်းတွေ ထုတ်လုပ်နိုင်တာ၊ စီးပွါးရေးမှာ နည်းဗျူဟာ အ သစ်တွေ မွေးထုတ်ပေးလိုက်တာမျိုးတွေပါ။

(ဆက်ရန်)

လော့ဂျစ်များ (New Version)


တစ်မိနစ်
ပထမလူ။ ။ တစ်မိနစ်ဆိုတဲ့ ဆိုတဲ့ အချိန်က ဘယ်လောက်ကြာပါသလဲ။
ဒုတိယလူ။ ။ ဒါက ခင်ဗျားက အိမ်သာထဲမှာလား ၊ အိမ်သာအပြင် က စောင့်နေတာလား ဆိုတာအပေါ် မူတည်ပါတယ်။

အထီး အမ
ပထမလူ။ ။ ယင်ကောင်ကို အထီး အမ ဘယ်လိုခွဲပါသလဲ။
ဒုတိယလူ။ ။ လွယ်ပါတယ်။ ဘီယာဘူးပေါ်မှာ နားနေတာက အထီး။ တယ်လီဖုန်းပေါ်မှာ နားနေတာက အမ။

အသား နဲ့ အစာ
ပထမလူ။ ။ တိရစ္ဆာန်တွေကို ချစ်ရင် အသား မစားသင့်ဘူး ဆိုတာ လက်ခံပါသလား။
ဒုတိယလူ။ ။ လက်ခံပါတယ်။ ဒါပေမယ့် တိရစ္ဆာန်တွေရဲ့ အစားအစာဖြစ် တဲ့ အသီး အရွက်တွေကိုပါ ရှောင်လိုက်ရင် ဘယ်လိုလဲ။

ခေတ်
ရှေးလူကြီး။ ။ မင်းတို့လူငယ်တွေ လှေနံ နှစ်ဖက်နင်း မလုပ်ရဘူးကွ။
ခေတ်လူငယ်။ ။ ကျနော်တို့က ဒါကို ဒိုင်ဗာစီဖိုင်း (Diversify) လုပ်တယ် လို့ ခေါ်ပါတယ်ခင်ဗျား။ ဘစ်စနစ်မှာ အရေးကြီးတဲ့ မဟာဗျူဟာ တစ်ခုပါ။

ကြွက် နဲ့ လူ
ပထမလူ။ ။ ဂျာမန်ပညာရှင် တစ်ယောက်က ပြောတယ် " အံ့ ရောဗျာ။ ကြွက်တွေ ကြွက်ထောင်ချောက် တီထွင်တယ် မကြားဖူးပါဘူး၊ လူတွေက အဏုမြူ ဗုံး တီထွင်ကြ သတဲ့ "
ဒုတိယလူ။ ။ ကျနော်လည်း ကြွက်တွေ စိတ်ဆိုး စိတ်တိုနေတုန်း ကွန်မင့်ရေးတယ်၊ အီးမေးပြန်ကြတယ် လို့ မကြားဖူးဘူး ။

ပျော်ရွှင်မှုဟူသည်


ပျော်ရွှင်မှုဟူသည် အရေအတွက်လည်းများ၊ ချစ်ခင်၊ ကြင်နာ
ရင်းရင်းနှီးနှီးလည်းရှိသော မိသားစု
တခြားမြို့မှာ ရှိနေခြင်းဖြစ်သည်။
Happiness is having a large, loving, caring,
close-knit family
in another city.

George Burns