ဟုတ်တယ်ဟုတ်၊ သွေ ပူသွေ့၊ ....,isn't it?


သုံးပါ၊ ကြိုက်ရင်သုံးကြပါ။ဘာသာစကားပဲ။ အသုံးများရင် ရှင်သန်စေပေါ့။
ဟုတ်တယ်ဟုတ် ထဲ ဆရာတော်တွေပါ ပါတယ်။
(ဆောရီး၊ ကိုယ်လည်း "ဟုတ်တယ်ဟုတ်ဆရာတော်" တစ်ပါးပဲသိ)
တရုတ်ဆန့်ကျင့်ရေး အော်နေသူတွေကအစ "ဟုတ်တယ်ဟုတ်" တဲ့။
အရှင်းဆုံးကတော့ ဟုတ်တယ် (ဆို)ဟုတ်၊ မဟုတ်ဘူး(ဆို)မဟုတ် ဘူးပေါ့။
ဟုတ်တယ်ဟုတ်? သွေ ပူသွေ့?
....,isn't it?

ပုံကို ရှုပါ


ပို့စ်မော်ဒန်သဘောတရားဆိုရာတွင် အစဉ်အလာကိုဖျက် ဖောက်ထွက်တွေး နည်းတစ်ခုလည်းပါဝင်သည်။ ယခု ပါရာဒိန်းနှင့်အတူ ပြသထားသည့် ဤတွေးနည်းက အများထဲမှ တစ်ခုဖြစ်ပြီး ယင်းအဆိုကို ဘီယာသမားတို့က လက်ခံကြ၏။ ၎င်း ဘီယာသမားသည် ရှုပ်ထွေးလှသော ပို့စ်မော်ဒန်သဘော တရားများကို နားလည်ရန်မလို၊ ဘီယာ၏သဘောကိုသာ နားလည်ရန်လို သည်။
သူတွက်ချက်သောအဖြေသည် ရိုရှင်းလွယ်ကူပြီး ယေဘုယျခံစားမှုဝါဒနှင့် လိုက်လျောညီထွေ ရှိသည်ဟုလည်း ယူဆနိုင်သည်။ (ပုံကို ရှုပါ)
သူ၏ ပြဿနာကိုချဉ်းကပ်ကြည့်ပုံကလည်း အကျိုးသက်ရောက်မှု အိုရီယင် တယ်(လ်) ဖြစ်သဖြင့် ပရိုမော်ဒန်နိုက်ဇ်ဖြစ်နေပြီး သဘောမတူသည်ဆိုစေ သူ့ကို ငြင်းဆန်ရန် ခက်ခဲနေပြီး ၂၁ ရာစု အဦးပိုင်အထိ ဤဝါဒ လူကြိုက် များနေဦးမည်ဟု ကောက်ချက်ဆွဲနိုင်၏။

Bill Cosby "I'm 83 and Tired" - ကျနော် ကြားရတာ စိတ်ကုန်နေပြီ


ကျနော် စိတ်ကုန်နေပြီ။ ကျနော့်အသက် ၈၃၊ ၁၇နှစ်ကအစ National Serviceကာလကလွဲရင် နှစ်ပေါင်း ၅၀ အလုပ်ကြိုးစားခဲ့၊
ကျန်းမာရေးအဆိုးကြီးမဟုတ်ရင် တစ်ပတ် နာရီ ၅၀၊ နှစ်ပေါင်း ၄၀ အတွင်း ကျန်းမာရေးခွင့် မယူခဲ့။
လစာမဆိုးပေမဲ့ လစာကြောင့်လုပ်တာမဟုတ် လုပ်ရမှာမို့သာ လုပ်ခဲ့။
စီးပွားရေးတွက် တွက်ရင် အနားယူခြင်ကပင် သိပ်မစွံတဲ့အိုင်ဒီယာ၊
ကျနော် ပင်ပမ်းလှပြီ အလွန်အမင်းပင်ပမ်းနေပြီ။


ကျနော် ကြားရတာ စိတ်ကုန်နေပြီ။
ကျနော့်ချွေးနဲစာကို ကျနော်လို အလုပ်မကြိုးစားသူတွေအတွက် ဖဲ့ဝေ၊
ကျနော် ကြားရတာ စိတ်ကုန်နေပြီ။
ကျနော့်ချွေးနဲစာကို အစိုးရက လုယူ၊ လူပျင်းတွေကိုဝေငှ။

ကျနော်ကြားရတာစိတ်ကုန်နေပြီ။"အစ္စလာမ်ဟာ ငြိမ်းချမ်းရေး"ဘာသာတဲ့။
မိသားစုဂုဏ်တက်ဖို့ ညီမ၊ အမတွေ၊ဇနီးတွေ၊ သမီးတွေကို သတ်နေကြတဲ့ မွတ်စလင် သတင်းတွေအကြား။
မဆိုစလောက်အမှာလေးအတွက် အကြမ်းဖက့် မွတ်စလင် သတင်းတွေ အကြား။
ယုံကြည်မှုမတူလို့ ခရစ်ယန်တွေ ဂျူးတွေကို သတ်နေကြတဲ့ မွတ်စလင် သ တင်းတွေအကြား။
ကျောင်းသူတွေကြောင့် ကျောင်းတွေကိုမီးရှို့နေတဲ့ မွတ်စလင် သတင်းတွေ အကြား။
အဓမ္မအကျင့်ခံရတဲ့ ကလေးမငယ်ကို ကာမေသုနဲ့စွပ်စွဲ ကျောက်ခဲနဲ့ ထု သတ်နေကြတဲ့ မွတ်စလင် သတင်းတွေအကြား။
...............................(ဘာသာမပြန်ရက်)
ဒါတွေအားလုံး ကိုရန်နဲ့ ရှာရီးယားကျမ်းစာထဲကအတိုင်း အလ္လာအရှင်မြတ် အတွက်..မွတ်စလင် သတင်းတွေအကြား။

ကျနော် ကြားရတာ စိတ်ကုန်နေပြီ။
ဆတ်ဆတ်ထိမခံ ယဉ်ကျေးမှုတွေ အကြောင်း
ဆော်ဒီအာရေးဗျနဲ့အာရပ်နိုင်ငံတွေက ရေနံကရတဲ့ငွေတွေနဲ့
အောစတေးလျ၊ နယူးဇီလန်၊ ယူကေ၊ အမေရိကနဲ့ ကနေဒါမှာ
ဗလီတွေ၊ အစ္စလာမ်မစ်ကျောင်းတွေဆောက်၊ အာဃာတ တရားတွေ ပို့ချ၊
ဟိုနိုင်ငံတွေက အဲသလို လုပ်ခွင့်မပြုသလို
ဆော်ဒီအာရေးဗျနဲ့ အာရပ်နိုင်ငံတွေကို မေတ္တာနဲ့ ခန္တီတရားသင်ကြားပေးဖို့လည်း ဘယ်သူမှ မတိုက်တွန်းကြဘူး။
ကျနော် ကြားရတာ စိတ်ကုန်နေပြီ။

ဆက်ရန် -

*****
(အဆင်ပြေရင်ဘာသာပြန်ပါမယ်၊ အခုတော့ အီးလိုပဲ တင်လိုက်ပါတယ်။)

I'm 83. Except for brief period in the 50's when I was doing my National Service, I've worked hard since I was 17. Except for some serious health challenges, I put in 50-hour weeks, and didn't call in sick in nearly 40 years. I made a reasonable salary, but I didn't inherit my job or my income, and I worked to get where I am. Given the economy, it looks as though retirement was a bad idea, and I'm tired. Very tired.

I'm tired of being told that I have to "spread the wealth" to people who don't have my work ethic. I'm tired of being told the government will take the money I earned, by force if necessary, and give it to people too lazy to earn it.

I'm tired of being told that Islam is a "Religion of Peace," when every day I can read dozens of stories of Muslim men killing their sisters, wives and daughters for their family "honor"; of Muslims rioting over some slight offense; of Muslims murdering Christian and Jews because they aren't "believers"; of Muslims burning schools for girls; of Muslims stoning teenage rape victims to death for "adultery"; of Muslims mutilating the genitals of little girls; all in the name of Allah, because the Qur'an and Shari'a law tells them to.

I'm tired of being told that out of "tolerance for other cultures" we must let Saudi Arabia and other Arab countries use our oil money to fund mosques and madrassa Islamic schools to preach hate in Australia , New Zealand , UK , America and Canada , while no one from these countries are allowed to fund a church, synagogue or religious school in Saudi Arabia or any other Arab country to teach love and tolerance..

I'm tired of being told I must lower my living standard to fight global warming, which no one is allowed to debate.

I'm tired of being told that drug addicts have a disease, and I must help support and treat them, and pay for the damage they do. Did a giant germ rush out of a dark alley, grab them, and stuff white powder up their noses or stick a needle in their arm while they tried to fight it off?

I'm tired of hearing wealthy athletes, entertainers and politicians of all parties talking about innocent mistakes, stupid mistakes or youthful mistakes, when we all know they think their only mistake was getting caught. I'm tired of people with a sense of entitlement, rich or poor.

I'm really tired of people who don't take responsibility for their lives and actions. I'm tired of hearing them blame the government, or discrimination or big-whatever for their problems.

I'm also tired and fed up with seeing young men and women in their teens and early 20's be-deck them selves in tattoos and face studs, thereby making themselves un-employable and claiming money from the Government.

Yes, I'm damn tired. But I'm also glad to be 83.. Because, mostly, I'm not going to have to see the world these people are making. I'm just sorry for my granddaughter and their children. Thank God I'm on the way out and not
on the way in.

There is no way this will be widely publicized, unless each of us
sends it on!
This is your chance to make a difference.

" I'm 83 and I'm tired. If you don't forward this you
are part of the problem".

အခန်း ၅၊ အရှေ့တောင်အာရှ


မြန်မာ။ ။ ဗိုလ်ချုပ်ကြီးများလမ်းကြောင်းပြောင်းခြင်း

ရှေ့ဆက်ဖို့လမ်းဆုံးနေပြီဆိုတာသိတဲ့နောက်တော့ အကျိုးအကြောင်းညီညီ စဉ်းစားတတ်ရင် ရွေးစရာက တစ်လမ်းပဲ ရှိပါတော့တယ်။ ဒါက နောက် လှည့်ပြန်လျှောက်ဖို့ပါပဲ။ ၂၀၁၁ ခုမှာ သူတို့နိုင်ငံ ဘယ်ကို ဦးတည်ရမလဲဆို တာနဲ့ပတ်သက်လို့ မြန်မာ့ဗိုလ်ချုပ်ကြီးတစ်ချို့ဆန္ဒဘယ်လိုရှိခဲ့တယ်၊ ဘယ် လိုစတင်ပြောင်းလဲမယ်ဆိုတာကို သုံးသပ်ကြည့်ဖို့ နည်းလမ်းတွေအများကြီး ရှိပါတယ်။
ဦးနှောက်ကောင်းတွေကို စနစ်တကျရှာဖွေ၊ ရွေးခြယ်၊ မွေးမြူပြီး ရုတ်တရက် ကြီး “ဂ”ငယ်ကွေ့ ချိုးကွေ့လိုက်တာမဟုတ်သလို ရိုးရိုးသားသားနဲ့ အမြင်မှန် ရပြီး ရုတ်တရက်ပြောင်းလဲလိုက်ခြင်းမျိုးလည်း မဟုတ်ပါဘူး။ ဒီအတိုင်း ဆက်သွားနေရင်တော့ ပြိုလဲကျသွားတော့မှာပဲဆိုတာ သဘောပေါက်ပြီး သူ တို့နာမည်ကို အဖတ်ဆယ်ယူဖို့ မဖြစ်မနေပြောင်းလဲလိုက်တာမျိုးလည်း မ ဟုတ်ပါဘူး။
ဒီထက် ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြလို့ ရပါတယ်။ ဗိုလ်ချုပ်ကြီးေ တွ တွေ့မြင်လိုက်ရတာာက သူတို့နိုင်ငံကတော့ လမ်းဆုံးကိုရောက်နေပြီ ။ ရွေးစရာ (ဆက်သွားစရာ လမ်း) ဘာမှမရှိတော့ဘူးဆိုတာပါပဲ။

ဖွံ့ဖြိုးတိုးတက်နေတဲ့ ထိုင်းနိုင်ငံဆီ နယ်ခြားလေးကိုကျော်ပြီးကြည့်လိုက်မိ တယ်ဆိုရင်ပဲ ဒီအမြင်က ရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာပါ။ သဘာဝ အရင်း အမြစ်အနေနဲ့ကြည့်ရင် ထိုင်းနိုင်ငံထက်ပိုပြီး မချမ်းသာဘူးဆိုရင်တောင်မှ ထိုင်းနိုင်ငံလောက်တော့ မြန်မာလည်း ချမ်းသာပါတယ်။
ဥပမာ အနေနဲ့ နှစ်နိုင်ငံလုံးကထွက်တဲ့ ရှောက်ချိုသီးတွေကို နှိုင်းယှဉ်ကြည့် ပါ။ သိပ္ပံနဲ့ နည်းပညာကို အသုံးပြုပြီးစိုက်ပျိုးထားတာ ဖြစ်နေတော့ ထိုင်းက ထွက်တဲ့ ရှောက်ချိုသီးက အလုံးပိုကြီးသလို ချိုလည်း ပိုချိုတယ်။ နောက်ပြီး ထိုင်းနိုင်ငံဟာ ဒီဒေသတွင်းမှာ သစ်ခွပန်း၊ ပန်းပင်၊ သစ်သီးတွေ တင်ပို့ရာမှာ နံပါတ်တစ် ဖြစ်နေပါတယ်။ သီအိုရီအရပြောရရင် ရာသီဥတုနဲ့ မြေသြဇာ ကြွယ်ဝမှုက နှစ်နိုင်ငံလုံး ကံကောင်းစွာ ပိုင်ဆိုင်ထားကြတော့ ထိုင်းစိုက်ပျိုး လို့ရနိုင်တာမှန်သမျှ မြန်မာပြည်မှာလည်း စိုက်ပျိုးနိုင်တာပါပဲ။ ဒါပေမဲ့ ဘာ မှ ဖြစ်မလာခဲ့ဘူး။ နောက်ထပ် စိတ်မကောင်းစရာ နှိုင်းယှဉ်ကြည့်စရာတစ်ခု က ထိုင်းနိုင်ငံက ဆေးဝါးတွေရရှိဖို့ နယ်ခြားကို ကျော်ဖြတ်ပြီး ကျောက်မျက် ရတနာ ထွင်းထွက်ပစ္စည်းတွေနဲ့ လဲလှယ်ယူနေကြရတယ်။ မြန်မာက အများ ကြီးနောက်ကျကျန်နေရစ်ခဲ့ပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ကိုခံလိုက်ရခြင်းဟာ စစ်တပ်အရာရှိတွေကိုရော မြန် မာပြည်သူလူထုကိုပါ လှုပ်နှိုးလိုက်တာပါပဲ။ ၂၀၀၈ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီဘေး ဒဏ်ကြောင့် သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ ဘာလုပ်လို့ ဘာ ကိုင်ရမှန်းမသိတဲ့ အစိုးရဟာ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် ကူညီေ စာင့်ရှောက်မှုမပေးနှိုင်သလို စိတ်လိုလက်ရ အကူအညီပေးလိုတဲ့ အမေရိ ကန်၊ ပြင်သစ်စတဲ့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီကိုလည်း လက်မခံခဲ့ ကြပါဘူး။
သူတို့နဲ့ ဆန့်ကျင်ဖက်သာဓက ကတော့ တရုတ်ပြည်၊ စီချွမ်း (Sichun) ပြည် နယ်မှာ လှုပ်သွားတဲ့ ငလျင်ပါ။ အပျက်အစီးအရ မြန်မာပြည်အောက် မရောက်ပါဘူး တရုတ်ပြည်ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ချက်ချင်းေ ရာက်သွားပြီး ကယ်ဆယ်မှု ကူညီပံ့ပိုးမှုတွေ လုပ်ပေးခဲ့ကြတယ်။ တရုတ်ခေါင်းဆောင် ပရီးမီးယား ဝင်ကျားပေါင်ကိုယ်တိုင် ဒါကို အဓိက ဦး စားပေးအနေနဲ့ ဦးဆောင်လုပ်ပြလိုက်တော့ တစ်နိုင်ငံလုံး တက်ညီလက်ညီ ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူတွေကတော့ နာဂစ် မုန်တိုင်း အန္တရာယ်ဟာ နိုင်ငံရဲ့ စိုးရိမ်စရာအကောင်းဆုံးရေမှတ်ကိုရောက် သွားပြီး ပြောင်းလဲမှု၊ အစပျိုးပေးလိုက်တာလို့ သုံးသပ်ကြပါတယ်။ သူတို့ သုံးသပ်ချက်ဟာ အမှန်တရားးနဲ့ မဝေးလှဘူးလို့ ကျွန်တော်ထင်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၁ ခုရောက်တဲ့အခါမှာတော့ ဆိုင်းမဆင့်ဘုံမဆင့် နဲ့ ပြုပြင်ပြောင်းလဲရေးကိုစတင်အကောင်အထည်ဖော်လာပါတော့တယ်။
နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်။ ဒီအထဲမှာ အောင်ဆန်ုးစု ကြည် လည်းပါဝင်ခဲ့ပါတယ်။ နိုဘယ်ဆုတံဆိပ်ရှင် အောင်ဆန်းစုကြည်ကို ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံခွင့်ပြုခဲ့တယ်။ သူမလည်း အရွေးချယ်ခံရပြီး ပါလီမန်ထဲရောက်သွားခဲ့ပါတော့တယ်။ ရွေးကောက်ပွဲပြီး တဲ့အခါမှာလည်း ခပ်သွက်သွက်ပဲ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး လွှတ်ပေးခဲ့ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းတစ်ရပ်ကတော့ စီးပွားရေးပိတ်ဆို့ ထားတဲ့ နိုင်ငံတွေကို စီးပွားရေးပြန်ဖွင့်ပေးလာအောင် စည်းရုံးလုပ်ဆောင် မှုတစ်ခုပါ။ ဒီအချက်ဟာ နိုင်ငံစီးပွားရေးအတွက် အရေးကြီးတယ်ဆိုတာ သူတို့ သိထားကြပါတယ်။ အနောက်နိုင်ငံတွေကလည်း အစပထမတော့ တွန့်ဆုပ်ဆုပ်ပါပဲ။ ဒါပေမဲ့ တဖြည်းဖြည်းဖွင့်ပေးလာခဲ့ကြတယ်။
၂၀၁၂ ခု နိုဝင်ဘာလထဲမှာ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို အလည်ရောက်လာချိန်မှာ မြန်မာနိုင်ငံလည်း ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ် အပြည့်အဝရောက်ရှိလာခဲ့ပါတော့တယ်။




ဒီနိုင်ငံဟာ ၂၀၁၅ ခုမှာ အမှန်တကယ်လွပ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးေ ကာက်ပွဲကျင်းပလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ်အနိုင်ရပေမဲ့ စစ်အစိုးရက လုံးဝအသိအမှတ်မပြုခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲပြီးမှာ ပထ မဆုံးကျင်းပနိုင်မဲ့ ရွေးကောက်ပွဲ ဖြစ်နေပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ ဖြည်းဖြည်းနဲ့မှန်မှန် ပုံမှန်နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာနေပါတယ်။

၁၉၆၀ ခုနှစ်တွေအတွင်းမှာ မြန်မာ့ခေါင်းဆောင်ဗိုလ်ချုပ်နေဝင်းဟာ ဆိုရှယ် လစ်လမ်းစဉ်ကို လိုက်ခဲ့ပါတယ်။ ပြီးတော့ ဗြိတိသျှအစိုးရက စီးပွားရေးလုပ် ဖို့ခေါ်သွင်းလာတဲ့ အိန္ဒိယန်းတွေကို အိန္ဒိယပြန်ပို့ခဲ့တယ်။ အဲဒီ အိန္ဒိယန်းတွေ က စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေး ကျွမ်းကျင်သူတွေပါ။ သူတို့ကိုပြန်လွှတ်၊ တံခါးပိတ်ဝါဒကျင့်သုံးပြီး မြန်မာလူမျိုးတွေအချင်းချင်းပဲ စီးပွားရေးလည်ပတ်နေတော့ နိုင်ငံလည်း နှစ်ပေါင်းလေးဆယ်လောက် သေသွားတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်လောက်ကတော့ ဗိုလ်ချုပ်ကြီးတွေထဲမှာ ဥာဏ် ရည်ဥာဏ်သွေး အထက်မြက်ဆုံးဖြစ်တဲ့ ခင်ညွှန့်နဲ့ ကျွန်တော်အဆက် အသွယ်ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတွေထဲမှာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ စိတ် ဝင်စားတာလည်း သူတစ်ယောက်ပဲ ရှိပါတယ်။ ဆူဟာတို့လမ်းစဉ်ကိုလိုက်ဖို့ သူ့ကို ကျွန်တော်တိုက်တွန်းခဲ့ပါသေးတယ်။ စစ်ဝတ်စုံကိုချွတ်၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲနိုင်အောင်လုပ်၊ လူထု ရဲ့ထောက်ခံမှုရလာပြီဆိုရင် စီးပွားရေးတံခါးဖွင့်လိုက်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ပြောပြီးလို့ မကြာခင်မှာပဲ ခင်ညွှန့်လည်း အဖမ်းခံလိုက်ရပြီး နေ အိမ် အကျယ်ချုပ် အချခံလိုက်ရပါတော့တယ်။ အဲဒီနောက် မြန်မာစစ်တပ်နဲ့ ကျွန်တော်လည်း အဆက်အသွယ်မရှိတော့ပါဘူး။ နောက်ပြီး မြန်မာပြည် သွားပြီး တိုက်တွန်းနေလို့လည်း စင်္ကာပူအတွက် အကျိုးအမြတ် ဘာမှမရှိနိုင် ဘူးလို့လည်း သုံးသပ်မိပါတယ်။
နိုင်ငံတော်တော်များများကြိုးးစားခဲ့ကြပြီး ဘယ်သူမှလည်း အောင်မြင်မှု မရရှိခဲ့ကြပါဘူး။ ဒါကြောင့် ဒီ အလုပ်ဟာ ကျွန်တော်လုပ်ရမယ့်အလုပ်လို့ မထင်တော့ပါဘူး။

ဆက်ရန်

တိုင်တန်းနစ်ဇာတ်ကား မြန်မာပြည်မှာရိုက်ခဲ့ရင်


၁။ သင်္ဘောမြုတ်နေလို့ တစ်ပိုင်းလုံးရေထဲရောက်ချိန်အထိ တကယ်မြုတ်နေတာ ဟုတ်၊ မဟုတ် ကော်မရှင်ဖွဲ့ပြီးစစ်ဆေးမည်။
၂။ တကယ်မြုတ်နေတာသေချာသည်နဲ့ ကာဖျူးအမိန့်ထုတ်မည်။
၃။ အသက်ကယ်လှေအားလုံးနီးပါးကို စစ်ဗိုလ်ချုပ်ကြီးတွေအတွက် ရီစာဗေးရှင်းလုပ်ထားမည်။
၎။ လူအုပ်ထိမ်းက နယ်စပ်ဝန်ကြီးနဲ့ ကြံ့ဖွံ့အဖွဲ့ဝင်များဖြစ်နေမည်။
၅။ ကျန်ကောင်းကျန်ရာအသက်ကယ်လှေကို ၈၈ မျိုးဆက်အချို့နဲ့ နိုင် ငံရေးဩဇာကြီးသူအချို့အတွက် ချန်ထားမည်။
၆။ ကပ္ပတိန်က ပွန်းညက်ရအောင်ရှာ၊ သင်္ဘောပေါက် ဖာ၊ စိတ်မပူကြဖို့ အားပေးမည်။
၇။ မြန်မာ့ဆိုင်းဝိုင်းက အောင်ပါစေသီချင်းနဲ့ နဂါးနီသီချင်းကို ဗျောသံညံညံနဲ့ ဆို၊ တီးနေမည်။
၈။ "ဆောရီးပဲ ခရီးသည်များ၊ လီယိုနာဒိုနဲ့ ကိတ်ဝင်းစလက်"။ ဒါ မြန်မာပြည်။
(သူများနိုင်ငံတွေက တိုင်တန်းနစ်ဇာတ်ကား ဘယ်မှာရိုက်ရင် ဘာညာ ရေး ကြလွန်းလို့ ရေးလိုက်တာ ပါ။ စာဖတ်သူတွေလည်း ဖြည့်ခွင့်ရှိပါတယ်)