အဝန်းမညီသော အဝိုင်းများအကြောင်း
ဝိုင်းကားဝိုင်း၏ ။ အ၀န်းကားမတူညီကြ ။ အချို့ကကြီး၍ အချို့ကသေး၏ ။ တနည်းဆိုရသော် ပြန့်ကားခြင်းနှင့်ေ၀၀ါးခြင်း ၊ သေးငယ်ခြင်းနှင့် စုစည်းကျစ်လစ်မှုသဘော ။ ကောင်းကြပါ၏ ။ သူ့အထာနှင့်သူကောင်းကြပါ၏ ။ ( No One  or  Nothing is Perfect ) ဟုခပ်တည်တည် ကွန်မင့်ပေးလိုသူများပေးနိုင်၏ ။
ဘ၀၏ အနှစ် (၂၀) ကျော်ကာလကို ခြင်္သေ့လည်ပြန်ကြည့်မိ၏ ။
အပြင်စာမဖတ်ရ ၊ မဂ္ဂဇင်း ၊ ဘာသာပြန် ၊ သတင်းစာ ၊ ရေဒီယို ၊ ကက်စက် မဖွင့်ရ ၊ နားမထောင်ရ ။ နေ့စဉ် နေ့တိုင်းပါဠိတော် ၊ အဋ္ဌကထာ ၊ အင်္ဂုတ္ထိုရ် ၊ ၀ိနည်း ငါးကျမ်း ၊ ဓမ္မပဒတို့ဖြင့်ဘ၀သည် သိုသိပ်စွာ ကျစ်လစ် နေခဲ့၏ ။ ကျဉ်းမြောင်၏ ။ သို့သော် ငြိမ်းချမ်း၏ ။ စုစည်းမိ၏ ။
သတ်မှတ်ထားသော စာမေးပွဲများပြီး၏ ။ဆရာများက လွှတ်ပေးလိုက်၏ ။ စာသင်၏ ၊ ကဗျာဖတ်၏ ၊ မဂ္ဂဇင်း အစုံဖတ်၏ ။ စာဖတ်ရခြင်းသည်ပေါ့ပါး၏ ။ ဘုရားစာသင်ရတာလောက်မခက် ။ များများလည်းမရေးနိုင်ကြ ။ စာရေးဆရာများ၏ စာအုပ်ကိုငန်းသတ်ဖတ်လိုက်လျှင် ရက်အနည်းငယ်အတွင်းကုန်သွား၏ ။ ငယ်သေး၍ စာကြည့်တိုက်ကိုမရောက်သေး ။ စာအုပ်အငှားဆိုင်သာ ရောက်၏ ။ ထိုစာအုပ် ဆိုင်၌ရှိသော ၀တ္ထု ၊ ဘာသာပြန်စာအုပ်များအားလုံး (၆) လအတွင်းအကုန်ဖတ်လို့ရ၏ ။
ဆိုလိုသည်မှာ ဘ၀ သည်(သို့) ဘ၀ အမြင်သည် ပြန့်ကားလာသည်နှင့်အမျှ
လျော်ကြေး တခုပြန်ပေး လိုက်ရ၏ ။ အမြင်သည်ေ၀၀ါးလာ၏ ။ဆုံချက်ဗဟိုများ ပြောင်းလာ၏ ။  ကြည်လင်နေသော (၄) လက်မ ဓာတ်ပုံကို (၁၂) လက်မချဲ့လိုက်သည်နှင့် ဆင်ဆင်တူ၏ ။ ပြန့်ကားတိုင်းေ၀၀ါးတာမဟုတ်ဟု ခပ်တည်တည် ကွန်မင့်ပေးလိုကပေးနိုင်၏ ။)
လွန်ခဲ့သောအနှစ် (၂၀) က ဘ၀နှင့် ယနေ့ဘ၀ကိုယှဉ်ကြည့်မိ၏ ။ ဟိုအရင်ဘ၀က အဆများစွာပို၍ ငြိမ်းချမ်း၏ ။ ယနေ့ဘ၀က ပညာမဟုတ်သောသညာတို့ဖြင့်ဖောင်းကားနေ၏ ။ သို့သော် ထိုဘ၀နှစ်ခုကို လဲချင်၍မရ ၊ ရသော်လည်း မလဲချင်။
အတန်ငယ် ကြာလာသောအခါ အင်္ဂလိပ်စာသင်၏ ။ ထိုထက်ကြာလာသောအခါ အင်္ဂလိပ်စကားပြော၏ ။ အင်္ဂလိပ်စာအုပ် ဖတ်၏ ။ တတ်တော့မတတ် ။ မတတ်လဲဖတ်လို့ရသည် ။ ကြာတော့မတတ်သော်လည်း နားလည်လာ၏ ။ အင်္ဂလိပ်စကားပြော၏ ။ မှန်တော့မမှန်။ မမှန်လဲပြောလို့ရ၏ ။ ပြောရင်းဖြင့် အတန်ငယ် မှန်လာ၏။
         ထိုအခါ ဆက်ဆံရသော ၀န်းကျင်ပြောင်းလာ၏ ။
ယခုနှစ်ဦးပိုင်းကိုထည့်မတွက်လျှင် ဘ၀၏ ဆယ်စုနှစ်တစုလုံး မိမိလူမျိုးများနှင့်ဆက်ဆံရသည်ထက် လူမျိုးခြားနှင့်ဆက်ဆံရသည်က အဆများစွာပိုများ၏ ။ ထိုအခါ ဘ၀သည် (သို့) ဘ၀အမြင်သည် ပို၍ပြန့်ကားလာတော့၏ ၊ ပို၍ေ၀၀ါးလာသည်ဟုလည်းထင်၏ ။ (၁၈) နှစ်သားသာမဏေဘ၀လောက် မငြိမ်းချမ်းတော့ ။ ပညာမဟုတ်သောသညာတို့ကြောင့် ဖြစ်၏ ။
သို့သော် သညာသည် အကုသိုလ်စေတသိတ်မဟုတ်။ ပကိဏ်းဖြစ်၏။ ပကိဏ်းဖြစ်၍ ကုသိုလ်ဖြစ်နိုင်၏ ။ အကုသိုလ်လဲဖြစ်နိုင်၏ ။
ထို့နောက် အင်တာနက်သုံး၏ ။ အင်တာနက်၏ပြန့်ကားခြင်းသည် အဆုံးမရှိဟုပင်ထင်ရ၏ ။ ဘ၀သည် ဤမျှအထိ ပြန့်ကားလာသောအခါ . . . . . . . . . . . .
အမှတ်တရအဖြစ်ဆုံး သတင်းတပုဒ် စထရိတ်တိုင်းတွင် ဖတ်လိုက်ရ၏ ။အမျိုးသားများက ဆန္ဒပြကြ၏။ အကြောင်းကားအမျိုးသမီးများအတွက် လိင်ဖျော်ဖြေသောပစ္စည်းသာရှိပြီး အမျိုးသားများအတွက်မရှိ ၊ လိင်ခွဲခြားသည်ဟု ယူဆသောကြောင့်ဟုဆို၏။
ဘုရားဘုရား... ရဟန်းတပါးနှင့် ဤသတင်းမျိုးဘာဆိုင်သနည်း ၊ ဆိုင်ဆိုင် မဆိုင်ဆိုင် ဖတ်ကား ဖတ်လိုက်မိပြီ ။ ဖတ်ပြီးသားကို မဖတ်ရသေးလုပ်မရ ၊ ရဲရဲဝံ့ဝံ့ ကြည့်လျင် ရှက်စရာတော့မဟုတ် ။ ဘုရားရှင်၏ ၀ိနည်းတော် ၌ပင် ဤကိစ္စများပါဝင်၏ ။ ဘ၀နှစ်ခုကိုပြန်ယှဉ်မိ၏။
လွန်ခဲ့သောအနှစ် (၂၀) ကျော်က သာမဏေတစ်ပါးဆိုလျှင် မျက်နှာကြီးနီရဲသွားပြီး ထိုသတင်း စာကိုလွှင့် ပစ်ကောင်းလွှင့်ပစ်ပေလိမ့်မည်။
အကြောင်းကား ရိုးသားသောထိုသာမဏေသည် " ဤသတင်းစာသည် သာမဏေများသာဖတ်ရန် မဟုတ်"  ဟူသည်ကိုသဘောမပေါက်သေးသောကြောင့်ဖြစ်၏ ။ ရဟန်းများအတွက် ရေးခြင်းမဟုတ် ။
(၂၁) ရာစုရဟန်းကဤသတင်းအတွက် ဘာမှမဖြစ်တော့ ၊ ပြုံးပင်ပြုံးမိသေး၏ ။ ဟုတ်ပေသားပဲ ၊ လူသည် လူ့ဆန္ဒကိုဖော်ထုတ်ခွင့်ရှိသည်။ (နော်ဝေးမှာဖြစ်လျှင်ဟုတော့ ပြောရမည်ထင်သည် ၊ ထိုဆန္ဒ ပြမှုသည် နော်ဝေ၌ဟု ထင်သည်။) သူတို့တင်ပြသောအကြောင်းကလည်း မှန်ကောင်းမှန်နေလိမ့်မည် ။ (ရိုးသားစွာ ၀န်ခံရလျှင် ထိုရှိမရှိကိစ္စကိုတော့မသိပါ။)
           နောက်တခု ထုတ်ဆိုဦးအံ့ ။
သူ့ဇနီးနှင့်အတူယှဉ်တွဲလာပြီး ၀ိပဿနာတရားပြတတ်သည့် ဆရာကြီးဦးဂိုအင်ကာကို နှစ်ဝါသာ ရသေးသော ရဟန်းက ကြည့်၍မရ ၊ အကြောင်းကား ၀ိပဿနာနှင့် ဦးဂိုအင်ကာ၏ဇနီး မဆိုင်ဟု ထင်နေသောကြောင့်တည်း ။
ယနေ့ (၂၁) ရာစု ရဟန်းကားဦးဂိုအင်ကာကို လေးစားကြည်ညိုနေမိ၏ ။ သူသည် သူ့ဇနီးကိုအိမ်မှာ ဖွက်ထားပြီး ကိလေသာကုန်နေသူလိုလို ဟန်မဆောင်သောကြောင့် ဖြစ်၏ ။ ဇနီးဘေးမှာထားပြီး ၀ိပဿနာ တရားပြလို့ရ၏ ။ ထိုမျှမက ဇနီးရှိသူလင်သားရှိသူများလည်း ၀ိပဿနာကို အားထုတ်လို့ရ၏ဟု ဘ၀ နေနည်းထိုင်နည်း (LIFE STYLE) ကိုပါ ပြနေသောကြောင့်ဖြစ်၏ ။
           ကောင်းတော့ မကောင်း ၊ မေးတော့မေးရမည်။
           မည်သူဦးဂိုအင်ကာလောက်အောင်မြင်သနည်း။
"ဗုဒ္ဓဘာသာ" ဟူသောအမည်သည် ဘုရားပေးသော အမည်မဟုတ် ။ လူပေးသော အမည်ဖြစ်သည် ၊ ဘုရားပေးသောအမည်သည် “ဓမ္မ” ဖြစ်သည် ။ ကမ္ဘာနှင့် “ ၀ိနယ" မဆိုင် ။ ဦးဂိုအင်ကာသည် “ဓမ္မ” ကိုဖြန့်သူဖြစ်သည် ။ ဗုဒ္ဓဘာသာကိုဖြန့်သူဟုတ်ကောင်းဟုတ်မည်၊ ဟုတ်ချင်မှ ဟုတ်မည်။ သို့သော် ဗုဒ္ဓဘာသာကို အသိုသိပ်ဆုံးနည်းဖြင့် ဖြန့်သူဟုတော့ယုံကြည်၏ ။ (ဤယုံကြည်မှုကို သံသယရှိသူများကို လည်းထပ်ရှင်းနေရန် ၊ တုန့်ပြန်ရန်မလို ။)
ယနေ့(၂၁) ရာစုရဟန်းအများစုသည် ပြန့်ကားလာကြ၏ ။ေ၀၀ါးလာကြ၏ ။ လွတ်လပ်လာကြ၏ ။ စည်းဘောင်ကို သိပ်မကြိုက်ကြတော့ ။ သြတ္တပ္ပထက် ဟိရိကိုလေးစားလာကြ၏ ။ သြတ္တပ္ပ ဟူသည် ကြောက်၍ ရှောင်သည် ၊ ကြောက်၍ လုပ်သည် ။
ဟိရိသည် ရှက်၍ရှောင်သည် ၊ ရှက်၍လုပ်သည်။ သိပ်မကြောက်တော့သည့်အတွက် လုပ်စရာပေါလာကြ၏။ ပြောစရာပေါလာကြ၏ ။ ကောင်းကားကောင်း၏ ။ ကောင်းလည်းမကောင်း ။ ကောင်းကောင်းမကောင်းကောင်း ကောင်းသည်ဟုသဘောထားလိုက်ကြ၏။ 
         *ရေပေါ်၌ ကိုယ်ဖော့  နိုင်လျှင် ထိုရေမည်မျှနက်ခြင်းမနက်ခြင်းသည်ပြသနာမဟုတ် ။ 
ဒူးဆစ်မမြုပ်သောရေ၌ ရေနစ်သေသူတွေ့ဖူး၏ ။
သီဟနာဒ
(posted on 05/03/2012)
Copyright © 2011 ကမ်းလက်. All rights reserved.
အိန္ဒိယ၊ ဇာတ်စနစ် သံကွန်ခြာထဲမှာ (သုံး)
လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင် (ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)
"အိန္ဒိယရဲ့ ပြဿနာက အိမ်၊ ပညာရေး၊ စာသင်ကျောင်းနဲ့ လူနေမှု အဆင့် အတန်းပဲ။ တချို့နေရာတွေမှာဆိုရင် ကျောင်းမရှိလို့ ဆရာတွေက သစ်ပင်ေ အာက်မှာ စာသင်ပေးကြရတယ်။ ဒီတော့ လူဦးရေများနေလည်း ပညာ မ တတ်တဲ့လူတွေတိုးတာတာပဲ အဖတ်တင်မှာပေါ့"
(လီကွမ်းယု)
မေး။ ။ အိန္ဒိယရဲ့ မတူညီကွဲပြားမှုတွေအကြောင်းကို မစ္စတာလီ ပြောခဲ့ တယ်။ ဒါပေမဲ့ ဘာသာစကား၊ ဇာတ်စနစ်တွေမပါဝင်ဘဲ ဂန္ဓီတို့၊ နေရူး တို့ နောက်မှာ အားလုံးညီညီညွတ်ညွတ် ထောက်ခံခဲ့ကြတာမဟုတ်လား။
ဖြေ။ ။ အဲသလိုမဟုတ်ဘူး။ ညီညီညွှတ်ညွှတ်ရှိတယ်ဆိုတာ ညီညွှတ်ရ မယ့်အကြောင်းနောက်ခံ ရှိနေလို့။ ဂန္ဓီက ဆားအခွန်ကို ဆန့်ကျင်တော်လှန် ခဲ့တယ်။ ဒါ့ကြောင့် လူတွေကြားမှာ သူက အိုက်ကွန်ဖြစ်ခဲ့တာ။ နေရူးက ပထ မဆုံး တစ်သီးပုဂ္ဂလခေါင်းဆောင်၊ ဒါကြောင့် သူဆီက မျှော်လင့်ချက်တွေ လည်း အများကြီးရှိခဲ့ကြတယ်။ ၁၉၄၇၊ သြဂုတ်လ၊ ၁၄ ရက်၊ အိန္ဒိယ လွတ် လပ်ရေးနေ့မှာ တော်တော်ကောင်းတဲ့မိန့်ခွန်း အင်္ဂလိပ်လိုပြောခဲ့တယ်။ မိန့်ခွန်းအဖွင့်က “သန်းခေါင်ယံအချိန်မှာ ကမ္ဘာက အိပ်မောကျနေစဉ် အိန္ဒိယက ဘဝနဲ့ လွတ်လပ်ရေးအတွက် နိုးထနေမယ်” တဲ့။
“At the stroke of the midnight hour, when the world sleeps, India will awaken to life and freedom.”
ဒါပေမဲ့ အိန္ဒိယလူဦးရေရဲ့ ခြောက်ပုံတစ်ပုံကပဲ သူ့စကားကို နားလည်တယ်။ သူ့ ကက်ရှပီးယားလေသံဝဲတဲ့ ဟိန္ဒီကလည်း ပြေပြေပြစ်ပြစ်မရှိလှဘူး။ ဒီအတွက် သူနောင်တရတဲ့အကြောင်း ပြောဖူးတယ်။ သူက ဟာရိုး (Harrow) နဲ့ ကိန်းဘရေ့ခ်ျမှာ ပညာသင် ဘွဲ့ရခဲ့သူ။
မေး။ ။ သူ့စကားကို လုံးဝနားမလည်တဲ့လူတွေကြားမှာတောင် နေရူးဟာ နတ်ဘုရားတစ်ပိုင်းလို ကိုးကွယ်ခံနေရတာပဲ။
ဖြေ။ ။ မဟုတ်ဘူး။ ဒါက ဖြစ်စေချင်တဲ့ဆန္ဒနဲ့ အတိတ်ကို ပြန်လည်တမ်း တခြင်း သဘောလောက်ပဲ။ အသက်အရွယ်ရလာလေလေ ငါတော့ စိတ် မကောင်းဖြစ်ရလေလေပဲ။ တကယ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့နေရူး အသက် ရှင်လျက်ရှိနေမယ်ဆိုရင်တောင် အိန္ဒိယ လူထုအဖွဲ့အစည်းကို သူပြောင်း လဲပေးနိုင်မှာ မဟုတ်ဘူး။ ငါ ငယ်စဉ်တုန်းကတော့ သူ ဒီထက် ပိုလုပ်ပေး ခဲ့သင့်တယ်လို့ စိတ်ထဲမှာ ဖြစ်ခဲ့မိသေးတယ်။ အခုမှ ငါသဘောပေါက်လာ တာက အထူးသဖြင့် ဇာတ်ခွဲခြားမှု တစ်ယူသန်အစွဲကို ဘယ်နည်းနဲ့မှ သူ ချွတ်ပေးလို့ မရနိုင်ဘူးဆိုတာပဲ။
မေး။ ။ အင်ဒီရာ ဂန္ဓီကတော့ စိတ်ဓာတ်တော်တော်မာတဲ့ အမျိုးသမီးပဲလို့ တစ်ခါက မစ္စတာလီ မှတ်ချက်ပေးဖူးသလားလို့။
ဖြေ။ ။ ဟုတ်တယ်။ သူက စိတ်ဓာတ်တော်တော်မာတဲ့ အမျိုးသမီးကြီး။
မေး။ ။ သူ အိန္ဒိယကို အုပ်ချုပ်ခဲ့တဲ့စနစ်က အာဏာရှင်ဆန်သလားလို့။ အဲသလိုခေါင်းဆောင်မှု အိန္ဒိယက လိုနေတယ်လို့များ သူမက ထင်မြင်ခဲ့ လို့လား။
ဖြေ။ ။ ဟုတ်မယ်။ အိန္ဒိယဟာ အားကောင်းတဲ့ခေါင်းဆောင် လိုတယ်လို့ ငါထင်တယ်။ နိုင်ငံရဲ့ သဘာဝကကို ကိုယ်ထင်ရာ ကိုယ်စိုင်းနေကြတာ။
မေး။ ။ သူတို့ မှာ အားသာချက် မရှိတော့ဘူးလား။
ဖြေ။ ။ သူတို့ အားသာချက်ဆိုတာကပဲ သူတို့အားနည်းချက်ဖြစ်နေတယ်။ သူတို့က အရောင်အသွေးစုံတယ်။ မတူညီဘူး။ မြေငလျင်လှုပ်မှုဖြစ်ပြီ ဆို ပါတော့၊ ကျောက်ခဲ၊ မြေခဲတွေက နေရာရွေ့သွားပေမဲ့ သူ့အစုလေးနဲ့သူ ရှိနေတယ်။ တရုတ်ငလျင်ကတော့ ကျောက်ခဲ၊ မြေခဲတွေ ဖွာကြဲသွားတယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အိန္ဒိယရဲ့ အနေအထားကျတော့ သူ့ပြည်နယ်နဲ့ သူ့ အစိုးရနဲ့သူပဲ။ သူတို့ကို ပြောင်းရွှေ့လိုက်ပေမဲ့ ပုံစံတစ်မျိုးမျိုးနဲ့ အစု
လိုက်ပြန်ဖြစ်နေတတ်တယ်။
မေး။ ။အိန္ဒိယ လူဦးရေရဲ့ အသက်ပျမ်းမျှကွာဟမှု အကြောင်းကရော ဘယ်လိုလဲ၊ သူတို့မှာ အသက်(၁၅)နှစ်နဲ့ (၃၅)နှစ်အကြား လူငယ်တွေ အများကြီးရှိနေတယ်။ ဒါက စီးပွားရေးအတွက် အားသာချက် မဟုတ်ဘူး လား။
ဖြေ။ ။ လူငယ်ထုရဲ့ မောင်းနှင်အားတော့ ရှိမှာပေါ့။ သူတို့ ကလေးမွေး ဖွားနှုန်းက ၂.၅ ရှိတယ်။ တရုတ်ထက် ပိုများတာပေါ့။ တရုတ်လည်း ကလေး တစ်ယောက်ပေါ်လစီနဲ့ပတ်သတ်လို့ တချိန်ချိန်မှာ နောင်တရစရာတော့ ရှိ တယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ ပြဿနာက အိမ်၊ ပညာရေး၊ စာသင်ကျောင်းနဲ့ လူနေမှုအဆင့်အတန်းပဲ။ တချို့နေရာတွေမှာဆိုရင် ကျောင်းမရှိလို့ ဆရာေ တွက သစ်ပင်အောက်မှာ စာသင်ပေးကြရတယ်။ ဒီတော့ လူဦးရေများနေရင် လည်း ပညာမတတ်တဲ့လူတွေတိုးတာတာပဲ အဖတ်တင်မှာပေါ့။
မေး။ ။ တရုတ်ကိုတော့ အမေရိကားနဲ့နှိုင်းယှဉ်ပြီး စီးပွားရေးတောင့်တင်း၊ အာရှမှာ လွှမ်းမိုးမှုရှိလာနိုင်မယ်လို့ ကြိုတင်နိမိတ်ဖတ်ခဲ့တယ်။ ဒါဆိုရင် အိန္ဒိ ယကရော ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာနိုင်မလဲ။
ဖြေ။ ။ အိန္ဒိယသမုဒ္ဒရာထဲမှာတော့ သူတို့အားကောင်းနေလိမ့်မယ်။ သူတို့က တစ်သီးတစ်ခြားစီပေမဲ့ ဗြိတိသျှလက်ထက်က ရှိခဲ့တဲ့ ကြည်းတပ် နဲ့ရေတပ်အဆင့်အတန်းကို သူတို့ ထိန်းထားနိုင်တယ်။ ဒေလီမှာရှိတုန်းက သူတို့ရဲ့ Republic Day အခမ်းအနားကို ငါတက်ခဲ့ရဖူးတယ်။ ၁၉၉၆ ခု အိန္ဒိ ယခရီးစဉ်ကို သွားတုန်းကပေါ့။ သူတို့ စစ်ရေးပြအခမ်းအနားက တော်တော် အထင်ကြီးစရာကောင်းတာပဲ။ ခေါင်းပေါင်းတွေနဲ့ ပန်ဂျာဗီ(ပန်ချာပီ)ကြီးေ တွရော၊ အခြားတိုင်းရင်းသားစစ်သားတွေရောပဲ။ လူမျိုးတွေ ကွဲပြားနေပေ မဲ့ လေတပ်ကလည်း အားကောင်းတယ်။ အိန္ဒိယ သမုဒ္ဒရာထဲမှာတော့ သူတို့ ကို အလွယ်တကူအနိုင်ယူလို့မရဘူး။
မေး။ ။ အိန္ဒိယ လူ့အဖွဲ့အစည်းက မစည်းလုံးဘူးဆိုရင် သူတို့ (စစ်တပ်ထဲ မှာ) ကရော ဘာဖြစ်လို့ စည်းစည်းလုံးလုံးရှိနေရတာလဲ။
ဖြေ။ ။ စစ်တပ်မှာ ယူနီဖောင်းရှိတယ်လေ။ မင်းစစ်တပ်ထဲဝင်ရင် စစ်တပ် အမိန့်ကို နာခံရမှာပဲ။ ဒါပေမဲ့ နိုင်ငံရေးလောကမှာတော့ ပြည်နယ် အရာရှိ က ဒေလီကအမိန့်ကို နာခံချင်မှ နာခံတာ။ နောက်ပြီး နိုင်ငံရဲ့ လုံခြုံရေးဟာ အရေးကြီးဆုံးလို့ သူတို့ ယုံကြည်ကြတယ်။ ဒီတော့ ဒေလီကနေ မိုင်ထောင် ချီဝေးတဲ့ အက်ဒမန်ကျွန်းအပါအဝင် ကာကွယ်ရေးအတွက် ပိုပြီးတော့လည်း အားစိုက်ကြတယ်။
မေး။ ။ ပစိဖိတ်သမုဒ္ဒရာထဲမှာရော သူတို့ပါဝါ ဝင်ရောက်လာနိုင်မလား။
ဖြေ။ ။ အိန္ဒိယရေတပ်က ပစိဖိတ်ထဲ ဝင်လာမယ်လို့ ငါတော့ မထင်မိပါ ဘူး။ ငါထင်တာကတော့ တရုတ်ပဲ။ တရုတ်ဟာ မြန်မာနဲ့ ပါကစ္စတန်မှာ ဆိပ် ကမ်းကြီးတွေ တည်ဆောက်လာလိမ့်မယ်။ တကယ်တော့ ဒီဆိပ်ကမ်းတွေက အာဖရိက ကနေ ကုန်တင်ဝင်လာမယ့် သူတို့သင်္ဘောတွေ လုံခြုံရေး အတွက် ပဲ။ ဒါပေမဲ့ အိန္ဒိယသမုဒ္ဒရာထဲသွားပြီး တရုတ်က ဗိုလ်ကျချင်လို့တော့ မရဘူး။
ဆက်ရန်
Took Photos
စစ် အသုံးစာရိတ်
အာစီယံက ထိရောက်မှုရှိတဲ့ ယဉ်ကျေးမှုပေါင်းစုံ စံပြအဖွဲ့ တစ်ဖွဲ့ဖြစ်၊ အဲသလိုအဖွဲ့မှာ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာရဲ့ သာဓကတစ်ခုလည်းဖြစ်။
စစ်ရေးအရ မဟာမိတ်ဖွဲ့တာလည်းမဟုတ်၊ အဖွဲ့ဝင်နိုင်ငံတွေက စစ်ရေးအရ အခြေခံ နှစ်ဦးသဘောတူညီမှုတွေရအောင် ပူးပေါင်းဆောင်ရွက်နေချိန် စစ် အသုံးစာရိတ်တွေ တိုးမြှင့်၊ စစ်အင်အားတွေ စုစည်း။ အနောက်ဥရောပ နဲ့ လက်တင်အမေရိကနိုင်ငံတွေက လျှော့ချဖို့လုပ်နေတာတွေနဲ့ စာကြည့်ရင် မျက်လုံးပြူးသွားလောက်အောင် ဆန့်ကျင်နေတယ်။
ASEAN is often cited as an example of an effective multicultural organization. It is, however, an example of the limits of such organizations. It is not a military alliance. While its members at times cooperate militarily on a bilateral basis, they are also all expending their military budgets and engaged in military buildups, in striking contrast to the reductions West European and Latin American countries are making.
(The Clash of Civilizations. p. 132)
Cultural questions like these involve a yes or no, zero-sum choice.
(The Clash of Civilizations. p. 130)
အိန္ဒိယပြည်ထဲက အယုဒ္ဓယမှာ ဟိန္ဒူဘုရားရှိခိုးကျောင်းပဲဆောက်သင့် သ လား၊ မွတ်စလင်ဗလီပဲဆောက်သင့်သလား။ နှစ်မျိုးလုံး ဆောက်သင့်သလား။ တစ်မျိုးမှ မဆောက်သင့်ဘူးလား။ နှစ်မျိုးလုံးသုံး၊ ဘုံဆိုင်အဆောက် အဦ ဆောက်သင့်သလား ဆိုတဲ့ပြဿနာနဲ့ပတ်သက်လို့ သဘောတူညီမှု ရစရာမရှိဘူး။
အယ်(လ်) ဘေးနီးယန်း မွတ်စလင်တွေနဲ့ ဆာ့ပ်(ဗ်)အော်သိုဒေါက် (စ်)တွေ ကြားက ကိုဆိုဗိုနယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီးတော့လည်း တိကျတဲ့ အဖြေရလာစရာ မရှိဘူး။
နှစ်ဖက်စလုံးမှာ ခိုင်မာတဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ ခံစားချက်တွေရှိနေတော့ အစ္စရေးတွေနဲ့ အာရပ်တွေကြားက ဂျေရုစလင်နဲ့ ပတ်သက်တဲ့ပြဿနာက လည်း အလွယ်တကူ ရှင်းမရနိုင်ဘူး။
အလားတူပါပဲ၊ ပြင်သစ်အစိုးရနဲ့ မွတ်စလင်ကလေးမိဘတွေကြားက ကျောင်း သူတစ်ယောက်ရဲ့ ကျောင်းဝတ်စုံနဲ့ပတ်သက်ပြီး အပေးအယူလုပ်ဖို့ ရလမ်း မမြင်မိဘူး။ အခြား ကွဲလွဲမှုတွေက အပေးအယူလုပ်လို့ရတယ်။ ယဉ်ကျေးမှု ကွဲလွဲမှုတွေက အပေးအယူလုပ်လို့ မရဘူး။ ဒါ့ကြောင့် ယဉ်ကျေးမှု နဲ့ ပတ် သက်တဲ့ မေးခွန်းရဲ့ အဖြေက yes (သို့) no ပဲ ရှိတယ်။ ဇီရိုး ချွိုက်စ်၊ ရွေးစရာ မရှိ။
(ယဉ်ကျေးမှု ပဋိပက္ခ။ နှာ ၁၃၀)
(ဒါတွေကို (မသိလို့ပဲဖြစ်ဖြစ်၊ မူးလို့ပဲ့ဖြစ်ဖြစ်၊ ပညာရှိဖြစ်သွားလို့ပဲဖြစ်ဖြစ်၊ လစ်ဘရယ် ဖြစ်သွားလို့ပဲဖြစ်ဖြစ်) ရယ်သွမ်းသွေးမိရင်(သို့) ဘာသာပြန် တစ်ပိုဒ်စ နှစ်ပိုဒ်စလောက်ဖတ်ပြီး လူတတ်ဝင်လုပ်မိရင် နောင်တ ရလာ စရာရှိတယ်)