"အိမ်"


၁။ ငါပွင့်လိုက်တဲ့မနက်ခင်းမှာ မုန်တိုင်းရှည်ကြီးများ ကျလာလေမလားဆိုတဲ့ သံသယစိတ်နဲ့ ပန်းလေးတစ်ပွင့်ဟာ ပွင့်ဖို့ကြောက်အားပို ခြေလှမ်း ရွံ့နေ ခဲ့ပါသလား။
၂။ ဒါဆို ငါဆောက်လိုက်တဲ့အိမ်ကလေးအပြီးမှာ ငါ့အိမ်ကလေးရဲ့အမိုးတွေကို ခိုးယူသွားမယ့် မုန်တိုင်းရှည်ကြီးများ ကျလာလေမလားဆိုတဲ့ သံသယစိတ် နဲ့ကော အိမ်ဆောက်ဖို့ စို့ရွံ့နေသင့်ပါသလား။
၃။ ရောက်တဲ့ကမ်းတိုင်းကို စွန့်ခွာရမှာပဲဆိုတဲ့အသိနဲ့ မြစ်တစ်စင်းဟာ ကမ်း အသစ်ဆီဆိုက်ရမှာကို စိုးရွံ့နေတတ်ပါသလား။
၎။ ဒါဆို" ကွေကွင်းနောက်ဆုံးရှိခြေပြီ" ဆိုပြီး ဘာကိုမှ မချစ်ဘဲနေသွားသင့်ပါ သလား။

လောကဓမ္မကိုသင်ကြားခြင်းသည် အရှိတရားကို လက်ခံ၊ ခွင့်လွှတ်၊ နားလည်ခြင်းသာဖြစ်ပြီး ကြောက်ရွံ့နေဖို့မဟုတ်ဟုထင်ပါသည်။
အနားမှာ ဘာမှ၊ ဘယ်သူမှ မရှိဘူးဆိုစေ(သို့) အရာခပ်သိမ်းမှ ထွက်ပြေးသည် ဆိုစေ ကျွန်တော်တို့ကိုယ်တိုင်ဆောက်ခဲ့တဲ့ ခန္ဓာအိမ်တော့ရှိနေပါလိမ့်မည်။
ထိုအိမ်ကလေး အမိုးမကွာဖို့ တတ်နိုင်သရွေ့ စောင့်ရှောက်ထားရပါဦးမည်။
စောင့်ရှောက်နေသည့်ကြားမှလည်း အမိုးကွာကောင်း ကွာသွားနိုင်ပါသေးသည်။
ထိုကာလအတွင်း ချစ်စရာ လူ၊ အရာဝတ္ထုတို့ကိုလည်း ရိုးရိုးသားသား ချစ်သွား ကြရပါလိမ့်ဦးမည်။






မရေးဖြစ်တာကြာပြီဖြစ်တဲ့ ရသကဲဆောင်းပါးလေးတစ်ပုဒ်ကို "အိမ်" နဲ့ ပတ်သက် တဲ့ ဂျာနယ်တစ်ဆောင်အတွက် ရေးဖြစ်ပါသည်။ အပြည့်အစုံကိုတော့ သူတိုဖော်ပြပေးပြီးမှပဲ တင်သင့်သည်ဟု ယူဆပါသည်။

စာအုပ်မိတ်ဆက်ပွဲ ကီးပလေးယားများ


၁။ အခန်းနားမှုး မရွှေဇင်မိုး(ရွှေမြန်မာမဂ္ဂဇင်းအဖုံးရှာကြည့်ရင် တွေ့နိုင်၊ ဒါဆို မြန်မာဆန်ဆန် လှသူမှန်း သိ)
၂။ ဆရာ သစ္စာနီ (ပုပြီး မပုသူ)
၃။ ဆရာ မောင်စိမ်းနီ (တစ်ခါတစ်ခါ ကလေးဆိုးကြီးလို)
၎။ အရှင်ကဝိသရ(စာအုပ် ဖီးဘက် ပထမဆုံးပေးတဲ့ ပဒတ်ထိုင်းသား၊ မြို့နယ်တူ)
ကိုဖြူဖွေး၊ ကိုအောင်ထိပ်(ဒေါက်တာ၊ ကဗျာဆရာ၊ ပဲခူးသား၊ အစာအိမ် အတွက် ဆေးစာရေးပေးသူ၊ သိန်း ၂၀ နဲ့ ပီယာနိုဝယ်ပြီး ဒို၊ ရေ၊ မီ ကနေ မတက်နိုင်သူ)၊ ကိုကျော်သာတို့ကိုတော့ တစ်ယောက်ထဲပုံ မရှိလို့ မတင်တော့ ဘူး။




ကစ်ဆင်းဂျားရဲ့ စာအုပ်အသစ်


ကစ်ဆင်းဂျားရဲ့ စာအုပ်အသစ်၊ အခန်း ၃ မှာလည်း "Islamism and the Middle East: A World in Disorder " တဲ့။ ပက်ပက်စက်စက်ကို ဝေဖန်ထားတာ။

မွေးစားခြင်း သီအိုရီ



စလုံး သီလရှင်တစ်ပါး၏ အခက်အခဲနဲ့ပတ်သက်ပြီး ဆောင်းပါးရေးဖူးသည်။ ယင်းဆောင်းပါးကို အောက်မှာ ပြန်လည်ဖော်ပြပေးထားသည်။ အခု ပြောချင် သည်က သူမအကြောင်းမဟုတ်၊သူမ ပရိက္ခရာအကြောင်းဖြစ်ပါသည်။
လူစကားဖြင့်ဆိုလျင် ကျောင်းမှာ အစမ်းခန့်ကာလအနေနဲ့ သူမရောက်ရှိနေပြီဖြစ် ပါသည်။ ထိုအခါ သူမနဲ့အတူ သူမ ပရိက္ခရာလည်းပါလာသည်။ ပုံကိုကြည့်ပါ။ ပြုံးမိသည်။
လေးထောင့်စပ်စပ် ယွန်းခွက်လိုခွက်က သူမ သပိတ်ဖြစ်လေသည်။ ယခင်လို အဝိုင်းမဟုတ်တော့။ ၂၁ ရာစုမှာ သပိတ်လည်း ဝိုင်းရာမှ လေးထောင့်ဖြစ်သွား ခဲ့ပြီ။
ဆွမ်း၊ ခေါက်ဆွဲ၊ ဟင်း၊ သစ်သီးထည့်စရာ ခွက်လေးတွေ သီးသန့်ပါသည်။
သူမ တစ်နပ်စာအတွက် ကွက်တိဖြစ်လေသည်။
ခေတ်မီလာတိုင်း အဆုံးအမနဲ့ ဝေးသွားတာ မဟုတ်။
*******************************************************************

နိုင်ငံခြားမှာ ဒါတွေရှိတယ် (၂)

မနေ့က တရုတ်၊ စလုံးသီလရှင် မဒီပင်္ကရာရောက်လာသည်။ သူမကြုံတွေ့နေ ရသည့် အခြေအနေကို ရှင်းပြရင်း အကူအညီတောင်းခံရန် ရောက်ရှိလာခြင်း မျိုးဖြစ်သည်။
သူမမှာ မိခင်ကြီးရှိခဲ့သည်။ ထေရဝါဒသီလရှင်ဘဝဖြင့် ဘယ်ကျောင်းမှာမှ မနေ၊ သူမအိမ်ခန်းမှာပဲ မိခင်နှင့်အတူနေရင်း သတိပဋ္ဌာန် ပွားနေသူဟု သိရသည်။ သူမကို သိသည်ကတော့ ၅နှစ် ၆နှစ်ရှိပြီဟုထင်သည်။ ၁၉၉၆ မှာ သီလရှင် ဝတ်ခဲ့ သည်ဟု သိရသည်။
ယခု သူမ မိခင်ကြီး မရှိရှာတော့၊ ဆုံးပါးသွားလေပြီ။ ထို့နောက် ဒုတိယပြသနာက သူမအဆိုအရ အိမ်မှာ သူမတစ်ယောက်ထဲ နေခွင့်မရှိ။ အာဏာပိုင်များက အခြား တစ်ယောက်နဲ့ အတူနေရမည်ဟု ညွှန်ကြားလာသည်ဟု ဆိုပါသည်။
ဤကို ထောက်ဆပြီး အိမ်က သူမ အပိုင်မဟုတ်၊ အစိုးရအထောက်အပံ့ဖြင့် ငှားရမ်းနေနေသော အိမ်ဟု ယူဆရပါသည်။ မိခင်နှင့်အတူနေရာမှာ ပြသနာ မရှိသော်လည်း သူစိမ်းတစ်ယောက်နဲ့ အတူနေဖို့ကျတော့ သီလရှင်ဖြစ်နေသည့် အတွက်(အိပ်ချိန်၊ စားချိန် မတူညီကြခြင်း စသည်)အခက်ကြုံနေရကြောင်း ဆိုပါ သည်။
ယခု သူမ အိမ်အပိုင် ဝယ်လိုသည်။ သို့သော် သူမမှာ ငွေက လုံလုံလောက်လောက် မရှိ။ အစိုးရဆီက ချေးငွေရရန် သူမမှာလက်ရှိ လစာရသည့် အလုပ်ရှိနေရမည်။
ထို့ကြောင့် မိမိတို့ကျောင်းအနေနဲ့ သူမကို အလုပ်ခန့်လို့ ရ၊ မရ အကူအညီတောင်းခံခြင်းမျိုး ဖြစ်လေသည်။

သူမနဲ့ ဆင်ဆင်တူ ရဟန်းတစ်ပါးကိုတော့ ရဟန်းဖြစ်နေသဖြင့် အပြီး လက်ခံထားဖို့ သဘောတူခဲ့သည်။ ယခုဆိုလျင် သူ၏ မင်ဒရင်း(တရုတ်)ဘာသာနဲ့ ထေရဝါဒသင်တန်းများ အရှိန်အဟုန် အတော်ကြီး ကောင်းနေပေပြီ။ ထေရဝါဒအဆုံးအမကို စင်ကာပူမှာ တရုတ်လို ဖြန့်ဝေနိုင်သည့် ပထမဆုံး သင်တန်းဟုပင် ဆိုကြသည်။ သာဓုခေါ်ဖွယ်ပင်ဖြစ်ပါ၏။ နိုင်ငံခြားသား(အမှန်မူ ဤနိုင်ငံက သူတို့နိုင်ငံသာ မဟုတ်ပါလား) ဝင်လာမှာ မကြောက်တတ်သည့် မိမိ၏ မူရင်းစိတ်နဲ့ဆုံးဖြတ်ချက် မှန်သည်ဟု ယူဆရပါသည်။ စရိုက်သဘာဝများ ကွဲပြားသော်လည်း နားလည်မှုက ညှိနှိုင်းလို့ ရပါသည်။
*********************************************************************

အသက်၊ အတွေ့အကြုံငယ်သေးသည့် ညီငယ်၊ ညီမငယ်တို့အတွက် သင်္ခန်းစာ။ (ဆရာကြီး၊ ဆရာမကြီးများအတွက် မဟုတ်ဟုဆိုလိုသည်)
ဤသဘောတရားကို ပါမောက္ခကြီးများရေးသည့် ကမ္ဘာ့နိုင်ငံရေး စာအုပ် ထူထူကြီးတွေထဲမှာ "မွေးစားခြင်း သီအိုရီ(သို့)သူ့ယဉ်ကျေးမှု ကိုယ်ပိုင်ပြုခြင်း" လို့ ဆိုကြပါသည်။ ဘာမှမဟုတ်ပါ။ ခေတ်မှီပစ္စည်းများကို မိမိတို့မူလ ယဉ်ကျေးမှုနဲ့ အည်ီ အသုံးပြုခြင်း၊ မိမိယဉ်ကျေးမှုကို မကွယ်စေဘဲ ခေတ်မှီအောင် ကြိုးစားခြင်း သာဖြစ်ပေသည်။

ဒါက အကြမ်းဖက်မှုမဟုတ်သေးဘူး၊ လူပါးဝတာ


ဘယ်လ်ဂျီယမ်နိုင်ငံ၊ အက်သ်မြို့၊ စာသင်ကျောင်းတိုင်းရဲ့ဆိုင်(ကင်းတင်း)တိုင်းမှာ ဝက်သားမရောင်းဖို့ မွတ်စလင်ကျောင်းသားမိဘတွေက တောင်းဆိုတယ်၊ ဒါကို မြို့တော်ဝန်က ပယ်ချတယ်။
သူပြောတာက ရှင်းပါတယ်၊ ဘယ်လ်ဂျီယမ်နိုင်ငံထဲလာနေတယ်ဆိုရင် ဘယ်လ်ဂျီ ယမ်ယဉ်ကျေးမှုကို လက်ခံမွေးစားနိုင်ရမယ်။ ဘယ်လ်ဂျီယမ်တွေက သူတို့နောက် မလိုက်နိုင်ဘူး၊ သူတို့ကသာ ဘယ်လ်ဂျီယမ်တွေနောက် လိုက်ရမယ်။ ဒါကိုမကျေနပ်ရင် ရှာရီးယားဥပဒေကျင့်သုံးတဲ့ နိုင်ငံတွေထဲသွားနေကြ၊ ကမ္ဘာပေါ် မှာ အဲသလိုနိုင်ငံ ၇၅ နိုင်ငံရှိတယ်၊ လူဦးရေကတော့ ပြွတ်သိပ်လို့၊ အဲဒီကို သွားကြ။ အဲဒီမသွားဘဲ ဘယ်လ်ဂျီယမ်ထဲ လာနေကြတယ်ဆိုတာ ဘယ်လ်ဂျီယမ် က ပိုကောင်းနေလို့ တဲ့။

သူ့မေးခွန်းက"ခင်ဗျားတို့စွန့်ခွာလာတဲ့နိုင်ငံနဲ့ ဘယ်လ်ဂျီယမ်နိုင်ငံ ဘယ်နိုင်ငံက သာသလဲ" ကိုယ့်ကိုယ်ကို ပြန်မေးကြ တဲ့။
ဘယ်လ်ဂျီယမ်နိုင်ငံကသာတယ်ဆိုရင် သာရတဲ့အကြောင်းထဲမှာ ဝက်သားစား တာလည်း ပါတယ်တဲ့။ ရှင်းကရော။
ဒီပုံကတော့ ပြတ်သားတဲ့ Ath မြို့တော်ဝန် Marc Duvivier ရဲ့ ပုံပါ။