ဂန်းနန်း စတိုင် ကောင်ကလေးနှင့် တောင်ရောက် မြောက်ရောက်

အမှာ။ ။ Samuel P Huntington ရဲ့ The Clash of Civilization ကြောင့် လီကွမ်းယုကလွဲပြီး အခုတလော ပို့စ်အသစ် တက်နိုင်မယ်မဟုတ်လို့ အဟောင်းတချို့ကိုပဲ မဖတ်ရသေးသူများအတွက် ပြန်တင်ပေးလိုက်ပါတယ်။

ဤဆောင်းပါးက လာအို ခရီးစဉ်နှင့် ပတ်သက်သည့် အမှတ်တရ လေးများကို ပြန်ရေးခြင်း ဖြစ်သည်။

၁ ။ စလုံးပိုင် ဟော်တယ်များ

လာအိုနိုင်ငံ ဟု ဆိုသော်လည်း တည်းခိုခဲ့ရသော  ဟော်တယ်များက စလုံးပိုင်များ ဖြစ်ကြသည်။  စလုံး တို့    စီးပွားရေး လက်တန် ရှည်သည်။ လာအိုနိုင်ငံ၏ ဥပဒေ အရ နိုင်ငံခြားသားများ အနေနှင့် ဒေသခံ ရှယ်ယာ မပါဘဲ စီးပွားရေး လုပ်ခွင့်မရှိ၍ ဖက်စပ်ဖြစ်နေ ရသော်လည်း ခန့်ခွဲမှုက  စလုံး တို့  လက်အောက်မှာ လုံးလုံးလျားလျား ရှိနေသည်။ ထူးခြားသည့် အချက်  က စလုံးပိုင်ဖြစ်သည့်အ တွက် အခြား  ဟော်တယ်တွေထက် ပိုသန့်ပြီး ဆက်ဆံရေး ပိုကောင်းမွန်သည်။ စလုံး တို့ စီးပွားရေး  လုပ်တတ်ကြသည်။ ပိုင်ရှင်က စလုံး၊ အလုပ်သမားက လာအို။ သို့သော် အလုပ်အကိုင် ရှိနေသည်၊ဟော်တယ်က လူထုကို အလုပ်ပေးထားနိုင်သည်ကပင် မဆိုးဟု ဆိုရမည်။ ထို လာအိုလေးပင် ၁၉၉၇ ခုနောက် မီးပျက်သည် သိပ် မရှိတော့ ဟု သိခဲ့ရသည်။

၂ ။ ဘ၊က ကျောင်းထွက် ခရီးလမ်းညွှန်များ

ဘယ်မှာ အင်္ဂလိပ်စာ သင်ခဲ့သလဲဟု မေးတိုင်း ဘုန်းကြီးက သင်ပေးသည်  ဟု ခရီးလမ်းညွှန် လေးယောက်စလုံး တညီ တညွတ် တည်း ဖြေကြသည်။ မဖွံ့ဖြိုးသေးသော ဗုဒ္ဓဘာသာ  နိုင်ငံ ဖြစ်သည်နှင့်  အညီ ပညာရေး      ကဏ္ဍကလည်း ဘုန်းတော်ကြီးများ
အပေါ် တော်တော် အမှီပြုနေရကြောင်း သိသာလှသည်။ တစ်ခု ကောင်းသည်က လူငယ်တိုင်း ကိုရင် လူထွက်လေးများ ဖြစ်သဖြင့် ဘုန်းကြီး အထာတော့  တော်တော်နပ်ကြသည်။ သူတို့ အင်္ဂလိပ်ကတော့ နားလည်၍ ရရုံလောက်သာ ရှိသည်။ သို့သော် မြန်မာပြည် ပြန်စဉ်က အဖွဲ့နှင့်အတူ ပါလာသည့်  မြန်မာခရီးလမ်းညွှန်လည်း လာအိုတို့ ထက် မသာ ဟုထင်သည်။ လာ အိုနှင့် နှိုင်းရသည်က သိပ်တော့ မမိုက်။  မြန်မာတို့ ကြိုးစားဖို့ လိုသေးသည်။
" သူပြောတာ နားလည်တယ်၊ ပြန်မပြောတတ်လို့ " နှင့် မရတော့။

၃ ။ အတုံ့ အလှည့်

ခရီးစဉ်တစ်လျှောက် ပြုံးစရာ အကောင်းဆုံးဟု ဆိုရမည် ထင်သည်။ နံနက် စောစောထ၊ ဆွမ်းလောင်း၊ သင်္ကန်းများ လှူဒါန်းကြရာ စလုံးဒကာမတစ်ယောက် ဆွမ်းအိုးက ဆွမ်းလောင်းရင်း ကုန်သွားသည်။ ထိုအခါ ဆွမ်းခံရဟန်းက ထိုဒကာမကို အားနာသွား သည် ထင်၏။ သူ့ သပိတ်ထဲ ရှိရှိသမျှ ဆွမ်းတို့ကို ထိုဒကာမ ဆွမ်းခွက်ထဲ ထည့်ပေးထာခဲ့ပြီး ကြွသွားလေတော့သည်။ ထို အဖြစ် အပျက် က စလုံး တို့ကြား ပြောမဆုံးပင် ရှိခဲ့သည်။ ရဟန်းလောင်းသည့် ဆွမ်းကိုပင် ခံယူထိုက်သည့် ဒကာမ ဟုတည်း။

၎ ။ ဂန်းနန်း စတိုင် ကောင်ကလေး

စိတ်ဝင်စားစရာ အကောင်းဆုံးက ဤ  ကောင်ကလေးဖြစ်သည်။ တစ်ဖွဲ့လုံး  အတွက် ဘစ်စနစ်  ကလပ် လေယာဉ်       လက်မှတ်
တစ်ဆောင်ကို ဟော်တယ်    ပိုင်ရှင်က လက်ဆောင်ပေးသည်။ ထို့ကြောင့် မစီးစဖူး ဘစ်စနစ်ကလပ်မှာထိုင်နေစဉ် ကောင်ကလေး တစ်ေ ယာက် ရောက်  လာပြီး မိမိဘေး ဝင်ထိုင်သည်။ ကြည့်တော့ မိဘနှင့် တူသူတွေလည်း မပါ။ ဆွေမျိုးတော်စပ်ပုံ    ရသော လူ လည်းမပါ၊ တစ်ယောက်တည်းမှ တကယ့်ကို တစ်ယောက်တည်း။  လေယာဉ်ထွက်သည်အထိ မလာတော့မှ သူ့ကို စကားစပြော မိ သည်။
" တစ်ယောက်တည်း လား"
" ဟုတ်တယ်၊ တစ်ယောက်တည်း "
" အသက် ဘယ်လောက် ရှိပြီလဲ "
" ၁၂ နှစ် "
" ဘာလူမျိုးလဲ "
" ကိုရီးယား၊ ဆိုးလ် က "
" မိဘတွေက စင်္ကာပူမှာ နေတာလား "
" ဟုတ်တယ်၊ ကျနော်လည်း  စင်္ကာပူမှာ ကျောင်းတက်နေတယ် "
" လာအိုကို ဘာလာလုပ်တာလဲ "
" ကျောင်းပိတ်ရက် ဟောလီးဒေး လာတာ "

ပြောရန်ပင် မရှိတော့။ တေဂျုန်း ဆိုသည့် ၁၂ နှစ်သား လူငယ်လေးသည် စင်္ကာပူမှ လာအိုကို တစ်ယောက်တည်း ကျောင်းပိတ် ရက်     ဟောလီးဒေး ထွက်သည် တဲ့။
မိဘတို့၏ စိတ်ချ ယုံကြည်ရဲမှု၊
ကလေး၏ သတ္တိ။
ငယ်စဉ်က ၂ မိုင်ဝေးသော အလယ်တန်းကျောင်းကို သွားတက်ဖို့ စိတ်မချသဖြင့် ကျောင်းအထွက်ခိုင်းသည့် မိခင် ကြီးကိုသာတွေး ရင်း  မြင်လိုက်မိတော့သည်။
ကိုရီးယားတို့က အနောက်ကို လုံးဝ မှီသွားကြပြီထင်သည်။ ခဏကြာသော် တေဂျုန်းကသူ့အိပ်ထဲ မှ လက်ပ်တော့ကို ထုတ်ပြီး ဂိမ်း ကစား ၍ သာ နေလေတော့သည်။ လိုက်ကြပေဦး ရွှေမြန်မာ တို့။

မိမိ စိတ်ထဲမှာတော့  တေဂျုန်း လေးသည် တကယ့်ကို ဂန်းနန်း စတိုင်  တေဂျုန်း ဖြစ်နေတော့သည်။  ။ 
ဘန်ကီမွန်း၏ မျက်နှာ မြင်ရတိုင်း မမြင်ဖူးလိုက်ရသော ဦးသန့်ကို မဆီမဆိုင် သတိရမိ၏။ ။
(Posted on 17/11/2012)

သီဟနာဒ 

အမေနေ့အလွန် တစ်ဘူတာ


၁၉၉၆ လောက်က ဟင်္သာတထွန်းရင်ရဲ့
"အမေနဲ့ရွာကိုလွမ်းတယ်" သီချင်းကို ကျနော်က နားထောင်နေခိုက် သူငယ်ချင်း ကဗျာဆရာက
"ဒါတွေ နားထောင်မနေပါနဲ့ကွာ၊ ခေတ်အောက်နေပါပြီ။ ဒါကို နားထောင်" ဆိုပြီး ထူးအိမ်သင်ရဲ့
"အိမ်ပြန်ချင်တယ်" ကို ပေးပါတယ်။
"ထူးအိမ်သင်ကို နားထောင်ပြီးပါပြီကွာ" လို့ ဖွင့်မပြောခဲ့ပေမဲ့ ခေတ်တစ်ခုကို ပျက်ရယ်ပြုတဲ့အထဲမှာ ကျနော် မပါဘူးဆိုတာ လေးဖြူရဲ့ "နောက်ဆုံးရထား" သံ ကျနော့်ဆီက ကြားရပြီးတဲ့နောက် သူလည်း သိခဲ့ပါတယ်။

အမေ့ကိုလွမ်းရာမှာ ဂန္ထဝင်တွေ၊ မော်ဒန်တွေ ရှိသလား
ကျနော်မသိခဲ့ပါဘူး။
ဆွတ်ဆွတ်ဖြူ နှလုံးသားတစ်စ်စုံကို လွမ်းဖို့
ကာရန်တွေ၊ ကာရန် မဲ့တွေ၊
ရစ်သန်တွေ၊ စီးမျောမှုတွေ
ဒါတွေလိုသလား ကျနော် မသိခဲ့ရိုးအမှန်ပါ။

ခေတ်တိုင်းမှာ မိခင် မေတ္တာတွေက ပွေလီမှုမရှိခဲ့သလို ကျနော်တို့ ရင်ခွင်ထဲက မိခင်အကြောင်း ကကြီးခခွေးတွေကလည်း အနေအထား မလွဲခဲ့ကြပါဘူး။
အမေနေ့လွန် အမေ့အကြောင်းကို ဘာမှမဟုတ်ပေမဲ့ အမေနားထောင်မယ်
ဆိုတာသေချာလို့ အမေ့အကြောင်းကိုဆိုရင် အချိန်မရွေး ပြောနေလို့ ရတာပဲလို့ပဲ ယုံကြည်မိတယ်။
အဲ...ယုံကြည်မှုက ယုတ္တိဗေဒကို လက်မခံဘူး။ ဒါကိုလည်း သူငယ်ချင်း ကဗျာဆရာက လက်ခံပါတယ်။
ကျနော်တို့ နှစ်ယောက်စလုံး အဲဒီအချိန်မှာ သဘောတူခဲ့ကြတာက "အမေဟာ ထာဝရ" တဲ့။
ဒီ ယုံကြည်မှုကလည်း ထာဝရ ပါ ကဗျာဆရာရယ်။ ။

ကြော်ငြာ ပို့စ်


ကျောင်းကော်မတီကတော့ ဘာမှ ကြော်ငြာအသိပေးစရာ မရှိသောနေ့မှာပင် "ယနေ့ ကြော်ငြာအသိပေးစရာ ဘာမှ မရှိကြောင်း" ဟု ကြေငြာကြ၏။
ထို့အတူ ယနေ့ညနေ ဘာပို့စ်မှ မတင်စေဦး ယနေ့ညနေ ဘာပို့စ်မှ မတင်ပါ ဟု ပို့စ်လိုက်မှ တာဝန်ကျေမည်ထင်သည်။

အမေရိက အမေး - အဖြေ (၂) (လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်)


မေး။ ။နိုင်ငံခြားရေး ပေါ်လစီကြောင့် ဘု(ရှ်) ရဲ့ အီရတ် စစ်ပွဲထဲမှာ စင်္ကာ ပူလည်း အတူ ပူးပေါင်းပါဝင် လိုက်ရတယ်။ ဒီတော့ ဘု(ရှ်)ရဲ့ မဟာမိတ် ဆို တာလည်း အလိုလို ဖြစ်သွားတယ်။ ဒီ အနေအထား မျိုး အတွက် နောင်တ မရမိဘူးလား။
ဖြေ။ ။ လုံခြုံရေးကိစ္စတွေမှာ ငါတို့က အမေရိကန်တွေရဲ့ ပါတနာပဲ။ ဒါကြောင့် ဘယ်နိုင်ငံကိုမှ မရောင်းတဲ့ လက်နက် တွေ ငါတို့ ရောင်းတာ။ ဒီတော့ သူတို့ကို ထောက်ခံအားပေးဖို့ တို့မှာ ၀တ္တရားလည်း ရှိတယ်။

မေး။ ။နျူးကလီးယား ကိစ္စနဲ့ ပတ်သက်ပြီး အီရန်က တကယ်လို့သာ နိုင် ငံတကာ အဖွဲ့အစည်း တွေနဲ့ အတူတကွ လက်တွဲပြီး အလုပ် မလုပ်ဘူးဆို ရင် အမေရိကန်က အီရန်ကိုလည်း စစ်ရေးနဲ့ ၀င်ရောက် လာနိုင်တယ် လို့ ပြောနေကြပါတယ်။ ဒါကရော ဖြစ်နိုင်ပါသလား။
ဖြေ။ ။အီရန်သာ အနုမြူဗုံး ရသွားရင်တော့ အရှေ့အလယ်ပိုင်းမှာ အကြီး အကျယ် ပြဿနာတက်ပြီ။ ဆော်ဒီ ကလည်း ပါကစ္စတန်တွေဆီက ဗုံးဝယ် မယ်။ အီဂျစ်ကလည်း တစ်နည်းနည်းနဲ့ ရအောင်လုပ်မှာပဲ။ အဲဒီ ဗုံးတွေနဲ့ အပြန်အလှန် သေကြေပျက်စီး ကုန်ကြမယ်ဆိုတာလည်း မြေကြီးလက်ခတ် မလွဲပဲ၊ ဒီ အနုမြူဗုံး တွေက အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်တဲ့ လူတွေရဲ့လက်ထဲမှာ ရှိနေမှ အလုပ်ဖြစ်တာ။ အရှေ့အလယ်ပိုင်းက လူတွေ ဟာ အဲသလောက် စဉ်းစားတတ်တယ်လို့ ငါတော့ မထင်ဘူး။ တစ်ခုခုက စပြီး မှားပြီဆိုရင် တစ်တိုက်လုံး အနုမြူနဲ့ ပျက်စီးသွားနိုင်တယ်။ ဒါပေမဲ့ အမေရိကန်က အီရန်ကို ၀င်တိုက်မယ်လို့တော့ မထင်ပါဘူး။ အီရန်ရဲ့ အနုမြူကိစ္စကို ပိုပြီး စိုးရိမ်တကြီး ဖြစ်နေတာက အစ္စရေး တွေပဲ။ အီရန်က အစ္စရေးကို ပညာပေးမယ်လို့ မကြာမကြာ ပြောနေတော့ ပထမဆုံး ခြိမ်းခြောက် ခံရမှာကလည်း အစ္စရေးပါပဲ။ အမေရိကန်တွေက အီရန်ကို တကယ် တိုက်ချင်တယ်ဆိုရင်တောင် အစ္စရေးကို လက်နက်ထုတ်ပေးပြီး အတိုက်ခိုင်းမှာပါ။

မေး။ ။မစ္စတာလီက ရီပတ်ဘလင်ကန် သမ္မတတွေကို ပိုပြီး အထင်တ ကြီး ဖြစ်နေတာက တိုက်ဆိုင်မှု တစ်ခုလား။
ဖြေ။ ။သူတို့က နိုင်ငံခြားရေးပေါ်လစီကို ပိုပြီး အာရုံစိုက်ကြလို့ ထင်ပါရဲ့၊ သူတို့က ရီပတ်ဘလင်ကန်တွေ ဖြစ်နေလို့ မဟုတ်ပါဘူး။ သူတို့မှာ ရှိထားတဲ့ ပါဝါနဲ့အညီ နိုင်ငံခြားရေးကိစ္စတွေကို ပါဝင်ရာမှာ ပိုပြီး အားတက်သရော ရှိ ကြလို့ပါ။

မေး။ ။ ၀င်ရောက်နေထိုင်လာသူတွေကို စည်းရုံးဆွဲဆောင်နိုင်မှုဟာ အားပြိုင်မှု အားကောင်းတဲ့ အမေရိကန် စီးပွားရေးအတွက် အဓိက အကြောင်း တစ်ရပ်လို့ မစ္စတာလီ ပြောခဲ့တယ်။ ဒါပေမယ့် ၀င်ရောက်နေထိုင် လာသူတွေကပဲ တချို့ ပြဿနာတွေကို သွင်းယူ လာကြပြန်တယ်။ ဥပမာ အားဖြင့် လက်တင် လူမျိုးတွေရဲ့ လူဦးရေ အရေအတွက်က အများကြီး တိုး လာနေတယ်။ သူတို့ကြောင့် ရှိရင်းစွဲ အမေရိကန် လူ့အဖွဲ့အစည်းရဲ့ အစဉ် အလာတချို့ ပြောင်းလဲလာနေရတယ်။
ဖြေ။ ။ဟုတ်တယ်။ ဒီမှာ အဓိက မေးစရာရှိတယ်- အမေရိကန်တွေက သူတို့ကို အန်ဂလို ဆက္ကစွန် ယဉ်ကျေးမှုထဲ ရောက်အောင် လုပ်မလား။ သူတို့ကပဲ အမေရိကန်တွေကို လက်တင် အမေရိကန် ယဉ်ကျေးမှု ထဲေ ရာက်အောင် လုပ်မလားဆိုတာပဲ။ ပြီးတော့ သူ့အုပ်စုလေးနဲ့သူ ကွဲပြီး နေ ကြမယ် ဆိုရင်တော့ အမေရိကန်အတွက် တကယ့်ကို စိန်ခေါ်မှုပဲ။

မေး။ ။အခု တရုတ်ပြည်ရဲ့ စီးပွားရေး အင်အားက သိပ်ကောင်း လာနေတော့ အာဆီယံ နိုင်ငံတွေရဲ့ စီးပွား ရေးကလည်း တရုတ်ပြည်ထဲ အများကြီး စီးဝင်နေတယ်။ ဒီအချိန်မှာ တရုတ်ပြည်နဲ့ ဆက်ဆံရေး ပြတ်ေ တာက်သွားမယ်ဆိုရင် စီးပွားရေးအရ တော်တော် အထိနာသွားမယ်။ ဒါ့ကြောင့် သူတို့ (တရုတ်တို့) တောင်းဆို သမျှကို လိုက်လျောနေရမယ့် အနေအထားမျိုးထိ ရောက်သွားနိုင်မလား။ ဒါမျိုးက မဖြစ်နိုင်ဘူး လို့လည်း အတတ်ပြောလို့ မရဘူး။ ထိုင်ဝမ်ဆိုရင် စီးပွားရေး အရ တရုတ်ပြည်ကို လုံးလုံးလျားလျား မှီခိုနေရတော့ လွတ်လပ်ရေး မကြေငြာရဲဘူး ဖြစ်နေတယ်။
ဖြေ။ ။အနေအထားချင်းက သိပ်မတူဘူး။ ထိုင်ဝမ်မှာက ခံစားမှုနဲ့ လူမျိုးေ ရးကိစ္စ။ သူတို့ကိုယ်တိုင်ကကို တရုတ်ပြည်ထဲမှာ ပါဝင်နေတယ်။
ထိုင်ဝမ်ဆို တာက ပထမ ဒတ်(ခ်ျ) လက်ထဲရောက်၊ ဒုတိယ ပေါ်တူဂီ၊ တတိ ယ ဂျပန်တွေ လက်ထဲရောက်သွားတဲ့ တရုတ်ပြည်ရဲ့ ပြည်နယ်တစ်ခုပဲ။ ဒါကို လူမျိုးရေး သိက္ခာကျမှုလို့ တရုတ်တွေက အမြဲတမ်း ရှုမြင်နေကြတယ်။ ပြန် လည်း လိုချင်ကြတယ်။
ဒါပေမဲ့ စင်္ကာပူ တရုတ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်ဖို့ ဆိုတာကတော့ ဘယ်လို သမိုင်း အထောက်အထားမှ မရှိပါဘူး။

မေ။ ။ဘာပဲဖြစ်ဖြစ် တရုတ်ပြည်ရဲ့ စီးပွားရေးထဲ အလုံးအရင်းနဲ့ ၀င်ရောက် သွားတာကတော့ အန္တရာယ် ကြီးနေဆဲပဲ။

ဖြေ။ ။ဒါကတော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်လေ။ ငါပြောခဲ့သလိုပါပဲ။ စင်္ကာ ပူဟာ တရုတ်စီးပွားရေး အပေါ်မှာ အသက်ရှင်နေတာ မဟုတ်ပါဘူး။ တကယ်လို့ တရုတ်စကား တစ်မျိုးထဲကိုသာ ငါတို့ ပြောခဲ့ရင် လက်ရှိ စင်္ကာ ပူနေရာကို လုံးဝ ရောက်မလာနိုင်ဘူး။ တရုတ်စီးပွားရေးက ဒီထက် ဆယ်ဆ အားကောင်း လာပါပြီ တဲ့၊ ဘာတွေ ခြားနားနေလို့လဲ။ ငါတို့ ဆယ်ဆတိုးပြီး ချမ်းသာလာမလား။ မဟုတ်ပါဘူး။ ငါတို့ ကြွယ်ဝမှုက ကမ္ဘာနဲ့ ဆက်သွယ် ထားနိုင်လို့ ရလာတဲ့ အကျိုးအမြတ်ပါ။

မေး။ ။ဒါက အတိတ်တုန်းကလေ။
ဖြေ။ ။အနာဂတ်လည်း အတူတူပဲ။ စင်္ကာပူက ဟိုင်နန်ကျွန်း မဟုတ် ဘူး ။ ဟောင်ကောင် မဟုတ်ဘူး။ သူတို့မှာ တခြား ရွေးစရာကို မရှိကြဘူး ။ နောက်ပြီး လူမျိုးနွယ်ချင်း တူနေတာကလည်း ရွေးစရာ မရှိခြင်း ရဲ့ နောက် ထပ် အကြောင်းတစ်ခု ဖြစ်နိုင်ပြန်တယ်။ စင်္ကာပူက ကျွန်းစုပေါင်းများစွာရဲ့ အလယ်က အဓိက ကျတဲ့ ကျွန်းတစ်ကျွန်း ဖြစ်နေတယ်။ ဒီကျွန်းတွေမှာ သဘာဝ အရင်းအမြစ် ရှိနေတော့ ကမ္ဘာကလည်း လာနေကြမှာပဲ။

မေး။ ။အမေရိကန်တွေရဲ့ လော့ဂျစ်စတစ် စင်တာ စင်္ကာပူမှာ ရှိနေတာကို သူတို့က တားမြစ်လာရင် ဘယ်လို လုပ်ကြမလဲ။
ဖြေ။ ။မဖြစ်နိုင်ဘူး။ သူတို့က ဘာကြောင့် ငါတို့ကို ဒီလိုလာပြောလို့ ရမှာ လဲ။ ဒါက လူမိုက်စကားပဲ။ သူတို့က အမေရိကန် လော့ဂျစ်စတစ်ကို တားမြစ် ချင်တယ် ပြောလာရင် ငါတို့ ပြန်ပြောမှာက
“ခင်ဗျားတို့လည်း ဒီကိုလာ၊ လော့ဂျစ်စတစ် စင်တာ ထောင်ပြီး ခင်ဗျားတို့ ပစ္စည်းတွေ လာထားလှည့်ကြလေ”
လို့ပေါ့။

မေး။ ။ဒါဆို စင်္ကာပူက တရုတ်နဲ့ အမေရိကန် လော့ဂျစ်စတစ် နှစ်ခုလုံးကို လက်ခံထားမယ်ဆိုတဲ့ သဘော ပေါ့။
ဖြေ။ ။ အေးပေါ့။

(အမေရိက) အားလုံးပြီးပါပြီ။

ပဉ္စသီခနဲ့ အင်တာဗျူး (ကျမ်းရင်းကို ချဉ်းကပ်ကြည့်ခြင်း)


လူ့ပြည်မှာရှိနေတဲ့ သံသယနဲ့ ပတ်သက်ပြီး အငြင်းပွားစရာရှိနေလို့ ကာယ ကံရှင်ဖြစ်တဲ့ ပဉ္စသီခနဲ့ တွေ့မေးမှပဲ ကိစ္စပြတ်တော့မယ်ဆိုပြီး အင်တာဗျူး ခွင့် ရက်ချိန်းယူခဲ့ပါတယ်။ သူကလည်းတာဝတိံသာမှာ ဟော့(တ်)နေတဲ့ စောင်းသမားဆိုတော့ တော်တော်လေး စိတ်ရှည်ရှည် စောင့်ခဲ့ရပါတယ်။ ဆိုပါတော့ ။ ဒါက ကျနော်သူ့ကို ဗျူးခဲ့တာတွေပါ။

ဇင်ဝေသော် ။ ။ စောင်းဆရာကြီး - အားလုံး အိုကေပဲ မဟုတ်လား ။
ပဉ္စသီခ ။ ။ ပွဲဆက်များတာကလွဲလို့ အိုကေပါတယ်ဗျာ ။ ဒါနဲ့ ခင်ဗျားက -

ဇင် ။ ။ ကျနော်က ဇင်ဝေသော်ပါ။ ဆရာကြီးရဲ့ နာမည်ကတော့ လူ့ပြည်မှာတောင် ဟိုးလေးတကြော်ပဲဗျို့။
ပဉ္စ ။ ။ ရတနာသုံးပါးရဲ့ကျေးဇူး ၊ ဘသိကြားမင်းရဲ့ကျေးဇူးကြောင့်ပါဗျာ ။

ဇင် ။ ။ ဒါနဲ့ ခင်ဗျားချစ်သူ သူရိယ၀စ္စသာရော ကျန်းမာရဲ့မဟုတ်လား။
ပဉ္စ ။ ။ ကျန်းမာပါ့ဗျာ၊ အမြဲ လှလို့ပလို့ပါ။ ကျေးဇူးပါပဲ။ ဒါနဲ့ ခင်ဗျားမေး ချင်တယ်ဆိုတာက … ။ စိတ်မရှိပါနဲ့ဗျာ ။ ပွဲဆက်များနေလို့ မြန်မြန်လေး။

ဇင် ။ ။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ခါနီးမှာ ခင်ဗျား စောင်းကြိုးညှိပြခဲ့တယ် ဆိုတာ မှန်ပါသလား။
ပဉ္စ ။ ။ မှန်ပါတယ်။ ဒါများ အဆန်းလုပ်လို့ဗျာ။ ခင်ဗျားတို့လူ့ပြည်က ဂစ်တာသမားတွေလည်း ဂစ်တာမတီးခင် ကြိုးညှိရတာပဲ မဟုတ်ဘူးလား။ ကျုပ်လည်း စောင်းမတီးခင် စောင်းကြိုးတော့ ညှိရတာပေါ့ဗျာ။

ဇင် ။ ။ ခင်ဗျားက သိဒ္ဓတ္ထမင်းသားကို စောင်းကြိုးညှိပြရင်း လမ်းပြပေး ခဲ့ တယ်ဆိုတာ မှန်ပါသလား။
ပဉ္စ ။ ။ ဒါကတော့မဟုတ်ဘူး၊ မဆီမဆိုင်ဗျာ။ ကျုပ်ဘာသာကြိုးညှိတာပါ။ ပြီးတော့ တီးတာပါ။ ကျုပ်လိုစောင်းသမားနတ်က သိဒ္ဓတ္ထမင်းသားကို ဘယ် လိုလုပ် ပညာပေးနိုင် လမ်းပြပေးနိုင်မှာလဲဗျာ။ စဉ်းစဉ်းစားစားလည်း လုပ်ကြ ပါဦး။

ဇင် ။ ။ ဒါဆို “လျော့လွန်းတော့ပတ်၊ တင်းလွန်းတော့ပြတ် “ ဆိုတဲ့ လက် ဆင်ပေးခဲ့တာ မဟုတ်ဘူးပေါ့။
ပဉ္စ ။ ။ အပ်ဗဆိုလုတလီ နိုး (Absolutely No) ပါဗျာ။

ဇင် ။ ။ သိဒ္ဓတ္ထမင်းသားကတော့ ခင်ဗျား စောင်းကြိုးညှိတာကိုကြားပြီး မလျော့မတင်းကျင့်လို့ ဘုရားအဖြစ်ကိုရောက်သွားခဲ့တယ်နော်။
ပဉ္စ ။ ။ သိဒ္ဓတ္ထမင်းသားက အားလုံးပြည့်စုံနေပြီ။ ဘုရားဖြစ်ဖို့ပဲ ကျန်တော့ တာဗျ။ ကျုပ်ကတော့ ညှိပြတာ မဟုတ်ဘူး ။ ဘုရားအလောင်းကြား တာကေ တာ့ ဟုတ်တယ်။ ကျုပ်စောင်းသံမကြားလည်း အခြား တစ်ခုခုကိုကြားပြီး ဘုရားဖြစ်မှာပဲ။ ပညာရှင်တွေဆိုတာ ရေစီးတာ လေတိုက်တာကို
ကြား၊ မြင်ပြီးလည်း အသိတွေရတတ်တယ်လေဗျာ။

ဇင် ။ ။ ဒါတော့ ဟုတ်ပါတယ်ဗျာ။


ပဉ္စ ။ ။ ဒါဆို ခင်ဗျားကို ကျုပ်မေးမယ်။ နယူတန်ဆိုတဲ့လူကြီး ပန်းသီးကြွေ တာကိုကြည့်ပြီး ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိသွားခဲ့တယ်မဟုတ်လား။
ဇင် ။ ။ ဟုတ်ပါတယ်။
ပဉ္စ ။ ။ ဒါဆို ပန်းသီးက နယူတန်ကိုပညာပေးဖို့ သစ်ပင်ပေါ်ကနေ ကြွေကျ လာတာလား။
ဇင် ။ ။ ဒီလိုတော့ မဟုတ်ဘူးပေါ့။
ပဉ္စ ။ ။ ဒါဆိုရှင်းရောပေါ့။ ပန်းသီးက နယူတန်ကို ပညာပေးတာမဟုတ်ဘူး။ နယူတန်ကိုယ်တိုင်က ဒါကို သိလိုက်တာ။ ပန်းသီးမဟုတ်ပဲ ထန်းသီးဖြစ်နေ လည်း နယူတန်ကတော့ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိမှာပဲ။ ထန်းသီးဆိုရင် ခေါင်းတော့ နည်းည်းဖုသွားမှာပေါ့ဗျာ။ ဟဲ ဟဲ။
ကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူးဗျာ။ ကျုပ်ပာဘာသာ စောင်းကြိုးညှိတာကို။ ငရဲတွေကြီးကုန်တော့မှာပဲ…။

ဇင် ။ ။ ကျေးဇူးပါပဲဗျာ။ ရှင်းသွားပါပြီ ၊ ခွင့်ပြုပါဦး။
ပဉ္စ ။ ။ ကောင်းပါပြီဗျာ။ နောက်မရှင်းတာရှိလည်း လာခဲ့ဦးပေါ့။
****************************************************
ကဲ- ဒါပါပဲဗျာ။

ပဉ္စသီခကတော့ ဒီလိုဖြေခဲ့ပါတယ်။ အသံသွင်းခဲ့ပေမယ့် နတ်အသံက ရက်ကော်ဒါထဲမ၀င်၊
ဓါတ်ပုံရိုက်ခဲ့ပေမယ့် ဓါတ်ပုံကလည်း ကင်မရာထဲမ၀င်မို့ သက်သေတော့ မရှိဘူးပေါ့ဗျာ။

ယုံချင်မှသာ ယုံပါ။
(posted on March 16, 2012 at 9:00am)