လုပ်ချင်ရာ လုပ်ရရင် ပျော်တာပဲ (သိပ္ပံတဲ့လား … ပျင်းတောင် ပျင်းသေး …)


ကိုယ်လုပ်ချင်တာ လုပ်နေရရင် ပျော်တာပဲလို့ ပြောရင် ဖြစ်ကတတ် ဆန်း ပြောတာလို့ ထင်စရာ ရှိပါတယ်။ တကယ်တော့ ဘာမှ မကွဲပါဘူး။ စိတ်ပညာသိပ္ပံကလည်း ကြီးကြီး ကျယ်ကျယ်တွေ ကိုးကားပြီး နောက် ဆုံးတော့ ဒီအတိုင်းပဲ ပြောတာပါ။ အရွယ်ရောက်ပြီး သူတွေမှာ ဘယ်သူတွေ အပျော်ရွှင်ဆုံးလဲလို့ စစ်တမ်းေ ကာက်တော့ ကိုယ့်ဝါသနာနဲ့ အကိုက်ဆုံး အလုပ်ကို လုပ်နေရ သူတွေဟာ အပျော်ရွှင်ရဆုံး ပုဂ္ဂိုလ် တွေပါ။ တခြား ပျော်ရွှင်စရာတွေ ရှိပေမဲ့ ရေ ရှည် ပျော်ရွှင်ရတာကတော့ ဝါသနာနဲ့ အလုပ် တစ်ထပ်တည်း ကျနေခြင်းလို့ ဆိုပါတယ်။

ဒါပြီး ဘယ်သူတွေဟာ မပျော်ရွှင်ရဆုံးလည်း ဆိုရင် ဆန့်ကျင်ဘက် ကို တောင့်တသူ တွေလို့ ဆိုပါတယ်။ နည်းနည်း ရှုတ်သွားမယ် ထင်ပါတယ်။ ဒီလိုပါ။ ဆရာဝန်လည်း ဖြစ်ချင်၊ သွေးသံရဲရဲလည်း မမြင်ချင်၊ ရှေ့နေလည်း လုပ်ချင်၊ လူမှုရေး ပြဿနာတွေ ကိုလည်း မကြုံချင်၊ ဒါမျိုးတွေပေါ့။ လူမှုရေး နယ်ပယ်မှာလည်း ခင်ပွန်းကောင်းတော့ ဖြစ်ချင်၊ ကောင်မ ငယ်ငယ်လေးေ တွ တွေ့ရင်လည်း လိုက်စားချင် (ဇနီးလည်း ဒီအတိုင်းပဲပေါ့)။ ရန်ကုန်မှာ လည်းနေချင် မိုးတွင်းမှာ မိုးများတာ မကြိုက်၊ မန္တလေးမှာလည်းနေချင် နွေရာ သီ ပူလွန်းတာကို သဘောမတွေ့၊ ဒါမျိုးတွေပါ။
ဒါတွေဟာ ဆန့်ကျင်ဘက်ကို တောင့်တတာမျိုးဖြစ်လို့ အဲသလို ပုဂ္ဂိုလ်တွေ ဟာ အလိုမကျ၊ မပျော်ရွှင်ရဆုံး ပုဂ္ဂိုလ်တွေလို့ ဆိုပါတယ်။

သူတို့ သိပ္ပံဆိုလို့သာ ပံလိုက်ရတာပါ။ သိပ်တော့ မထူးခြားပါဘူး။ မြန်မာတွေ ရဲ့ နေ့စဉ်သုံးစကားတွေ ထဲမှာတောင် ဒီအဓိပ္ပါယ်မျိုးတွေက အများကြီး ရှိပါ တယ်။

ဟိုတချိန်ကတော့ သုတေသန လုပ်ကြတယ်ဆိုရာမှာ လူမှုရေးပြဿနာ၊ စိတ် ဆင်းရဲစရာတွေ ဘာ့ကြောင့် ဖြစ်ရတာလဲဆိုတာကို ဦးတည်ပြီး သုတေသန လုပ်ကြတယ်။ ဒီနေ့ခေတ်မှာတော့ ပြောင်းပြန် လှန်လာကြတယ်။ ဒါမှမဟုတ် ပိုပြီး လက်တွေ့ကျလာကြတယ်လို့ ဆိုရပါလိမ့်မယ်။ အခု သုတေသန ပြု လုပ်နေကြတာက ဘာကြောင့် ပျော်ရွှင်ကြရသလဲ ဆိုတာပါ။ ဒီအထဲမှာ အီလီနွိုက်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ဒီယင်နာ (Deiner) တို့ က ရှေ့တန်းက ပါဝင်ပါတယ်။

" ပျော်ပျော်ပါးပါး နေတတ်သူဟာ ကျန်းမာရေး ပိုကောင်းတယ်။ တီထွင် ဖန်တီးမှု စိတ်ကူးစိတ်သန်း ပိုကောင်းတယ်။ အလုပ်လုပ်ရာမှာ လည်း ရှေ့ရောက်တယ်။ နောက်ဆုံး အစားကြေချက်မှု စစ်စတန်တောင် သူများတွေထက် ပိုကောင်းတယ် " လို့ သူကဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့
“တီထွင် ဖန်တီးတတ်တဲ့ အနုပညာရှင်ကြီးတွေ အားလုံးလိုလိုကတော့ ဆင်း ဆင်းရဲရဲပဲ နေသွားကြရတာ မဟုတ်လား” ဆိုတဲ့ မေးခွန်းမျိုး မေးစရာ ရှိပါ တယ်။ ဒီအယူအဆက ရှေးဟောင်းအယူအဆ၊ ခေတ်ကုန်သွားပြီလို့ သူက ရှင်းပြ တယ်။ ဒီနေရာမှာ ထူးဆန်းမှု အရှိဆုံးက လောကကြီးကို ပိုပြီး သိသွားတဲ့ လူဟာ ပိုပြီး ပညာရှိပေမဲ့ သူများလောက် မပျော်နိုင်တော့ဘူးဆိုတဲ့ စကားပါ။ (The people who see the world clearly are wiser but sadder)။ ဒီစကားကတော့ တော်တော်သဘာဝကျပါတယ်။ ရင့်ကျက်သွားရင် ပျော်စ ရာနေရာမှာ သိမ်သိမ်မွေ့မွေ့ကြည်နူးမိတာလောက်နဲ့ ပြီးသွားနိုင်ပါတယ်။ sadder ဆိုတဲ့ စကားကကို ဝမ်းနည်းမှု ( သောက၊ ပရိဒေဝ )ဆိုတာထက် ကရုဏာဖက်ကို ခပ်နွယ်နွယ်ပါ။

အကြမ်းဖျင်းအားဖြင့် ဒီနေရာမှာ လူတန်းစားနှစ်မျိုး ခွဲထားလို့ ရပါတယ် ။ ပျော်ပျော်ပါးပါး နေတတ်တဲ့သူနဲ့ ခပ်တည်တည် နေတတ်တဲ့သူပါ။
ဒီနေရာမှာ ဥပမာမေးခွန်းတစ်ခုနဲ့ သူဟာ ဘယ်အထဲမှာ ပါဝင်သလဲဆိုတာ သိဖို့ လုပ်လို့ ရနိုင်တယ်လို့ သူက ပြောပါတယ်။
“ဒီအတန်း (အုပ်စုထဲမှာ) မင်းဟာ အတော်ဆုံးလို့ ထင်ပါသလား” ဆိုတဲ့ မေးခွန်းကိုသာ မေးကြည့်ပါ။ ပျော်ပျော်ပါးပါး နေတတ်သူက ဒီမေးခွန်း မျိုးကို သိပ်ပြီး ရေးကြီးခွင်ကျယ် စဉ်းစားမနေဘဲ “မှန်တာပေါ့” လို့ ဖြေလိမ့် မယ်။ ခပ်တည်တည်သမားကတော့ သူ့စကား မှားသွားမှာ စိုးတာနဲ့ “မဟုတ်ပါဘူး” လို့ ဖြေလိမ့်မယ်။

ဒီမေးခွန်းကို မေးတဲ့ ဆရာကိုယ်တိုင်ကကို ဉာဏ်စမ်း၊ စိတ်စမ်းတဲ့ သဘော မျိုးနဲ့ပဲ မေးတာပါ။ မှားလို့ ဘာမှ မဖြစ်သလို မှန်ရင်လည်း ဘာမှ မရပါဘူး။ အရင်တချိန်က ဆိုရင်တော့ “No” ဖြေတဲ့ ခပ်တည်တည်သမားကို ချီးကျူးကြ မှာ ဖြစ်ပေမဲ့ ဒီနေ့ခေတ်မှာတော့ ပေါ့ပေါ့ပါးပါး မေးခွန်းကို ပေါ့ပေါ့ ပါးပါး ပဲ ဖြေတတ်သူကို ပိုပြီး အမှတ်ပေးထားသလိုလို ရှိပါတယ်။ စိတ်ပညာသဘောအရ “Yes” ဖြေသူတွေဟာ ပိုပြီး ပျော်ရွှင်ရတတ်တယ်လို့ ဆိုကြပါတယ်။

ဘာကြောင့်မှန်းတော့ မသိပါဘူး။ အမေရိကန်ပညာရှင်တွေက သီလရှင်တွေ ကို သုတေသန လုပ်ရတာလည်း တော်တော် ဝါသနာ ပါပါတယ်။ အတိတ်မေ့ရောဂါနဲ့ ပတ်သက်လို့ အရင်ဆုံး သီလရှင်တွေကို သုတေသန လုပ်သလို အသက်ရှည်၊ မရှည်နဲ့ ပတ်သက်လို့လည်း သီလရှင်တွေကိုပဲ အရင် သုတေသန လုပ်ကြည့်ကြတယ်။ သူတို့ အဆိုအရ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ သီလရှင်တွေက (ဘယ်သူမှ နာတာရှည်ရောဂါ၊ အက်ဆီးဒင့် စသည် မဖြစ်ရင်) ခပ်တည်တည် နေတတ် တဲ့ သီလရှင်တွေထက် ခြောက်နှစ်ကနေ ဆယ်နှစ်အထိ အသက် ပိုရှည် ရှည် နေရတယ်လို့ ဆိုပါတယ်။
စီးပွားရေး နယ်ပယ်ထဲမှာလည်း ပျော်ပျော် ပါးပါး နေတတ်၊ ပြောတတ် သူတွေက ပိုပြီး စိတ်ချရတဲ့ အလုပ်ရှင်၊ အလုပ်သမားတွေ ဖြစ်နေတတ် တာ တွေ့ရတယ်။ လစာလည်း ပိုရတတ်တယ်။ အလုပ် အကူး အပြောင်းမှာ လည်း သူများထက် ပိုပြီး လွယ်ကူချောမွေ့ တတ်ပါတယ်လို့ ဒေါက်တာ ဒီယင်နာက သူ့ဒေတာကို ထုတ်ပြပါတယ်။

ပျော်ရွှင်မှုဆိုတာ ငွေနဲ့ ဝယ်ယူလို့ မရဘူး။ ဒါပေမဲ့ ငွေကြေးပြည့်စုံသူတွေက မပြည့်စုံသူတွေထက် ပိုပြီး ပျော်ရွှင်ရတာကိုလည်း ငြင်းလို့တော့ မရပြန်ဘူး။ အမေရိကန်သူဌေးတွေဟာ သာမန်လူတွေထက် (နည်းနည်းပဲဖြစ်ဖြစ်) ပိုပျော်ရတယ်လို့ ငွေကြေးနဲ့ ပျော်ရွှင်မှုကိုလည်း သူက ဆက်စပ်ပြတယ်။
ဘယ်သူက ပိုပျော်တယ်၊ မပျော်ဘူးဆိုတာနဲ့ ပတ်သက်လို့ ရှင်းမရသေး တဲ့ ပြဿနာတွေလည်း ကမ္ဘာမှာ ရှိနေဆဲပါ။ အရင်ဆုံး အမျိုးသမီးနဲ့ အမျိုး သား ဘယ်သူက ပိုပြီး ပျော်ရွှင်ကြသလဲ။ ပျော်ရွှင်ကြတဲ့ နေရာမှာ အတူတူပဲ လို့ ဆိုကြပါတယ်။ ဒါပေမဲ့ မပျော်ရွှင်ကြတဲ့ နေရာမှာတော့ အမျိုးသမီးတွေ က နှစ်ဆပိုပြီး စိတ်ညစ်တတ်တယ်လို့ ဆိုထားပြန်ပါတယ်။

(ဆက်ရန်)


 ဇင်ဝေသော်

တနင်္ဂနွေ အပျင်းပြေ ( ဘောလုံး )


-တက်ဗက်ဇ် ရဲအဖမ်းခံရရင် ဟက်ထရစ်ရလို့ အပတ်တိုင်း ရဲဖမ်းပါစေလို့ -မန်ချိနီက ဆုတောင်းတယ် တဲ့။
-ဂရေ့သ် ဘဲလ်ကို ပေါင် သန်းတစ်ရာနဲ့ မက်ဒရစ်က ခေါ်မယ်ဆိုလား။
-ဂွာဒီယိုလာက ရွန်းနီကို မြူးနစ်လာခဲ့ပါလို့ ဖိတ်ခေါ်ဆိုလား။
-ပန်တော်ကျ FAဖလားပွဲကို ရင်မခုန်ကြောင်း ထပ်မပြောချင်တော့ဘူး။ -ဘယ်သူ နိုင်နိုင်။
-ချယ်လ်ဆီးအတွက် FAဖလားက ကောက်ရိုးမျှင်။ ဘင်နီတက် -စွမ်းရင်ယူပေါ့၊ အိုးထရက်စ်ဖို့ ညောင်ပင်အောက် -အသည်းကွဲသရဲနီတွေ စောင့်နေလေရဲ့။ ထားတော့။
-လူးဝစ်ဆွာရက်ဇ် နဲ့ ဂရေ့သ် ဘဲလ်၊ ဦးသူစားမယ့် သတ္တဝါတွေ၊ -နံကြားထောက်ဖို့တောင် ကိုယ့်လက်ညှိုးကိုယ် မယုံရဲဘူး။
-မဖြေရင် သေဒဏ်ဆိုပြီး ဓါးမိုးထားရင်တော့ ရူးရူးနဲ့ -အဝေးကွင်းမှာ လေဆန်ကန်တင်ရမယ့် ဂရေ့သ် ဘဲလ်နဲ့ အဖွဲ့ကို့ ရွေးမယ်။
-ဆောရီးပဲ အန်ဖီးလ်။
-လက်ကျန် ပွဲစဉ်တွေရယ်၊ ရက်ကနပ်ရဲ့ သမိုင်းရယ်ကို ကျေကျေညက်ညက် -ဖတ်ထားရင် ကျူပီအာ ကုန်းထလာမယ်ဆိုတာ ယုံကြည်ထားလို့ရတယ်။
.
.
.

လီဗာပူး၊ စပါး တစ်ဂိုးစီ သရေကျဆဲ။
၁၂ မိနစ်မှာ ချယ်လ်ဆီးကတော့ နှစ်ဂိုး ပေးထားရပြီ။ ဟာနန်ဒက်ဇ် ၁၊ ရွန်းနီ ၁။

 ကမ်းလက် 

တနင်္ဂနွေ အပျင်းပြေ ( ပီအိတ်ခ်ျဒီ ကိစ္စ )


အခုတလောမှာ ပွထွက်လာတဲ့ ကိစ္စ က ပီအိတ်ခ်ျဒီပါ။ ဒီဂရီအတွက် ရူးသွပ် သူတွေ ရှိသလို ဒီရူးသွပ်မှုကို အကူအညီပေးနေသူတွေလည်း ရှိနေပါတယ်။
အမေရိကကပေးတဲ့ ဒေါက်တာဘွဲ့ရနိုင်သူတွေထဲမှာ
၁ ။ အမေရိကမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေ
၂ ။ တတိယကမ္ဘာ၊ အထူးသဖြင့် အာရှက ခေါင်းဆောင်တွေ ပါဝင်ပါတယ်။

မြောက် ကိုရီးယားခေါင်းဆောင် Kim Il-Sung က ဒေါက်တာပါ၊ California မှာ ရှိတဲ့ Kensington University တက္ကသိုလ်က ပေးတာပါ။ ဒါပေမဲ့ ဒါက တက္ကသိုလ်အစစ်တော့မဟုတ်ပါဘူး၊ တရားမဝင် ပရင်တာ တစ်ခုပဲ ဖြစ်ပါ တယ်။
ကမ္ဘောဒီးယားခေါင်းဆောင် Hun Sen လည်း ခေသူ မဟုတ်၊ ဒေါက်တာပါပဲ။ အထက်ကလို ဒေါက်တာပေါ့။
ဒီ ဒေါက်တာဘွဲ့တွေ ဘယ်လို့ရတာလဲ၊ အစစ်တွေကောဟုတ်ရဲ့လားဆိုတော့
" ဒေါက်တာဆို ဒေါက်တာပေါ့၊ ဘာအတုအစစ်တွေ ရှိနေရမှာလဲ " လို့ ပြန်မေးတတ်ကြပါသတဲ့။

အာရှက ခေါင်းဆောင်တွေပြီးရင် အမေရိကမှာရှိတဲ့ အိမ်မွေး တိရစ္ဆာန်တွေ ဖက်လည်း လှည့်ကြည့်ကြရအောင်ပါ။
အမေရိကမှာ ဒေါက်တာဘွဲ့ရ ခွေး၊ ကြောင်တွေ မနည်းလှပါဘူး။ ဆိတ် တစ်ကောင်တောင် ပါပါသေးတယ်။

Colby Nolan ဆိုတာ ကြောင်တစ်ကောင်ပါ။ ၂၀၀၄ ခုမှာ MBA ဘွဲ့ရပါ တယ်။Trinity Southern University, a Dallas, Texas-based ကပေး တာပါ။ အဝေးသင် ပညာရေးစနစ်နဲ့မို့ ဒေါ်လာ ၂၂၉ ဒေါ်လာပဲ ကုန်ကျခဲ့ပါ တယ်။
Chester Ludlow ကတော့ ခွေးလေးပါ။ သူကလည်း ခေသူ မဟုတ်၊ ဒေါက် တာပါပဲ၊ သူ့ကိုတော့ Rochville University ကပေးတာပါ။
နောက်ဆုံး Dr. Zoe D. Katz, PhD ပါ။ သူကလည်း ပညာတတ် ကြောင် တစ်ကောင်ပါ။
ဒီထက် ပိုပြီး စိတ်ဝင်စားကြရင် Nate Thayer ရဲ့ ဘလော့ဂ်ကို သွားကြည့် နိုင်ပါတယ်။

အမေရိ တိရစ္ဆာန်ပိုင်ရှင်တွေက ကိုယ့်တိရစ္ဆာန်တွေ အတွက် ဒေါက်တာဘွဲ့ လိုချင်ကြသလို အရှခေါင်းဆောင်တွေကလည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒါက်တာဘွဲ့ လိုချင်နေကြလေရဲ့။
အာရှနိုင်ငံရေးကနေ တဆင့် အခြား လူမှုရေး၊ စီပွားရေး နဲ့ (ဘာသာရေးမှာ) ဒီ ဝေဒနာ ကူးစက်လာနိုင်ကြောင်း စဉ်းစားမိရင်း။


 ဇင်ဝေသော်

စနေဘောလုံး


FA ကတော့ ပုံပြင်တစ်ပုဒ် ရေးဖို့လုပ်နေပြန်ပြီ။
အယ်ဗာတန်က အိမ်ကွင်းမှာ ဝီဂန်ကို သုံးဂိုး ဂိုးမရှိ တဲ့။ ရတဲ့ဂိုးတွေကလည်း အဆင့်မြင့်တယ်။
ဒုတိယပိုင်း ၄၅ မိနစ်မှာ ပြောင်းပြန်လှန်နိုင်ရင် ဒီထက် ယုံရခက်ခက်ပေါ့။
မလွယ်ဘူးထင်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ပါ။


 ကမ်းလက် 

“လူစိမ်းမှ လူရင်းသို့ (၇း ၁)”


လီကွမ်းယု ရဲ့ Hard Truths ကနေ အခုတလော ရေပန်းစားနေတဲ့ စက္ကူဖြူ စီမံကိန်းကို အထိုကအလျောက် ထင်ဟပ်စေတဲ့ အခန်း ၇ ကို တင်ပေးလိုက် ပါတယ်။


မေး ။ ။ နိုင်ငံခြားသားတွေ ရောက်လာဖို့ တံခါးဖွင့်ပေးရမယ်လို့ ဆိုသူတွေ ထဲမှာ မစ္စတာလီက အသံအကျယ်ဆုံးပဲ။ စင်ကာပူဟာ ဒီလိုပဲ နိုင်ငံခြား သားတွေအပေါ်မှာ အမြဲတမ်း ရပ်တည်နေရမှာလား။

ဖြေ ။ ။ လက်ရှိကလေးမွေးဖွားနှုန်းအတိုင်းသာ ဆိုရင်တော့ ဒီအတိုင်းပဲ။ ဒီလိုမဟုတ်ရင် သက္ကရာဇ် ၂၀၅၀ - မှာ အလုပ်လုပ်နိုင်သူဦးရေက ၁.၅ ပဲရှိပြီး သက်ကြီးရွယ်အိုတွေကို သူတို့က ထောက်ပံ့နေရလိမ့်မယ်။ လုံးဝ အဓိပ္ပါယ် မရှိတော့ဘူး။ နိုင်ငံလည်း ပြိုကျသွားမယ်။ ဒီတာဝန်ကြီးက သိပ်လေးနေေ တာ့ လူတော်တွေက နိုင်ငံခြားကို ထွက်ပြေးသွားကြမှာ။
စင်ကာပူးရီးယန်းတွေ ကလေးယူကြပါ၊ ကလေးယူကြပါလို့ ဘာကြောင့်များ ငါတို့က ခိုင်းနေရတယ် ထင်လို့လဲ။

ကလေးမွေးဖွားနှုန်းက မကာမိဘူး။ နိုင်ငံခြားသားတွေနဲ့ အစားထိုးနိုင်ဖို့ သူတို့ ကလေးတွေ စင်ကာပူးရီးယန်း ဖြစ်လာဖို့ ကြိုးစားနေကြရတာ။ ဒါ့ကြောင့် နိုင် ငံခြားသားတွေကို နေရာခွဲပြီး နေရာချထားပေးတာ။ သူတို့ပတ်ဝန်းကျင်မှာ စင်ကာပူးရီးယန်းတွေ ရှိနေရမယ်။ ဒီလိုနဲ့ သူတို့ကလေးတွေက ဒီက ကလေးတွေနဲ့ အတူနေ၊ အတူကျောင်းတက်၊ တစ်သားတည်း ဖြစ်သွားမှာ။
အခုဝင်လာတဲ့မျိုးဆက်က ပြောင်းလဲလို့ မရတော့ဘူး။ အိန္ဒိယန်း၊ တရုတ် ဘာလူမျိုးပဲဖြစ်ဖြစ်၊ သူတို့ကလေးတွေကို ငါတို့ရအောင် ယူထားနိုင်ရမယ်။ ဒီမှာမွေးတဲ့ ကလေးပဲဖြစ်ဖြစ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီကိုရောက်လာတဲ့ ကလေးပဲဖြစ်ဖြစ်ပေါ့။ တို့ကျောင်းကိုသွား၊ တို့ပြောသလို ပြော၊ တို့လုပ်သလို လုပ်အောင် ပြင်ယူကြရမှာ။

နိုင်ငံခြားသားတွေမပါဘဲ လက်ရှိတိုးတက်နှုန်းကို ငါတို့ ထိန်းမထားနိုင်ဘူး။ ရှင်းရှင်းလေး။ လူအင်အားမှ မရှိတာ။တနှစ်မှာ ကလေးဘယ်နှယောက် မွေး သလဲ။ သုံးသောင်းနဲ့ သုံးသောင်းခွဲကြားမှာ ရှိတယ်။ ဒီအရေအတွက်ရဲ့ ဆ တိုး ဖြစ်သင့်တယ်။ ငါ အလုပ်လုပ်နေစဉ်က တစ်နှစ်၊ တစ်နှစ်ကို ကလေး ဦးရေ ခြောက်သောင်းနှစ်ထောင်လောက် မွေးဖွားတယ်။ ဒါတောင်မှ လူဦးရေ က နှစ်သန်း မပြည့်ဘူး။

မေး ။ ။ တံခါးဖွင့်ရာမှာ အတိုင်းအတာတော့ ရှိသင့်တယ် မဟုတ်လား။ တစ်ခါက စင်ကာပူမှာ လူဦးရေခြောက်သန်းခွဲ မကျော်သင့်ဘူးလို့ မစ္စတာလီ ပဲ ပြောခဲ့တာ မဟုတ်လား။

ဖြေ ။ ။ ငါပြောခဲ့တာက နေရာအခက်အ ခဲကြောင့် ပြောခဲ့တာ။ မြေနေရာ လွတ်တွေရှိမှ ပတ်ဝန်းကျင်စိမ်းစိုအောင် စီမံပြီး နေချင်စဖွယ်မြို့ဖြစ်အောင် လုပ်ယူလို့ရတယ်။ တို့မှာ မြေလွတ်တွေ ရှိနေသေးတော့ ခြောက်သန်းခွဲအ ထိ ဖြစ်နိုင်တယ်လို့ သူတို့ ယုံကြည်ကြတယ်။ ဒါ့ကြောင့် နောက်ထပ် (၁၅) ရာခိုင်နှုန်း လက်ခံမယ်လို့ ပြောခဲ့ကြတာ။

အဲဒီနောက် ဘာဖြစ်သလဲ။ ပင်လယ်ရေကြောင်း နယ်နိမိတ်တွေကို ပြန် လုပ် ယူရတယ်။ ဒီနောက် ကိုယ့်အရည်အသွေးကို ပြန်တင်ယူရတယ်။ အကောင်းဆုံးတော့ ကြိုးစားနေကြတာပဲ။ ငါတို့လူထုရဲ့ မူလဗီဇကို ပြောင်းလို့ မရဘူး။ ဒါပေမဲ့ သူတို့ကို ပညာပေးရင်း လေ့ကျင့်ပေးရင်းနဲ့ အရင်ကထက် အရည်အချင်းရှိလာအောင်တော့ လုပ်ယူလို့ရတယ်။ အခု ငါတို့လုပ်နေတဲ့ SPUR (Skills Programme for Upgrading and Resilience) အစီ အစဉ် လိုပေါ့။ ပြီးတော့ စီးပွားရေးကျဆင်းတာကို အခွင့်ကောင်းယူပြီး သူတို့အဆင့် နဲ့ အရည်အချင်းတွေ တက်လာအောင် လေ့ကျင့်ပေးကြရတယ်။ ဒါမှ စီးပွားရေးဦးမော့လာလို့ စက်ရုံအလုပ်တွေ ပိုများလာရင် သူတို့က အဆင် သင့်ဖြစ်နေမှာ။ စက်ရုံအဟောင်းတွေကတော့ ဒီကို ပြန်လာမှာ မဟုတ်ေ တာ့ဘူး။ သူတို့က တို့ထက် လုပ်အားခ ဈေးချိုတဲ့ နိုင်ငံတွေကို သွားကြမှာ။

မေး ။ ။ နိုင်ငံခြားသားတွေကြောင့် စိတ်မချမ်းမသာ ဖြစ်နေတဲ့ စင်ကာပူး ရီးယန်းတွေကို ကြည့်ပြီး မအံ့သြမိဘူးလား။

ဖြေ ။ ။ မအံ့သြပါဘူး။ အသစ်အဆန်းတစ်ခု ဆိုတာလောက်ပါပဲ။ လတ် တလောနှစ်တွေရဲ့ အရေအတွက်ကို ပြန်ကြည့်ရင် နိုင်ငံခြားသား တော်တော် များများ လက်ခံလိုက်တာကို တွေ့ရမယ်။ စီးပွားရေးက ပိုကျယ်ပြန့်လာတော့ နယ်ပယ်အသီးသီးမှာ မလစ်ဟင်းရအောင် သူတို့က စင်ကာပူအတွက် လို အပ်နေတယ်။ ဒီစီးပွားရေး အကျပ်အတည်းကာလမှာ အလုပ်ကြမ်းသမား၊ ပညာရှင် ဘယ်သူ့ကို ဦးစားပေးမယ် ဆိုတာတွေ သတ်မှတ်လို့ မရဘူး။ သတ် မှတ်လိုက်ရင် အလုပ်ရှင်တွေကရော၊ အလုပ်သမား နိုင်ငံခြားသားတွေကပါ နားလည်မှု လွဲသွားနိုင်တယ်။

တို့လုပ်နိုင်တာက စင်ကာပူလူမျိုးကို အလုပ်ခန့်ရင် ဂျော့(ဘ်) ခရက်ဒစ် အနေနဲ့ ဒေါ်လာသုံးရာ မြှင့်ပေးထားတယ်။ ဒါက အလုပ်ရှင် ဆုံးဖြတ်ရမယ့် အပိုင်း ဖြစ်သွားတယ်။ နိုင်ငံခြားသားကို ငှားမယ်ဆိုရင် ဒေါ်လာသုံးရာ ဆပ်(ဖ်) ဆီဒိုက် လုပ်ရမယ်။ အလုပ်ရှင်တွေကိုလည်း ဆုံးဖြတ်ခွင့် ငါတို့ က ပေးထားရသေးတယ်။ စင်ကာပူးရီးယန်းကို ငှားမလား၊ နိုင်ငံခြားသားကို ငှားမလား။ သူတို့ ဆုံးဖြတ်ကြပေါ့။ တကယ်တော့ ဒါက ဒီအလုပ်သမားက အလုပ်ရှင်အတွက် ဘယ်လောက် အလုပ်လုပ်ပေးနိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။

အစိုးရအနေနဲ့ ငါတို့က အားလုံးကို ခြုံကြည့်ထားရတယ်။ ဒါမှ စီးပွားရေး ပြန်ကောင်းလာတဲ့အခါ ငါတို့ရဲ့ ကုန်ထုတ်လုပ်မှုနှုန်းက အခက်အခဲ ရင်မဆိုင်ရမှာ။ ဖြစ်ချင်ရာဖြစ် ဆုံးဖြတ်ခဲ့ကြတာ မဟုတ်ဘူး။ သေသေချာချာ စဉ်းစား၊ စည်းဝေးပြီးမှ ဆုံးဖြတ်ချက် ချခဲ့ကြရတာ။ ဘဏ္ဍာရေးဝန်ကြီးနဲ့ အ လုပ်သမားဝန်ကြီးတွေတင်တောင် မကဘူး။ အမျိုးသားဖွံ့ဖြိုးရေးနဲ့ ကုန် သွယ်ရေးဝန်ကြီး၊ ကက်ဘိနက်အဖွဲ့ဝင်တွေအားလုံး ပါဝင်စဉ်းစားပြီး ဆုံးဖြတ် ခဲ့ကြတာ။

အခြားနိုင်ငံတွေ ပြာယာခတ်နေချိန်မှာ စင်ကာပူက ဘာကြောင့် ပြာယာခတ် မနေတာလဲလို့ရော မတွေးမိဘူးလား။
တို့က သူတို့ကို အခွင့်အရေးတွေ ပေးထားလို့။ အခွင့်အရေးဆိုတာတွေထဲမှာ လက်ရှိ အလုပ်သမားတွေကို ပြန်လည်လေ့ကျင့်ပေးတာ။ စင်ကာပူးရီးယန်း ကို အလုပ်ငှားရင် ဆပ်ဆီဒိုက်ပေးတာ၊ သူတို့ အလုပ်သ မားတွေကိုအခ မဲ့ လေ့ကျင့်ပေးပြီး ပိုတော်လာတဲ့ အလုပ်သမားကို သူတို့ဆီ ပြန်ပို့ပေးတာ။ ဒါတွေ ပါတယ်။

နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ယူခဲ့တဲ့ လူသားနဲ့ နည်းပညာ အရင်းအမြစ်တွေ ငါတို့ဆီမှာ ရှိတယ်။ ဒါကြောင့်မို့လို့ ပြဿနာဖြစ်လာတဲ့အ ခါမှာ အေးအေးဆေးဆေးနဲ့ ဖြေရှင်းပေးနိုင်ခဲ့တာ။
အစိုးရက ဒီမူကနေ လုံးဝသွေဖည်ပေးလို့ မရဘူး။ ဒါတွေက စနစ်တကျ တွက်ချက်ထားတဲ့ မူဝါဒတွေ၊ ငါတို့ ကြည့်တာက စင်ကာပူရဲ့ ရေရှည် ရပ် တည်နိုင်ရေးပဲ။

မေး ။ ။ နိုင်ငံခြားသားတွေ ရုတ်တရက်ကြီး တိုးလာတာကို အကြောင်းပြ ပြီး စိတ်မသက်မသာ ဖြစ်နေတဲ့ နိုင်ငံသားတွေကို အခုလိုအချိန်မှာ သူတို့ စိတ်သက်သာသွားအောင် တစ်ခုခု စဉ်းစားမပေးသင့်ဘူးလား။

ဖြေ ။ ။ အားလုံး တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ပေးနေတာပဲ။ အရင်ဆုံး HDB တိုက်ခန်းတွေမှာ သူတို့ကို ခွဲထည့်ပေး ထားတယ်။ ဒါပေမဲ့ အိန္ဒိယက နောက်မှ ရောက်လာသူတွေက East Coast မှာ ကွန်ဒိုတွေ ဝယ်နေတာကတော့ ငါတို့လည်း မတတ်နိုင်ဘူး။ အဲဒီမှာပဲ ကွန်ဒိုဝယ်နေကြတဲ့ အိန္ဒိယမြောက်ပိုင်းကလူတွေရဲ့ အရေအတွက် မမျှ မတ လည်း ရှိနိုင်တာပဲ။

HDB တိုက်ခန်းတွေမှာတော့ ဖိအားပေးခြင်းမရှိဘဲနဲ့ သူတို့ချင်း တစ်ပေါင်းတည်း ဖြစ်သွားအောင်၊ အချင်းချင်း နားလည်အောင် ကိုတာစနစ်နဲ့ အိမ်တွေချပေးထားတယ်။ ပီအေပီက လူထုအချင်းချင်း ပေါင်းသင်းဆက်ဆံရေးအဖွဲ့တောင် ဖွဲ့ပြီး နယ်တွေမှာဆင်းပြီး လှုပ်ရှားကြဖို့ အစီအစဉ် ရှိတယ်။ ဒီကိစ္စ အထမြောက်ဖို့ အချိန်တော့ လိုတာပေါ့။

ပီအေပီရဲ့ ပါတီတွင်း ဆွေးနွေးပွဲတွေမှာ ဒီကိစ္စကို စတင်ခဲ့တယ်။ အဲဒီ စီတီဇင် အသစ်တွေက တရုတ်မန်ဒရင်းစကား ပြောကြတယ်။ အဲဒီအထဲက စီတီဇင် အသစ် တရုတ်စကားပြော ကောင်မလေးကို အင်္ဂလိပ်လို မှန်မှန်မပြောတတ် ရပါ့မလားဆိုပြီး ဆူလို့တဲ့ ကောင်မလေးက ငိုတယ်။ ဒီကလူတွေလို ဘယ်လို လုပ် မှန်မှန်ကန်ကန် ပြောတတ်ပါ့မလဲ။ သူ့ကို အချိန်တော့ ပေးမှပေါ့။ သူက ဒီအထဲမှာပါဝင်ပြီး သူတတ်နိုင်တဲ့ အပိုင်းကနေ လှုပ်ရှားတယ်။ ဒါကို ဆူလိုက် ၊ ငေါက်လိုက်လုပ်တယ်တဲ့။ တို့က နားလည်မှု ပိုရှိဖို့လိုတယ်။ သူက ကြိုး လည်းကြိုးစားတယ်။ သူဖြစ်ချင်တဲ့ ဆန္ဒတွေကိုလည်း ပြောပြတယ် ။ နှစ် ဖက်စလုံး ကြိုးစားဖို့ လိုတယ်။ ဒါက နှစ်လမ်းမောင်းစနစ်ပဲ။

လွန်ခဲ့တဲ့ ၁၉၆၀ - ခု ဝန်းကျင်တွေကလို မိသားစုတိုင်း ကလေးလေးေ ယာက်နှုန်းရှိရင် ဒီပြဿနာက တက်ကို မတက်ဘူး။ အဲဒီနှုန်းနဲ့ဆိုရင် ဒီနေ့ တို့လူမျိုးသက်သက်ပဲ ခြောက်သန်းနဲ့ ခုနှစ်သန်းကြားမှာ ရှိနေပြီ။ ဒါပေမဲ့ အမျိုးသမီးတွေ ပညာရေးနဲ့ အလုပ်အကိုင် အညီအမျှရတဲ့ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုး ပြီးနိုင်ငံတိုင်းမှာ ဒီလိုပဲ ကလေးမွေးဖွားနှုန်းက ကျသွားတတ်တာပါပဲ။
အခုဆိုရင် စီတီဇင်အသစ်တွေကကို ငါတို့လူမျိုးတွေလို ဖြစ်လာနေပြီ။

တရုတ်ပြည်ကနေ ရောက်လာတဲ့ နာ့(စ်)မလေးတစ်ယောက်နဲ့ တွေ့တယ်။ သူ့မှာ ကလေးတစ်ယောက် ရှိတယ်။
“ဘာလို့ ကလေးနှစ်ယောက် မယူတာလဲ။ သုံးယောက်ဆို ပိုတောင်ကောင်းသေးတယ်” လို့ ငါကမေးတော့ “မယူနိုင်ဘူး၊ ဈေးသိပ်ကြီးတယ်။ မူကြိုကျောင်းအပ်ခကတောင် နည်းတာ မဟုတ်ဘူး။ အခု ကလေးက ကျောင်းအပ်ရတော့မယ်။ အရွယ်ရောက်နေပြီ။ အိမ်နားက ဘယ်ကျောင်းမှာ အပ်ရမလဲလို့ လိုက်စုံစမ်းကြည့်နေရတာ။ သူ အရွယ်ကောင်းကောင်းမရောက်ခင် ကျောင်းလိုက်ပို့တာ၊ လမ်းဖြတ်ကူးပေးရ တာတွေကအစ လိုက်လုပ်ပေးရဦးမယ်” တဲ့။

သူမက ဆက်ပြောတယ်။ “ကလေးနှစ်ယောက်သာဆိုရင် ငွေလည်း မတတ်နို င်တော့ဘူး။ အလုပ်က အနားယူပြီး နောက်မှ အလုပ်ပြန်လုပ်မယ်ဆိုရင် လည်း ကိုယ့်နေရာကို သူများတွေက ဦးသွားလို့ နေရာတောင် ပျောက်သွား ဦးမယ်” တဲ့။

သူစဉ်းစားနေပုံက ဒီကလူတွေ စဉ်းစားတာနဲ့ တစ်ထေရာတည်း ဖြစ်နေပြီ။ သူတို့ စဉ်းစားတာက စီတီဇင်အသစ်တွေဟာ ငါတို့ ဟိုတုန်းက စင်ကာပူး ရီးယန်းတွေလို ဖြစ်လိမ့်မယ်လို့ တွေးထားကြတာ။ ဘယ်ဟုတ်လိမ့်မလဲ။ နိုင်ငံသားအသစ်တွေ တွက်ချက်ခန့်မှန်းတာတွေက ဒီခေတ် စင်ကာပူးရီးယန်းတွေ အတိုင်းပဲ။ ဒီညီမျှခြင်းကို ငါတို့ ရှာမတွေ့သေး ဘူး။ မတွေ့တော့တာလည်း ဖြစ်ကောင်းဖြစ်မယ်။

ပြင်သစ်နဲ့ ဆွီဒင်မှာသာ မိသားစုတစ်စု ကလေးနှစ်ယောက်မွေးဖွားနှုန်းကို ထိန်းထားနိုင်တယ်။ တခြားတော့ ဘယ်နိုင်ငံမှ ထိန်းမထားနိုင်ဘူး။ အထူး သဖြင့် အရှေ့အာရှက ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပိုဆိုးသေးတယ်။
အမေရိကကတော့ တမူထူးခြားတယ်လို့ ပြောရမယ်။ သူတို့က မြေနေရာ အလွတ်တွေကကို အများကြီး ကျန်သေးတာ။ လူတွေကလည်း အကော င်းမြင်ဝါဒသမားတွေ။ တဖြည်းဖြည်းတော့ သူတို့လည်း ဒီအတိုင်း ဖြစ်လာဦး မယ်လို့ ခန့်မှန်းမိတယ်။ ဂျပန်နဲ့ တရုတ်က မြို့ကြီးတွေမှာဆိုရင် လက်မထပ် တဲ့ အမျိုးသမီးတွေ မီဒီယာထဲမှာကော၊ စီးပွားရေးလောကထဲမှာရော အများကြီးပဲ။ ဒီပြဿနာက ကမ္ဘာနဲ့အဝှမ်း ဖြစ်နေတဲ့ ပြဿနာပဲ။ ပုံစံတကျ ပြောင်းလဲလာနေတဲ့ လူမှုရေးပုံသဏ္ဍာန်ပဲ။ အမျိုးသမီးတွေ ပညာတတ်လာပြီး အလုပ်အကိုင်မှာ အမျိုးသားတွေနဲ့ အခွင့်အရေးအတူတူ ရလာပြီဆိုရင် အဲဒီ လူ့အဖွဲ့အစည်းက ပြောင်းလဲလာတာပဲ။


 ဇင်ဝေသော်