Home » All posts
သမိုင်းကနေ ထွက်ပြေးလို့ မရဘူး
in
The Clash of Civilizations,
ဇင်ဝေသော်
- on 2/27/2014
- No comments
Political leaders can make history but they cannot escape history.
(The Clash of Civilizations P. 154)
"နိုင်ငံရေးခေါင်းဆောင်တွေဟာ သမိုင်းကိုရေးနိုင်တယ် ဒါပေမဲ့ သမိုင်းကို ဖျက်ပစ်လို့တော့ မရနိုင်ဘူး"
ဆရာကြီးတွေအမြဲ ပြောတတ်တဲ့စကား၊ ဘယ်သူ့စကားမှန်း မသိခဲ့ဘူး။ အခုမှ မူပိုင်ရှင် ဟန်တင်တန်ကို ရှာတွေ့တယ်။
"သမိုင်းကို ဖျက်ပစ်လို့မရဘူး" ဆိုတာအပြင် "သမိုင်းကနေ ထွက်ပြေးလို့ မရဘူး" လို့ ဘာသာ ပြန်လိုက်ရင်လည်း သမိုင်း မရိုင်းနိုင်ဘူး။
ဒါရော The Clash of Civilizations လား မသိ
in
The Clash of Civilizations
- on 2/27/2014
- No comments
ဘုရားဆင်းတုတော်ကြီး ကျောက်သားအရောင်တင်ဖို့နဲ့ ရွှေသင်္ကန်းပြန်လည် ဆက်ကပ်ဖို့ဆိုပြီး တရုတ်နှစ်သစ်ကူးမှီ မန္တလေးက ရွာအဆက်ကောင် ကလေးကို လှမ်းခေါ်လိုက်သည်။ ရွာသားရိုးပုံက ပုဆိုးနဲ့ ထွက်လာသည်၊ အင်မီဂရေးရှင်းက အတွန့်တက်တော့ သူ့ခမျာ ရုံးခန်းရောက်လိုရောက်၊ လက်မှတ် အထိုးခိုင်းလို့ ထိုးခဲ့ရ။ ဘုရားဆင်းတုကြီးပေါ် ဆင်းလိုက် တက် လိုက် ပုဆိုးကြီးနဲ့တော့ တော်မည်မထင်၊ ဘောင်းဘီလေး ဘာလေးပြောင်း ဝတ်ပါဆိုပြီး ဒကာတစ်ယောက်ကို အကူအညီတောင်းပြီး အဝယ်ခိုင်းရသည် ။ ငေါက်ပြီး အဝတ်ခိုင်းခဲ့ရသည်။ ဆရာသမားက အစတော့ ရှက်သလိုလို ဘာလိုလို။ တစ်ပတ်ကျော်တော့
"မင်းကွာ ဘောင်းဘီကြီး တကားကားနဲ့ မြန်မာဆန်ဆန် ပုဆိုးလေးဘာလေး ဝတ်ပါအုံး" စသလိုလိုပြောမိတော့
"ပုဆိုးကတော့ ဒီကရှေ့ မဝတ်တော့ဘူး" တဲ့။
ဒါက The Clash of Civilizations လား မသိ။
သို့
in
The Clash of Civilizations,
အမှတ်တရ
- on 2/26/2014
- No comments
"တပည့်တော်အသက်ရှင်နေသရွေ့ ရဟန်းဝတ်နဲ့ မြင်တွေ့ပါရစေ" ဆိုခဲ့တဲ့ မယ်တော်ကြီး ဒေါ်သိန်းညွန့်.....
"အင်္ဂလိပ်စာသင်ကွာ ပြီးရင် (သိန်းဖေမြင့်တို့လို) ဘုန်ကြီးကျောင်းသား စာရေးဆရာဖြစ်အောင်လုပ်ကွာ(ကွန်မြူနစ်တော့ မဖြစ်စေနဲပေါ့)" ဆိုခဲ့တဲ့ အဖေ ဦးစိန်ဆင့်...
သွားလေသူ မိဘနှစ်ပါးရဲ့ "ဆန္ဒ ပဋိပက္ခ"ကို "လူ့ယဉ်ကျေးမှုပဋိပက္ခ" နှစ်အုပ်တွဲနဲ့ ရိုကျိုးစွာ ကျေးဇူးဆပ်ပါတယ်။
ဇင်ဝေသော်
***************************************************
လူ့ယဉ်ကျေးမှုပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း (၁)
ခေတ်သစ်ကမ္ဘာ့နိုင်ငံရေးမိတ်ဆက်
နိုင်ငံတော်အလံနဲ့ယဉ်ကျေးမှုအမှတ်အသား
၁၉၉၂ - ခု ဇန်န၀ါရီလ (၃)ရက် မော်စကိုမြို့ရှိ အစိုးရဆွေးနွေးခန်းမကြီး ထဲမှာ ရုရှားနဲ့ အမေရိကန် ပညာရှင်ကြီးတွေဟာ အတူတကွ စည်းဝေးနေ ခဲ့ကြပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပြီး နှစ်ပတ်အကြာမှာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပေါ်ထွက်လာ ခဲ့ပါတယ်။ ဒါရဲ့ အကျိုးဆက်အနေနဲ့ကတော့ တစ်ချိန်က ခန်းမကြီးထဲမှာ ခန်းခန်းနားနား ရှိနေခဲ့တဲ့ လီနင်ရဲ့ ရုပ်တုကြီးကို ဖယ်ရှားပြီး ရုပ်တုအစား ရုရှားဖက်ဒရေးရှင်း နိုင်ငံတော်ရဲ့ အလံကို ခန်းမရှေ့ တံတိုင်းပေါ်မှာ လွှင့်ထူ လိုက်နိုင်ကြခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန် တစ်ယောက်ကသာ သ တိထားလိုက်မိတဲ့ အချက်တချက် ရှိနေခဲ့တယ်။ အဲဒါကတော့ အလံကို ဇော က်ထိုး လွှင့်ထူလိုက်မိခြင်းပါ။ ရုရှားတစ်ယောက်ကို ပြောပြလိုက်တော့မှ လူ မသိစေဘဲ အမြန်ပြန်ပြင်ပြီး လွှင့်ထူခဲ့ကြပါတယ်။
စစ်အေးတိုက်ပွဲကြီး ပြီးဆုံးပြီးတဲ့နောက် လူတွေရဲ့ အိုင်ဒင်တတီနဲ့ အမှတ် အသားတွေဟာ သိသိသာသာကြီး ပြောင်းလဲလာနေခဲ့ပါတယ်။ ကမ္ဘာ့နိုင် ငံရေး ကိုယ်တိုင်ကလည်း ယဉ်ကျေးမှု အသီးသီးနဲ့ ယှဉ်တွဲပြီး ပေါ်ထွက်လာ ခဲ့ပါတော့တယ်။ ဇောက်ထိုးဖြစ်နေတဲ့ အလံဟာ ကူးပြောင်းဆဲ ကာလရဲ့ သင်္ကေတ တစ်ခုသာ ဖြစ်နေခဲ့ပြီး နောက်ပိုင်းမှာတော့ အလံတွေက ပိုများ၊ ပိုမြင့် လာခဲ့ပါတယ်။ ဇောက်ထိုးဖြစ်နေတဲ့ အလံတွေရယ်လို့ မရှိတော့ပါဘူး။ ရုရှားအပါအ၀င် အခြားအခြားသော လူမျိုးတွေဟာ သူတို့ရဲ့ အိုင်ဒင်တတီ အမှတ်အသား အသစ်တွေကို မွေးမြူ စွဲကိုင်လာခဲ့ ကြပါတော့တယ်။
၁၉၉၄ - ခု ဧပြီလ (၈) ရက်နေ့မှာ ဆာရာယေဗိုက လူပေါင်းနှစ်ထောင်ကျော် ဟာ ဆော်ရီအာရေးဗျနဲ့ တူရကီ အလံတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါ တယ်။ ကုလသမဂ္ဂအလံ၊ နေတိုးအလံ၊ အမေရိကန်အလံတွေ အစား အဲ
ဒီနှစ်နိုင်ငံရဲ့ အလံတွေကို ကိုင်ဆောင်လာခြင်းက သူတို့ဟာ မွတ်စလင်ေ တွ ဖြစ်တယ်။ သူတို့ရဲ့ မိတ်ဆွေ အစစ်တွေက ဘယ်သူတွေ၊ မိတ်ဆွေ မစစ်တာက ဘယ်သူတွေ ဆိုတာ ကမ္ဘာကို ပြသလိုက်တာပါပဲ။
၁၉၉၄ - ခု အောက်တိုဘာလ (၁၆) ရက်နေ့မှာတော့ လူပေါင်း ခုနှစ်ထောင်ေ ကျာ်ဟာ မက္ကဆီကို အလံတွေကို ကိုင်ဆောင်ပြီး အခြေခံဥပဒေ မူကြမ်း (၁၇၈)ကို မကျေနပ်လို့ လော့စ်အိန်ဂျလိမြို့မှာ ဆန္ဒပြခဲ့ ကြပြန်ပါတယ်။ အခြေခံ ဥပဒေမူကြမ်းအရ တရားမ၀င် ၀င်ရောက်နေထိုင် သူတွေရဲ့ သား သမီးတွေဟာ အစိုးရက ပေးတဲ့ အခွင့်အရေးတွေကို မရနိုင်ပါဘူး။
“သူတို့ကို အခမဲ့ ပညာသင်ပေးနေတဲ့ နိုင်ငံထဲမှာနေပြီး ဒီလူတွေက ဘာကြောင့် မက္ကဆီကို အလံကို ကိုင်ပြီး လမ်းပေါ်တက် ဆန္ဒပြနေကြတာလဲ၊ သူတို့ကိုင်သင့်တာက အမေရိကန် အလံပဲ” လေ့လာသူ တစ်ယောက်က မေးခွန်း ထုပ်ခဲ့ပါတယ်။
သူပြောပြီး နှစ်ပါတ်ကြာတဲ့အခါမှာတော့ သူတို့က အမေရိကန် အလံကို ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ အလံက ဇောက်ထိုးပါ။ အဲဒီအလံ ဇောက်ထိုးကပဲ သူတို့ကို ၁၇၈- ဥပဒေမူကြမ်း အောင်ပွဲကို ပေး လိုက်တာပါ။ ကာလီဖိုးနီးယား မဲဆန္ဒရှင်တွေက ၅၉- ရာခိုင်နှုန်း ထောက် ခံပေးပြီး အဲဒီ ဥပဒေလည်း အတည်ပြုလိုက်ရပါတော့တယ်။
စစ်အေးတိုက်ပွဲကြီး အပြီးမှာ အလံတွေ၊ ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတေ တွဟာ တော်တော်ထိရောက်မှု ရှိလာပါတယ်။ သင်္ကေတ ဆိုရာမှာ ကြက်ခြေခတ်တွေ၊ လခြမ်းတွေ၊ ခေါင်းမြီးခြုံခြင်းတွေတောင် ပါဝင်ပါတယ်။ အကြောင်းကတော့ လူအများစုအတွက် ယဉ်ကျေးမှုနဲ့ ဆက်စပ်နေတဲ့ သင်္ကေတတွေဟာ အဓိပ္ပါယ် အရှိဆုံး အရာတွေ ဖြစ်လာခဲ့လို့ ပါပဲ။ အခုတော့ လူတွေဟာ အသစ် ဒါပေမဲ့ ရန်သူဟောင်းတွေနဲ့ တိုက်ပွဲတွေဆီ ဦးဆောင်ေ ပးခဲ့တဲ့ ယုံကြည်မှုအသစ် ဒါပေမဲ့ အရင်က အလံဟောင်းတွေကိုပဲ ကိုင်ဆော င်ပြီး အသစ်ဆိုပေမဲ့ ရှေးဟောင်း အိုင်ဒင်တတီတွေကို ပြန်ရှာတွေ့လာ ကြ ပါတော့တယ်။
စာရေးဆရာ မိုက်ကယ် ဒစ်ဗဒင် (Dibdin) ရဲ့ ကျော်ကြားတဲ့ “Dead lagoon” ၀တ္ထုထဲက စာသားတွေဟာ လက်ရှိ အခြေအနေ အပေါ် အတိအကျ ထင်ဟပ်စေပါတယ်။ “ရန်သူအစစ် ဆိုတာ မရှိဘဲ မိတ်ဆွေ အ စစ်ဆိုတာ မရှိနိုင်၊ ကိုယ်နဲ့မတူသူတွေကို မမုန်းတီးမိဘူးဆိုရင် ကိုယ့်ကိုယ် ကိုလည်း မချစ်သေးပါဘူး” ဒါတွေဟာ ရှေးဟောင်းအမှန်တရားတွေ ဖြစ်ပေမဲ့ ရာစုတစ်ခု ကျော်ပြီးတဲ့ အခါမှာတော့ ကြေကွဲဖွယ် ဒီအမှန် တရားတွေနဲ့ ရင်ဆိုင်တွေ့နေကြရပြန်ပါတယ်။ “ ဒါတွေကို ညင်းဆန်သူဟာ မိသားစုကို ညင်းဆန်သူ၊ ရှေးဟောင်း အမွေအနှစ်ကို ညင်းဆန်သူ၊ ယဉ်ကျေးမှု၊ မွေး ရာပါ အခွင့်အရေးနဲ့ သူတို့ကိုယ်သူတို့ ညင်းဆန်သူတွေပါ” တဲ့။
ကြေကွဲဖွယ် ရှေးဟောင်း အမှန်တရားတွေကို နိုင်ငံရေးခေါင်းဆောင်တွေ၊ ပညာရှင်တွေကိုယ်တိုင် မျက်ကွယ်ပြု မထားနိုင်ပါဘူး။ ကိုယ်ပိုင်အမှတ် အ သားတွေ ပြန်လည် တွေ့ရှိဖို့နဲ့ လူမျိုးစု စိတ်ဓါတ်တွေကို ပြန်လည် အသက် သွင်းဖို့ ရန်သူဆိုတာ ရှိကို ရှိနေကြရပါတော့တယ်။ ဒီခေတ်မှာ အန္တရာယ် အကြီးဆုံး မုန်းတီးမှုဟာ မတူညီတဲ့ ကမ္ဘာ့ယဉ်ကျေးမှု နှစ်ခုကြားက သတ် မှတ်ချက် အမှားအယွင်းကနေ ပေါက်ဖွားလာပါလိမ့်မယ်။
ဒီစာအုပ်မှာ ဆွေးနွေးမယ့် အကြောင်းအရာတွေဟာ ယဉ်ကျေးမှုနဲ့ ယဉ်ကျေး မှု အမှတ်အသားတွေက စစ်အေးတိုက်ပွဲကြီး အပြီးမှာ လူအဖွဲ့အစည်းတွေကို ဘယ်လို ပေါင်းစည်းပေးတယ်၊ ဘယ်လို ခွဲခြားပေးတယ်၊ ဘယ်လို ပြဿ နာတွေကို ပုံဖော်ပေးလိုက်တယ် ဆိုတာတွေနဲ့ ပတ်သက်ပါတယ်။ ဒါတွေကို ရှင်းပြဖို့ အခန်း (၅) ခွဲခြားပေးထားပါတယ်။
( အမှာ၊ ဘာသာပြန်ဆိုရာမှာ Culture ကိုပဲ ယဉ်ကျေးမှုလို့ ပြန်ဆိုပြီး Civilization ကိုတော့ စီဗီလိုက်ဇေးရှင်းလို့ပဲ သုံးစွဲပါမယ်။ ဘာကြောင့်လဲ ဆိုရင် ရှေ့မှာ စီဗီလိုက်ဇေးရှင်း အကြောင်းကို သီးသန့် ရှင်းလင်းပေးဥိးမှာ မို့ ဖြစ်ပါတယ်။ ဘာသာပြန်သူ)
အခန်း (၁)
လက်ရှိ ကမ္ဘာ့နိုင်ငံရေးဟာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးအနေနဲ့ ဗဟုမဏ္ဍိုင်၊ ဗဟုစီဗီလိုက်ဇေးရှင်း ဖြစ်လာနေပါတယ်။ ခေတ်စနစ်သစ်ကို ပုံဖော် လာနေမှုဟာ အနောက်တိုင်းဝါဒနဲ့ မတူညီပါဘူး။ တစ်ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုကို မွေးထုပ်ပေးလိုက်တာ မဟုတ်သလို အနောက်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေ ကြားက အနောက်ယဉ်ကျေးမှုလည်း မဟုတ်ပါဘူး။
အခန်း (၂)
စီဗီလိုက်ဇေးရှင်းတွေ ကြားက ပါဝါချိန်ခွင်လျာဟာ ရွေ့လျော လာနေတယ်။ အနောက်တိုင်း လွမ်းမိုးမှု ဆုတ်ယုတ်လာနေတယ်။ အာရှ စီဗီလိုက်ဇေး ရှင်းတွေဟာ သူတို့ စီးပွားရေး၊ စစ်အင်အား၊ နိုင်ငံရေးပါဝါတွေ ချဲ့ထွင် လာနေပါတယ်။ အစ္စလာမ် ဆိုရင် များပြားလွန်းတဲ့ လူဦးရေ မွေး ဖွားနှုန်းနဲ့ သူတို့ အိမ်နီးချင်း နိုင်ငံတွေကို မငြိမ်မသက် ဖြစ်အောင်လှုံ့ဆော် ပေးနေ ပါတယ်။ နောက်ပြီး အနောက်မဟုတ်တဲ့ စီဗီလိုက်ဇေးရှင်း တိုင်ဟာ (non-western civilization) သူတို့ရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု တန်ဖိုးတွေ ကို ပြန်လည် အသက်သွင်းလာနေကြတယ်။
အခန်း (၃)
စီဗီလိုက်ဇေးရှင်းကို အခြေခံတဲ့ ကမ္ဘာ့လမ်းစဉ် ပေါ်ထွက်လာေ နတယ်။ လူအဖွဲ့အစည်းတွေဟာ သူတို့နဲ့ ယဉ်ကျေးမှု တူညီတဲ့ အခြားအဖွဲ့ အစည်းတွေနဲ့ ပေါင်းသင်းလာကြတယ်။ လူအဖွဲ့အစည်းကို စီဗီလိုက်ဇေးရှင်း တစ်ခုကနေ နောက်တစ်ခုဆီ ပြောင်းလဲပေးဖို့ အားထုတ်ခြင်းဟာ မအောင်မြင်ဘူး။ နိုင်ငံတွေဟာ သူတို့ချင်း အုပ်စုတူရာတွေ ဖွဲ့စည်းပြီး နေ ထိုင်လာနေကြတယ်။
အခန်း (၄)
အနောက်ရဲ့ ဟန်ဆောင်ထားတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုဝါဒ ဟာလည်း အခြား စီဗီလိုက်ဇေးရှင်းတွေကြားမှာ ပြဿနာတွေပဲ မွေး ထုပ် ပေးနေပါတယ်။ အထူးသဖြင့် အစ္စလမ်နဲ့ တရုတ် စီဗီလိုက်ဇေးရှင်းေ တွကြားမှာပါ။ ပြည်တွင်းစစ်တွေ၊ မွတ်စလင်တွေနဲ့ မွတ်စလင် မဟုတ် သူတွေကြားက စစ်ပွဲတွေဟာ နယ်ခြားစည်းတွေကိုပါ ခြိမ်းခြောက် လာနေတော့ နီးစပ်ရာ နိုင်ငံတွေခြင်း ပေါင်းစုပြီး ဒါတွေကို ဟန့်တားနိုင် ဖို့ ပြင်ဆင်နေကြရပါတယ်။
အခန်း (၅)
အနောက်ယဉ်ကျေးမှု ဆက်လက်ရှင်သန်နေဖို့ အမေရိကန်တွေရဲ့ ယုံကြည် ချက် အပေါ်မှာ မူတည်နေပါတယ်။ သူတို့ယုံကြည်မှု ဆိုတာ အနောက်တိုင်း အိုင်ဒင်တတီနဲ့ အနောက်တိုင်းသားတွေ လက်ခံတဲ့ စီဗီလိုက်ဇေးရှင်းကို မတူ ထူးခြားမှု အနေနဲ့ လက်ခံယုံကြည်မှုမျိုး၊ ဒီစီဗီလိုက်ဇေးရှင်းဟာ တစ်ကမ္ဘာလုံး ဆိုင်ရာ စီဗီလိုက်ဇေးရှင်း မဖြစ်နိုင် ဆိုတဲ့ ယုံကြည်မှုမျိုးပါ။ ဒီယုံကြည်မှုမျိုး ထားရှိပြီး အနောက်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေ (non- Western societies) ဆီက ရောက်ရှိလာမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင် ပြန် လည်ပြင်ဆင် အင်အားဖြည့်ထား ကြရပါလိမ့်မယ်။ စီဗီလိုက်ဇေးရှင်းကို အခြေခံတဲ့ စစ်ပွဲကြီးတွေကို ရှောင်ကြဉ်နိုင်ဖို့ဟာ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ အနေနဲ့ ကမ္ဘာ့နိုင်ငံရေးရဲ့ ပေါင်းစု စီဗီလိုက်ဇေးရှင်း သဘာဝကို လက်ခံပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း အပေါ်မှာ ပူတည်နေပါတယ်။
ဆက်ရန်