လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ငါး၊ ကောက်နှုတ်ချက်
"ပိုများလာတဲ့ လူဦးရေအတွက် အရင်းအမြစ်တွေလည်း ပိုလိုလာတယ်။ ဒီတော့ လူဦးရေထူထပ်တဲ့(သို့မဟုတ်)ရုတ်တရက်ကြီး လူဦးရေတိုးလာ တဲ့နေရာက လူတွေဟာ လူဦးရေသူတို့လောက်မများတဲ့ နေရာတွေဆီ တိုးဝင်လာ တတ်တယ်။ နယ်မြေတွေ သိမ်းပိုက်လာတတ်တယ်။ လူဦးရေ တိုးမှုနှုန်း သူတို့လောက် အားမကောင်းတဲ့ လူ့အဖွဲ့ အစည်း တွေအပေါ် ဖိအားတွေ ပိုပေးလာတတ်တယ်။ ဒါကြောင့် အစ္စလာမ် ဘာသာဝင် လူဦးရေ တိုးပွားလာမှုဟာ အစ္စလာမ်နိုင်ငံ နယ်နိမိတ်တွေနဲ့ဆက်စပ်နေတဲ့ မွတ်စလင်နဲ့မွတ်စလင်မဟုတ်သူတွေကြားက ပဋိပက္ခတွေကို အဓိကမွေး ထုတ်ပေးနေတဲ့ အကြောင်း တစ်ကြောင်း ဖြစ်နေပါတယ်"
၁၉၉၀ ခု စောစောပိုင်းနှစ်တွေမှာ ဆူဟာတို လက်ခံကျင့်သုံးလိုက်တဲ့ ပေါ် လစီက “မွတ်စလင်ပိုဆန်ရေး-More Muslim” ပေါ်လစီပါ။ ဘင်္ဂလားဒေ့(ရှ်)မှာလည်း ၁၉၇၀ ခုနှစ်တွေမှာရှိခဲ့တဲ့ အခြေခံ ဥပဒေထဲက အစ္စလာမ်မစ်ဥပဒေတွေ ဝင်ရောက် နေရာယူလာလို့ အရပ်သားဥပဒေတွေရဲ့ ထိရောက်မှု၊ အရေးပါမှုတွေလျော့ကျလာခဲ့ပြန်တယ်။ ၁၉၉၀ ခုနှစ်တွေ ရောက် လာတော့ တူရကီရဲ့ အစ္စလာမ်မဟုတ်တဲ့ (Kemalist) အာမန္တာဝါဒ အိုင်ဒင် တတီဟာ ပထမဆုံးအကြိမ်အဖြစ် အကြီး အကျယ် ခြိမ်းခြောက်မှု ခံနေရပါ တယ်။ (Note 30)
(Kemalist က ရှေ့အခန်းမှာ ပါ ပြီး၊ ခေတ်မီခြင်း၊ အနောက်တိုင်း ဆန်ခြင်း နှစ်မျိုးလုံး လက်ခံတဲ့အာမန္တာဝါဒ)
သူတို့ရဲ့ အစ္စလာမ်အပေါ် သဘောထားနဲ့ လုပ်ဆောင်ချက်ကို ထင်ရှားစေ ဖို့(အစ္စလာမစ်ခေါင်း ဆောင်တွေနဲ့ မွတ်စလင်ကမ္ဘာက သိလာစေဖို့) အစိုး ရခေါင်း ဆောင်တွေဖြစ်ကြတဲ့ အိုဇေး(လ်) (Ö zal) တို့၊ ဆူဟာတိုတို့၊ ကရီမော့(စ်) (Karimov) တို့လည်း မက္ကာဘုရားဖူးခရီးကို ခပ်သုတ် သုတ်လေး ထွက်ခဲ့ကြတော့တယ်။
မွတ်စလင်နိုင်ငံအစိုးရတွေကလည်း အစ္စလာမ်ဥပေဒတွေကို ကျင့်သုံးလာကြ တယ်။ အင်ဒိုနီးရှားမှာ အစ္စလာမ် မစ်ဥပဒေနဲ့ ကျင့်ထုံးတွေကို အရပ်သား ဥပဒေမူတွေနဲ့ရောယှက်ပြီး ကျင့်သုံးလာခဲ့သလို အထိုက်အလျောက် များပြား တဲ့ မွတ်စလင်မဟုတ်သူ လူဦးရေကိုကြည့်ပြီး မလေးရှားကလည်း အစ္စလာမ် မစ်ဥပေဒနဲ့ အစ္စလာမ်မစ်မဟုတ်တဲ့ ဥပဒေရယ် လို့ ဥပဒေနှစ်မျိုးခွဲပြီး တစ်စ ချင်းကျင့်သုံးလာတယ်။ (Note 31) ဗိုလ်ချုပ်ကြီး (Zia ul-Hag) အစိုးရ လက် ထက်မှာ ပါကစ္စတန်နိုင်ငံကလည်း တရားဥပဒေရေးရာမှာရော စီးပွားရေးရေး ရာမှာပါ အစ္စလာမ်ဘာသာနဲ့အညီဖြစ်စေဖို့ အကြီး အကျယ် အားစိုက်ထုတ် ခဲ့တယ်။
အစ္စလာမ်မစ် ပြစ်ဒဏ် စီရင်ခြင်းတွေကို စတင်ကျင့်သုံးလာခဲ့တယ်။ ရှာရီယား ဘာသာရေးတရား ဥပဒေအတိုင်း တရားခုံရုံးတွေထောင်ပြီး ရှာရီးယား (Sharia)ဥပဒေသည်သာ နိုင်ငံတော်ရဲ့ဥပဒေဖြစ်တယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ တယ်။
အခြား ကမ္ဘာ့ဘာသာကြီးတွေရဲ့ ပြန်လည်ရှင်သန်ခြင်းလိုပါပဲ အစ္စလာမ် ဘာသာပြန်လည် နိုးထလာခြင်းကလည်း ခေတ်ဆန်(ခေတ်မီ)လာခြင်း(မော်ဒန်နိုက်ဇေးရှင်း)ရဲ့ထုတ်ကုန်တစ်ခုဖြစ်သလို ဒီအခွင့်အရေးကိုလည်း သူတို့ က အမိအရ ဖမ်းဆုတ်ယူနိုင်ကြတယ်။ ဒီလှုပ်ရှားမှုကြီးရဲ့ အဓိက နောက် ခံအကြောင်းတရားကတော့ အနောက်မဟုတ်တဲ့ နိုင်ငံတွေရဲ့ “ယဉ်ကျေး မှုကိုယ်ပိုင်ပြုခြင်း” လမ်းကြောင်းအတိုင်း မြို့ပြစနစ် (တည်ထောင်နေထိုင်)၊ လူမှုရေးသက်ဝင်လှုပ်ရှားမှု၊ စာတတ်မြောက်မှုနှုန်းမြင့်မားလာမှုနဲ့ ပညာရေး အဆင့်မြင့်မားလာမှု၊ ထိတွေ့မှုများ လာတဲ့ ဆက်ဆံရေးနဲ့ မီဒီယာအသုံးပြုမှု၊ အနောက်တိုင်းနဲ့ အခြားယဉ်ကျေးမှုတွေကြား အပြန်အလှန် ဆက်ဆံရေး ကျယ်ပြန့်လွယ်ကူလာမှုတွေပဲ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် မိရိုးဖလာကျေးလက်အခြေခံ လူမှုဆက်ဆံေ ရးတွေ၊ မိသားစု သံယောဇဉ်တွေ နည်းပါးလာပြီး တန်ပြန်အကျိုးဆက်အနေနဲ့ အထီးကျန်ဆန်မှု၊ ကိုယ်ပိုင်အမှတ်အသား(အိုင်ဒီတတီ) ပျောက်ဆုံးမှုတွေ ဖြစ် လာခဲ့ကြရတယ်။ အစ္စလာမ်မစ်သင်္ကေတတွေ၊ လုပ်ဆောင်မှုတွေနဲ့ အစ္စလာမ် ယုံကြည်မှုတွေက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတွေကို ဖြည့်ဆည်းပေးနိုင် ပြီးအစ္စလာမ်မစ်လူမှုကူညီရေးအဖွဲ့တွေက မော်ဒန်နိုက် ဇေးရှင်းကြောင့်
ဖြစ်ပေါ်လာခဲ့ တဲ့ မွတ်စလင်တွေရဲ့လူမှုရေး၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြတယ်။
အခုတော့ မွတ်စလင်တွေ က ခေတ်သစ် ကမ္ဘာအတွက် အစ္စလာမ်ရဲ့ လမ်းညွှန်မှုနဲ့ မောင်းနှင် အားရရှိစေဖို့အစ္စလာမ်မစ် အတွေး အခေါ်တွေ အကျင့်တွေနဲ့ စည်းကမ်းဥပဒေတွေကို ကမ္ဘာထဲ ဖြန့်ဝေပေးရမယ်လို့ ခံစား ယုံကြည်နေကြတော့တယ်။ (Note 32)
အစ္စလာမ်ဘာသာ ပြန်လည်အားကောင်းလာခြင်းဟာ ရှေ့မှာတင်ပြခဲ့သလို “အနောက်ရဲ့ ပါဝါနဲ့ ဂုဏ်သိက္ခာ" ကျဆင်းလာမှုလည်း ပါဝင်ပါတယ်။ အနောက်ရဲ့ ဂုဏ်သိက္ခာ တစချင်း ဆုတ်ယုတ်မှေးမှိန်လာတော့ သူတို့ အတွေး အခေါ်နဲ့သူတို့စည်းကမ်းတွေကလည်းဆွဲဆောင်မှု မရှိတော့ဘူး။ ဒီထက်ပိုပြီး တိကျတဲ့အကြောင်းကတော့ ၁၉၇၀ ခုနှစ် တွေမှာ ရေနံဈေးတွေ ရုတ်တရက်ထိုးတက်သွားခြင်းပါပဲ။ ဒါကြောင့် မွတ်စလင်နိုင်ငံ အများစု ဟာ ကြွယ်ဝချမ်းသာမှုရော အာဏာပါ တဟုန်ထိုး ထိုးတက်သွားပြီး တချိန်က အနောက်တိုင်းရဲ့ အလွှမ်းမိုးခံ၊ လက်အောက်ခံနိုင်ငံတွေ ဘ၀က နေ လွတ်မြောက်သွားကာ တစ်ကျော့ပြန် ခေါင်းထောင်လာနိုင်ခဲ့ကြတော့တယ်။ အဲဒီ အချိန်တုန်းက ဂျွန်ဘီကယ်လီ (John B-Kelly)က ဒီလိုကောက်ချက်ချ တယ်။
“ဆော်ဒီတွေအတွက် သူတို့ကိုဖိနှိပ်ခဲ့တဲ့ အနောက်ကို ပြန်လည်လက် စားချေလိုက် နိုင်တော့ ကျေနပ်မှုနှစ်ဆတောင်ရခဲ့ကြတယ်ဆို သံသယ ရှိစ ရာမလိုပါဘူး။ ဆောဒီအာရေးဗျရဲ့ လွတ်လပ်ရေးနဲ့ ပါဝါကို ထုတ်ဖော်ပြ လိုက်ရုံတင်မကပဲ ဆန္ဒရှိနေခဲ့တဲ့အတိုင်း ခရစ်ယန်ကိုသူတို့ အထင်မကြီးဘူး၊ အစ္စလာမ်က ဘာသာတရား အားလုံးထက်သာတယ်ဆိုတဲ့ သဘောထား ကိုလည်းထုတ်ပြနိုင်ခဲ့ကြတယ်။ ရေနံချမ်းသာတဲ့ မွတ်စလင် နိုင်ငံတွေရဲ့ အပြုအမူက “သူတို့သမိုင်း၊ သူတို့ဘာသာရေး၊ သူတို့လူမျိုးရေးနဲ့ သူတို့ ယဉ်ကျေးမှုတွေကိုကြည့်ရင် အနောက်တိုင်း ခရစ်ယန်ဟာ အရှေ့က အစ္စလာမ်အောက်မှာပဲ ရှိတယ်ဆိုတဲ့ သဘောမျိုးအထိပြသရဲလာကြတဲ့ သဘောမျိုးတွေပါ။” (Note 33)
ဆော်ဒီ၊ လစ်ဗျားနဲ့ အခြားအစိုးရတွေက ရေနံကရလာတဲ့ သူတို့ချမ်းသာကြွယ် ၀မှုတွေကို အစ္စလာမ်ဘာသာ ပြန် လည် ရှင်သန်လာရေးအတွက် အသုံးပြု ကြတယ်။ နောက်ပြီး မွတ်စလင်တွေရဲ့ ကြွယ်ဝချမ်းသာမှုဟာ အနောက်တိုင်း ယဉ် ကျေးမှုကို ကျေနပ်သာယာနေရာကနေ သူတို့ကိုယ်ပိုင် ယဉ်ကျေးမှုတွေ ထဲ စိမ့်ဝင်သွားအောင်မွေးစားယူလိုက်ရင်း တချိန်ထဲမှာပဲ အစ္စလာမ်ဘာသာ ဟာ အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုလည်း အစ္စလာမ်မဟုတ်တဲ့ လူ့အဖွဲ့ အစည်း တွေကြားပြသဖို့ စိတ်အားထက်သန်လာကြတော့တယ်။ အရင်က အနောက်တိုင်းရဲ့ ကြွယ်ဝ ချမ်းသာမှုကြောင့် အနောက် တိုင်းယဉ်ကျေးမှုဟာ သူများယဉ်ကျေးမှုတွေထက် သာတယ်ဆိုတဲ့ သက်သေ သာဓကဖြစ်ခဲ့ သလို ရေနံကြွယ်ဝမှုကြောင့် အစ္စလာမ်ရဲ့ သာလွန်မှုကိုလည်း ပြသနေသလို ထင်လာရပါတော့တယ်။
၁၉၈၀ ခုနှစ်တွေရောက်လာတော့ ရေနံဈေးနှုန်းတွေ ငြိမ်ဆင်းသွားပြီး ရေနံ က ပေးနေတဲ့ တွန်းအားတွေလျော့ သွားတော့ လူဦးရေတိုးပွားမှုနှုန်းက အားသစ်လောင်းပေးလိုက်ပြန်တယ်။ အရှေ့အာရှ တိုးတက် လာခြင်းဟာ အထင်ကရ မြန်မြန်ဆန်ဆန်ကြီးတိုးတက်လာတဲ့ စီးပွားရေး ကြောင့်ဖြစ်သလို အစ္စလာမ်ရဲ့ နိုးထလာခြင်းကိုလည်း အထင်ကရ တိုးပွား လာတဲ့ သူတို့ လူဦးရေက အလားတူ အားသစ်ပြန်လောင်းပေးနေပြန်တယ်။ ဘော်(လ်) ကန်ဒေသတွင်း နိုင်ငံတွေ၊ မြောက် အာဖရိကနဲ့ အာရှ အလယ်ပိုင်း နိုင်ငံတွေ နဲ့ အခြားအစ္စလာမ်မစ် နိုင်ငံတွေမှာ တိုးပွားလာနေတဲ့ လူဦးရေက အိမ်နီးနား ချင်း နိုင်ငံတွေထက် အများကြီးပိုများနေသလို ယေဘုယျ ခြုံကြည့်ရင် ကမ္ဘာ့ လူဦးရေတိုးပွားနေပုံထက်လည်း သာနေဆဲပါပဲ။
၁၉၆၅ နဲ့ ၁၉၉၀ ခုနှစ်တွေအတွင်း တစ်ကမ္ဘာလုံးရဲ့ လူဦးရေဟာ ၃.၃ ဘီလီ ယံကနေ ၅.၃ ဘီလီယံအထိ တိုးပွား ခဲ့ပါတယ်။ မွတ်စလင်နိုင်ငံတွေရဲ့ နှစ် စဉ် လူဦးရေတိုးပွားမှုနှုန်းက အမြဲတန်း ၂.၀ ကို ကျော်နေပြီး မကြာမကြာ ၂.၅ ကို တောင် ကျော်သွားတတ်တယ်။ တချို့အချိန်တွေမှာ ဆိုရင် ၃.၀ ရာခိုင်နှုန်း အထိရှိတယ်။ ဥပမာအားဖြင့် ၁၉၆၅ နဲ့ ၁၉၉၀ ခု အတွင်း မဂ္ဂရပ် (ဘ်)ရဲ့ နှစ် စဉ်လူဦးရေ တိုးပွားနှုန်းက ၂.၆၅ ရာခိုင်နှုန်းရှိပြီး၊ ၂၉.၈ ဗီလီယံကနေ ၅၉.၀ ဗီလီယံ အထိ ရှိလာတယ်။
(Maghreb - အရပ်ဟာ အာဖရိက အနောက်ပိုင်း (သို့မဟုတ်) အာဖရိက အနောက် မြောက်ပိုင်းနဲ့ အီဂျစ် အနောက်ပိုင်း)
အယ်(လ်)ဂျီရီးယားရဲ့ လူဦးရေတိုးပွား မှုနှုန်းက ၃.၀ ရာခိုင်နှုန်းအထိရှိတယ်။ ဒီနှစ်တွေ အတွင်းမှာပဲ အီဂျစ်က ၂.၃ ရာခိုင် နှုန်းနဲ့ ၂၉.၄ ဗီလီံယံကနေ ၅၂.၄ ဗီလီယံ။ ၁၉၇၀ နဲ့ ၁၉၉၀ ခုနှစ်တွေအတွင်း အလယ်ပိုင်းအာရှရှိ တာဂျစ် ကစ် စတန်က ၂.၉ ရာခိုင်နှုန်း ဥဇဘက်ကစ္စတန်က ၂.၆ ရာခိုင်နှုန်း၊ တာ့(က်) မင် နစ္စတန်က ၂.၅ ရာခိုင်နှုန်း၊ ကာဂျစ္စတန်က ၁.၉ ရာခိုင် နှုန်း၊ ကာဇက်စတန် ကတော့ ၁.၁ ရာခိုင်နှုန်းပဲရှိတယ်။ ဒါပေမဲ့ သူတို့(ကာဇက်စတန်)ရဲ့လူဦးရေ တစ်ဝက်လောက်က ရုရှားတွေပါ။ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတွေရဲ့ လူဦးရေတိုးပွားနှုန်းက နှစ်စဉ် ၂.၅ ရာခိုင်နှုန်းကျော်ပြီး၊ အင်ဒိုနီး ရှားက ၂.၀ ရာခိုင်နှုန်းကျော်တယ်။ ရှေ့မှာဖော်ပြခဲ့သလိုပါပဲ။ ယေဘုယျ မွတ်စလင် လူဦး ရေဟာ ၁၉၈၀ မှာ ကမ္ဘာ့ လူဦးရေရဲ့ ၁၈ ရာခိုင်နှုန်းရှိပြီး သက္ကရာဇ် ၂၀၀၀ မှာ ၂၀ ရာခိုင်နှုန်း ၂၀၂၅ ခုမှာ ၃၀ ရာခိုင်နှုန်း အထိ ရှိလာနိုင် စရာ ရှိပါတယ်။(Note 34)
မဂ္ဂရပ်(ဘ်)နဲ့ အခြားနေရာတွေက လူဦးရေတိုးပွားနှုန်းဟာ ထိပ်ဆုံး(အမြင့် ဆုံး)ကို ရောက်သွားခဲ့ပြီး အခုစတင် လျော့ကျလာနေတယ်။ ဒါပေမဲ့ ကျလာ တဲ့ နှုန်းထားနဲ့ဆိုရင်ပဲ လူဦးရေဟာ သိပ်များနေ ပါလိမ့်ဦးမယ်။ ပြီးတော့ ဒီလူဦးရေ တိုးပွားမှုက ၂၁ ရာစုရဲ့ ပထမ ၂၅ နှစ်အတွင်းမှာ သက်ရောက် မှုအများကြီးရှိနေလိမ့်မယ်။ များပြားလှတဲ့ ဆယ်ကျော် သက် တွေနဲ့ ၂၀ နဲ့ ၃၀ အကြား လူငယ်ထုရဲ့ လူဦးရေ အရေအတွက်ကို ထောက်ဆရင် လာမယ့်နှ စ်တွေအတွင်း မွတ်စလင် လူဦးရေဟာ အချိုးအစားမညီမျှစွာ လူငယ်တွေပဲ အများစုဖြစ်နေပါလိမ့်မယ်။ (အညွှန်း ၅.၂ ကိုကြည့်ပါ)။ ဒါ့အပြင် ဒီ အရွယ် လူငယ်ထုအများစုက မြို့ပြတွေမှာ နေထိုင်ပြီး အနည်းဆုံး အလယ်တန်း အဆင့်ပညာရေး ရှိနေကြလိမ့်မယ်။ ဒီလူ ဦးရေပမာဏနဲ့ လူထုလှုပ်ရှားမှု ပမာဏကို ပေါင်းလိုက်ရင် နိုင်ငံရေးအရ သိသာထင်ရှားတဲ့ အကျိုးဆက် သုံးခု ရှိလာနိုင်ပါတယ်။
တစ် ။ ။ လူငယ်တွေဟာ ဆန့်ကျင်မှုလုပ်ဖို့ လက်မနှေးတတ်ဘူး၊ တည်ငြိမ် ရင့်ကျက်မှု မရှိသေး၊ ပြောင်းလဲပြုပြင်ရေး နဲ့ တော်လှန်ရေးဝါဒ ရှိကြတယ်။ သမိုင်းကြောင်းအရကြည့်ရင် ဒီလောက်များပြားတဲ့ လူငယ်တွေခေတ်မှာ လှုပ် ရှားမှု ကြီးကြီးမားမားတွေ ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ ပြောပြနေတယ်။ “ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးဟာ လူငယ်ထုရဲ့ လှုပ်ရှာမှုတွေထဲက အကောင်းဆုံး ဥပမာတစ်ခုပါ။” ဂျက်ဂိုး(လ်)စတုန်း (Jack Gold stone) က စေ့စေ့စပ်စပ်နဲ့ ဒီလို ဆွေးနွေးပြတယ်။ “လူဦးရေတိုးပွားမှုဟာ ယူရေးရှာ မှာ ဖြစ်ပွားခဲ့တဲ့ ၁၇ ရာစု အလယ်ခေတ်တော်လှန်ရေးနဲ့ ၁၈ ရာစု နှောင်း ပိုင်း တော်လှန်ရေး နှစ်ခုတို့ရဲ့ အဓိကအချက်တစ်ချက် ဖြစ်ပါတယ်။”(Note 35)
အနောက်တိုင်း နိုင်ငံတွေမှာ အထင်ကရ တိုးပွားလာတဲ့ လူငယ်လူဦးရေ ဟာ (၁၈) ရာစု နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ “ဒီမိုကရေစီတော် လှန်ရေး” နဲ့ သွားပြီး တိုက်ဆိုင်နေတယ်။ ၁၉ ရာစု ထဲမှာတော့ အောင်မြင်တဲ့ စက်မှုစီးပွားရေးနဲ့ ဥရောပ နိုင်ငံတွေအတွင်း အပြန်အလှန်ဝင်ရောက်နေထိုင်လာခြင်းတွေေ ကြာင့် ဥရောပနိုင်ငံတွေမှာ လူငယ်ထုရဲ့ နိုင်ငံရေးပေါ် သက်ရောက်မှု လျော့ ကျသွားခဲ့တယ်။ ၁၉၂၀ ခုနှစ်တွေ အတွင်းမှာ လူငယ်လူဦးရေ တက်လာ ခဲ့ပေမဲ့ ဖက်ဆစ်ဝါဒနဲ့ အခြားအစွန်းရောက်ဝါဒ လှုပ်ရှားမှုတွေရဲ့ အဖွဲ့ဝင်သစ် စုဆောင်းမှုထဲ လူငယ်တွေပါသွားပြန်တယ်။ (Note 36)
နောက်နှစ်ေ ပါင်း ၄၀ ကြာတဲ့အခါမှာတော့ ဒုတိယကမ္ဘာစစ်အပြီး မွေးဖွား ခဲ့တဲ့ လူငယ်မျိုးဆက်က ၁၉၆၀ ခုနှစ်တွေ မှာဖြစ်ပွားခဲ့တဲ့ လမ်းပေါ်တက် ဆန္ဒပြခြင်းတွေနဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခု နိုင်ငံရေးလောကထဲ ချန်ထားခဲ့ကြပြန် တယ်။
အစ္စလာမ်ရဲ့ လူငယ်ထုကလည်း “အစ္စလာမ်ဘာသာ ပြန်လည်နိုးထခြင်း” နဲ့ သူတို့အမှတ်အသားကို ပြခဲ့ပြီးဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်တွေမှာ လှုပ်ရှားမှုကြီး စတင်ခဲ့ပြီး ၁၉၈၀ ခုနှစ်တွေမှာ အရှိန်အဟုန်ကောင်းလာခဲ့တယ်။ အဓိက မွတ်စလင်နိုင်ငံတွေထဲက (၁၅ နှစ်နဲ့ ၂၄ နှစ်အတွင်း) လူငယ်အရေအတွက် ဟာသိသိသာသာကြီး တိုးပွားလာပြီး စုစုပေါင်း လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ကို ကျော်လွန်သွားခဲ့တယ်။ မွတ်စလင်နိုင်ငံ အများစုရဲ့ လူငယ်အရေအတွက် ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေအတွင်း အမြင့်ဆုံးကို ရောက်ခဲ့သလို ကျန်တဲ့ မွတ်စလင်နိုင်ငံတွေရဲ့ လူငယ်ထုက လည်း ၂၁ ရာစု အဦးပိုင်းမှာ အမြင့်ဆုံး ကိုရောက်လာပါလိမ့်မယ်။ (ဇယား ၅-၁ ကိုကြည့်ပါ) ခြွင်းချက်တစ်ခုက လွဲရင် စနစ်တကျ ပြင်ဆင်ထားခဲ့တဲ့ နိုင်ငံတိုင်းရဲ့ လူငယ်လူဦးရေဟာ သူတို့နိုင် ငံတွေမှာရှိတဲ့ စုစုပေါင်း လူဦးရေရဲ့ ၂၀ ရာ ခိုင်နှုန်းထက် ကျော်နေမယ်။ ခြွင်းချက်တစ်ခုဆိုတာကတော့ ဆော်ဒီအာရေးဗျရဲ့ လူငယ်လူဦးရေဟာ ၂၁ ရာစုရဲ့ ပထမဆုံး ၁၀ နှစ် မှာ အမြင့်ဆုံးရောက်မယ်ဆိုတဲ့ ခန့်မှန်း ချက်လွဲ သွားပြီး ဒီထက်စောပြီး အမြင့်ဆုံးကိုရောက်သွားခြင်းပါ။
ဒီလူငယ် ထုကြီးဟာ အစ္စလာမ်မစ်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေ အတွက် တစ်တပ်တစ်အား ဖြစ်ခဲ့တယ်။ အီရန်နိုင်ငံရဲ့ လူဦးရေဟာ ၁၉၇၀ ခုနှစ်တွေအတွင်းမှာ အမြင့်ဆုံး အနေအထားကို ရောက်ခဲ့ပါတယ်။ ဒီကာလတွေရဲ့ နောက်ဆုံး ၅ နှစ်အချိန်အတွင်း လူငယ်လူဦးရေက စုစုပေါင်း လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့ချိန်နဲ့ ၁၉၇၉ ခုနှစ်က အီရန် တော် လှန်ရေး ဖြစ်ပွားချိန်ဟာ တိုက်ဆိုင်မှုသက်သက်ဖြစ်နိုင်မယ်မဟုတ်ပါဘူး။ အယ်(လ်)ဂျီးရီးယားနိုင်ငံ မှာလည်း ၁၉၉၀ ခုနှစ်တွေ အတွင်း လူငယ်လူဦးရေ စုစုပေါင်း ၂၀ ရာခိုင်နှုန်းကို ရောက်ချိန်နဲ့ အစ္စလာမ်မစ် (F.I.S) ပါတီက လူကြိုက်များပြီး ရွေးကောက်ပွဲနိုင်ချိန် တိုက်ဆိုင်နေခဲ့တယ်။ အထူးအားဖြင့် အဲဒီ မွတ်စလင်လူငယ်ထုရဲ့ ခေတ်ထဲမှာပဲ ဒေသတွင်း မတူညီ စိတ်ဝမ်း ကွဲပြားမှုတွေ ဖြစ်ပွားခဲ့တာပါ။ (ဇယား ၅-၃ ကိုကြည့်ပါ)။
အချက်အလက်(ဒေတာ) တွေကိုဂရုတစိုက်နဲ့ ညှိနှိုင်းအဖြေရှာရမှာ ဖြစ်ပါတယ်။ ဘော့(စ်)နီးယာနဲ့ အယ်(လ်) ဘေး နိးယား ရဲ့ လူငယ် လူဦးရေဟာ ၂၀ ရာစုနဲ့ ၂၁ ရာစု အကူးအပြောင်းကာလအတွင်းမှာ လျော့ကျလာလိမ့်မယ်လို့ ပရောဂျက် က ညွှန်ပြနေပြီး ပင်လယ်ကွေ့ နိုင်ငံတွေရဲ့ လူငယ်လူဦးရေ တိုးပွားနှုန်းကတော့ ဆက်လက်တည်ရှိ နေပါလိမ့် ဦးမယ်။ ၁၉၈၈ ခုနှစ်မှာ နန်းလျာထားခြင်းခံရတဲ့ ဆော်ဒီအာရေးဗျမင်းသား အဗ္ဗနူလာက နိုင်ငံအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုက လူငယ်ထုထဲမှာ အစ္စလာမ်မစ်အယူသည်း မှုတွေ တိုးပွားလာနေခြင်းပဲလို့ ပြောခဲ့ပါတယ်။(Note 37) ဒီခန့်မှန်းခြေတွေ အတိုင်းသာဆိုရာ ဒီအန္တရာယ်ဟာ ၂၁ ရာစုထဲအထိ ကောင်းကောင်းကြီး ဆက်လက်တည်ရှိ နေပါလိမ့်ဦးမယ်။
အဓိက အာရပ်နိုင်ငံတွေရဲ့ (အယ်(လ်)ဂျီးရီးယား၊ အီဂျစ်၊ မော်ရိုကို၊ ဆီးရီး ယားနဲ့ တူနီးရှား) အသက် ၂၀ ကျော်တွေ အလုပ်ရှာဖွေမှုနှုန်းဟာ ၂၀၁၀ အထိ အများအပြား ရှိနေလိမ့်ပါမယ်။ ၁၉၉၀ ခုတွေနဲ့နှိုင်းရင် တူနိးရှားမှာ အလုပ်ခွင်ထဲ ၀င်ရောက်လာတဲ့ လူငယ်အရေအတွက်ဟာ ၃၀ ရာခိုင်နှုန်း၊ အယ်(လ်)ဂျီးရီယား၊ အီဂျစ်နဲ့ မော်ရိုကိုတို့မှာ ၅၀ ရာခိုင်နှုန်းနဲ့ ဆီရီးယားမှာ ရာနှုန်းပြည့်တိုးပွားလာပါမယ်။ အာရပ်နိုင်ငံတွေရဲ့ စာတတ်မှုနှုန်း ရုတ်တ ရက် မြင့်မားလာခြင်း ကြောင့် စာမတတ်တဲ့ ရှေ့က မျိုးဆက်နဲ့ စာတတ်တဲ့ လူငယ်မျိုးဆက်တွေကြား ကွာဟမှုကြီးတစ်ခု ဖြစ်စေပြီး ဒါကြောင့်ပဲ “"ပညာနဲ့ ပါဝါကြား ဟန်ချက်မညီ” နိုင်ငံရေးလမ်းကြောင်း ပြောင်းသွားစရာ လည်း ဖြစ်လာနိုင်ပြန်ပါတယ်။ (Note 38)
ပိုများလာတဲ့ လူဦးရေအတွက် အရင်းအမြစ်တွေလည်း ပိုလိုလာတယ်။ ဒီတော့ လူဦးရေထူထပ်တဲ့ (သို့မဟုတ်) ရုတ်တရက်ကြီး လူဦးရေတိုးလာ တဲ့နေရာက လူတွေဟာ လူဦးရေသူတို့လောက်မများတဲ့ နေရာတွေဆီ တိုးဝင်လာ တတ်တယ်။ နယ်မြေတွေ သိမ်းပိုက်လာတတ်တယ်။ လူဦးရေ တိုးမှုနှုန်း သူတို့လောက် အားမကောင်းတဲ့ လူ့အဖွဲ့ အစည်း တွေအပေါ် ဖိအားတွေ ပိုပေးလာတတ်တယ်။ ဒါကြောင့် အစ္စလာမ် ဘာသာဝင် လူဦးရေ တိုးပွားလာမှုဟာ အစ္စလာမ်နိုင်ငံ နယ်နိမိတ်တွေနဲ့ဆက်စပ်နေတဲ့ မွတ်စလင်နဲ့မွတ်စလင်မဟုတ်သူတွေကြားက ပဋိပက္ခတွေကို အဓိကမွေး ထုတ်ပေးနေတဲ့ အကြောင်း တစ်ကြောင်း ဖြစ်နေပါတယ်။ လူဦးရေထူထပ်မှုနဲ့ စီးပွားရေး အီလည်လည်ဖြစ်နေမှု နှစ်ခုပေါင်း စပ်လိုက်တော့ မွတ်စလင်ေ တွက အနောက်နိုင်ငံတွေနဲ့ မွတ်စလင်မဟုတ်တဲ့နိုင်ငံတွေထဲဝင် ရောက်ေ နထိုင်လာနှုန်းကလည်း မြင့်တက် လာတယ်။ လူဦးရေ ထူထပ်လွန်းတဲ့ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံခြားမှာ သွားရောက်နေထိုင်ရေး'မူ'ဟာ အမြဲတန်း ရှိနေလိမ့် မယ်။ ရုတ်တရက်ကြီး တိုးပွားလာနေတဲ့ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ တိုးပွားမှုနှုန်းနည်းတဲ့ (သို့မဟုတ်) လုံးဝ မတိုးသလောက် ဖြစ်နေတဲ့ လူတွေ ရဲ့ယဉ်ကျေးမှုတို့ သူသာကိုယ်သာယှဉ်ပြိုင်မှုဟာ အဖွဲ့အစည်းနှစ်ခုစလုံး အတွက် စီးပွားရေးနဲ့နိုင်ငံရေး ဟန်ချက်ပြန်ညှိယူရမယ့် အနေအထားဆီ တွန်းပို့ပေးနေတတ်ပြန်တယ်။
ဥပမာအားဖြင့် ၁၉၇၀ ခုနှစ်တွေမှာ ရုရှားလူဦးရေ တိုးပွားနှုန်းက ၆.၅ ရာခိုင်နှုန်းပဲရှိပြီး မွတ်စလင် တိုးပွားနှုန်းက ၂၄ ရာခိုင်နှုန်းအထိ ဖြစ်နေတော့ ဆိုဗီယက်ပြည်ထောင်စုလူဦးရေဇယားမှာ အပြောင်းလဲတွေ အများအပြားဖြစ် ခဲ့တယ်။ ဒါက အာရှအလယ်ပိုင်း နိုင်ငံတွေရှိ ကွန်မြူနစ် ခေါင်းဆောင်တွေ ကို ခေါင်းမီးတောက်စေခဲ့တယ်။ (Note 39) အလားတူပါပဲ ရုတ်တရက်ကြီး တိုးပွားလာတဲ့ အယ်(လ်)ဘေးနီးယားတွေကကြောင့် ဆပ်(ဗ်)တွေ ဂရိတွေနဲ့ အီတလီ လူမျိုးတွေ စိုးရိမ်မကင်း ဖြစ်ကြရတယ်။ အစ္စရေးက ပါလက်စတိုင်း လူဦး ရေတိုးပွားမှုကို ပူပန်နေရသလို စပိန်ကလည်း သူတို့လူဦးရေး တိုး ပွားနှုန်းက ၅ ပုံ ၁ ပုံသာ ရှိလေတော့ သူတို့ထက် ၁၀ ဆ ပိုမျိုးနေတဲ့ အိမ်နီးချင်း မဂ္ဂရပ်(ဘ်) နိုင်ငံတွေရဲ့ လူဦးရေကြောင့် စိတ် မအေးနိုင်ကြဘူး။
ဆက်ရန်