လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်


" ကျနော့် အဖိုးအလိုအရ လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်၊ တစ်မျိုးက သူနဲ့ သဘောထားခြင်းတိုက်ဆိုင်တဲ့ လူ နောက် တစ်မျိုးက သူနဲ့ သဘောထားခြင်းမတိုက်ဆိုင်တဲ့ လူ " ( အမည်မသိ )

" လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်၊ တစ်မျိုးက လူကောင်း၊ နောက် တစ်မျိုးက လူဆိုး။ လူကောင်းက ကောင်းကောင်း အိပ်ရပြီး လူဆိုးက လမ်းပေါ်မှာ လူကောင်းထက် ပို ပျော်ရတယ် " (Woody Allen).

" လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်၊ တစ်မျိုးက လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ် ဆိုတာကို ယုံကြည်သူနဲ့ နောက် တစ်မျိုးက ဒါကို မယုံကြည်သူ " (Robert Benchley ).

" လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်။ ခု တစ်မျိုးနဲ့ တော်ကြာ တစ်မျိုး " ( မြန်မာကာတွန်းတစ်ကွက်၊ ဆောရီး၊ ဆရာ့နာမည် မမှတ်မိ )


 ကမ်းလက် 

မကောင်းပင့် ကျော်သိန်း


သူ့နာမည်ကတော့ ဦးကျော်သိန်းပါ။ ပိုပြီး တိတိကျကျ ပြောရ ရင် ရွှေပန်း တိမ် ဦးကျော်သိန်း။ ဟိုခေတ်က ရွာမှာ ရွှေပန်းတိမ်ဆိုတာရှားရှား ပါးပါး ဆိုတော့ ဦးကျော်သိန်းက နာမည်ကြီးထဲမှာလည်း ပါတာပေါ့။
ပိုက်ဆံရှိပေမဲ့ သူက ဘာသာရေး အလုပ်တွေနဲ့ သိပ်ပြီး ထဲထဲဝင်ရှိလှတာ မဟုတ်ဘူ။ အဲ သူ့မှာ ကျန်နေတဲ့မိဘဝတ္တရားက သူ့သားတွေဖြစ်ကြတဲ့ ခင်မော်ဝင်း၊ ငလင်းနဲ့ ငသင်းကို ရှင်ပြုပေးဖို့ပဲ။
သူ့သားတွေကို ရှင်ပြုအလှူပေးတော့မယ်ဆိုတဲ့ သတင်းကလည်း နယ်မှာေ တာ့ သတင်းကြီး တစ်ပုဒ်ပဲလေ။ သူ့အလှူကို လာပြီးအားပေး (စား) ဖို့ အားခဲနေကြတဲ့ ရွာနီးချုပ်စပ်က ပရိသတ်ကလည်း နည်းတာ မဟုတ်ဘူး။
နယ်မှာ အလှူပေးရတယ်ဆိုတာကလည်း လွယ်လှတာမဟုတ်ဘူး။ ထင်းက အစ လချီပြီး ကြိုတင်ခုတ်ထားကြရတာ။ ဦးကျော်သိန်းအိမ်က ထင်းခုတ်ဖို့ လုပ်အားပေးတွေခေါ်တယ် ဆိုတော့မှ တကယ် အလှူဖြစ်တော့မှာလို့ ရွာထဲ ကလည်း ယုံကြည်ကြတော့တာ။

တစ်သက်တစ်ခါ အလှူမို့ စိတ်ပြတ်တဲ့ ဦးကျော်သိန်းက ငွေဘယ်လောက် ကုန်ကုန် အားလုံးစိတ်တိုင်းကျ ဖြစ်ဖို့ဆုံးဖြတ်ထားတာပါ။ လူတွေ ကျွေးဖို့မွေး ဖို့ဆိုရင် ဆန်ကအစ အကောင်းစားတွေချည်းပဲ ဝယ်တာ။ ငါးခြောက်ဆို လည်း ရှယ်ပဲ။ ဝက်သားကိုတော့ ရွာမှာပဲ ဟင်းပေါ်ကြမှာမို့ မသင့်ဘူးလို့ ဆရာတော်က အမိန့်ရှိလို့ လက်လျှော့လိုက်တယ်၊ ငါးခြောက်ဆိုတာကတော့ ကိုယ့်အလှူမရှိလည်း ငါးတွေက သေပြီးသားတွေဆိုတော့ ပံ့သကူသားတွေပဲ မဟုတ်လား။ ထားလိုက်ပါတော့၊ ပြောချင်ရာ မရောက်ဘဲ ရှိနေမယ်။

နောက်ဆုံး အလှူမှာ ဘုန်းကြီးပင့်ဖို့ ဦးကျော်သိန်းက ဆရာတော်ဆီသွားပြီး ဩဝါဒ ခံတယ်။ သူ့စိတ်ထဲမှာ စဉ်းစားထားတာကတော့ ဆရာတော် လမ်းညွှန်ချက်အတိုင်း ပင့်သံဃာ ဘယ်လောက်များများ ပင့်မှာပဲ။ ပြော မယ်သာ ပြောတာ ရွာရှိသံဃာ သာမဏေတွေပါ ပင့်မယ်ဆိုရင် ရွာမှာတင်ပဲ နည်းတာမဟုတ်ဘူး။ အဲဒီတုန်းက တောရကျောင်းမှာတင်ပဲ ရဟန်း ရှစ်ပါး၊ သာမဏေ ၃၂ ပါး ရှိတယ်။ အလယ်ကျောင်းမှာ အဲသလောက် မများပေမဲ့ စုစုပေါင်း ၃၀ အောက်တော့ မရှိနိုင်ဘူး။ အလှူပိန်လေးတွေကတော သင်္ကန်း ကြီးဝတ်လောက်ပဲ ( ရဟန်းတွေကိုပဲ ) ပင့်တတ်ပြီး အလှူကြီးတွေကတော့ သာမဏေတွေပါပင့်ကြပါတယ်။ ဒါ့ကြောင့် ဦးကျော်သိန်းစိတ်ထဲမှာ ရှိတာက ရွာရှိ သံဃာကုန်ပေါ့။ အလှူကကြီး ဘုန်းကြီးပင့်ရာမှ သူများထက် ငယ်နေလို့ ဘယ်ဟုတ်ပါ့မလဲ။

ဆရာတော်ဆီရောက်လို့ ဆရာတော်ကိုလည်း ဦးချပြီး ရော
" ဒကာကြီး အလှူက ရွာမှာသာမက နယ်မှာပါ နာမည်ကြီးနေတယ်၊ဒကာကြီး ရဲ့ ဖောက်သည်တွေကလည်း ဒီနယ်အကုန်ဆိုတော့ "
" မှန်ပါ အမိန့်ရှိပါဘုရား "
" (....) ဆရာတော်ကိုတော့ ပင့်အုံးမှ ကောင်းမယ်၊ သူကြွတာ မကြွတာက သူ့အပိုင်း၊ ပင့်ရမှာက ကိုယ့်တာဝန်ပဲ "
" ရွာရှိ သံဃာကုန်ရယ်၊ ကျန်တာက ဆရာတော် သဘောအတိုင်းပါပဲ ဘုရား "
" (.......)ဆရာတော်ကို ပင့်ပြီဆိုမှတော့ (.......) ကို ချန်ထားခဲ့လို့ကလည်း မကောင်းပြန်ဘူး ဒကာကြီး "
" မှန်ပါ၊ ပင့်ပါဘုရား "
" (.........) ကိုလည်း ပင့်မှကောင်းမယ်၊ သူတို့က ခရီးဝေးပေမဲ့ ပွဲရှိတိုင်း ဘုန်းကြီးတို့ကို ပင့်တယ်၊ ဘုန်းကြီးတို့ကသာ မပင့်နိုင်တာ၊ ဒီတစ်ခါ ပင့်မယ် လို့ စိတ်ကူးရတယ် "
" မှန်ပါ ဘုရား "
"(......) ရွာ ဆရာတော်လေးကလည်း ဘုန်းကြီးအသစ် ကျောင်းအသစ် ဆိုတော့ လာဘ်လာဘ နည်းပါးရှာဦးမယ်။ အဲဒီ ကျောင်းကိုလည်း ချန်ထား လို့ မကောင်းပြန်ဘူး "
" မချန်ပါနဲ့ ဘုရား၊ သံဃာများလေ တပည့်တော်တို့လည်း ဝမ်းသာလေပါ ဘု ရား "
"............. "
"............... "
"................ "
".................. "
အားလုံးပြီးတော့မှ ဆရာတော်ကို ဦးချပြီး ဦးကျော်သိန်းအိမ်ပြန်သွားတယ်။

အိမ်ရောက်တော့ ဦးကျော်သိန်းက ပြုံးစိစိဖြစ်နေလို့ သူ့ဇနီးက နားလည်ရ ခက်နေတယ်။ ဆရာတော်ဆီ ဘုန်းကြီးပင့်ဖို့ သွားလျှောက်တာ ပြုံးစရာ မပါနိုင်ဘူးပေါ့။

ဒါနဲ့ ဇနီးကမေးလို့
" မယ်ပွေ့ရေ၊ ဘုန်းကြီးပင်ရတာ ခက်မှန်း ငါတော့ အခုမှ သိသဗျာ "
" ဘုန်းကြီးပင်ရတာ ဘာခက်နေလို့တုန်းတော့ "
" ခက်တယ်ဟ၊ ဒီဆရာတော်ကိုတော့ မပင့်လို့ မကောင်း၊ ဒီဆရာတော်ကို ပင့်ပြီး ဟို ဆရာတော်ကိုမပင့်ပြန်လည်း မကောင်း၊ အဲသလိုတွေ ရှိတယ်ဟ၊ ဆရာတော်ကိုတော့ မလျှောက်ခဲ့ပါဘူး၊ ငါ့ စိတ်ထဲမှာတော့လေ "
" ဆက်ပါအုံးတော့ "
" မကောင်းလို့ ပင့်ရတာက များတော့ ကောင်းလို့ပင့်ရတာက ဘယ်နှပါး မှန်းတောင် မသိတော့လို့ပါဟာ " တဲ။

တော်တော်နောက်တဲ့ ဦးကျော်သိန်းပဲ၊ အဲဒီစကားက ဆရာတော်နားကလွဲရင် လူတိုင်းနားထဲ ပြန့်သွားတယ်။ ဒါနဲ့တော့ သူ့ကို မကောင်းပင့် ကျော်သိန်းလို့ မခေါ်ကြသေးပါဘူး။
ရွာမှာ ကျော်သိန်းက နှစ်ယောက်၊ နောက်တစ်ယောက် အငယ်၊ ဒီတော့ ရွာထုံးစံအတိုင်း ကျော်သိန်းကြီး ကျော်သိန်းလေးပဲ ခေါ်ကြတာ။ ဖြစ်ချင်တော့ ကျော်သိန်းလေးက သူချစ်နေတဲ့ ကောင်မလေးက သူ့ကို ပြန်မချစ်လို့ နင်မချစ်ရင် ငါလည်း ရေနံဆီသောက်သေတော့မယ် ဆိုပြီး ရေနံဆီတွေေ သာက်ပါလေရော။ သိပ်မများတာရယ်၊ လူသိစောတာရယ်ကြောင့် ကျော် သိန်းလေး မသေလိုက်ရဘူး။
ဒါပေမဲ့ ရွာထဲကတော့ သူ့ကို ကျော်သိန်းလေး လို့ မခေါ်ကြတော့ဘူး၊ "ဘီအိုစီ ကျော်သိန်း " လို့ပဲ ခေါ်ကြတော့တယ်။ သူ့ကို ဘီအိုစီ ကျော်သိန်း လို့ခေါ်တော့ ကျော်သိန်းကြီး ကိုလည်း ကျော်သိန်းကြီးမခေါ်ကြတော့ပဲ
" မကောင်းပင့် ကျော်သိန်း " လို့ ပဲ ခေါ်ကြတော့ တယ်။


 သီဟနာဒ

တနင်္ဂနွေ အပျင်းပြေ ( ယူအက်စ်အေလား ဦးစလား )


လက်တင်ဘာသာ လွှမ်းမိုးမှုများဆဲ စပိန်၊ အီတလီ၊ ပေါ်တူဂီ စတဲ့ နာမည်ေ တွနဲ့ အင်္ဂလိပ်နာမည်တွေကို အပျင်းပြေလိုက်ကြည့်မိတယ်။

ဥပမာ ခရစ္စတီယာနို ရော်နာဒို ပေါ့။ " အို " တွေနဲ့ အဆုံးသတ်တယ်။ သူသာ အင်္ဂလိပ် သို့ အမေရိကန်ဆိုရင်....
ခရစ္စတီယာနို က ခရစ်ရှန် ဖြစ်ပြီး ရော်နာဒို က ရော်နယ်လ် ဖြစ်မယ် ( ဥပမာ ရော်နယ် ရီဂင် လိုပေါ့ )
အီတလီနာမည်တွေမှာ အများစု တွေ့ရတတ်တာက " ရော်ဘာတို " ပါ၊ ရော်ဘာတို မန်ချိနီ၊ ရော်ဘာတို ဘာဂျီယို စသဖြင့်ပေါ့။ ရော်ဘာတိုကို အင်္ဂလိပ်လို ပြောင်းရင် " ရောဘတ် " ဖြစ်သွားမယ်။ အဲလိုနာမည်တွေ အများ ကြီးရှိတယ်။
အင်္ဂလိပ်က လက်တင်ဘာသာက ဆင်းသက်တာဆိုပေမယ့် လက်တင်နဲ့ အလှမ်းနည်းနည်း ဝေးတယ်။ သရ ဆုံး နာမည်တွေကို သိပ် လက်မခံဘူး။

ပြီးရင် မြန်မာစာပြန်ဆရာတွေဖက် လှည့်အုံးမယ်။ နာမည်တွေ မှတ်ထားရပြီး အသံထွက်က မမှန်တော့ နောက်လူတွေ ဒုက္ခရောက်တယ်။
ကမ္ဘာကျော် လူမှုရေးရာ စာရေးဆရာကြီး ဒေး ( လ် ) ကာနယ်ဂျီ။ ကာနယ်ဂျီ လို့ မေးတိုင်း " ကာနယ်ဂီ " ကို ပြောတာလားလို့ အမေးခံရတယ်။ အမှန်က မဂျီပါဘူး။ ဂီ ပါ။
လက်တင်တွေက ဂီသလား မဂီသလား မသေချာပေမဲ့ အင်္ဂလိပ်မှာတော့ " ဂီ " တယ်။ ဒေး ( လ် ) ကာနယ်ဂီ ပါ။

ဖရန့်စ်ကို ပြင်သစ်လုပ်လိုက်တဲ့ တရားခံက ဘယ်သူလဲဆိုတာ မသိတော့ဘူး ။ တော်တော် ဝေးသွားတာပဲ။
ဒါကြောင့် စဉ်းစားမိတာပါ။
ကျနော်တို့ခေတ်မှာလည်း နာမည်လေး တစ်ခုလောက် မြန်မာမှုပြုရရင်ေ ကာင်းမလားလို့၊ ဥပမာ USA ပေါ့။
အမေရိက လို့ ခေါ်မယ့်အစား ဦးစ လို့ ခေါ်လိုက်ရရင် ပိုပြီးမှတ်ရလွယ်မယ်။ ချရေးရင်တောင် စာလုံးပေါင်း မလွဲနိုင်တော့ဘူး။ ပြင်သစ်ထက်တော့ သာ တယ်။


ဇင်ဝေသော် 

စနေဘောလုံး


Goodison Park မှာ နေပူမိုးရွာ သူခိုးလာ ဖြစ်နေလေရဲ့ ရွှေခြံ ရေ.........
၁၁ ယောက်ချင်း ကစားတော့ ၂၃ မိနစ်မှာ အိုစ်မန် အဝေးကစ်က မန်းစီးတီး ဂိုးသမား ဟာ့တ် ကိုပါ ကစ်သွားတော့ ...
အယ်ဗာတန် ၁၊ စီးတီး နဲလ် တဲ့။

ဒုတိယပိုင်း ၁၅ မိနစ်လောက်မှာ အယ်ဗာတန်က မြေပဲ ( ပီးနပ် ) အနီ ထိတော့ ( ထိသင့်တယ် ) စီတီဇင်တွေရဲ့ အညိုရင့်လှိုင်းကြီးတွေ တစ်လိမ့် လိမ့်တက်လာလိုက်တာ ရွာတော့မလိုပဲ လေ။
အဲ... လွင့်ထွက်သွားတဲ့ဘောလုံး ဖလိုင်းနီဆီ ရောက်တဲ့အထိပဲ ဆိုပါတော့။
ဖလိုင်းနီက ဂျာဗစ်ကို ချကျွေးလိုက်တော့ ၁၀ ယောက်နဲ့ တော့်ဖီတွေက ၂ စီတီဇင်တွေ ဇီရိုး တဲ့။
အရပ်စကားနဲ့ပြောတော့ အယ်ဗာတန် ၂၊ မန်စီးတီး ၀။
မိုးထဲမှာ မိုးယေးက ရေး လို့ အော်နေလေရဲ့။


 ဇင်ဝေသော်

လူစိမ်းမှ လူရင်းသို့ ( ၇း ၃ )


လီကွမ်းယု ရဲ့ Hard Truths ကနေ အခုတလော ရေပန်းစားနေတဲ့ စက္ကူဖြူ စီမံကိန်းကို အထိုက်အလျောက် ထင်ဟပ်စေတဲ့ အခန်း ၇ ကို တင်ပေးလိုက် ပါတယ်။

မေး ။ ။ စင်ကာပူးရီးယန်းတွေ နိုင်ငံခြားသားတွေနဲ့ ပတ်သက်လို့ စိုးရိမ်တာ တစ်ခုက သူတို့က PR ကိုသာ ယူပြီး စီတီဇင်ခံယူတဲ့ ရာခိုင်နှုန်းက တော်ေ တ်ာနည်းနေတဲ့ ကိစ္စပဲ။

ဖြေ ။ ။ အဲဒါ မှန်တယ်။ ငါတို့လည်း ဒီအတွက် ပူနေရတယ်။
မေး ။ ။ နောက်ထပ်စိုးရိမ်တာက သူတို့မျိုးဆက်လည်း ဒီအတိုင်းပဲ ဖြစ် လာလေဦးမလားလို့။
ဖြေ ။ ။ မဖြစ်နိုင်ဘူး။ ဒုတိယမျိုးဆက်က ဒီအတိုင်း လုံးဝ မဖြစ်နိုင်ဘူး။ မင်းက PR မှန်တယ်။ ဒါပေမဲ့ ယောင်္ကျားလေးဆိုရင် (၁၈) နှစ် ပြည့်ရင် စစ်မှု ထမ်းရမယ်။ မထမ်းရင် PR ပြုတ်မယ်။
မေး ။ ။ အိန္ဒိယန်း PR တွေနဲ့ စကားပြောကြည့်ဖူးတယ်။ သူတို့ကလေးတွေ စစ်မှုထမ်းက လွတ်အောင် သြစတေးလျကို သွားကြတော့မလို့တဲ့။
ဖြေ ။ ။ သွားကြလေ၊ ပြန်လာလို့တော့ မရဘူး။

မေး ။ ။ အဲဒီတုန်းက သူတို့မှာ ရွေးချယ်ခွင့် ရှိတယ်လေ။ သူတို့က တစ်ချိန် ချိန်မှာ ဒီကို PR တွေအနေနဲ့ ပြန်လာ၊ အင်ပလွိုင်းမန့် ပါ့(စ်) (Employment Pass) တွေနဲ့ ဒီမှာ အလုပ်လုပ်ကြဖို့။

ဖြေ ။ ။ မရဘူး။ သူတို့ကို ပြန်ဝင်လာခွင့်ကို မပြုဘူး။ တို့မှာ ဥပဒေရှိတယ်။ PR တစ်ယောက်က စစ်မှုမထမ်းဘဲ ထွက်သွားရင် ပြန်လာခွင့်မရှိဘူး။ မင်းက PR၊ မင်းကလေးတွေကို တို့ကျောင်းတွေမှာထား၊ ငါတို့စနစ်ကနေ အကျိုး အမြတ်တွေ ထုတ်ယူ၊ ဒါဆို စစ်မှုတော့ ထမ်းရမှာပေါ့။ ဒီတာဝန် မထမ်းေ ဆာင်ခင် ထွက်သွားလို့ကတော့ ပြန်ဝင်လာခွင့် မရှိဘူး။ ဥပဒေကို တင်းကြပ် ထားမှ ရတယ်။ နို့မို့ လူတွေက အခွင့်အရေး ယူသွားကြမှာ။
ဒါပေမဲ့ လူချမ်း သာ အိန္ဒိယန်းတစ်ချို့က ထွက်သွားပြီး အနှစ် (၂၀) လောက် ကြာရင် ပြန်လာ၊ တို့က သူတို့အတိတ်ကို မေ့သွားမယ်လို့ ထင်ကြတာပါ။ အဲဒါ သူတို့မှားတာပဲ။
အများစုကတော့ သူတို့ကလေးတွေရဲ့ စစ်မှုထမ်းတာဝန်နဲ့ ပတ်သက်လို့ ကျေ နပ်ကြပါတယ်။ ဒီက အနေအထားကို သူတို့ သဘောပေါက်ကြတယ်။ သူတို့ အိမ်နီးချင်းတွေက ကလေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီက လူနေမှုအဆင့် အ တန်းမျိုး ရောက်အောင် မျိုးဆက်နှစ်ဆက်၊ သုံးဆက် စောင့်ကြည့်ရဦးမှာ။ ဒါကြောင့် သူတို့က စင်ကာပူမှာ နေရတာကို ကျေနပ်ကြပါတယ်။

မေး ။ ။ ပီအာတွေ စီတီဇင်မယူတာ ဘာကြောင့်လဲလို့ ထင်ပါသလဲ။
ဖြေ ။ ။ မလေးရှားတွေကို ကြည့်။ သူတို့ စီတီဇင်မယူဘူးဆိုတာက ဟိုမှာ သူတို့ပိုင်ဆိုင်မှုတွေ၊ မိသားစုတွေ ရှိတယ်။ လာလိုက်၊ သွားလိုက် လုပ်နေ တာက ပိုလွယ်တယ်။ သူတို့ မိဘတွေ ဆုံးသွားပြီဆိုရင် သူတို့က စီတီဇင် ယူတယ်။
ငါ့ကျန်းမာရေးအတွက် ကြည့်ရှု့ကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်က အဲဒီအတိုင်းပဲ။ သူ့ဇနီးနဲ့ သူ့ကလေးတွေက ဒီမှာ။ စင်ကာပူ စီတီဇင်တွေ။ ငါတို့ကသာ စီတီဇင်နှစ်မျိုး ကိုင်ဆောင်ခွင့်ပြုမယ်ဆိုရင် အခြေအနေက ဒီထက်ဆိုးမယ်။ တို့နိုင်ငံက အမေရိကလောက် မကျယ်ဘူး။


မေး ။ ။ နိုင်ငံခြားသားတွေ တိုးလာတော့ ဒီမှာရှိတဲ့ လူထုနဲ့ အချိုးညီမျှပြီး လူမျိုးရေး ဟန်ချက်ညီအောင်လုပ်ဖို့ အခက်အခဲက ဘာများဖြစ်မလဲ။

ဖြေ ။ ။ တိုးလာတဲ့ တရုတ်၊ အိန္ဒိယတွေရဲ့ အရေအတွက်နဲ့ ညီမျှအောင် မလေးရှား၊ အင်ဒိုနီးရှား မွတ်ဆလင်တွေ ဒီကိုရောက်လာအောင် လုပ်ရ မယ် ။ ပြဿနာက သူတို့ဒီကို ရောက်လာအောင် လုပ်လို့မရတဲ့ အချက် ပဲ။ သူတို့ ဒီကိုလာတဲ့ဦးရေက တော်တော်နည်းတယ်။ အလုပ်ကြမ်းသမားတွေကိုလက် ခံမယ်ဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ဒီမှာ သူတို့နဲ့ ပြည့်သွားလိမ့်မယ်။ ပညာတတ်တွေ ကျပြန်တော့လည်း စင်ကာပူကို ဘယ်လာပါတော့မလဲကွာ။ ဟိုမှာက ဒီလောက်လည်း ပြိုင်ဆိုင်နေစရာ မလိုဘူး။ အခွင့်အရေးကျတော့ ဟိုမှာက ပိုရနေတာလေ။

အာရပ်ကမ္ဘာမှာ အလုပ်လုပ်နေကြတဲ့ တို့နိုင်ငံက အမျိုးသမီးတွေနဲ့လက်ထပ် ထားတဲ့ အာရပ်အနည်းအကျဉ်းတော့ ဒီကိုလာတယ်။ သူတို့က စင်ကာပူဟာ သိပ်မဆိုးတဲ့နေရာလို့ ထင်ကြတယ်။ အမျိုးသမီးတစ်ယောက်က ပညာတတ် ခင်ပွန်းကို စင်ကာပူထဲခေါ်လာတာနဲ့ ပတ်သက်လို့ တို့က မတားပါဘူး။ ဒါပေမဲ့ ဒီအရေအတွက်က နည်းနည်းလေးပါ။

မလေးရှားခေါင်းဆောင်တွေက ဒီအခြေအနေကို သဘောပေါက်ကြတယ်။ မလေးမွတ်စလင်တွေ ဒီထက်ပိုများများ စင်္ကာပူမှာ အခြေချနေထိုင်ကြဖို့ ငါ တို့ ကြိုးစားနေကြောင်း သူတို့ကို ပြောပြတယ်။ တချို့ မွတ်စလင် ပညာ ရှင်တွေ MNS တွေက တာဝန်ပြောင်းချပေးလို့ ဒီကို ရောက်လာကြတာတွေ ရှိတယ်။ ရောက်လာရင် သူတို့ကလေးတွေကိုလည်း ခေါ်ပြီး ဒီကကျောင်းေ တွမှာ ထားကြတယ်။ တာဝန်ပြီးဆုံးလို့ သူတို့ ပြန်ရတဲ့အခါမှာတောင် သူတို့ ကလေးတွေကို ဒီမှာ ချန်ထားတတ်ကြတယ်။ တို့က ပိုလို့တောင် ကြိုဆိုသေး တာပေါ့။
အိန္ဒိယလူဦးရေကတော့ လူတော်လေးတွေ ဒီမှာလာပြီး နေကြတော့ တိုး လာနေ တယ်။ သူတို့ အရင်းအမြစ်ကိုကြည့်။ လူဦးရေ သန်းနှစ်ရာကျော်ထဲ မှာ ပညာတတ်တွေ အများကြီးပဲ။ ပြီးတော့ သူတို့က အင်္ဂလိပ်လိုသင်ပြီး ဘွဲ့ ရခဲ့ကြတာ။ ခရစ်ကက်လည်း ကစားကြတယ်။ ဒီတော့ တို့အားကစား အမျိုး အစား ထဲမှာတောင် အမျိုးအစား အသစ်တစ်ခု တိုးသွားတာပေါ့။
ဒီမှာ အိန္ဒိယကျောင်း သုံးကျောင်းရှိတယ်။ ငါသာ မတားရင် ဒီထက်ပိုပြီး များ စရာ ရှိတယ်။ စင်္ကာပူကျောင်းကို တက်ချင်တက်၊ မတက်ရင် အိန္ဒိယကိုပြန် လို့ ငါပြောခဲ့တာ။ PR အနေနဲ့နေ၊ စစ်မှုထမ်းပေမယ်လို့ သူတို့ အသိုင်းအ ဝန်းလေးထဲမှာ နေပြီး ကျန်တဲ့လူမျိုးတွေနဲ့ မပေါင်းမိဘူး။ ဒါကြောင့်။

ငါတို့က ဥပဒေထုတ်ဖို့တောင် စဉ်းစားနေတာ။ အလယ်တန်း သက်တမ်း တလျှောက်လုံး အိန္ဒိယန်းကျောင်းမှာပဲ တက်လာခဲ့ရင် PR မပေးဘူး ဆိုတာ မျိုး။ သူတို့ကျောင်းမှာ ပြဋ္ဌာန်းထားတဲ့ စာအုပ်က အားလုံးလိုလို အိန္ဒိယ အကြောင်းတွေချည်းပဲ။ ဒါကြောင့် အိန္ဒိယကိုပဲ ပြန်သွားရမယ်။ သူတို့ ဗဟုသု တက အိန္ဒိယဗဟုသုတပဲ ရှိတယ်။ ဒီတော့ ခံစားချက်ကလည်း အိန္ဒိယန်းတွေ ရဲ့ ခံစားချက် ဖြစ်နေတယ်။ အဲ့ဒါ ပြဿနာ။

မေး ။ ။ လတ်တလော တရုတ်သတင်းစာက ဦးဆောင်စည်းရုံးတဲ့ အခမ်း အနားတစ်ခု ရှိခဲ့တယ်။ အဲဒီ အခမ်းအနားမှာတော့ အခုမှ ရောက်လာတဲ့ စီ တီဇင်အသစ်တွေက သူတို့အတွက်၊ သူတို့ကလေးတွေအတွက် ဒီလို အခြေအနေမျိုးရအောင် ခေါင်းဆောင်မှုပေးခဲ့တဲ့ မစ္စတာလီရဲ့ကျေးဇူး ကြီးမားကြောင်း ပြောဆိုကြတာ တွေ့ရတယ်။ မစ္စတာလီရဲ့ မှတ်ချက်အရ လက်ရှိ စင်္ကာပူရီးယန်းတွေက ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူးဆိုလား။

ဖြေ ။ ။ ဒါကတော့ သဘာဝပဲ။ ထင်ရှားတဲ့အကြောင်းရင်းက စီတီဇင် အ သစ်တွေက မတူတဲ့ ပတ်ဝန်းကျင်က ရောက်လာကြတာ။ တရုတ်ပြည် ကဖြစ်ဖြစ်၊ အိန္ဒိယကပဲ ဖြစ်ဖြစ်ပေါ့။ စင်္ကာပူရောက်ပြီး သူတို့ဘဝက ချက်ချင်း ကြီး တိုးတက်သွားတာကိုး။ တို့က စင်္ကာပူးရီးယန်းတွေအတွက်ကျတော့ ဒါ က ဘာမှ မထူးဆန်းသလို ထူးပြီးလည်း မခံစားကြရဘူး။ သူ့ကလေးအတွက် လက်ရှိရနေတာတွေဟာ သဘာဝအရကို ရနေတာလို့ ထင်နေတာ။ ဒါကလုံး လုံး အလွဲကြီး။
သဘာဝအရ ဘယ်ဟုတ်လိမ့်မတုန်း။ တစ်ခုခုများ တိမ်းချော်သွားခဲ့ ရင် အောင်မြင်နေတာတွေအားလုံး ပျောက်ဆုံးပြီး အောက်ဆုံးအထိ ကျ သွားနိုင်တယ်။ ငါတို့ နိုင်ငံတော်သီချင်းကိုဆို၊ သံဓိဋ္ဌာန်တွေ ပြုကြတယ်။ တကယ်က “နိုင်ငံတော်” အဆင့်ကို ရောက်အောင် ကြိုးစားနေကြရတုန်းပဲ ရှိသေးတယ်။ “နေးရှင်း” တစ်ခုမဟုတ်သေးဘူး။ နောက် နှစ်ပေါင်းတစ်ရာဆို ရင်တော့ နေးရှင်း ဖြစ်နိုင်ကောင်းပါရဲ့။
အမေရိကဆိုရင် သက်တမ်း နှစ်ရာ့ငါးဆယ်ကျော်ပြီ။
သူတို့လည်း နေး ရှင်းဖြစ်ပြီလို့ ငါတော့ မယုံကြည်သေးဘူး။ မှန်တယ်။ သူတို့ ဒုတိယကမ္ဘာစစ်မှာ လူဖြူတွေရော၊ လူမည်းတွေရော အတူတူတွဲပြီး တိုက်ခဲ့ ကြတယ်။ ပြီးတော့ ဗီယက်နမ်စစ်ပွဲ အတူ တိုက်ခိုက်ခဲ့ကြပြန်တယ်။ စစ်ပွဲလည်း ပြီးရော လူဖြူက လူဖြူနေရာ၊ လူမည်းကလူမည်းနေရာ ပြန်ေ ရာက် သွားရော။
ခက်ခဲတဲ့ အခြေအနေတွေ ကြားမှာကိုပဲ ငါတို့ တအား ကြိုးစားခဲ့ကြတယ်။ လူတွေကို နေရာရွေ့ပြောင်း ပေးပြီး အမြန်ပြောင်းလဲပစ်နိုင်တဲ့နည်းကို ကြိုး စား ကြည့်ခဲ့သေးတယ်။ အဲဒီအစီအစဉ်သာ အောင်မြင်ခဲ့ရင် ဒီနေ့စင်္ကာပူနဲ့ တခြားစီ ဖြစ်နေလိမ့်မယ်။
မလေးရှားက နည်းတစ်မျိုးနဲ့ ခရီးသွားတယ်။ သူတို့ဆီမှာ လူမျိုးစုတွေက လုံး ဝ ကို တသီးတသန့်ဆီ။ တရုတ်၊ အိန္ဒိယန်း၊ မလေး သူ့အုပ်စုနဲ့သူ။ ထိပ်တန်း စီးပွားရေး လောကထဲမှာကိုပဲ အပြန်အလှန် ဆက်ဆံမှု မရှိဘူး။ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းပဲ။ အဲဒါ နေးရှင်းလား။ လုံးဝ မဟုတ်ဘူး။

ငါတို့ကရော နေးရှင်းလား။ ကူးပြောင်းနေတယ်။
ဘယ်တော့ ရောက်မလဲ။
ငါ မသိဘူး။
ခေါင်းဆောင်က သူ့ဆက်ခံသူကို ချမှတ်ပေးလို့ပဲ ရတယ်။ နောက်ပိုင်းကိစ္စက သူ့ကို ဆက်ခံသူနဲ့ပဲ ဆိုင်တယ်။
စတာလင်မရှိတော့ဘူးဆိုတော့ ခရုရှက်(ဖ်)က စတာလင်ရဲ့မူဝါဒတွေအားလုံး ဖျက်ဆီးပစ်တယ်။
ခရုရှက်(ဖ်)လည်း သွားရော Brezhnev (ဘရက်ညဇက် ) က တခြားပုံစံနဲ့ ခရီးဆက်ပြန်ရော။
Brezhnev က အသက်ရှစ်ဆယ်လောက် ရောက်တော့ Andropov (အန်ဒရိုပေါ့) ကို အာဏာလွှဲပေးတယ်။
Chernenko (ချာနင်ကို) သေတော့ ဂေါ်ဘာချော့(ဗ်)က ဆိုဗီယက်ပြည်ထောင်စုကြီးကို ဖြိုခွဲပေးလိုက်တယ်။
သူတို့က နေးရှင်း မဟုတ်ဘူး။ အင်ပါယာပဲ။

တရုတ်ပြည်က နေးရှင်းလား။ ဟုတ်တယ်။ ဟန်လူမျိုးက တရုတ်လူဦးရေရဲ့ (၉၀) ရာခိုင်နှုန်း ရှိတယ်။ နှစ်ငါးထောင်ကြာတဲ့ သမိုင်းရှိတယ်။
ဒါဆို Xinjian (ရှင်ကျင့်) နဲ့ တိဗက်တို့က ဘယ်လိုလဲ။
အဲဒီပြည်နယ်နှစ်ခုကို ဟန်လူမျိုးတွေနဲ့ ပေါင်းပြီး နေးရှင်းလုပ်မလို့ ကြိုးစားနေ ကြတာ။ လူမျိုးစုံတဲ့ နိုင်ငံတိုင်းကတော့ ဒီပြဿနာမျိုးကို ရင်ဆိုင်ရတာပါပဲ။




ဇင်ဝေသော်