သတင်းစာပေါ်မက်တဲ့ အိပ်မက်များ


ဒီနေ့ထုတ်သတင်းစာထဲက ဓာတ်ပုံလေးနှစ်ပုံနှင့်ဆက်စပ်နေသည့် အိပ်မက်နှစ် ခုအကြောင်း ပြောပြကြည့်ချင်ပါသည်။
ပထမပုံကတော့ ဘာလင်တံတိုင်းသေဆုံးခြင်း ၂၅ နှစ်မြောက် ပွဲသဘင် အကြောင်းဖြစ်ပါသည်။ ဗီသိုဘင်ရဲ့တေးသံတွေလည်း လူးလွန့်နေသည်၊ ဂေါ် ဘာချက်ရဲ့ သက်ကြီးစကားတွေကိုလည်း သက်ငယ်ကြားခဲ့ရသည်ဟု သိရပါ သည်။



မြန်မာလူမျိုးတစ်ယောက်၏ အိပ်မက်သည် ဤမှာပင် ရပ်မနေခဲ့ပါ။ အိပ်မက်ဟု ဆိုစေ ဤမျှဖြင့် မရပ်နားကောင်းဟုယုံကြည်မိပါသည်။ ကမ္ဘာမှာ မလိုးလား အပ်သော ဘာလင်တံတိုင်းပေါင်း များစွာရှိနေလိမ့်ဦးမည်ဟုလည်း ယုံကြည်နေ မိသည်။ မရှိစေချင်ပါ။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ နိုင်ငံတော်၏ အလံအောက်မှာ...
နိုင်ငံတော်ကရွေးချယ်လိုက်သည့် ခေါင်းဆောင်၏ ဦးဆောင်မှုအောက်မှာ... စည်းလုံးစွာနေထိုင်လိုပါသည်။ မည်သူရယ်မဆိုလိုပါ။ သိက္ခာရှိရှိနိုင်သည့်ေ ခါင်းဆောင်မျိုးကိုဆိုလိုပါသည်။ သူ့ကို၊ သူမကိုလည်း လေးစားချင်ပါသည်။

ဒုတိယပုံကတော့ မြန်မာပြည်ရဲ့ လေးဖက်သွားစဘဏ်စနစ်အကြောင်းဖြစ်ပါ
သည်။ ရေးထားတာကလည်း ရစရာကိုမရှိပါ။ ဒါကလည်း နိုင်ငံခြားတိုင်းပြည်တွေ နဲ့နှိုင်းတော့ တကယ့်အမှန်တရားဖြစ်နေပြန်ပါသည်။



ဒါပေမဲ့ မနေ့က ဂျက်စမင်းပြောပြသလို
"ဟို..လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်က ငါတို့နိုင်ငံရဲ့ ဘဏ်စနစ်၊ စီးပွားရေးစန်ကြီးက ဒီလိုတဲ့ကွာ" ဆိုပြီး နောက်မျိုးဆက်လူငယ်တွေကို ဓာတ်ပုံပြပြီး ဂုဏ်ယူတကြွားပြောခွင့်ရရင်ကောင်းမှာလို့ အိပ်မက် ဆက်မိနေမိပါသည်။

မည်သို့ဖြစ်စေ၊ မလိုအပ်သည့် တံတိုင်းတွေတော့ ရှိမနေစေချင်တော့ပါ။ ဒါမရှိမှ ခရီးတွင်ပါလိမ့်မည်။

ဒီသတင်းမျိုးကတော့ "Only in India" ပဲ။


လေယာဉ်ဆင်းမရဘူးဆိုတော့ အကြမ်းဖက်သမားတွေကပဲ လေယာဉ်ကို အပိုင်စီးထားလို့လား။ ဒါမှမဟုတ် လေယာဉ်ကွင်းကိုပဲ မွတ်စလင်အကြမ်း ဖက်သမားတွေက သိမ်းထားလို့လား ပေါ့။
မဟုတ်ရပါ။ သင်းကွဲကျွဲတွေက လေယာဉ်ပြေးလမ်းကနေ ဖယ်မပေးလို့တဲ့။
"ကျွဲအရောင်က ကတ္တရာရောင်နဲ့ရောနေတော့ မမြင်ရဘူး" ဆိုတာက ပိုင်းလော့ရဲ့ ကိုယ်တွေ့စကား။
လေယာဉ်တစ်စီးဆိုရင် ကျွဲဝင်တိုက်မိလို့ လမ်းချော်သွားသတဲ့။
ခရီးသည်တွေတော့ ဘာမှမဖြစ်ဘူးဆိုပဲ ဦးတေဇ ရေ။

ဘာလင်ကနေ ရုပ်ရှင်ကြည့်သွားခြင်း


ဟား ဟား ဟား ဟား
အယူအဆတစ်ခု ခြံကျော်စားမှာစိုးလို့
အုတ်ပုံတွေနဲ့ တားကြသတဲ့
ရယ်စရာကောင်းပေမဲ့
သူခေတ်နဲ့သူတော့ လူ တစ်ဝက်အတွက်
ဒါက မှန်ခဲ့တယ် လူကြီးမင်းတို့ရယ်။

လူကြီးမင်းတို့အထဲမှာ
"ငါ့ရှင်တို့က ဘာလဲ၊ ငါက ဘာလဲ
နာမည်တွေ မြေကြီးပေါ်ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်"

တာရာမင်းဝေ ပါသလား။

ဒါမှ မဟုတ်လည်း
ကြိုက်တဲ့ သံချပ်ကာ ဆင်ခဲ့
ကြိုက်တဲ့လက်နက်နဲ့ ဝင်ခဲ့
လူလူချင်း လက်လက်ချင်းလေ
စပါတာ ကပ်စ်တို့ လူစွမ်းကောင်းရွေးသလို
စည်းကမ်းက တစ်ခုထဲ
"The last standing man, win" မဖြစ်နိုင်ဘူးလား။

အဲသလိုမှ မဖြစ်နိုင်ရင်လည်း
အာနိုးတို့လို ခပ်ရှင်းရှင်းပြောလိုက်စမ်းပါ
"I love you so much,
So I will kill you last." လို့။

ကိုရီးယားလူငယ်အိပ်မက်


"ဖေဖေကပြောတယ်၊ လွန်ခဲ့တဲ့ ၁၅ နှစ်၊ အနှစ် ၂၀ က ကိုရီးယားပတ်စ်ပို့မြင် လိုက်တာနဲ့ ဆင်းရတဲ့နိုင်ငံ၊ နှစ်ခြမ်းကွဲနေတဲ့နိုင်ငံဆိုပြီး နိုင်ငံတိုင်းက အထင်သေးကြတယ်။ သမီးတို့ပတ်စ်ပို့လေးတွေကို မလိုအပ်ရင် လူရှေ့မှာ မမြင်အောင် ဖွက်ထားကြရတယ်တဲ့"
"ဒါဆို ဂျက်စမင်းတို့ အခု ပွဲက ဒုတိယ ခြေလှမ်းပေါ့"
"ဟုတ်တယ်၊ ဖေဖေတို့၊ မေမေတို့မျိုးဆက်မှာ နိုင်ငံ့စီးပွားရေးတိုးတက်အောင် လုပ်ယူနိုင်ခဲ့ကြတယ်၊ သမီးတို့လက်ထက်မှာ ကွဲနေတဲ့နှစ်နိုင်ငံ ပေါင်းစည်း သွားအောင် လုပ်ယူရမယ်"

အဲဒါ အသက် ၂၀ အရွယ်၊ (စံပါယ်) ဂျက်စမင်း ကင်မ်နဲ့မျိုးဆက်သစ်တွေရဲ့ အိမ်မက်။
သူတို့အိပ်မက်အတွက် ဒါတွေလုပ်နေတယ်ဆိုတာ ကမ္ဘာကို ခေါ်ပြကြတာတဲ့။
သူတို့အားကို လျှော့တွက်ရင် လူကြီးမင်းတို့ မှာမယ်နော်။
သူတို့အနာဂတ်ကို သူတို့ ပုံဖော်ပါစေ။
လမ်းကြောင်းတည့်ပေးပါ။ မတားလိုက်ပါနဲ့။ နှစ်ဖက် ရှုံးပါလိမ့်မယ်။
(ဘာလင်တံတိုင်း ၂၅ နှစ် အမှတ်တရနဲ့ ကိုရီးယားလူငယ်အိပ်မက်ကို ဂုဏ်ပြုပါ တယ်)

လူတွေ့တိုင်း ဦးကျို့ရတဲ့ ကောက်ရိုးမျှင်လိုခါးတွေကို ကျနော်တို့ စွန့်ပစ်ချင်ပြီ


စင်္ကာပူက ဆရာလီတို့ရဲ့ ပီအေပီပါတီ နှစ် ၆၀ မြောက်သတင်းပါလာတယ်။
စင်္ကာပူက နှစ် ၆၀ အတွင်း လူ ၆ သန်းကို အထပ် ၆၀ တိုက်တွေပေါ် တင်ပေးသွားတယ်။
မြန်မာပြည်က လူ သန်း ၆၀ ဘာလဲ၊ ဘယ်လဲ။
လီကွမ်းယု အမှာလေး ဘာသာပြန်ပေးလိုက်ပါတယ်။
"မီးရှူးတိုင်ကို မျိုးဆက်သစ်တွေလက်ထဲ ထည့်ပေးခဲ့ပြီ။ ကျွန်တော်တို့ဘဝတွေ အဆင်ပိုပြေလာသလို အခွင့်အလမ်းတွေလည်း ပိုများလာခဲ့တယ်။ ဒါပေမဲ့ ပါတီရဲ့ တာဝန်က အရေးပိုကြီးလာသလို ခက်လည်း ခက်ခဲနေဆဲပါ။ ပါတီဟာ လူထုရဲ့ ယုံကြည်ထောက်ခံမှုရရှိအောင် ကြိုးစားနေရမှာဖြစ်သလို အထူးသဖြင့် လူငယ်ထုနဲ့ အားလုံးရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနေနိုင်အောင်ပြင်ဆင်ထားရမယ်။ သူတို့နဲ့အတူလက်တွဲပြီး ပိုကောင်းတဲ့၊ ပိုစွမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် လုပ်ဆောင်ပေးနိုင်ရမယ်" တဲ့။

အာဏာရှိသူ အာဏာရှင်ဆန်တာက မဆန်းပါဘူး။
ဒါပေမဲ့ ပြည်သူနဲ့လူငယ်ထုကို အလေးထားမှ မြန်မာ့သမိုင်း၊ လူကြီးမင်းတိုသမိုင်းလှလိမ့်မယ်။

လူငယ်တွေ ကမ္ဘာထဲတိုးဝင်ရဲပါစေ
လူငယ်တွေ ဂလိုဘယ်အိပ်မက် မက်ပါစေ
လူတွေ့တိုင်း ဦးကျို့ရတဲ့ ကောက်ရိုးမျှင်လိုခါးတွေကို ကျနော်တို့ စွန့်ပစ်ချင်ပြီ။