တည်ဆောက်ဆဲ နိုင်ငံတော်အတွက် ကိုယ့်နယ်ပယ်နဲ့ကိုယ် ရေးသင့်တယ် (ဦးအေးငြိမ်း)


ဦးအေးငြိမ်းက သူ့သူငယ်ချင်း အသက် ၅၀ တန်း အင်ဂျင်နီယာတွေကို နည်းပညာ ရပ်ဆိုင်ရာ စာအုပ်တွေ ရေးကြဖို့ တိုက်တွန်းထားတယ်။ မှန်တာပေါ့။ တည်ဆောက်ဆဲ နိုင်ငံတော်အတွက် ကိုယ့်နယ်ပယ်နဲ့ကိုယ် ရေးသင့်တယ်။
ဥပမာ ဆရာဝန်တွေက ဆေးပညာနဲ့ဆိုင်တဲ့ စာအုပ်တွေ ရေး၊
အင်ဂျင်နီယာတွေက နည်းပညာရပ်ဆိုင်ရာ စာအုပ်တွေ ရေး၊
အဲ ဘုန်းကြီးတွေက ကမ္ဘာ့နိုင်ငံရေး စာအုပ်တွေ ရေး၊ (ဒါတော့ ဆင်ဆာ လွတ်အောင် နည်းနည်း ပြင်လိုက်ရတယ်)

သီလနဲ့အက်သစ်


၁။ တောင်တက်သမား အက်သစ် (ပါဏာတိပါတ)။
ဥပမာ။ တောင်တက်သမား ငါးယောက်ဟာ ခြေချော်လက်ချော်ဖြစ်ပြီး ကြိုးတန်း လန်းနဲ့ ဒုက္ခရောက်နေကြတယ်။ အဲဒီကြိုးရဲ့ တာရှည်ခံနိုင်မှုက လေးယောက်ပဲ။ ဒီတော့ တစ်ခုတည်းသော ဖြေးရှင်းနည်းက အောက်ဆုံးမှာရှိနေတဲ့လူကို သူ့ အထက်မှာရှိနေတဲ့ စတုတ္ထမြောက် တောင်တက်သမားက ကြိုး ဖြတ်ချခြင်းပဲဖြစ် ပါတယ်။ ဖြတ်မချဘူးဆိုရင် ငါးယောက်စလုံး ကြိုးပြတ်ကျပြီး သေတော့မယ်။ ဒီမှာ တောင်တက်သမား အက်သစ်က "စတုတ္ထမြောက် တောင်တက်သမားဟာ အက်သစ်အရ မှန်တယ်" လို့ဆိုတယ်။

ကဲဒါဆို ဗုဒ္ဓဘာသာရဲ့ ငါးပါးသီလက ဘာပြောမလဲ။
ဒါဟာ ပါဏာတိပါတလား။
စေတနာမပါလို့ မဟုတ်ဘူးဆိုရင် ဖြတ်ချလိုက်လို့သေမယ်ဆိုတာ သူ မသိဘူး လား။
ဒါကို ဗုဒ္ဓဘာသာက ချီးမွမ်းသလား၊ ကဲ့ရဲ့မလား။

တစ်နေ့က (NUS) ကျောင်းသားတစ်ယောက်မေးတဲ့ မေးခွန်းနှစ်ခုထဲက တစ်ခုပါ။ စနစ်တကျ စဉ်းစားခြင်း (Critical thinking) ဆီက ထွက်လာတဲ့မေးခွန်းပေါ့။ တစ်ခုသိထားရမှာက အဲဒီကျောင်သားဟာ ပါဏာတိပါတမြောက်ဖို့ အင်္ဂါတွေကို သိထားသူပါ။
သူ့မေးခွန်းအတွက် အဖြေတွေက ကွဲနေမှာဖြစ်သလို အမှား၊ အမှန်လည်း မရှိပါဘူး(ယူနီဗာဆယ် စတန်းဒတ်နဲ့ ဆုံးဖြတ်လို့ မရဘူး)။
ဒီမေးခွန်းက ဘယ်ကျမ်းက ဘာဆိုတယ်ဆိုတာထက် လက်တွေ့ ယုတ္တိဗေဒကို ပို တောင်းဆိုပါတယ်။

စိတ်ဝင်စားရင် (ကွန်မင့်မရေးရင်တောင်) ကိုယ်တိုင် ဖြေကြည့်ကြပါလား။ ဗုဒ္ဓဘာသာက ငါးပါးသီလဟာ လူတိုင်းကျင့်သုံးလို့ရတယ်လို့ ဆိုတတ်ကြတော့ ကမ္ဘာထဲဝင်မယ့် ဗုဒ္ဓဘာသာလည်း ဒီမေးခွန်းမျိုးတွေကို သေချာပေါက် ရင်ဆိုင် ရမှာဖြစ်ပါတယ်။

==============================
"တောင်တက်တဲ့အားကစားကိုဝေါင်ဝေါင်ရှေးပါ့မယ် ဟီးးး"

ဘယ်လိုပဲဖြေဖြေ အမှားအမှန် တိတိကျကျ မရှိလှပါဘူး။ ဒါပေမဲ့ အဖြေအားလုံးရဲ့ အပြီးမှာ အဆုံးသတ်သင့်တာက Nyein KyawMaung ရဲ့ အဖြေလို့ထင်ပါတယ်။ "တောင်တက်တဲ့အားကစားကိုဝေါင်ဝေါင်ရှေးပါ့မယ် ဟီးးး"
သူ့ဥပမာနဲ့ သူ့ပြန်ချည်ပြီး "ဗုဒ္ဓဘာသာအဆုံးအမကတော့ ကြိုးဖြတ်ရမယ့်နေ ရာရော၊ အဖြတ်ခံရမယ့်နေရာကိုပါမရောက်ရအောင်ဆင်ခြင်နေပါ"
ပြောပါတယ်လို့ဖြေရင် ပရိသတ်ပါ ပွဲကျပြီး တသောသော ဖြစ်သွားမှာပါ။ (မနက်ဖြန်ပို့စ်ပြီးရင် သုံးသပ်မှုတချို့ တင်ပေးပါမယ်)

Alphabet taught to kids nowadays


*****

ပဋိပက္ခကို ချဉ်းကပ်နည်း (ပြန်ချင်သည့် ကွန်မင့်များ)


"လီကွမ်းယုလိုမဟုတ်ဘူး၊ မင်းစာအုပ်အသစ် ကြီး ကို ငါတော့ သိပ်နားမလည် ဘူးဗျ" ဆိုတဲ့ ဆရာသမားကို
"ဦးဇင်း၊ လီကွမ်းယုက ကြာနီကန်ဆရာတော်တရားလိုပဲ၊ ဟန်တင်တန်ကတော့ မင်းကွန်းဆရာကြီးတရားနဲ့တူမယ်" လို့ သူသိတဲ့ ဥပမာပေးလိုက်တော့
"အော် အဲလိုလား" တဲ့။
မတတ်နိုင်ဘူး၊ မနှိုင်းအပ်ပေမဲ့ နှိုင်းပြလိုက်တော့ ရှင်းသွားတပေါ့။
"ကစ်ဆင်းဂျားက သူတို့အလယ်မှာရှိနေပြီး သီတဂူဆရာတော်ကြီးတရားနဲ့ တူမယ်" လို့ ပြောချင်တာ၊ သူထပ်ရှုပ်သွားမှာစိုးလို့ မလျှောက်ဖြစ်တော့ပါဘူး။
(October 13 at 5:24pm )




ပဋိပက္ခကို ချဉ်းကပ်နည်း (ပြန်ချင်သည့် ကွန်မင့်များ)

Ko Wun Tho "ဟုတ်တယ် ဦးဇင်း (ပဋိပက္ခကို) နားမလည်လို့  ရပ်ထားရတယ်။
ချည်းကပ်နည်းလေးပြောပါဦး။
ခေါင်းကလည်း မြန်မာပြည်းတုန်းကလို သိပ်ကြည်တာမဟုတ်တော့"

**************************************************************************
ပြောမလို့ပဲ။ မလိုဘူး ထင်လို့။ ကျေးဇူးပဲ ကိုဝန်းသို။ အကြံပြုရရင်............
အခန်း ၁၊ ၂၊ ၃ ကို အမှာပဲ ဖတ်ပါ။ ဒါတွေက သူ့ကို ဝေဖန်ကြလို့ မခံချင်လို့ရေး တာမျိုးမို့ သူပညာပြထားတာတွေ များတယ်။
အခန်း ၄ ကနေ စဖတ်ပါ။ ကျန်တာ မခက်တောတော့ဘူး။ ကောက်ချက်ကို ဂရုစိုက်ဖို့ပဲ၊ သီအိုရီတွေ မရှုပ်တော့ဘူး။
(ဆရာကြီးဂိုက် ဖမ်းချင်ရင်တော့ အခန်း ၇ ပြီးမှ ၁၊ ၂၊ ၃ ကို ပြန်ဖတ်ပေါ့။ ဟန်တင်တန်က ပြောတယ် ဘာညာ ပေါ့ဗျာ။
အခန်း ၁၊ ၂၊ ၃ မရှင်းရင်တောင် ဒီစာအုပ်ရဲ့ မက်ဆေ့ဂ်ျ မပျက်ပါဘူး)

မောနင်း ပို့စ်


မလေး တက္ကသိုလ်ကျောင်းသူတစ်ယောက် အကြမ်းဖက်သမားနဲ့ လက်ထပ်ဖို့ ဆီးရီးယားကို ထွက်ခွာတယ်ဆိုတဲ့ သတင်းပါလာသလို မလေးတစ်ယောက်ရေး ထားတဲ့ အကြမ်းဖက်မှု နှိမ်နှင်းရေးဆောင်းပါးကိုလည်း တွေ့ရပါတယ်။
နောက်ဆုံးဝါကျကလွဲရင် အများစုသဘောကျမယ့် ဆောင်းပါးကောင်းပါပဲ။
သူ့ဦးတည်ချက်က....
အကြမ်းဖက်မှု နှိမ်နှင်းရေးမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍ အရေးပါ။
အကြမ်းဖက်မှုတွေနဲ့ ရှာရီးယားဥပဒေဆီသွားလို့မရကြောင်း ဘာသာရေးခေါင်းဆောင်တွေ သိသင့်။
မွတ်စလင်အကြမ်းဖက်မှုက ဖြေရှင်းချက်မဟုတ်သလို အနောက်ရဲ့ စစ်ရေးအရ တုန့်ပြန်မှုကလည်း ဖြေရှင်းချက်မဟုတ်။
ဂေါ့ဒ်၊ အလ္လာတို့ အဆုံးအမအတိုင်းမှ ရမယ်၊
ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍမပါဘဲ အကြမ်းဖက်မှုကို နှိမ်နှင်းလို့ မရနိုင်(မဟာသီယာရဲ့ စကားကို ကိုးကား)
ဒါပေမဲ့ အကြမ်းဖက်မှုက မဟာသီယာလက်ထက်ကတည်းက အစပျိုးနေခဲ့။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်အချို့မှာ တိုက်ရိုက် တာဝန်ရှိ။
ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှုက မှားယွင်း။
အကြမ်းဖက်မှုဆိုတာ အပြစ်မဲ့သူကို သတ်ဖြတ်ခြင်း၊ အနောက်တိုင်းသား ကို ခေါင်းဖြတ်ခြင်းသာ မဟုတ်၊ သူတစ်ပါးရဲ့ အခွင့်ရေးကို တားမြစ်တာလည်း အကြမ်းဖက်မှု.......စသည် သုံးသပ်ခဲ့ပြီး.....
နောက်ဆုံးမှာ ရှာရီးယားဥပဒေ တရားဝင်ဖြစ်စေဖို့ စစ်မှန်တဲ့ ကရုဏာ၊ မေတ္တာ တရားကသာ ဆောင်ကျဉ်းပေးနိုင်မယ်လို့ အဆုံးသတ်ထားပါတယ်။



ဒီမှာ မေးစရာရှိလာတာက.....
ငြိမ်းချမ်းရေးအတွက် ရှာရီးယား ဥပဒေက မရှိမဖြစ်လား၊
ရှာရီးယားဥပဒေကို ကမ္ဘာထဲ မိတ်ဆက်နေချင်သရွေ့ ငြိမ်းချမ်းရေးဆိုတာ ရကောရနိုင်ဦးမှာလား ဆိုတာပါပဲ။
ဒီလို မျှမျှတတဆောင်းပါးရေးနိုင်သူတစ်ယောက်က ဒီမေးခွန်းမျိုးတွေ မေးမသွား ခဲ့ဘူး။