တို့နိုင်ငံရဲ့ လတ်တလော သမိုင်း



အစိုးရလုပ်သင့်တာက တွေ့ဆုံ၊ ဆွေးနွေး၊ အပေးအယူသဘောတရားတွေကို တရားဝင် ထုတ်ပြန်(တောင်တစ်မျိုး မြောက်တစ်မျိုး ကဘောက်တိ ကဘောက် ချာတော့ မလုပ်သင့်ဘူး)။
ကျောင်းသားထုတောင်းဆိုတာက များနေတာလား??????????????
အစိုးရပေးတာက နည်းနေတာလား????????????????
ပြည်သူက ဆုံးဖြတ်ပါစေ။ ဒါမျိုးက ဘာမှန်းမသိ "သွေးထိုးလှုံ့ဆော်နေတဲ့ လူ အုပ်ကြီး" ဆိုတာထက် ပိုပြီးအစိုးရဆန်တယ်၊ ပိုထိရောက်တယ်၊ ပို ပညာပါ တယ်။ ဒါက ဦးသိန်းစိန် လူထုရှေ့ရွတ်ရွတ်နေတဲ့ ထရန်ဖာရင်စီ ဆိုတဲ့ အဓိပ္ဖါယ် မဟုတ်ဘူးလား။
အစိုးရအနေနဲ့ အလုပ်ရှုပ်တယ်ဆိုဦးတော့ တွေ့ဆုံဆွေးနွေးဖို့ရက် ရွှေ့ တာ၊ တွေ့ ဆုံဆွေးနွေးဖို့ ရက်အတိအကျ မသတ်မှတ်တာက အရုပ်ဆိုးတယ်။ ကလေးတွေကို ညှင်းသတ်နေသလိုပဲ။ ဒီကိစ္စကို အလေးတယူမထားတဲ့ သဘော ဆက်ဆောင်နေတယ်။ ဒါ့ကြောင့်ပဲ ဒီကိစ္စမဖြစ်ပွားမီ ကျောင်း သားတွေတောင်းဆိုချက်ကို ဘာဖြစ်ဖြစ်ဆိုတဲ့သဘောနဲ့ လျစ်လျူရှုထားခဲ့တယ် ဆိုတာလည်း ထပ်ပြီး သိသာသွားပြန်ရော။
တစ်နိုင်ငံလုံး ဆူပူမှုဖြစ်လောက်တဲ့ ဒီကိစ္စထက် အရေးပိုကြီးတာက ဘာပါ လိမ့်။ အဲဒါ စစ်အစိုးရအဆက်ဆက် ရွတ်ကောင်းကောင်းနဲ့ ရွတ် လာခဲ့ တဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးဆိုတာ မဟုတ်ဘူးလား။ ဘာလို့ လွှတ် ထားတာလဲ။ အစိုးရဆန်ဆန်၊ လူဆန်ဆန် အမြန်အဖြေမရှာသင့်ဘူးလား။ ကလေးတွေစာမေးပွဲနီးလို့ စိုးရိမ်လှချည် ဆို။ အစိုးရက လူထုကို အားမပေး ဖို့ပြောတိုင်း လူထုက ဆတိုး တိုးလာတယ်။
လင်ကွန်းက ပြောသတဲ့။ ပြည်တွင်းစစ်ကို မြန်မြန်လက်စသိမ်း။ ကြာရင် တိုင်းပြည်မောတယ် တဲ့။ အခု အလဟသ ခွန်အားတွေ ဖြုန်းနေကြရတာ။
ကျောင်းသားတွေက ဆိုင်းဘုတ်တွေကို အင်္ဂလိပ်လိုပါ ရေးပြီးကိုင်ဆောင်သင့် တယ်။ ဒါမှ ကမ္ဘာ့မီဒီယာက ပိုသိလွယ်မယ်။ လိုချင်တာ၊ လိုအပ်တယ်လို့ ယုံ ကြည်တာတွေကို တောင်းခွင့်ရှိတာပဲ။
ဘယ်လောက်ရမလဲ၊ ဘယ်လောက် ပေးနိုင်မလဲ ညှိနှိုင်းဖို့က အစိုးရမှာ လုံးဝ တာဝန်ရှိတယ်။
ဒီကြားထဲ ကလေးတွေကိုနှိမ်နှင်းဖို့လေလား။ တရုတ်အစိုးရက ခါတော်မှီ မိစ္ဆာယာဉ်တွေ လှုဒါန်းလို့။
အဲဒါ တို့နိုင်ငံရဲ့ လတ်တလော သမိုင်းပဲ။
ဇင်ဝေသော်

ဒီမိုကရေစီတော့ ဒီမိုကရေစီပေါ့


ဒီမိုကရေစီတော့ ဒီမိုကရေစီပေါ့လေ၊ ဒါပေမဲ့ ကိုယ့်ဓာတ်ပုံက အိမ်သာသုံး စက္ကူပေါ် ရောက်သွားရတဲ့ ဒီမိုကရေစီမျိုးတော့ မမိုက်သေးဘူးပေါ့။
ဒီလိုပါ။ ဟောင်ကောင် ဒီမိုကရက်တစ်ပါတီက တရုတ်နှစ်သစ်ကူး ဈေးရောင်း ပွဲတော်မှာ ရံပုံငွေရှာဖို့ တရုတ်ယိမ်းတဲ့ ဟောင်ကောင်ခေါင်းဆောင် Leung Chun Ying ရဲ့ပုံပါတဲ့ အိမ်သာသုံးစက္ကူလိပ် နှစ်သောင်းပြင်ဆင်ထားတာ အဖမ်းခံလိုက်ရလို့တဲ့။ ပုံကိုရှု။

ဝှိုက်ကပ်ကိစ္စရဲ့ သဲလွန်စလို့ ယူဆရင်




ဒါကတော့ ဒီနေ့ စထရိတ်တိုင်းမ်းဆောင်းပါးပါ။ ရိုဟိန်ဂျာပြသနာကို အခြေခံေ ရးသားပြီး ဘယ်နိုင်ငံက(မြန်မာ၊ ဘင်္ဂလားဒေ့ရှ်) မှ အလိုမရှိတဲ့ အတွက် သူတို့ ရဲ့ ထွက်ပေါက်က အခြားနိုင်ငံကို ထွက်ပြေးခြင်းလို့အဆုံးသတ် ထားတယ်။
အံ့ဩစရာက နောက်ဆုံးအပိုင်းမှာ မြန်မာအထက်တန်းအရာရှိ ပြောထားတဲ့စကားပါ။ ပုံ ၂ ကို ဖတ်ကြည့်ပါ။ သူတို့သဘောအရ တိုင်းရင်းသား အိုင်ဒင်တတီတွေကို ပယ်ပြီး (ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်း၊ ရိုဟိန်ဂျာ စသည်) မြန် မာ ဆိုတဲ့အမည်တစ်ခုအောက်မှာပဲ ရှိနေဖို့ ဆက်လက်လုပ်ဆောင်သွားမယ် ဆိုတဲ့ စကားပါပဲ။ ဘယ်လောက် မောက်မာလိုက်သလဲ၊ ဘယ်လောက် ကမ္ဘာ့ ဗဟုသုတ ခေါင်းပါးသလဲဆိုတာ သိသာလှပါတယ်။
ရုပ်ပိုင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အဖွံ့ဖြိုးဆုံးပါဆိုတဲ့ အမေရိကန်ပြည်ထောင်စု မှာတောင် ဂျူး အမေရိကန်၊ အာဖရိကန် အမေရိကန်၊ အာရှ အမေရိကန် စတဲ့ ကိုယ်ပိုင်အိုင်ဒင်တတီတွေနဲ့ တွဲနေတာကို သတိထားမိပုံ မရဘူး။
တိုင်းရင်းသားတွေကို စည်းရုံးနိုင်မှာက နိုင်ငံသားစိတ်ပဲ။ မြန်မာနိုင်ငံသားဖြစ် ရတာကို ဂုဏ်ယူလိုစိတ်ပဲ။ သူတို့ရဲ့ ရှိရင်းစွဲ ကိုယ်ပိုင်အိုင်ဒင်တတီတွေကို သတ်ပစ်လို့မရသလို ရခဲ့ရင်လည်း မလုပ်အပ်ပါဘူး။

ရှမ်းမြန်မာ၊ ရခိုင်မြန်မာ၊ ချင်းမြန်မာ စသည် ရှိနေနိုင်တယ်။ သူဟာ ရှမ်းက ရှမ်း၊ ရခိုင်ကရခိုင်ပဲ ရှိနေရမယ်။ သူ့ကို ရှမ်းမဟုတ်၊ ရခိုင်မဟုတ် လုပ်လို့ မရဘူး။ မလုပ်အပ်ဘူး။ တိုင်းရင်းသားအမည်တွေထဲ မသိမသာ ရိုဟိန်ဂျာ ပါထည့်လိုက်တဲ့စကားက အခု ဝှိုက်ကပ်ကိစ္စရဲ့ သဲလွန်စလို့ ယူဆရင် ရသွားတယ်။
အင်္ဂလိပ်လိုက မပြောနိုင်၊ သူကပဲ လွဲနေတာလား၊ ဘာသာပြန်က လွဲပြန်တာ လား။ ဘာဖြစ်ဖြစ် ကမောက်ကမတော့ အတော်နိုင်တဲ့ အစိုးရပါပဲ။

ချွင်းချက်နဲ့ "စံ"၊ ဘာကြောင့် ဆွေးနွေးပွဲ ရပ်သွားရသလဲ



အခုတလော ပညာရေးအကြောင်း အမြင်ကွဲနေကြတဲ့အထဲ ခပ်တိုတို လက် ဝင်လျှိုကြည့်ချင်မိပါတယ်။
တစ်ဖက်က "တော်သူက တော်တာပဲ၊ စနစ်ကိုချည်း အပြစ်မတင်နဲ့" (ကိုယ် မစွံ တာကို စနစ် လွှဲမချနဲ့)။
ယေဘုယျလူအများစုကတော့ "စနစ်ကြောင့်" ဆိုတာမျိုးပါ။
စနစ်တကျ သုတေသနဆန်ဆန်အဖြေတစ်ခုကို ရှာယူရင် (သို့) "စံ" တစ်ခုကို ကြည့်မယ်ဆိုရင် ချွင်းချက်ကို ကြည့်လို့မရပါဘူး။ ယေဘုယျ စံနှုန်းကို ကြည့်ရ ပါတယ်။
ဥပမာ
(က) အမေရိကန်ပညာရေးစနစ်ဟာ ကောင်းတယ်၊ ဒါပေမဲ့ သုံးမရတဲ့ ချာတူး လန်ကျောင်းသားလည်း ရှိနေနိုင်တယ်။
(ခ) မြန်မာပညာရေးစနစ်ဟာ ညံ့တယ်၊ ဒါပေမဲ့ ညံ့လှတဲ့ပညာရေးထဲ ကနေ ဖောက်ထွက်ပြီး ချွန်ထွက်လာတဲ့ကျောင်းသားလည်း ရှိနေနိုင်တယ်။
(က) နဲ့(ခ) ကျောင်းသားတွေဟာ ချွင်းချက်ပါ၊ "စံ" မဟုတ်ပါဘူး။
ဆိုလိုတာ က ကျောင်းစာမစွံတဲ့ အိုင်းစတိုင်း၊ တက္ကသိုလ်ကျ ဘီးလ်ဂိတ်တို့ေ အာင်မြင်ခြင်းတွေဟာ ချွင်းချက်ပါ၊ ဒီအဖြေနဲ့ ယေဘုယျကျောင်းသားတွေကို တိုင်းတာလို့ လုံးဝ မမှန်နိုင်ပါဘူး။ အိုင်းစတိုင်းနဲ့ဘီးလ်ဂိတ်ဟာ ယေဘုယျ "စံ" မဟုတ်ပါဘူး။
ဒါဖြင့် "စံ" က ဘာလဲ။
၉၀ ရာခိုင်နှုန်းကျော်ကျောင်းသားရဲ့ အရည်အသွေးကို ဖော်ပြနိုင်ခြင်းသည်သာ "စံ" ဖြစ်ပါတယ်။
ဥပမာ
(က) အထက်တန်းပညာရေးပြီးတဲ့ နီပေါလ်ကျောင်းသားတိုင်းလိုလိုဟာ အင်္ဂလိပ်စကားကို လိပ်ပတ်လည်အောင် ပြောနိုင်တယ်။
(ခ) မြန်မာပြည်က ဘွဲ့ရကျောင်းသားအများစုပင် အင်္ဂလိပ်စကားပြောဖို့ ယုံကြည်မှု မရှိကြဘူး၊ နိုင်ငံခြားသားနဲ့ မဆက်ဆံနိုင်ဘူး။
ဒါက ယေဘုယျကိုဖော်ပြနိုင်လို့ ပညာရေးစနစ်တစ်ခုရဲ့ "စံ" ဖြစ်သွားပါတယ်။
ဒါကိုထောက်ရင် အမေရိကန်ရောက် မြန်မာဆရာဝန် ဘယ်လောက်ပဲတော်တော် မြန်မာပြည်ရဲ့ ပညာရေးကို မဖော်ညွှန်းနိုင်တော့ပါဘူး။
နောက် ကြည့်လို့ရတဲ့အမြင်တစ်ခုက ကျောင်းသားကို နှစ်ခြမ်းခွဲကြည့်ခြင်းပါ။
၁။ သမားရိုးကျ ပညာရေးမှာ (Formal Education) ထူးချွန်တဲ့ကျောင်းသား
၂။ သမားရိုးကျ မဆန်တဲ့ပညာရေးမှာ (Informal Education) ထူးချွန်တဲ့ကျောင်းသား လို့ ဖြစ်ပါတယ်။
Informal Education မှာ ပိုတော်တဲ့ကျောင်းသားတွေအပေါ် ပညာရေးစနစ်ရဲ့ အကျိုးသက်ရောက်မှုဟာ Formal Education မှာ ပိုတော်တဲ့ကျောင်းသားေ တွလောက် မများနိုင်ပါဘူး။ စနစ်ညံ့ထဲကနေ တော်သွားတဲ့ ကျောင်းသားတွေဟာ Informal Education သမားတွေ ဖြစ်နေဖို့ များနေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာလည်း လူနည်း စုတွေပါ။ ဒါကိုလည်း စံအဖြစ် သတ်မှတ်ဖို့ ခက်သွားပြန်ပါတယ်။ ဒီတော့ ဆောင်းပါးရဲ့ ပထမပိုင်းကို ချုပ်ကြည့်ရင် ပညာရေးစနစ်ဟာ အကြီးအကျယ် ပြောင်းလဲဖို့ လိုနေပြီဆိုတာပါပဲ။
**************************************************************************
ဟုတ်ပြီ။ ပြောင်းမယ်၊ ဘယ်လိုပြောင်းကြမှာလဲ။
ဒီကိစ္စက ဆောင်းပါးတစ်ပုဒ်ရေးရုံနဲ့ မလုံလောက်သလို ကျနော်ဉာဏ်မှီတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဒါကို လက်ရှောင်ပါတယ်၊ (မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီသော၊ ဘာသော ညာသော ဆိုတာလောက်တော့ ခပ်တည်တည် ဝင်ဖြီးလို့ရတာပေါ့) အားလုံးစုပေါင်းဆွေးနွေးမှ ရပါလိမ့်မယ်။ ပြသနာက ဒီဆွေးနွေးပွဲ ရပ်သွားတယ်။
ဘာကြောင့်လဲ။
ဒါကိုတော့ နည်းနည်းရေးကြည့်ချင်ပါတယ်။
***********************************************************************
အစိုးရက ဒီဆွေးနွေးပွဲကို ဘာကြောင့်ရပ်လိုက်ရတာလဲ။ ဒါတွေက ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေလို့ ယူဆပါတယ်။ မှားနိုင် မှန်နိုင် ပါတယ်။ ကြည့်ရအောင်
၁။ အစိုးရက ဆူပူမှုဖြစ်အောင် တမင်ရည်ရွယ်ခြင်း။ (ကျနော် မထင်ပါဘူး၊ ဆက်ဖတ်ပါ)
၂။ သမဂ္ဂဆိုတဲ့ဝေါဟာရဟာ အစိုးရ လုံးဝအလျှော့မပေးနိုင်တဲ့ ခံစစ်စည်း လိုင်း ဖြစ်နေခြင်း (နည်းနည်းတော့ အူကြောင်ကြောင်နိုင်တာပေါ့၊ ဘယ်နာ မည်နဲ့ ရှိရှိ၊ ဒီအဖွဲ့က ဒီအဖွဲ့ပဲ)
၃။ ဆွေးနွေးဖို့ အဆင်သင့် ဖြစ်မနေခြင်း။ (အဓိက တာဝန်အပေးခံရသူ ကိုယ် တိုင် မရေမရာ၊ ဖုန်းဆက်လိုက်၊ ရှူးရှူးပေါက်ထွက်လိုက် ဆိုပဲ၊ မရပ်ရင် အိုးနင်း ခွက်နင်းဖြစ်တော့မယ်)
၎။ အဆင်သင့် ဖြစ်နေပြီထင်ထားတဲ့ကြားက တကယ်ဆွေးနွေးတော့ ဘက် မညီဖြစ်နေခြင်း (အဓိကပါဝင်သူတွေဖြစ်ကြတဲ့ ကျောင်းသားနဲ့ အစိုးရ ကိုယ် စားလှယ်ခေါင်းဆောင်တွေရဲ့ အရည်အသွေး သိပ်ကွာနေတယ်၊ ဆိုလိုတာက ဦးအောင်မင်းဟာ လွတ်လပ်ပွင့်လင်း တွေ့ဆုံပွဲမှာ မဖြူကို လုံးဝ မယှဉ်နိုင်ဘူး)
၅။ ဆွေးနွေးပွဲ မစခင်ကတည်းက ဒီမှာအပြတ်မဆွေးနွေးပဲ လွှတ်တော်မှာခေါ် တွယ်မယ်ဆိုတဲ့ အကြံ ရှိနေပြီး ဖြစ်ခြင်း (ဘောလုံးစကားနဲ့ဆိုရင် အဝေးကွင်း မှာ သရေခံ၊ အိမ်ကွင်းကိုခေါ်၊ အပိုင် ဆော်မယ်ပေါ့) တို့ ဖြစ်ပါတယ်။
ဒါတွေက ဖြစ်နိုင်ခြေအရှိဆုံးလို့ယူဆတဲ့ အကြောင်းတွေပါ။ ဆက်ပြီး ဆွေးနွေးကြသေးတာပေါ့။
ဇင်ဝေသော်

အဝေးကွင်းပေမဲ့


အာဆင်နယ်ကတော့ အဝေးကွင်းပေမဲ့ စပါးကို ၂-၁ နဲ့ရှူံးသွားလေရဲ့။
စပါးရဲ့ ဟာရီး ကိန်း ခြေက မက်ဒရစ်စော်နံတယ်။ တော်တော်ထိရောက်တာပဲ။
အခုလည်း ဂန်းနားတွေကို သူ့နှစ်ဂိုးနဲ့ ကျည်ဆွံ့သွားစေခဲ့တယ်။ ပွဲကောင်း တစ်ပွဲပါ။
ဦးအောင်မင်း၊ ကျောင်းသားပွဲထက် ခြေပိုညီတယ်လို့ ဆိုရမယ်။