လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်
အခန်း နှစ် America
ဒီနေ့ အမေရိကန်ကိုလည်း ဆက်ကြည့်နိုင်ပါတယ်။ ယှဉ်ပြိုင်မှုပိုပြီး အားကောင်းတဲ့ စနစ်နဲ့ ရှေ့ဆုံးကပဲ ပြေးနေတာပါ။ အသစ်အဆန်းတစ်ခုခုတီထွင်ဖို့ ရှိပြီး သားကို ပိုကောင်းအောင်လုပ်နိုင်ဖို့  အမြဲတမ်းသူတို့ ကြိုးစားနေကြတယ်။ ဒီအတွက်တန်ရာတန်ကြေးပြန်ပေးကြရမယ်ဆိုတာကတော့ အတိအကျပေါ့။ အမေရိကန်ရဲ့ အလုပ်လက်မဲ့ဦးရေဆိုတာကလည်း ကြောက်ခမန်းလိလိပါ။ ဒါကြောင့်အောက်ခြေလူတန်းစားအရေအတွက် တိုးပွားလာတယ်။
နယူးေ ယာက်က ခမ်းခမ်းနားနား ရှော့ပင်းစင်တာကြီးတွေ ဘေးနားမှာ ပလက်ေ ဖာင်းပေါ် အိပ်နေရတဲ့ လူတွေကလည်း အများကြီပဲ။ စားစရာမရှိ၊ ၀တ်စ ရာနေရာမရှိ လူတန်းစားတွေပါ။ စီးပွါးရေးနိုဘယ်ဆုရှင် ပေါ(လ်) ကရပ်(ဂ်ျ) မန်း (Paul Krugman) အပါအ၀င် စီးပွါးရေးပညာရှင်ကြီးတွေကတောင် ၀င်ငွေကွာဟမှု အများဆုံးဟာ အမေရိကန်မှာ တွေ့ နေရတယ်လို့  ဆိုကြပါ တယ်။
ဒါက နိုင်ငံတော်အနေနဲ့ ကူညီဆောင်ရွက်ပေးသင့်တဲ့ ကိစ္စမျိုးလား။ ဒါက ကျွန်တော်ပြောရမယ့် ကိစ္စ မဟုတ်ပါဘူး။ သူတို့ကို ကူညီဖို့ ဘာသာရေးနဲ့ လူမှုရေး အဖွဲ့အစည်းတွေ ရှိနေပါတယ်။ တချို့ဆိုရင် အလုပ် လက်မဲ့တွေကို စားစရာတွေဝေငှဖို့ လုပ်နေကြပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးအခွံခွာပေးတဲ့ အဆင့်မျိုးအထိ ရောက်စရာမလိုပါဘူး။ လက်ရှိ အမေရိကမှာ တွေ့နေရတဲ့ ယှဉ်ပြိုင်မှုမျိုးကို လိုချင်ရင် အောက်ဆုံးနဲ့ အထက် ဆုံးမှာရှိနေတဲ့ လူတန်း စားနှစ်ရပ်ရဲ့ ၀င်ငွေကွာဟမှု ပြဿနာမျိုးကတော့ ရှောင်လွှဲလို့ မရနိုင်ပါ ဘူး။ အောက် ခြေလူတန်းစားကို မြှင့်တင်ပေးဖို့လည်း ခက်နေမှာပါပဲ။ ဒုတိ ယကမ္ဘာစစ်အပြီး ဥရောပနိုင်ငံတွေ ကျင့်သုံးတဲ့ နိုင်ငံတော်က ကူညီစောင့်ရှောက်တဲ့ စနစ်မျိုးကို ကျင့်သုံးလိုက်မယ်ဆိုရင်လည်း အမေရိကန်ရဲ့ စီးပွားေ ရး အင်အားလည်း အများကြီးလျော့ကျသွားမှာပါ။
နောက်ဆုံး အမေရိကန်ဟာ ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်သွားသူတွေကို စိတ်လိုလက်ရ ဂုဏ်ပြုတတ် တဲ့ အစဉ်အလာ ရှိပါတယ်။ အောင်မြင်သွားပြီ ဆိုရင် အားကျ၊ ဂုဏ်ယူကြတယ်။ သူတို့နဲ့ ထိုက်တန်တဲ့ ဂုဏ်ထူး ဆောင် ဘွဲ့တွေ ပေးကြတယ်။ တကယ်လို့ ကျရှုံးခဲ့ရင် ဒါဟာ အောင်မြင်ဖို့အတွက် လမ်းစဖြစ်တယ်။ နောက်ဆုံး အောင်မြင်ရမယ်လို့ သဘောထားကြတယ်။ ဒီယဉ်ကျေးမှု အစဉ်အလာကြောင့်ပဲ သူတို့ဗြိတိန်ထက် သာနေတာ။
(ဒီတော့ ကျရှုံးရင်တောင်မှ ပြန်ထ၊ အသစ်ပြန်လုပ်၊ အဲသလိုပါ။) ဗြိတိန်ဆိုတာက ပုံသေဖြစ်နေပြီး လူတိုင်း ကလည်း ကိုယ့်နေရာက ဘယ်နေရာဆိုတာကို သိနေကြတယ်။ ဒီအချက်ကိုကြည့်ရင် ဗြိတိန်က ပိုပြီး ဥရောပ ဆန်နေပါ တယ်။ ဗြိတိန်မှာလည်း အသစ်အဆန်းတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာ ရှင်တွေ အများကြီးရှိတာပါပဲ။ ရေနွေးငွေ့အင်ဂျင်တို့၊ အထည်လုပ်တဲ့ စက်တို့၊ လျှပ်စစ်မော်တာတို့ ရှိပါတယ်။ သိပ္ပံပညာရပ်နဲ့ ပတ်သက်လို့ နိုဘယ်ဆုတွေ လည်း အများကြီး ရခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ တွေ့ရှိမှုတွေကနေ တဆင့် တက်၊ လူထုသုံးပစ္စည်း ဖြစ်အောင်လုပ်ပြီး ငွေရှာနိုင်တဲ့ အဆင့်အထိရောက်ေ အာင် မလုပ်နိုင်ကြဘူး။ ဒါ ဘာ့ကြောင့်ပါလဲ။ နှစ်ပေါင်း နှစ်ရာကျော်ကြာတဲ့ အင်ပါယာစနစ်ကြီးက သူတို့ လူ့အဖွဲ့အစည်းကို ကြွယ်ဝချမ်းသာမှုနဲ့ အိမ် ယာမြေ ပိုင်ဆိုင် မှုဟာ သိက္ခာရပ်တစ်ခုလို့ထင်အောင် ပုံသွင်းပေးထားခဲ့ လို့ပါ။
ထူးချွန်တဲ့ ဗြိတိန်လူငယ်တွေကလည်း ရှေ့နေ တွေ၊ ဒေါက်တာတွေ၊ ပညာ ရှင်ကြီးတွေ ဖြစ်ဖို့ပဲ ရည်မှန်းထားကြတယ်။ သူတို့ ချွေးနဲ့ သွေးနဲ့ ရင်းပြီး လုပ် ရလို့ လူအထင်ကြီး လေးစားတာထက် သူတို့ပညာ၊ သူတို့ ဦးနှောက်ကြောင့် လူအထင်ကြီး လေးစားတာကို ခံယူလို ကြတယ်။
အမေရိကန်က သူတို့နဲ့ မတူတဲ့ ရှေ့တန်းက လူ့အဖွဲ့အစည်းပါ။ လူတန်းစား ဆိုတာလည်း သူတို့မှာ မရှိဘူး။ လူတိုင်းက ချမ်းသာချင်ကြတယ်။ ချမ်းသာ လာရင် အောင်ပွဲခံကြတယ်။ ဒါကမှ စီးပွားရေး အသစ်၊ ကြွယ်ဝ ချမ်းသာသူ အသစ်တွေကို မွေးထုတ်ပေးနိုင်တာပါ။ အမေရိကန် ကုမ္ပဏီတွေထဲမှာကိုပဲ လူငယ် အမေရိကန် တွေက ပြောရေးဆိုခွင့် ပိုရှိနေတတ်ကြတယ်။ ဒီ အချက် က ကုမ္ပဏီကြီးတွေ ပိုပြီး တည်ထွင်ဆန်းသစ် လာနိုင် အောင် လမ်းဖွင့်ပေးေ နတဲ့ ကြီးမားတဲ့ တံခါးပေါက်တွေ ဖြစ်နေပါတော့တယ်။
အကြွေးပြဿနာ
အမေရိကန်မှာ အကြွေးတင်နေမှုနဲ့ ငွေကြေးမလောက်ငမှု ပြဿနာ ကြုံေ တွ့နေရပါတယ်။ ဥရောပဇုန် မှာရှိတဲ့ နိုင်ငံတွေနဲ့ စာရင် အခြေအနေေ တ်ာတော်ဆိုးဝါးတယ်လို့ ဆိုရမှာပါ။ နည်းနည်းသက်သာသွားတာက အမေ ရိကန်ဒေါ်လာဟာ ကမ္ဘာ့ငွေကြေး ဖြစ်နေတော့ ချေးငှားရင်တောင် သူများနိုင် ငံတွေထက် အတိုးနည်းနည်းနဲ့ ချေးငှားလို့ရနေတဲ့ အနေအထားပါ။ ဒါပေမဲ့ ဒါကို ဘာမှမလုပ်ဘဲ သာယာနေမယ်ဆိုရင်တော့ သုံးစွဲနေသမျှ တွေက လမ်းကြောင်းမှားပေါ် ဦးတည်သွားနိုင်ပါတယ်။ လက်ရှိအနေအထားကနေ ဘာအစီအစဉ်မှ မပြောင်းလဲ ဘူးဆိုရင် လာမယ့် အနှစ်(၃၀) အတွင်းမှာ လုံခြုံရေးစရိတ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်ဟာ လက်လှမ်း မမီနို င်လောက်တဲ့ အဆင့်အထိ ရောက်သွားနိုင်ပါတယ်။ ဒီအချက်က အစိုးရရဲ့ လက်ရှိနားလည်မှုအရ သုံးစွဲနေတဲ့ အသုံးစရိတ်ကို ခြိမ်းခြောက်လာနေပါ တယ်။
အမေရိကန် ခေါင်းဆောင်တွေအနေနဲ့ သူတို့ဒေါ်လာကို သူတို့ယုံကြည်ပြီး ဒီအတိုင်းပဲ ထိုင်ကြည့်နေမယ်ဆိုရင်တော့ ဒေါ်လာလည်း ပုံကျသွားမှာ ဖြစ် ပါတယ်။ ၂၀၁၁ ခုနှစ်က အကြွေးပြဿနာ၊ ငွေပြတ်လပ်မှု လျှော့ ချေ ရး ပြဿနာတွေအပေါ် သူတို့ ငြင်းခုံနေကြတာဟာ စောင့်ကြည့်နေတဲ့ ကမ္ဘာ အရပ်ရပ်က ပုဂ္ဂိုလ်တွေ အတွက်တော့ ရင်တထိတ်ထိတ်နဲ့ပါပဲ။ ရောဂါ ကို ပျောက်စေဖို့ လတ်တလော ဖြေဆေး(ဆေးခါးကြီး) အတွက် သမ္မတနဲ့ ကွန်ဂရက်အကြား သဘောတူညီမှု မရခဲ့ကြဘူး။ နှစ်ဖွဲ့ စလုံးက အမေရိက ရဲ့ ရေရှည် အနာဂတ်အတွက်ထက် နောက်လာမယ့် ရွေးကောက်ပွဲကို မျက်စောင်းထိုးနေ ကြတာပါ။
အနေအထားကတော့ စိုးရိမ်စရာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ရှင်းလို့ မ ရလောက်တဲ့ ပြဿနာလို့ မထင်မိပါဘူး။ ဒီပြဿနာရဲ့ အဖြေကိုသာ ရှာ မတွေ့ရင် တစ်နိုင်ငံလုံး အကျပ်ရိုက်သွားပြီး စီးပွားရေးပါ ကျဆင်း သွားမယ် ဆိုတာကို နှစ်ပါတီလုံးက သဘောပေါက်ထားကြပါတယ်။ ဒီတော့ တချိန်ချိန် မှာ သူတို့ အဖြေတွေ့သွား ကြမှာပါပဲ။
မဲပေးမယ့် အမေရိကန် ပြည်သူလူထုကလည်း သူတို့ခေါင်းဆောင်တွေဟာ တကယ်အရေးကြီးတဲ့ ကိစ္စကို အာရုံစိုက်ထားသလား၊ နိုင်ငံရဲ့ ရေရှည် တည်ငြိမ်မှုကို အလေးပေး စဉ်းစားသလားဆိုတာကို အကျိုး အကြောင်း ညီ ညီ စဉ်းစားတွေးခေါ်နိုင်ကြပါတယ်။ လက်ရှိ သမ္မတကပဲဖြစ်ဖြစ် နောက် ထက်လာမယ့် သမ္မတက ပဲဖြစ်ဖြစ် ဒီကိစ္စကို ဦးဆောင်အဖြေရှာပါလိမ့်မယ်။ ကွန်ဂရက်ကလည်း အမေရိကရဲ့ ရေရှည်ကိုကြည့်ပြီး လိုက်လျောစရာအချို့ ကို လိုက်လျောလာပါလိမ့်မယ်။ ဒီအချိန်မှာ နိုင်ငံရေး သဘောထားတွေကို သူတို့ ထည့် သွင်းစဉ်းစားနေမှာ မဟုတ်ပါဘူး။
ဒီအခြေအနေမျိုး ဖြစ်နိုင်တာက သမ္မတတစ်ယောက်ဟာ သူ့ရွေးကောက်ပွဲ ရလဒ်ကို စောင့်နေစရာ (ငဲ့နေစရာ) မလိုတဲ့ သူ့ရဲ့ ဒုတိယ သက်တမ်းေ လာက်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ အနေအထားက နောက်လူတွေ ဆီ ရောက်သွားမှာပါပဲ။
နိုင်ငံတော် အခက်ကြုံနေရပြီး နိုင်ငံရဲ့ လုံခြုံမှုကို စိုးရိမ် ရပြီဆိုရင် အမေရိကန်တွေဟာ ဒီမိုကရက်ပဲဖြစ်ဖြစ်၊ ရီပတ်ဘလင်ကန် ပဲဖြစ်ဖြစ် အလံတစ်လံကို အတူတူလက် တွဲကိုင်ပြီး ပြဿနာရဲ့အဖြေကို ရှာတတ်ကြတာမျိုးပါ။ ဒါကြောင့် သူတို့ နိုင်ငံရေး ငြင်းခုံနေကြတာတွေကို ကျွန်တော်ကတော့ အာရုံသိပ်စိုက်မနေပါဘူး။ ဒါတွေက ရေရှည်ပြဿနာ လည်း မဟုတ်ပါဘူး။
ဒါပေမဲ့ သူတို့မှာ ရေရှည်ပြဿနာကြီးတစ်ခု ရှိနေပါတယ်။ ဒါက နိုင်ငံရေး သမားတွေ ငြင်းခုံနေလောက် အောင် ဆွဲဆောင်မှု မရှိလှဘူးလို့ ထင်ပါတယ်။ အဲဒါကတော့ ပညာရေးပါ။
ထောင်ပေါင်းများစွာ ရှိတဲ့ ကျောင်း သားတွေဟာ အမေရိကန်ရှိ ထိပ်တန်း တက္ကသိုလ်ကြီးတွေမှာ တက်ခွင့်ရဖို့ ၀င်ရောက်လာနေကြပါတယ်။ ဟားဗတ်၊ စတန်းဖို့(ဒ်)၊ ပရင်စတုန် လို တက္ကသိုလ်ကြီးတွေမှာ တက်ရောက်ခွင့် ရရှိရေး ဟာ ကမ္ဘာအရပ်ရပ်က ကျောင်းသားတိုင်း၊ မိဘတိုင်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ သိပ္ပံပညာရှင်တွေ၊ အတတ်ပညာ ရှင်တွေ၊ လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ စီးပွားရေးသမားတွေကိုသာ ပြုစုပျိုးထောင်ပေးနေ လို့ မရပါဘူး။ အောက်ခြေက လူတန်းစားတွေကိုလည်း လေ့ကျင့် သင် ကြားပေးနေဖို့ လိုပါတယ်။ စီးပွားရေးတစ်ခုရဲ့ အဓိက စွမ်းအားက အလတ် တန်းစား အလုပ်သမားတွေပါ။ ထိပ်တန်းတက္ကသိုလ်ကြီးတွေ ရှိနေတာ ဟာ ကောင်းပါ တယ်။ ဒါပေမဲ့ မူလတန်းနဲ့ အထက်တန်းကြားမှာ ကျောင်းက ထွက်သွားကြတဲ့ ပညာမတတ်သူတွေနဲ့ ပညာ မတတ်တတတ်တွေ အများ ကြီးရှိနေတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အမေရိကန် ကျရှုံးမယ် ဆိုရင် အဲဒီ အဖွဲ့ကြီးကို အခြေခံပညာနဲ့ နည်းပညာတွေ သင်မပေးနိုင်ခဲ့ လို့ ပဲ ဖြစ်ပါလိမ့်မယ်။
တချို့ ပတ်ဘလစ် ကျောင်းတွေမှာဆိုရင် အစိုးရထောက်ပံ့ငွေ နည်းရတဲ့ အပြင် စီးပွားရေး အကျပ်ရိုက်တော့ ထပ်ပြီး လျှော့ချခဲ့ပါ သေးတယ်။ေ လျှာ့ချခဲ့တာတွေကို ပုံမှန်ဖြစ်အောင် ပြန်မပေးနိုင်သေးပါဘူး။ တချို့ ကတော့လည်း အရင်လို ဘယ်တော့မှ ပြန်ရောက်မှာ မဟုတ်တော့ဘူးလို့ ဆိုကြပါတယ်။ ဒါရဲ့ အကျိုးဆက်က လာမယ့် ရွေးကောက်ပွဲ တစ်ကြိမ်နှစ် ကြိမ် အတွင်းမှာတော့ သိသာလာသေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေရှည် အမေရိကန်ရဲ့ အားပြိုင်တတ်တဲ့ အစဉ်အလာကိုတော့ အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ကတော့ ပညာရေးကို ဖက်ဒရယ်အစိုးရတွေက တာဝန်မယူဘဲ ဗဟိုအစိုးရက တိုက်ရိုက်တာဝန် ယူလိုက်ခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ပြည်နယ် (၅၀)ေ လာက်က ဒီ အစီအစဉ်ကို သဘောတူလာအောင် စည်းရုံးကြရပါတော့မယ်။ သူတို့ကို ၀ါရှင်တန်ကနေ လှမ်းပြီး အမိန့်ပေးနေလို့ မရပါဘူး။ ဒေသတွင်းက ကိစ္စ တွေကို ဗဟိုအစိုးရက ကိုင်တွယ်မှာကို အမေရိကန်တွေက စိတ်လို လက်ရ မရှိဆုံးဆိုတာ ကျွန်တော် သဘော ပေါက်ပါတယ်။ ဒါပေမဲ့ ပညာရေး ကိစ္စမှာတော့ စစ်စတန်တွေအားလုံး ချောမွေ့နေစေရပါမယ်။
အမေရိကန် ရင်ဆိုင်နေရတဲ့ အခြားပြဿနာတွေလည်း ရှိပါသေးတယ်။ နိုင် ငံတစ်ဝှမ်းလုံးရှိ အဆောက် အဦတွေကို အဆင့်အတန်း မြှင့်ပေးစရာတွေ၊ လူတန်းစားပိုကွဲလာတာတွေ၊ အသားအရောင်ကိုလိုက်ပြီး ခွဲခြား ဆက်ဆံ မှုတွေ ငွေတစ်ခုတည်းပေါ် မှီတည်နေလွန်းတဲ့ ရွေးကောက်ပွဲစနစ်တွေ (ဒါက စိတ်ရင်းကောင်းကောင်း နဲ့ နိုင်ငံကို အလုပ်အကျွေးပြုလိုတဲ့ လူတော် လူကောင်းတွေကို အဟန့်အတား ဖြစ်စေပါတယ်) ရှိနေပါသေး တယ်။
ဒါပေမဲ့ တချိန်တည်းမှာပဲ ကျွန်တော်တို့ သတိထားသင့်တာက အမေရိ ကန်တွေဟာ သူတို့ကောင်း ကြောင်းကို မိုးတစ်လုံးလေတစ်လုံး ပြောတတ် ကြသလို သူတို့ရဲ့ ပြဿနာတွေဆိုရင်လည်း ရှိတာထက် ပိုပြော တတ်ကြ တာက သူတို့ သဘာဝပါ။ ဒါတွေကြောင့် တယ်လီဗွီးရှင်း အစီအစဉ်တွေ ပိုကြည့်ကောင်းလာတယ်။ သတင်းစာတွေလည်း ပိုရောင်းလို့ကောင်းလာ တယ်။ ဒါတွေကြောင့်ပဲ သူတစ်ပါးရဲ့ အပြစ်ကိုပြောချင်ရင်လည်း သေသေ ချာချာ စဉ်းစားပြီးမှ ပြောဆိုတာကိုလည်း သတိထားစရာ ဖြစ်နိုင်ပြန်ပါတယ် ။
နိုင်ငံခြား လေ့လာသူတွေအနေနဲ့ အစပိုင်းမှာတော့ သူတို့ချင်း ညှိုနှိုင်းလို့ မရ ကြဘူး ထင်ကြပြီး သိပ်မကြာခင်မှာပဲ သူတို့စကားစစ်ထိုးနေ ကြတာ လား၊ တကယ်တမ်း အတည် ပြောနေကြတာလား ဆိုတာကို သဘောပေါက် သွားကြပါတော့တယ်။
အမေရိကန်တွေ ယုံကြည်ထားတာက မနက်ဖြန်တိုင်းဟာ နေသာ တဲ့နေ့ တွေ ဖြစ်နေမယ်ဆိုတာပါ။ ဒီယုံကြည်မှုကနေ ပြောပြနေတာက သူတို့ဟာ သုံးစွဲတယ်၊ မရှိရင် ချေးတယ်၊ မရှိရင် ထပ်ပြီး ချေးငှားတယ်။
တရုတ်တွေ၊ ဂျပန်တွေကျတော့ ဘယ်အချိန် ငလျင်ထလှုပ်မလဲ၊ ဘယ်လို သဘာဝဘေးရန် ကျရောက်လာမလဲ ဆိုတဲ့ စိုးရိမ်စိတ်က ရှိနေတော့ သူတို့ စုဆောင်းချွေတာ ထားရမယ်လို့ ယုံကြည်ထားကြတယ်။
အမေရိကန်တွေ ရဲ့ အကောင်းမြင်ဝါဒ၊ လုပ်ရင်ဖြစ်တယ်ဆိုတဲ့ ချဉ်းကပ်မှု၊ ပြဿနာတစ်ခုခုကို ရင်ဆိုင်ရပြီဆိုတိုင်းလည်း ဒီပြဿနာရဲ့ အကြောင်းရင်းကိုရှာ၊ စိပ်ဖြာသုံးသပ်၊ နည်းလမ်းအသစ်နဲ့ ပြန်ကြိုးစားရင် ဒီပြဿနာလည်း ပြေ လည်နိုင်တယ် ဆို တဲ့ ယုံကြည်မှုမျိုးတွေကို ကျွန်တော် လေးစားပါတယ်။
ဒါပေမဲ့ အမေရိကန်မှာတော့ အမြဲတန်း ကြီး ကျွန်တော်နေလို့ မရလောက် ဘူး။ တောင် ဗီယက်နမ် ၀န်ကြီးချုပ်ဟောင်း ကာအိုကီ(Cao ky) လို နိုင် ငံရေး ခိုလှုံခွင့် ယူရမယ်ဆိုရင် သူလို ကာလီဖိုးနီးယားကို မရွေးဘဲ၊ ဗြိတိန် ကို ရွေးမိမယ် ထင်ပါတယ်။ ဗြိတိန်က စိတ်ဖိစီးမှု သိပ်မများတဲ့ နေရာလို့ ယုံကြည်ထားမိပါတယ်။
ဆက်ရန်