အင်္ဂလိပ်စာက အသံထွက် မငြိမ်ဘူး


သာသနာ့တက္ကသိုလ်က ဆရာတော် မိန့်တာကို သတိရတယ် "အင်္ဂလိပ်စာက အသံထွက် မငြိမ်ဘူး" တဲ့။
အမှန်ပဲ။ "Busy" က ဘူးဇီးဖြစ်ရမှာ ဘီးဇီးလာဖြစ်နေတယ်။ ဒါပဲလားဆိုတော့ မဟုတ်ဘူး။
Lazy က ပျင်းရိသော၊ laziness ပျင်းရိခြင်း။ ဖြစ်သင့်တာက busy က အလုပ်ရှုပ်သော ဆိုရင် business က အလုပ်ရှုပ်ခြင်းပဲ။ အခုတော့ business က စီးပွားရေးလုပ်ငန်း တဲ့။ အင်္ဂလိပ်စာကတော့ မနိုင်ဘူး။

ရွာမှာ လျပ်စစ်မီး ရသွားပြီတို့ ဘာတို့


၁။ က သတင်းစာ ကာတွန်းလေးကို သဘောကျလို့။
၂၊ ၃၊ ၄။ ကတော့ ရွာမှာ လျပ်စစ်မီး ရသွားပြီတို့ ဘာတို့ပေါ့။ နယ်အတွက် အစိုးရက သိန်း ၅၇၀ ဆိုလား (အတိအကျ မမှတ်မိ) ချပေးသတဲ့။ ကျန်တာတော့ ရွာ၊ နီးစပ်ရာနဲ့ ကမ်းလက်တို့ ကမကထပြုပေါ့။




မောနင်း ပို့စ်


၁။ ဆရာကြီးနှစ်ယောက် ကွဲကြပြဲကြသတင်းကို စထရိတ်တိုင်းမ်က စာမျက်နှာပြည့်တောင် ဖော်ပြထားလေရဲ့။
မြန်မာတွေအတွက် သိပ် မထူးလှပါဘူး၊ ဒေါ်စုက ဦးရွှေမန်းနဲ့ ပူးပေါင်းသွားမယ်၊ အစိုးရပါတီတွင်း အကွဲအပြဲကြောင့် အဖွဲ့ချုပ် အခြေအနေ ပိုကောင်းသွားမယ် လို့ ပြောပြီး......
အောက်လွှတ်တော် ဥပဒေပြုအဖွဲ့ဝင် အများစုကလည်း သမ္မတက မျက်ကွယ်ပြုထားချိန်မှာ ဦးရွှေမန်းက ရပ်တည်ပေးထားခဲ့လို့ ဦးရွှေမန်းဖက်ကနေ ရှိနေမယ် ဆိုတာလောက်ပါပဲ။



၂။ စင်္ကာပူက နှစ် ၅၀ မြောက် ရွှေရတုအမှတ်တရ ၁၀ တန်နဲ့ ၅၀ တန် ငွေစက္ကူအသစ်တွေ ထုတ်ပြီး ၅၀ တန် ပေါ်မှာ ကွယ်လွန်သွားသူ မစ္စတာလီကွမ်ယုရဲ့ ပုံ ပါဝင်ပါသတဲ့။ (အဖြူရောင်၊ လက်သီးလက်မောင်း တန်းနေပုံ)
သူတို့က မြန်မာစစ်အစိုးရအဆက်ဆက် သုံးတဲ့ တိရစ္ဆာန်ပုံတွေ သဘောမကျကြဘူး ထင်ပါရဲ့။ ဒေါရစ်ကို ငွေစက္ကူအသစ်ရပြီလားမေးတော့ ဘဏ်ရှေ့မှာ တန်းစီရတာ အကြာကြီးနေမှာလို့ ပြောတယ်။




မင်္ဂလ၀ိဟာရ



ဝဲမှ ယာ။ ဘုန်းဇင်ဝေသော် (ဘုန်းဇင် (သို့) ဘုန်းသော်)၊ ဘန္တေရာဇ (စင်္ကာပူရီးယန်း)၊ ဘန္တေသီလာနန္ဒ (သီဟိုဠ်)၊
(ယာဘက်အဆုံး၊ ဒေါက်တာ အာစာရ။ အခု မရှိတော့၊ ရာဟုလာ ကျောင်းတည်ထောင်နေ။ 
သူ့နေရာ လက်ရှိတစ်ပါးကို ဒုတိယပုံမှာရှုပါ။ အရှင်စက္ကပါလ။



မယားကြီးနှင့် ဒုလ္လဘရဟန်း (သုံးသပ်ချက်)


တစ်ခုတည်းသော ဝိနည်ပညတ်ချက်အောက်မှာ နေထိုင်ကျင့်သုံးနေကြ သည့် ထေရဝါဒ ရဟန်းတော်များ၊ သံဃာ့အဖွဲ့အစည်းများ တူညီကြသော် လည်း လက်တွေ့ ကျင့်သုံးမှုမှာ အနည်းငယ် ကွဲလွဲနေကြသည်။
၂၀၁၁ ခုနှစ်ကထင်သည်၊ ကျောင်းမှာ ဒုလ္လဘရဟန်းခံပွဲလုပ်တော့ သီဟိုဠ် ရဟန်းများကသာမက သီဟိုဠ်ယဉ်ကျေးမှုနှင့် အကြွမ်းတဝင်ရှိသည့် တရုတ် ဒကာ၊ ဒကာမအချို့ကပါ သာမန်လူတစ်ယောက်က ချက်ချင်း ရဟန်းဝတ်လို့ ရပါသလားဟု မေးကြသည်။ 
အမှန်ကတေတာ့ ရပါသည်ဟု ဖြေရပါလိမ့်မည်၊ သို့သော်......
သီဟိုဠ်ယဉ်ကျေးမှုအရ ရဟန်းမဝတ်ခင်ကတည်းက လူထွက်မည့်ရက် တွဲပါလာလျင် လုံးဝ ရဟန်းခံမပေးပါ။ နောက်မှ အကြောင်းကြောင်းကြောင့် လူထွက်ခြင်းက အပြစ်ဆိုဖွယ် မရှိသော်လည်း မဝတ်ခင်က လူထွက်မည့် ရက် တစ်ပါတည်း ပါလာခြင်းကတော့ မဖြစ်သင့်ဟု (သံဃာကိုပင် စော် ကားမော်ကား လုပ်ရာရောက်သည်ဟု တချို့က ယူဆကြ) ယူဆပြီး ထိုပုဂ္ဂိုလ်ကို ရဟန်းဘောင် တက်မပေးကြခြင်း ဖြစ်ပေသည်။
မြန်မာ့ယဉ်ကျေးမှုက ရိုးစင်းသည်၊ ရဟန်း ဝတ်လိုသူ မည်သူ့ကိုမှ မတား ဆိုသည့် အယူအဆရှိပြီး ရက်ပိုင်းအတွင်း ဝတ်မည့်သူကိုပင် သာမဏေ ခဏဝတ်အပြီး ရဟန်းခံပေးလိုက်သည်။ 
ယခုခေတ် မတော်တရော် ဒုလ္လဘများ ပိုများလာချိန်၌ ရဟန်းဖြစ်ခွင့် ဈေးချို လွန်းသလို ဖြစ်သွားနိုင်ပေသည်။
ထို တစ်နှစ်သာ ဒုလ္လဘရဟန်းခံပွဲ ပြုလုပ်ဖြစ်ပြီး မလုပ်ဖြစ်တော့ပါ၊ ကုသိုလ် ရချင်ရင် သာမဏေဘဝ၊ ဆယ်ပါးသီလထိန်းရင်း ကုသိုလ်ယူပါ၊ ဝိနည်း မသိ၊ ဘာမသိ အပြစ်မဖြစ်ပါစေနဲ့ဟုသာ ပြောဖြစ်တော့သည်။
ရဟန်းဝတ် လိုသူ မှန်သမျှကို မတားမြစ်အပ်သော်လည်း မဝတ်ခင်က လူ ထွက်မည့်ရက် ပါလာသူကို ရဟန်းပြုပေးအပ်၊ မပေးအပ်နှင့် ပတ်သက်၍ ကား ယဉ်ကျေးမှုကြီးနှစ်ခု အယူအဆ မတူကြပါပေ။

သီဟနာဒ
ဒီခေါင်းစဉ်နဲ့ ဆက်စပ်ပြီး ပြောရဦးမယ်။ အခု အသက် အကြီးဆုံး၊ ဝါအငယ်ဆုံး အတူနေ စလုံးဘုန်းကြီးဘွဲ့က ရာဇ တဲ့။ ဦးရာဇပေါ့။ သံသယရှိလို့ ဘွဲ့အရှည်က ဘာလဲ၊ ဒါပဲလားမေးတော့ ဒါပဲတဲ့။ ရှေ့ကလည်း မပါ၊ နောက်ကလည်း မပါဘူး တဲ့။ မဟာစည်ဌာနချုပ်မှာ ရဟန်းဖြစ်ခဲ့တာ။ အချင်းချင်းဆိုတော့ ပြုံးမိတယ်။ ခဏတဖြုတ်ဝတ်မယ့် ဒုလ္လဘလို့ ယူဆပြီး ဘွဲ့ကတောင် တိုနံ့နံ့ပဲ။ အခု ဦးရာဇက ဆယ်ဝါတောင် အတော် ကျော်နေပြီ။ အခု ဘွဲ့က နည်းနည်းတိုနေသလိုလို။