ပန်းသီးတစ်လုံး


သူငယ်ချင်း ဆရာဝန်တစ်ယောက်နဲ့ ရှေ့နေတစ်ယောက်က ကောင်မလေး ကို ပြိုင်တူပိုးနေကြတာ။
ဒါကိုလည်းသိရော ရှေ့နေက ကောင်မလေးကို တစ်နေ့ ပန်းသီးတစ်လုံး ပုံမှန်ပေးတယ်။
ဒါနဲ့ ဆရာဝန်က
"မင်းက ကောင်မလေးကို ဘာဖြစ်လို့ နေ့တိုင်း ပန်းသီးတစ်လုံး တစ်လုံးပေးနေတာလဲ" လို့မေးတယ်။
ဒီတော့မှ ရှေ့နေက
"An apple a day keeps the doctor away" လို့ ပြန်ပြောလိုက်တယ်။

သူမတူသည့် တို့နိုင်ငံ

၁။ သတင်းစာနှင့်မတူသော သတင်းစာ
ကျွန်ုပ်တို့နိုင်ငံမှ ထုတ်သော သတင်းစာသည် မည်သည့်နိုင်ငံကထုတ်သော သတင်းစာနှင့်မှ မတူ၊ တစ်မူ ကွဲပြား၏။ ပြည်သူလူထု ဖတ်လိုသော သတင်းများ မပါတတ်၊ အစိုးရရေးလိုသော သတင်းနှင့် နာရေးကြော်ငြာ၊ သာရေးကြော်ငြာတချို့သာ ပါ၏။ စာရွက်ပမာဏအားဖြင့်လည်း စင်္ကာပူလိုနိုင်ငံက အလကား ဝေနေသော TODAY လို သတင်းစာလောက်သာ ရှိပြီး ထိုသတင်းစာ၏ တစ်ဝက်ပင် မရှိ။

စီးပွားရေးမတိုးတက်သေးသော နိုင်ငံများမှ သတင်းစာများကို တွေ့ဖူးသည်။ သို့သော် မြန်မာသတင်းစာလောက်တော့ မညံ့။ စာမျက်နှာ ပိုများ၏။ အရောင်အသွေး ပိုစုံလင်၏။ မြို့သတင်း၊ နယ်သတင်း စုံလင်၏။ အစိုးရကိုယ်တိုင်က ထုတ်ဝေသော သတင်းစာများဆိုလျှင် ဆင်းရဲသော နိုင်ငံများက ထုတ်ဝေသော သတင်းစာများကပင်လျင် ခန့်ခန့်ညားညားတော့ ရှိကြ၏။ ထို့ကြောင့် ဆို၏။ ကျွန်ုပ်တို့နိုင်ငံ၌ သူများနှင့် မတူသော မြန်မာ့အလင်း၊ ကြေးမုံစသော သတင်းစာကြီးများ ရှိ၏။

၂။ ဂျာနယ်နှင့်မတူသော ဂျာနယ်များ
ကျွန်ုပ်တို့နိုင်ငံ၌ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံက ဂျာနယ်နှင့်မှ မတူသော ဂျာနယ်များလည်း ရှိသည်။ သတင်းစာက သတင်းစာအလုပ်ကို မလုပ်သောအခါ ဂျာနယ်က သတင်းစာအလုပ်ကို ဝင်လုပ်လေတော့သည်။ မြန်မာပြည်က ထုတ်ဝေနေကြသော ဂျာနယ်တို့သည် အပြည်အပြည်ဆိုင်ရာ စံညွှန်းအရ သတင်းစာနှင့်သာ တူသည်။

စာမျက်နှာ ဆိုက်ကြီးသည်။ စာမျက်နှာများကို တွဲချုပ်မထား။ အဓိက ဦးစားပေးလိုသော အကြောင်းအရာ ပီပီပြင်ပြင် မရှိ (အားကစားဂျာနယ်များကတော့ ရှိသည်)။ တောကြိုအုံကြား သတင်းကစ၍ သတင်းစုံ ထည့်ကြသည်။ ဂျာနယ်များ ကံကောင်းကြသည်။ ဤကိစ္စက အပြည်အပြည်ဆိုင်ရာ အနေအထားအရ သတင်းစာက ဖြန့်ဝေရမည့် သတင်းတို့ ဖြစ်သည်။

ဂျာနယ်စစ်စစ်များလည်း ရှိတော့ရှိပါသည်။ ပညာရေးဝန်ကြီးဌာနစသည်က ထုတ်ဝေသော မြန်မာစာဂျာနယ်၊ အင်္ဂလိပ်စာဂျာနယ်စသော ဂျာနယ်များ ဖြစ်သည်။ အရွယ်အားဖြင့်လည်း ဂျာနယ်အရွယ်၊ သီချုပ်၍လည်း ထားကြသည်။ ကျွန်ုပ်တို့ငယ်စဉ်က ရွှေသွေး၊ မိုးသောက်ပန်းစသော အပတ်စဉ်ထုတ် ဂျာနယ်များ ရှိသည် (ယခု ရှိသေးသလားတော့ မပြောတတ်)။ ဂျာနယ်အစစ်များ ဖြစ်ကြသည်။ စာအုပ်ပုံစံ ဖြစ်သဖြင့် သိမ်းဆည်းထား၍လည်း ရသည်။ ကမ္ဘာကို ကြည့်ပါလေ။ Times ရှိ၏၊ Newsweek ရှိ၏။ စာအုပ်များပင် ဖြစ်ကြသည်။ လေးနက်၏။ ဘာသာရပ်တစ်ခုခုကို စူးစူးစိုက်စိုက် ရေးသား၊ ဝေဖန်၏။ စာပေချစ်သူများ သိမ်းဆည်းရ၏။

သူတို့က ဂျာနယ်ဟု ခပ်ပြောင်ပြောင် ခေါ်ကြ၏။ အမှန်မူ ကျွန်ုပ်တို့နိုင်ငံမှာ ရှိသော ဂျာနယ်များသည် အပတ်စဉ်ထုတ် သတင်းစာများသာ ဖြစ်ကြသည်။ ကံကောင်းသည်။ သတင်းစာက သတင်းစာအလုပ်ကို မလုပ်နိုင်သေး။ မည်သို့ပင် ဖြစ်စေ၊ လူထုကြားရောက်အောင် သတင်းပေးနိုင်သော ထိုထိုဂျာနယ် (အပတ်စဉ် သတင်းစာ) တို့ကို ကျေးဇူးတင်ရ၏။

(ဤဆွေးနွေးမှုအတွက် ကိုလတ် (အင်းဝ) (သို့) ဒေါက်တာ ခင်မောင်လတ်ကို ကျေးဇူးတင်ပါ၏)

၃။ ငွေစက္ကူကို ထောင်၍ ဖိနပ်ဖြင့် ပစ်ခြင်း
ကလေးဟူသည် ကစားတတ်သော အမျိုးဖြစ်သည်။ တစ်ခု မကစားရလျှင် အခြားတစ်ခုခုကို ပြောင်း၍ ကစားတတ်သည်။ သူတို့ အချိန်ကြာမြင့်စွာ အငြိမ်မနေတတ်ကြ။ ကျွန်ုပ်တို့ကလေးများလည်း ကစားတတ်ကြသည်။ ပိုက်ဆံ (ငွေစက္ကူများ) ကို ဖုံမှုန့်ပေါ်တွင် လိပ်ထောင်ပြီး မိမိစီးသော ဖိနပ်ဖြင့် ပစ်၍ အလောင်းအစားလုပ်သော ကစားနည်းဖြစ်သည်။ မည်သည့်နိုင်ငံ၊ မည်သည့်ကလေးမှ ဤသို့ ကစားကြလိမ့်မည် မထင်။ မိဘများကလည်း ခွင့်ပြုကြလိမ့်မည် မဟုတ်။ (ယခု ကစားနေကြဆဲလားတော့ မသိပါ။)

ထိုယဉ်ကျေးမှု (မယဉ်ကျေးလှသော ယဉ်ကျေးမှု) အမြစ်တွယ်နေသည်က အတော်ကြာပြီ ထင်သည်။ တချိန်က အကြွေစေ့များကို ထောင်ပြီး ကျောက်ဒိုးဖြင့် ပစ်ကြသည်။ ထိုကစားနည်းလည်း မကောင်း၊ မိမိ အမြတ်တနိုးထားနေရသည့် ငွေကြေးကို အဘယ့်ကြောင့် ကျောက်ခဲဖြင့် ပစ်ရမည်နည်း။ ထိုမျှမက ထိုအကြွေစေ့ပေါ်၌ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်၏ပုံ ပါသည်။ တစ်နိုင်ငံလုံး လေးစားပါသည်ဆိုသော ထိုဗိုလ်ချုပ်လည်း ကျောက်ဒိုးတို့ဖြင့် အပစ်ခံရလေတော့သည်။

ပိုဆိုးသည်က အကြွေစေ့များ ရှားပါးပြီး ငွေစက္ကူများ သုံးစွဲလာကြ အခါ၌ ဖြစ်သည်။ ငွေစက္ကူကို ကျောက်ဒိုးဖြင့် ပစ်၍ မရ။ ထိုအခါ စီးသောဖိနပ်များကို ချွတ်၍ ပစ်ကြလေတော့သည်။ နိုင်ငံ၏ အထွတ်အမြတ် ငွေစက္ကူ၊ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်ခမျာလည်း ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းကို အကြိမ်အကြိမ် ခံရလေတော့ သည်။

ထိုစဉ်က လူကြီးသူမတို့၏ မှတ်သားထိုက်သော စကားရှိခဲ့သည်။ “ငွေစက္ကူကို ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းကြောင့် ငွေကြေးတန်ဖိုး ပျက်လတ္တံ။ နိုင်ငံစီးပွားရေး နိမ့်ကျလတ္တံ” ဟု နိမိတ်တဘောင် ဆိုခဲ့ကြ၏။

၎။ ငွေစက္ကူကို ကော်ကပ်၊ သံချွန်ဖြင့် ထိုးစိုက်ခြင်း
ဤကိစ္စကား ကလေးများနှင့်မဆိုင်၊ မယဉ်ကျေးလှသော ယဉ်ကျေးမှုနှင့်သာ ဆိုင်သည်။ သံဃာကို နဝကမ္မ လှူသည်ပဲ။ ထိုနဝကမ္မကို ကော်မကပ်၊ သံချွန်ဖြင့် မပေါက်လည်း လှူလို့ ရသည်သာ။ သို့သော် ဘယ်က ပါလာသည့် ယဉ်ကျေးမှုမှန်း မသိ (ပိဋကတ်စာပေမှာတော့ မလာ)။ ထိုထို နဝကမ္မတို့ကို ပုံစံတစ်မျိုးမျိုး ပုံဖော်ကာ ယပ်တောင်စသည်၌ ကပ်ပြီး ပဒေသာပင်ဆိုသည်ကို ပြုလုပ်ကြသည်။

မိမိတို့ သုံးစွဲသည့် ငွေကြေးကို ခေါက်ချင်ရာက ခေါက်၊ ချိုးချင်ရာက ချိုး လုပ်သော လူမျိုးလည်း ကမ္ဘာပေါ်တွင် ရှိမည်မထင်။ အစိုးရကလည်း ခွင့်ပြုလိမ့်မည် မဟုတ်။ မလုပ်အပ်သော ကိစ္စပါပေ။ ထိုထို ရွှေမြန်မာတို့ ယဉ်ကျေးမှုက နိုင်ငံခြားရောက်သည်အထိ မပျောက်တတ်သေး။ ကိုယ့်ငွေစက္ကူကို ချိုးလို့ခေါက်လို့ အားမရ။ သူများငွေစက္ကူကိုပင် ချိုးကြခေါက်ကြ၊ ပဒေသာပင် လုပ်ကြ၏။ လုပ်သင့်ပါ၏လော။ တစ်စုံတစ်ယောက်က တိုင်တန်းသော် သေချာပေါက် အရေးယူခံရမှာ ဖြစ်ပြီး သတင်းစာမှာပင် ခေါင်းကြီးက ပါလာနိုင်သော သတင်းမျိုး၊ သတင်းဆိုး ဖြစ်သွားနိုင်သည်။

ငွေကြေးနှင့် ငွေကြေးစနစ်သည် နိုင်ငံတိုင်းအတွက် အထွတ်အမြတ် ဖြစ်သည်။ ထိုငွေကြေးကို လေးစားကြရသည်။ အကန်းသဖွယ် ဘာသာရေး အယူသည်းမှု့ကြောင့် မိမိတို့ ငွေကြေးကို မိမိတို့က ဖျက်ဆီးနေသည်ကို သတိမမူမိကြ။ အမေရိကန်ဒေါ်လာများကို ကြည့်ပါ။ ထိုထိုငွေစက္ကူတို့က နှစ်မည်မျှ ကြာစေ၊ အသစ်အတိုင်းပင် ရှိသည်။ စက္ကူကောင်းသောကြောင့်ဟု ဆိုလိုက ဆိုနိုင်ပါ၏။ သို့သော် ထိုစက္ကူ ဘယ်လောက် ကောင်းကောင်း၊ ချိုး၍ရသည်။ ခေါက်၍ရသည်။ ကော်ကပ်၍ ရသည်။ သံကလစ်ဖြင့် ထိုးညှပ်၍ ရသည်။ သို့ဖြစ်လျှင် ထိုငွေကြေးလည်း ပျက်စီးရမည်သာ ဖြစ်၏။

အမေရိကန်တို့က သူတို့ငွေစက္ကူကို တန်းဖိုးထားကြ၏။ ထိုငွေကြေးသုံးစွဲသူတို့ကလည်း ထိုငွေစက္ကူတို့ကို တန်ဖိုးထားရ၏။ သို့မဟုတ်လျှင် ငွေရေတွက်သော စက်ကပင် လက်မခံ။ ညစ်ပေခေါက်တွန့်နေသော ငွေစက္ကူကို ပြန်ထုတ်ပေးသည်။ ထိုစက်က အားမနာတတ်။ ထို့ကြောင့် “Dirty Money” ဟို ခေါ်လိုက်လေတော့သည်။

ထိုပဒေသာပင် လုပ်ခြင်း၏ ရည်ရွယ်ချက်ကလည်း ဝေဝါးဝါးနိုင်သည်။ သူတစ်ပါး သာဓု ခေါ်နိုင်အောင်လား၊ ကိုယ်ဘယ်လောက် လှူနိုင်တယ်ဆိုတာကို ပြချင်တာလား။ ကောင်းတာကတော့ နဝကမ္မလှူခြင်းသည် သိုသိုသိပ်သိပ် လက်သိပ်ထိုးလှူတာက ပို၍ ဘာသာရေးနှင့် ညီညွတ်ပေမည်။ မည်သို့ဖြစ်စေ ကော်ထူထူကပ်ထားသော ထိုထိုယပ်တောင်ကို အလှူခံရရှာသော ရဟန်းအတွက်တော့ ကျောင်းမှာ လုပ်စရာ အလုပ်များ တော်တော်များများ ပါသွားတော့သည်။ ထိုကော်များကို ရေနှူးခြင်း၊ နဝကမ္မတစ်ရွက်ချင်း မစုတ်ရအောင် ခွာယူရခြင်း၊ ထိုကော်တို့ စင်အောင် အဝတ်ဖြင့် သုတ်ရခြင်း၊ အခြောက်ပြန်လှန်းရခြင်းတို့ ဖြစ်လေသည်။ ထိုယပ်တောင်ကို အလှကြည့် မနေနိုင်ရှာသော စာသင်သားရဟန်း ဖြစ်ခဲ့သော် ထိုယပ်တောင်တို့သည် စိတ်ညစ်စရာ အလွန်ကောင်း၏။

ကိုရင်ဝမ်းသာ ဘုန်းကြီးစိတ်ညစ်
ရွာမှာ ဈေးရောင်းသော ဒကာမကြီးရှိသည်။ မြို့က သူမကိုယ်တိုင် ရွာထဲရောင်းရန် ဝယ်လာသော “ငါး” တို့၏ အမည်ကို သူမလည်း မသိ။ ရွာက ဈေးဝယ်သူတွေက ဘာငါးလဲဟု မေးရာ သူမက “ကိုရင်ဝမ်းသာ ဘုန်းကြီးစိတ်ညစ် ငါး” ဟု သူမကိုယ်တိုင် အမည်ပေးလိုက်တော့သည်။ “ဘာ့ကြောင့်လဲ” ဟု မေးရာ ငါးကြီးတွေက ကြည့်ရာမှာ အလွန်လှသည်။ စားချင်စဖွယ်လည်း ရှိသည်။ ထို့ကြောင့် ဆွမ်းခံသော ကိုရင်တို့က ဝမ်းသာကြသည်။ ထိုငါး ဆွမ်းစားပွဲပေါ် ရောက်သောအခါ အရိုးက များများ၊ အသားကနည်းနည်း၊ စားရတာလည်း အလွန်ခက်သည်။ ထို့ကြောင့် ထိုငါးဟင်းမျိုး မြင်တိုင်း ဘုန်းပေးသော ဘုန်းကြီးက စိတ်ညစ်တော် မူရ၏။ အရိုးလည်း မကြာမကြာ မြက်တတ်သည်” ဟို ဗြောင်ပြော၍ ရောင်းသည်။ တော်တော် စကားပြောကောင်းသော ဒကာမကြီး ဖြစ်သည်။

ထို့အတူ ကော်ထူထူ ကပ်ထားသော ယပ်တောင်များ၊ ကလစ်မြဲသော ယပ်တောင်များကို မြင်ရတိုင်း မိမိကိုယ်တိုင် စာသင်သားဘဝက အတော် စိတ်ညစ်ခဲ့ရဖူးသည်။ ငါးရာဖြင့် ငါးရာ၊ တစ်ထောင်ဖြင့် တစ်ထောင် စာအိပ်ထဲ ပိတ်၍ လှူလိုက်သော် …
ထိုငွေစက္ကူများလည်း ရုပ်ပျက်ဆင်းပျက် ကျိုးကြေစရာ မလို။
ဗိုလ်ချုပ်၏ မျက်နှာလည်း အစင်းအကြောင်းများ မထင်၊ ဗိုလ်ချုပ်၏ ပါးပေါ်၊ မျက်လုံးပေါ်မှာလည်း ကော်ကပ်ရာ မရှိ၊ သံစူးရာ မရှိ။
အလှူခံရလိုက်သော ရဟန်းငယ်မှာလည်း လိုအပ်သော စာအုပ်၊ စာရေးကိရိယာ လွယ်လွယ်ကူကူ ကပ္ပိ၍ ရ။

ယခုမူ ဝါကြွားပလွှားမှု နည်းပါးသည်ဆိုသော ထိုထိုမြန်မာတို့၏ ယဉ်ကျေးမှုကြောင့် …
ငွေစက္ကူခမျာမှာလည်း …
ဗိုလ်ချုပ်မျက်နှာမှာလည်း …
အလှူခံရလိုက်သော ရဟန်းငယ်မှာလည်း …

ထို့ကြောင့် ဆို၏။ ကျွန်ုပ်တို့နိုင်ငံက ယူနိ(က်) ဖြစ်၏။

(posted on 12/10/2012)

သီဟနာဒ

ခေတ်ပေါ်ထိုင်ခုံခါးပတ်


ဒီလိုခေတ်ပေါ်ထိုင်ခုံခါးပတ်နဲ့ဆိုရင် အက်ဆီးဒင့်ဖြစ်မှု ၄၅ ရာခိုင်းနှုန်းအထိ လျော့ကျသတဲ့။
ဆရာတို့ရေ ကားဝယ်မယ်ဆိုရင်တော့ စိတ်ကူးမလွဲကြနဲ့။

(မြန်မာမှာရော ကမ္ဘာမှာပါ ဖြစ်နေတာတွေက ကွက်တိပဲ)


In this new world, local politics is the politics of ethnicity; global politics is the politics of civilization.

In this new world the most pervasive, important, and dangerous conflicts will not be between social classes, rich and poor, or other economically defined groups, but between peoples belong to different cultural entities.

The rivalry of the superpowers is replaced by the clash of civilization.
နိုင်ငံခြားက မေးခွန်းတွေကို ဖြေဆိုသွားတဲ့ မြန်မာဆရာကြီးတွေဟာ ဟန် တင်တန်ရဲ့ သိမ်မွေ့နက်နဲတဲ့ (နောက်ဆုံးအကြောင်း) အဓိပ္ပါယ်ထက် အပေါ် ယံက စကားကို ယူသွားကြဟန်တူပါတယ်။ ဒီအထဲ အန္တရာယ်အများဆုံး၊ စစ် ပွဲဖန်တီးမှုတွေအများဆုံးက အစ္စလမ် စီဗီလိုက်ဇေးရှင်းလို့ ပြောလိုက်တော့ ဒီစာအုပ်က တစ်ကမ္ဘာလုံးကို ဆူပွက်သွားစေခဲ့ တယ်ဆိုတာလည်း လက် ခံစရာပဲ။

(The Clash of Civilizations p. 28.)

မသိမသာနဲ့ ဘာသာတွေပြန်နေမိခြင်း (လပတ်လည် အမှတ်တရ)


Self-reflection သာ ဖြစ်လို့ စိတ်မဝင်စားရင် အချိန်ကုန်ခံပြီး ဆက်မဖတ်ဖို့ အကြံပေးချင်ပါတယ်။

၁။ အင်္ဂလိပ်သို့

မနှစ်က အင်္ဂလိပ်လိုစာအုပ်တစ်အုပ်ရေးခွင့် ကြုံလာခဲ့ပါတယ်။ ကမ်းလှမ်းသူ က စထရိတ်တိုင်းပါ။ ဒါ့အတွက် အားလည်းစမ်းကြည့်ခဲ့မိပါသေးတယ်။ ဒီ စာအုပ်မျိုးရဲ့ တာဂက်(စာဖတ်ပရိသတ်)က အများကြီးကျယ်ဝန်းသလို တူတူ တန်တန်လေးဖြစ်သွားမယ်ဆိုရင်လည်း ပုဂ္ဂိုလ်ရေး အကျိုးအမြတ်က အများ ကြီးပါ။ အားပေး၊ ကူညီ၊ တိုက်တွန်းသူတွေလည်း ရှိခဲ့ပါတယ်။ ပြသနာက အ ချိန်နဲ့အားစိုက်မှုပါပဲ။ ပေးနိုင်ပါ့မလား။ ကိုယ်တိုင်ကလည်း အချိန်ပြည့် ရေးနို င်၊ သွားလာ၊ တွေ့ဆုံ၊ သုတေသနပြုနိုင်တာမဟုတ်တော့ နှုတ်နဲ့ဝန်ခံခဲ့ပေမဲ့ စာချုပ်ပေါ်လက်မှတ်ထိုးဖို့ကျတော့ မဝန့်မရဲဖြစ်ခဲ့ရပါတယ်။

၂။ အင်္ဂလိပ်မှ

"အင်္ဂလိပ်သို့" နဲ့စာရင် "အင်္ဂလိပ်မှ" က အများကြီးပေါ့ပါးလွတ်လပ်ပါတယ်။ ဒါပေမဲ့ တာဂက်(စာဖတ်ပရိသတ်) ကတော့ ကျဉ်းသွားတာပေါ့။ (ကြီးကြီး ကျယ်ကျယ်တွေ လျောက်ပြောလို့ ကွာ)

၃။ မေးခွန်းတစ်ခု (ကြီးကြီးကျယ်ကျယ်တွေ လျောက်ပြောပြန်ပြီ ကွာ)

"ကမ္ဘာကြီးက မြန်မာတွေဆီက လေ့လာစရာနဲ့ (ရာစုဝက်အမှောင်ချခံခဲ့ရ တဲ့) မြန်မာတွေအနေနဲ့ ကမ္ဘာကြီးဆီက လေ့လာစရာ ဘယ်ဟာက ပို များ မလဲ"
ဒီမေးခွန်းကို မေးပြီးတဲ့နောက် တတ်နိုင်သလောက်လေး မြန်မာ ဘာ သာပြန်ဖို့လည်း စိတ်ဝင်စားလာခဲ့ရပါတော့တယ်။ ဘာသာပြန်ခြင်းကို တ စိုက်မတ်မတ်လုပ်နေကြတဲ့ ဆရာကြီးတွေရှိတယ်ဆိုပေမဲ့ မြန်မာလို ရှိသင့် တဲ့ စာအုပ်တွေ မပြန်နိုင်ဘဲ အများကြီးကျန်ရှိနေသေးတယ်ဆိုတာ လက်ခံ ရမှာပါ။
ဆရာကျော်ဝင်းရဲ့ "ကမ္ဘာပြား" အမှာစာမှာ "ဒီစာအုပ်ကြီးကို ဘာသာပြန်နေ ချိန် သုံးလအတွင်း စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းရပါ့မလဲ" ဆိုတဲ့ မလုံခြုံမှု စကားကလည်း ကြေကွဲထိခိုက်စရာ ကောင်းလှပါတယ်။
ဒီလိုနဲ့ ......
လီကွမ်းယုကို မပြန်ခင်အထိ နီးစပ်ရာတွေမှာ ပင်ကိုရေးဆောင်းပါး၊ ကဗျာ စတာလေးတွေကို ရေးခဲ့ပေမဲ့ ဒီနေ့ဆိုရင် ဘာသာပြန်တာက သိသိသာသာ ကြီးများလာနေပါတယ်။
ဘာရယ်မဟုတ်ပါဘူး၊ စာတွေဖတ်ရင်း ဘာသာပြန် ရှိသင့်တယ်ဆိုတဲ့အတွေး ဝင်ဝင်လာလွန်းလို့ စိတ်ပြေလက်ပြောက် အမှတ်တရ ကောက်ရေးမိတာပါ။ ကိုယ်ရေးကိုယ်တာမှ တကယ့်ကို ကိုယ်ရေးကိုယ်တာပါ။