ဓမ္မာစရိယရဟန်းသာမဏေများအတွက် အထူးသင်တန်း (ဓမ္မဂင်္ဂါ)


Intensive Course for Dhammacariya Monks
ဓမ္မာစရိယရဟန်းသာမဏေများအတွက် အထူးသင်တန်း
====================

ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်တွင် သင်တန်းသားများအတွက် လုံလောက်သောနေရာထိုင်ခင်းနှင့် စာသင်ခန်းများ မကြာမီ စီစဉ်ပေးနိုင်တော့မည်ဖြစ်၍
ယခု ၁၃၇၆ ခုနှစ်ဝါဆိုအမီ ဓမ္မာစရိယရဟန်းသာမဏေများအတွက် အထူးသင်တန်းတစ်ခုဖွင့်လှစ်ရန် စီစဉ်သွားမည်။

နိုင်ငံရပ်ခြားတက္ကသိုလ်များသို့ တက်ရောက်တော်မူကြမည့် (သို့မဟုတ်) ပြည်တွင်းပြည်ပသာသနာပြုတော်မူကြမည့် ဓမ္မာစရိယရဟန်းသာမဏေများအတွက်
၁) အရေးပေါ်အင်္ဂလိပ်စာ
၂) စီမံခန့်ခွဲမှုနှင့်
ခေါင်းဆောင်မှုအတတ်ပညာ
၃)ကွန်ပြူတာနည်းပညာဖြင့် ဓမ္မဖြန့်ဝေခြင်း
၎)ဗုဒ္ဓသာသနာတော်ဆိုင်ရာ ပထ၀ီဝင်နှင့် သမိုင်း
စသောဘာသာရပ်များ သင်ယူကြရမည်ဖြစ်သည်။

တစ်ပတ်လျင် တစ်ကြိမ်ဝိပဿ နာနည်းစုံလေ့လာအားထုတ်ကြရမည်။

သင်တန်းကာလအတွင်း
တက္ကသိုလ်ကောလိပ်များ၊ ပိဋကတ်တိုက်များ၊ ပြတိုက်များနှင့်
ဗုဒ္ဓသာသနိကပထဝီဝင်နေရာများသို့ လေ့လာရေးခရီးများ စီစဉ်ပေးမည်။

သင်တန်းကာလ ( ၆) လဖြစ်သည်။
လက်ခံမည့်သင်တန်းသား အပါး (၂၀)
သင်တန်းဝင်ခွင့် မြန်မာစာဖြေဆိုရမည်။

သင်တန်းသားအရည်အချင်း သက်တော်သုံးဆယ်ထက်မကြီးသော ဓမ္မာစရိယဘွဲ့ရပုဂ္ဂိုလ်ဖြစ်ရမည်။

သင်တန်းဝင်ခွင့်စာမေးပွဲရက် သီးခြားကြေငြာမည်။

ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်
=====================
အထက်ဖော်ပြပါ အစီအစဉ်သည်
ရွှေပြည်ကြီး၏ တစ်နေ့ရွှေ တစ်နေ့ငွေ အခြေအနေပေါ်တွင် လုံးလုံးလျားလျား သက်ဆိုင်မှုရှိသည်။
---------------------------=----------
The Dream will come true!

Shared from 
ဓမ္မ ဂင်္ဂါ's post.

တော်တော်နောက်တဲ့ လုပ်ထုံးလုပ်နည်း


တော်တော်နောက်တဲ့ လုပ်ထုံးလုပ်နည်းပါပဲဗျာ။ ခက်တာက ခေတ်ကို ဖွက်ထားလို့မရတာပါ။


Photos from
Gold Fish's post.

ဒါက တကယ်လား။


shared from
Nay Myo's photo.
 
 

အနာဂါမ်ရွာ



ရွာကိုရောက်ဖူးတဲ့ သူငယ်ချင်းတိုင်းက ရွာလေးကို အဲသလိုပဲ အမည်ပေး တတ်ကြတယ်။ ခရီးကြမ်း၊ နေပူ၊ ရေရှား၊ ဖုန်ထူ စတဲ့ ဂုဏ်ထူးဝိသေသတွေေ ကြာင့် တစ်ခေါက်ရောက်ပြီး ရင် နောက်တစ်ခေါက် မလာချင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ တကယ်ခေါ်ရင်လည်း မလိုက်ကြတော့ဘူး။
အခု အဲဒီရွာလေးမှာ ပရဟိတနှစ်ဖွဲ့၊ နိုင်ငံရေးပါတီနှစ်ခုရှိနေတယ်။

အရင်က အဲဒီရွာလေးကို နယ်စည်းခြားပေးထားတာက ကိုရင်ဝတ်၊ စာသင်တဲ့ ဘုန်းကြီးကျောင်း အမည်နဲ့ပါ။ တောရကျောင်းထွက်၊ ကံဦးကျောင်းထွက်၊ အလယ်ကျောင်းထွက် တဲ့။ အဲဒီ ကျောင်းထွက်ဆိုတဲ့ စီဗီလိုက်ဇေးရှင်း စည်း အရ ကျနော်တို့က တောရကျောင်းထွက်အုပ်စုပေါ့၊ ပိုကြီးတယ်။ ရွာအလိုက် လူစွာလေးတွေလည်း ထွက်တယ်။ မတည့်ကြဘူးလို့ ပြောမရသလို တည့်ပါ တယ်လို့လည်း ပြောမရဘူး။ အုပ်စုချင်း အမြဲအားပြိုင်နေတတ်တယ်။

အရာရာပြောင်းလဲခြင်းအရပေါ့။ ရွာကလေးဟာလည်း အရင်လိုကွဲနေတာမျိုး မဟုတ်တော့ဘဲ ပရဟိတနှစ်သင်းကိုအခြေခံပြီး နှစ်အုပ်စုကွဲသွားတယ်။ "ပန်မေတ္တာ" အုပ်စုနဲ့ နောက်တက် "ကိုးဆယ်ဆ" အုပ်စုတဲ့။ ကိုးဆယ်ဆ ဆိုတာက ရွှေသံလွင်ရဲ့ စပွန်ဆာအထိ ရယူထားနိုင်တဲ့ အဖွဲ့ကြီး။ ပန်မေတ္တာ ကတော့ မူးစုပဲစု အုပ်စုပေါ့လေ။ "ကိုးဆယ်ဆ"မှာ အကောင်းစား ကား ကြီး လေးငါးစင်းရှိပြီး ပန်မေတ္တာမှာတော့ ကားတစ်စီးပဲ ရှိတယ်။ ထူးခြားတာက "ကိုးဆယ်ဆ" ကားကြီးတွေဟာ အကူအညီလာတောင်းသူ မရှိလို့ ရပ်ထားနေရချိန်မှာ ပန်မေတ္တာက ကားလေးတစ်စီးကတော့ ရွာကသာ မက နယ်ကပါ အကူအညီတောင်းနေတော့ နားချိန်တောင် မရှိလှဘူး။

ရွာလေးရဲ့ နောက်ထပ်အမည်က "သူပုန်ရွာ" သို့ "အမည်းရောင်နယ်မြေ" တဲ့။ ဒါကလည်း အမျိုးသမီးကြီးတစ်ယောက်ရဲ့ အညာခရီးစဉ်နဲ့သွားပြီး တိုက်ဆိုင်နေပြန်တယ်။ ရွာသားလူငယ် ၆၀ လောက်ကို ကားနဲ့လာခေါ်ပြီး ရဲစခန်းမှာ ရိုက်နှက်ဆုံးမလိုက်ကြတယ်။ ထားပါတော့၊ "သူပုန်ရွာ" သို့ "အမည်းရောင်နယ်မြေ" လို့ ခေါ်ရတဲ့ နောက်ထပ်အကြောင်းတွေလည်း ရှိနေနိုင်တာပေါ့။ (ဒီအကြောင်းကို ဘကြီးမိုး (ဦးမိုးသူ) နဲ့တွေ့စဉ်မေးကြည့်တော့ သူတို့မှာ မှတ်တန်းရှိထားတယ်လို့ ပြောပါတယ်။)

ထားပါတော့။ အခု စဉ်းစားမိတာက "ကိုးဆယ်ဆ"မှာ ကားအကောင်းစား ကြီးတွေ ရှိလျက်နဲ့ ဘာကြောင့်များ ပန်မေတ္တာက ကားလေးကိုပဲ လူတွေက ပိုသုံးချင်ကြတာလဲ။

၁။ လုပ်ဆောင်ကူညီပုံ၊ စေတနာ စသည် မတူလို့လား။
၂။ ပရဟိတဆိုတဲ့ နယ်ပယ်ထဲမှာကိုပဲ နိုင်ငံရေးပါတီနှစ်ခုရဲ့ သဘောတရားတွေ စီးဝင်နေလို့လား။

"၁" နဲ့ပဲဆိုင်ပါစေလို့ ဆုတောင်းနေမိတယ်။

လှပတဲ့ အကျည်းတန်မှုများ



- ခေါင်းကြီးကြီး အရုပ်ဆိုးဆိုး ကလေးမွေးလို့ စိတ်ပျက်စရာ မလိုပါဘူး။
- အသက် ၂ နှစ်ခွဲရှိတာတောင် စကားမပြောနိုင်သေးတဲ့ ကလေးမွေးလို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- စကာပြောပြန်တော့ ဝူဝါး ထစ်အ နေလို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- အခြားကလေးတွေနဲ့ ရောရော နှောနှော မနေတတ်လို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- စာသင်ခန်းထဲမှာ ဆရာ ဆရာမတွေနဲ့ ငြင်းခုန်၊ တိုင်စာတွေ ခဏခဏ အပို့ခံရလို့လည်း စိတ်ပျက်စရာ မလိုပါဘူး။

- အရွယ်ရောက်လို့ သူချစ်တဲ့ ကောင်မလေးကို " clever creature " လို့ ခေါ်လို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- မိဘ သဘောမတူသူနဲ့ ယူ၊ ကလေး တစ်ယောက်ရ၊ ရတဲ့ကလေးကို မွေးစားဖို့ သူများပေးပစ်လို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- အလုပ်မရှိ၊ ရှိပြန်တော့လည်း အလုပ်စားပွဲမှာ သူစိတ်ဝင်စားတာတွေကိုပဲ ထိုင်လုပ်နေတတ်လို့ စိတ်ပျက်စရာ မလိုပါဘူး။
- အယူအဆတွေ ဆွေးနွေးတိုင်း အများနဲ့မတူ အမြဲတန်း ဆန့်ကျင်ဖက် ဖြစ်နေတတ်လို့လည်း စိတ်ပျက်စရာ မလိုပါဘူး။
- ဒါတွေအားလုံးဟာ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကိုယ်တိုင် ပိုင်ဆိုင်ခဲ့တဲ့ ဝိသေသနတွေပါပဲ။

" ဒီလောက် ပမာဏရှိတဲ့ ဒီလိုဗုံးလေး တစ်လုံးက ဒီလို ဆိပ်ကမ်းကြီးသာမက ဒီ ဆိပ်ကမ်းဝန်းကျင်ကြီး တစ်ခုလုံး ဖွတ်ဖွတ် ညက်ညက် ကျေသွားနိုင်တယ် " လို့ ရုစဗဲ့ကို ပြောခဲ့တဲ့စကားကသာ အရာထင်ပြီး
နာဇီကို ရည်ရွယ်တဲ့ အနုမြူဗုံးကြီးနှစ်လုံး ပုလဲဆိပ်ကမ်းကို သွားပြီး ခြေဆော့ လက်ဆော့ လုပ်တဲ့ ဂျပန်တွေ ခေါင်းပေါ်ကျသွားရတဲ့နောက်
ဝမ်နည်းတကြီး ဖြစ်ရလွန်းလို့
" ကမ္ဘာ့အစိုးရ ရှိသင့်ပြီ " လို့ ကုလသမဂ္ဂကို ပြောခဲ့တဲ့ စကားကတော့ အရာ မရောက်ခဲ့ပါဘူး။


" လူတွေနဲ့ မပေါင်းတာရယ်လို့လည်း မဟုတ်ပါဘူး၊ စကားပြောမိတိုင်း အယူအဆတွေက မတူညီကြတော့ သူ့အလိုလို ခပ်ကင်းကင်း ဖြစ်သွားတာပါ " ဆိုတဲ့ သူ့စကား
" ကိုယ်ရေးကိုယ်တာ အနှေင်အဖွဲ့တွေ မရှိတော့ သူ့မှာရှိသမျှတွေအားလုံး လောကကြီးအတွက် ပေးဆပ်ဖို့ လွတ်လွတ်လပ်လပ် ဖြစ်သွားတာပေါ့ " ဆိုတဲ့ စိတ်ပညာရှင် ဟောင်းဝါး ဂါနာ ရဲ့ သုံးသပ်ချက်ကတော့ တစ်ဗွေတည်း လှုပ်ရှားတတ်တဲ့ သိပ္ပံဖခင်ကြီးရဲ့ ပုံရိပ်တချို့ကို ထင်ဟပ်စေနိုင်ကောင်းပါရဲ့။
စကားပြောကောင်း ဆက်ဆံရေးကောင်းလှတဲ့ နိုင်ငံရေး သမားကြီးတွေ၊ ဘီလျံနာတွေကို အလွယ် မေ့ပစ်နိုင်ကြပေမယ့် ဒီ ဘုကလန့်ကြီးကိုတော့ ကမ္ဘာက ထောင်စုနှစ်တွေအတွင်း မေ့နိုင်ကြမယ် မဟုတ်ပေဘူး။
Ref : ( A Truly Beautiful Mind By Jutith Rauch )
ဇင်ဝေသော်
05/11/2012