လူကြိုက်များတဲ့ မော်ဒယ်


ဂျင်နရယ်ဖော့ဒ် မော်တော်ကားတည်ထွင်ရှင် ဟင်နရီဖော့ဒ် သေ ဆုံးေ တာ့ ကောင်းကင်ဘုံကို တန်းရောက်သွားတယ်။ ရောက်တယ်ဆိုရင်ပဲ ဂိတ်စောင့်က
" မစ္စတာဖော့ဒ်၊ ခင်းဗျားကတော့ T မော်ဒယ်ကားတည်ထွင်ပြီး လူသားေ လာကကြီးကို ပြောင်းလဲပေးနိုင်ခဲ့သူ တစ်ယောက်ပဲ။ ခင်းဗျားကို အထူးအခွင့် အရေး ပေးတဲ့အနေနဲ့ ခင်ဗျားရွေးချယ်တဲ့ စိတ်ကြိုက် လူတစ်ယောက် နဲ့ တွေ့ဆုံစကားပြောခွင့် ပြုပါမယ်။ ဘယ်သူနဲ့ တွေ့ချင်ပါသလဲ" ဆိုတော့ မစ္စတာဖော့ဒ်
" ဂေါ့ဒ် နဲ့ပဲ တွေ့ချင်တယ်" လို့ တောင်းဆိုတယ်။

တံခါးမှူးကလည်း သူ့ကတိအတိုင်း မစ္စတာဖော့ဒ်ကို ထာဝရဘုရားရှင်နဲ့ မိတ်ဆက်ပေးလိုက်တယ်။
တွေ့တွေ့ချင်းပဲ မစ္စတာဖော့ဒ်
" ဘယ်လိုစိတ်ကူးနဲများ အမျိုးသမီးတွေကို ဒီမော်ဒယ်အတိုင်း တည်ထွင် ခဲ့တာလဲ။ ဒီမော်ဒယ်မှာ အားနည်းချက်တွေ အများကြီး တွေ့ရတယ်" ကွန်ပလိန်းတက်တော့
"ဘယ်လို အားနည်းချက်တွေ တွေ့ရလို့လဲ မစ္စတာဖော့ဒ် ရဲ့" လို့ ထာဝရ ဘုရားရှင်က ပြန်မေးတယ်။

ပြောရမယ်ဆိုရင်....
၁။ ဒီမော်ဒယ်ရဲ့ ရှေ့ပိုင်းမှာ အကာအကွယ်၊ အခုအခံတွေ များလွန်းတယ်။
၂။ အမြန်နှုန်း နည်းနည်းတင်လိုက်တာနဲ့ အသံဗလံတွေ ပူညံပူညံနဲ့ ဆူလွန်းတယ်။
၃။ သူ့အတွက် မိန်းတိန့်နင့် စရိတ်ကလည်း ကြီးမှကြီးပဲ။
၎။ အမြဲတမ်း အရောင်တင်ရ ဆေးပြန်သုတ်ရနဲ့ ကယိကထကလည်း များမှများ။
၅။ အရည် စွန့်ပြစ် လဲလှယ်မှုကလည်း လစဉ်လိုလို ပုံမှန်ဖြစ်နေမှရတယ်။ ဒါမရှိရင် မဖြစ်ပြန်ဘူး။
၆။ ဒီမော်ဒယ်ရဲ့ နောက်ပိုင်းကလည်း မငြိမ်သက်ဘူး၊ လှုပ်တိလှုပ်ရွနဲ့။
၇။ ရေဟောင်းစွန်းတဲ ပိုက်ကလည်း အိတ်ဇောနဲ့ နီးကပ်လွန်းတယ်။
၈။ ရှေ့မီးကြီးနှစ်လုံးကျတော့ သေးလွန်းနေပြီး ရှေ့ကို ဝေးဝေးမမြင်ရပြန်ဘူး။
၉။ ဆီစားနှုန်းကလည်း စိတ်ပျက်လောက်အောင် များလွန်းတယ်....
ပြောရရင် အများကြီး ကျန်သေးတယ် လို့ မစ္စတာဖော့ဒ်က ပြောတော့

ထာဝရဘုရားရှင်..
"ခဏလေး" ဆိုပြီး ကောင်းကင်ဘုံက စူပါကွန်ပြူတာကို ကောက်ဖွင့်ပြီး ချက်ကြည့်တယ်။ တချိန်တည်းမှာပဲ ရီပေါ့တ်ကိုလည်း ပရင့်ထုတ်လိုက်တယ်။ ပြီးတော့မှ
" မစ္စတာဖော့ဒ်၊ လူကြီးမင်းပြောသလို ကျွန်ုပ်ရဲ့ အမျိုးသမီးတွေ အတွက် မော်ဒယ် ဖန်ဆင်းမှုမှာ အားနည်းချက်တွေ အများကြီး ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးရတဲ့ ဒေတာအရ အမျိုးသားတွေကြားမှာတော့ ခင်ဗျားတည်ထွင်တဲ့ ကားတွေထက် အမျိုးသမီးတွေက ပိုပြီးလူကြိုက်များနေတယ်ဆိုတာ တွေ့ရတယ် ဗျ " တဲ့။
(the world Joke book ကဟာသကို နည်းနည်းပဲ ပြင်ထားတာပါ)


 ဇင်ဝေသော်

ဉာဏ်စမ်းမေးခွန်းများ


( အောက်ဖော်ပြပါ ၁၊ ၂၊ ၃၊၄ အဆိုပြုချက် လေးခုကို အဖြေလေးခု (က) (ခ) (ဂ) (ဃ) တို့နဲ့ တွဲစပ်ပြပါ။

၁။ လူတစ်ယောက်ကို တစ်နိုင်လုံးက ဘယ်လောက် ကြည့်မရဖြစ်နေတယ် ဆိုတာ ဒါကိုကြည့်ပြီးသိနိုင်ပါသည်။
၂။ သမ္မတနဲ့ဝန်ကြီးများ အမေရိကားက ပြန်ရောက်ပြီး မကြာခဏသုံးသည့် အင်္ဂလိပ်စကား။(ရယ်ရတယ်)
၃။ ခဲလ်မီကယ် အင်ဂျင်နီယာနှင့် မြို့ပြအင်ဂျင်နီယာတို့ ထူးခြားချက်။
၎။ လမ်းမှားဟူသည် လျောလျောလျူလျူ ရှိတတ်သည်။

(က) မှားခေါ်မိသော ဖုန်းနံပတ်တိုင်း လျောလျောလျူလျူ ဝင်သွားသည်။ ( ဆယ်သွယ်ရေး ဧရိယာ ဘာညာ မရှိ)
(ခ) တစ်ယောက်က လက်နက်တည်ထွင်ပြီး တစ်ယောက်က ပစ်မှတ်ကို တည်ထွင်သည်။
(ဂ) ကက်ပက်စီတီ။
(ဃ) ခွေးက အမြင်ကပ်ကပ်နဲ့ (မျက်စေ့စုံမှိတ်ပြီး) အနှီ ပုဂ္ဂိုလ်ကြီး ကို ဘောင်းဘီအစိမ်းရောင်ကြီး ပေါက်အောင် ကိုက်ခဲသည်။

အဖြေအားလုံးမှန်ရင် ထိုက်ထိုက်တန်တန် ကျေးဇူးစကား ပြောပါမည်။


 ဇင်ဝေသော်

Kids Program on Skynet MRTV Today


MNTV (SKY NET) မှ 14-05-2013 မြန်မာစံတော်ချိန် 1:20pm, 4:20 pm, 7:20pm တွင်
စင်္ကာပူနိုင်ငံ၊ မင်္ဂလ၀ိဟာရကျောင်းတွင် သင်ကြားနေသော “ဗုဒ္ဓဘာသာနှင့် မြန်မာ့ယဉ်ကျေးမှု အကယ်ဒမီ” အကြောင်းကို ထုတ်လွှင့်မည်ဖြစ်ပါသည်။

More info
https://www.facebook.com/BMCAsg



 ကမ်းလက် 

ခင်ပွန်း၊ ဖခင်၊ အဘိုး၊ မိတ်ဆွေ ( ၁၁း ၂ )


လီကွမ်းယုရဲ့ The Hard Truths မှ PART 3 Private Musings.
Chap 11 "Husband, Father, Grandfather, Friend" အဆက်ကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။



မေး ။ ။ မစ္စတာလီရဲ့ နေ့စဉ်လုပ်ငန်းတွေကို ပြောပြပေးပါလား။

ဖြေ ။ ။ အခုလောလောဆယ် နေ့စဉ်ဘဝလား။

မေး ။ ။ ဟုတ်တယ်။

ဖြေ ။ ။ အင်း … ငါ အလုပ်လုပ်တာ နောက်ကျတယ်။ ညပိုင်းတွေမှာ အ လုပ်လုပ်ရတာကို သဘောကျတယ်။ ၁၉၅၉ - ခုနှစ်တွေတုန်းကတော့ စီး တီးဟောက ရုံးကို မနက် (၈) နာရီ သွားတယ်။ တဖြည်းဖြည်းနဲ့ ရုံးသွားချိန် က (၉) နာရီ (၁၀) နာရီ ဖြစ်လာတယ်။ အခုဆို နေ့လည်ခင်းတွေမှပဲ သွားေ တာ့တယ်။ နေ့လည်မှာ တစ်နာရီခွဲလောက် အနှိပ်ခံတယ်။ ပြီးရင် နေ့လည်စာ စားတယ်။ ဆေးကြောပြီး အီးမေးလ်တွေ စစ်တယ်။ ပြီးတော့ အခု မင်းနဲ့ စကားပြောနေတယ်။ ပြီးရင် ဘာလုပ်ဖြစ်မယ် မသိသေးဘူး။ ငါ့လင်ပန်း ညစ် ပတ်နေရင် ဆေးမယ်။ အီးမေးလ်တွေ ပြန်ရဦးမယ်။ စက်ဘီးစီးမယ်။ ရေကူးမယ်။ အိမ်ပြန်၊ ညစာ စား။ နာ့စ်နဲ့ တရုတ်စကားပြော၊ ပြီးရင် လုပ်စရာရှိတာ မအိပ်ခင် လုပ်တယ်။ အချိန်တော့ အလကား ဘယ်တော့မှ မထားဘူး။

မေး ။ ။ အရွယ်နဲ့စာရင် တစ်နေ့တစ်နေ့ မစ္စတာလီ အလုပ်တွေက အများ ကြီးပဲလို့ တော်တော်များများ ပြောကြတယ်။ ဥပမာ တလောက မလေးရှား ကိုတောင် သွားလိုက်သေးတယ် မဟုတ်လား။

ဖြေ ။ ။ ဒါက ဗီဇနဲ့ ဆိုင်မယ် ထင်တယ်။ ငါ့ရဲ့ ခုနှစ်ဆယ်၊ ရှစ်ဆယ် ရာ ခိုင်နှုန်းဗီဇက အဲ့သလိုပဲ။ ငါ့အဖေက အသက် (၉၄) နှစ်အထိ နေသွားတယ်။ အမေကတော့ (၇၄) ပဲ။ အမေ့မှာ နှလုံးရောဂါလည်း ရှိတယ်။ သူတို့ခေတ်တုန်းက ခေတ်မီဆေးဝါးနဲ့ စက်ပစ္စည်းတွေ မရှိသေးဘူးပေါ့။ ငါ့မှာလည်း အသက် (၇၂) ရောက်တော့ နှလုံးပြဿနာ တက်တာပဲ။ ဒါပေမဲ့ ငါ့မှာတော့ ဆေးဝါးနဲ့ စက်ပစ္စည်းကောင်းတွေ ရှိတာပေါ့။ အခုဆိုရင် ငါ့ အသက်က အဖေနဲ့ အမေကြားမှာ။ ဘယ်လောက် ဆက်နေရဦးမလဲ မသိ ဘူး။ ငါကတော့ carry on ပဲ။

ငါ့သူငယ်ချင်းတွေ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေဆိုရင် လက်တွန်း လှည်းပေါ် ရောက်သူရောက်၊ သေသူကသေ ဖြစ်ကုန်ပြီ။ ငါ့ဘဝကို အဆိုးမြင် မနေသင့်ဘူး။ အင်္ဂလန်က ငါနဲ့ ခေတ်ပြိုင်တွေဆိုရင် တစ်ယောက်မှ မရှိ ကြတော့ဘူး။ အခု တရုတ်ပြည်မှာ သံအမတ် လုပ်သွားတဲ့ Percy Cradock ပဲ ရှိတော့တယ်။ သူက လူတော်ကွ။ သွေးတိုးရှိတယ်။ ခြေထောက်နှစ်ဖက် မရှိတော့ဘူး။ သူ့ဆီ ငါ ရောက်ခဲ့သေးတယ်။ စိတ်ကတော့ ဒေါင်ဒေါင်မြည်နေတုန်းပဲ။ တက္ကသိုလ်ကတည်းက အဆက် အသွယ် ရှိခဲ့ကြတာ။ နောက် သူက ကွာလာလမ်ပူမှာ သံအမတ်ဖြစ်၊ တရုတ် စာကောင်းတော့ နောက် ပီကင်းကို ပြောင်းရတယ်။ မာဂရက် သက်ချာက ဟောင်ကောင်ပြဿနာကို တိန့်ရှောင်ဖိန်နဲ့ ဆွေးနွေးတော့ သူ ပါတာပေါ့။ အဲ့ဒါ ၁၉၈၄ - ခုက။ တရုတ်ပြည်ရောက်ရင် သူ့ကို သွားသွား တွေ့ တယ်။ တွေ့တိုင်းလည်း ဘယ်သူက ဘာ၊ ဘယ်ဟာက ဘယ်လို ပြောတော့ တာပဲ။ သတင်းတော့ တော်တော် စုံတဲ့လူ။

သူ အင်္ဂလန်ကို ပြန်တဲ့အခါတိုင်း ငါတို့ဆီကို ဝင်လာပြီး တစ်ရက်စ၊ နှစ် ရက်စ နေတတ်တယ်။ ငါ အင်္ဂလန်ကို ရောက်ရင်လည်း သူနဲ့ တွေ့ပြီး ည စာတွေ အတူစား၊ စကားတွေ ပြောကြတယ်။ သူ့မှာ အကူအညီဆိုလို့ သူ့ဇနီး ပဲ ရှိတယ်။ ဒီတော့ ငါ့ကိုယ်ငါ ကံကောင်းတယ်လို့ ယူဆတာပဲ။ သူဆိုရင် ငါနဲ့ အရွယ်တူ၊ ငါ သိသမျှတွေထဲမှာတော့ သူပဲ အသက်ရှင် ကျန်တော့တယ်။ (Sir Percy Cradock ဟာ ၂၀၁၀ - ခု၊ ဇန်နဝါရီလထဲက ဆုံးပါးသွားရှာပါပြီ။)

မေး ။ ။ မျိုးရိုးဗီဇအပြင် အခြားအချက်တွေရော မပါနိုင်ဘူးလား။ ဥပမာ အစားအသောက်လို ဟာမျိုးတွေပေါ့။

ဖြေ ။ ။ ငါက လေ့ကျင့်ခန်း ပုံမှန် လုပ်တယ်။ ဂေါက်ရိုက်ဖူးတယ်။ ဒါပေမဲ့ ဂေါက်ရိုက်တာက အတော် ပျင်းစရာကောင်းတဲ့ အားကစား တစ် မျိုးပဲကွ။ ငါ့သမီးက အမေရိကန်လေတပ်က ဒေါက်တာ Kenneth Copper ရေးတဲ့ လူကြီးပိုင်းတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Aerobics ဆိုတဲ့ စာအုပ်ကို ပေးတယ်။ အေရိုးဗစ်ကို ဘယ်လို ကစားရမယ်၊ ဘယ်ေ လာက်ကြာအောင် ကစားရမယ်စတာတွေကို ရေးထားတာ။ တစ်နေ့မှာတော့ ငါက အသက်ပြင်းပြင်းရှုပြီး လေ့ကျင့်နေတာကို သမီး က တွေ့သွားပြီး ဘာ လုပ်နေတာလဲလို့ မေးတယ်။ အဆုတ်ထဲ အောက်စီဂျင် ပိုရောက်အောင်ေ လ့ကျင့်နေတာလို့ ငါက ပြောတော့ သူက အဲ့သလို မလုပ်ရဘူး၊ လမ်းမြန်မြန်လျှောက်၊ ဒါမှမဟုတ် ပြေးရတယ်တဲ့။ သူလည်း ဒီအတိုင်းပဲ လုပ်နေတာဆိုလို့ သူ့ဆီက စာအုပ်ကို ယူဖတ်ပြီး ငါ လေ့ကျင့်ခန်း ပုံမှန် လုပ်တယ်။ ဂေါက်ရိုက်နေရင်း လမ်းလျှောက်ရတဲ့ အခါတွေမှာ မြန်မြန်ေ လျှာက်ကြည့်တယ်။ ဟုတ်တယ်။ အဲ့ဒီနည်းက အလုပ်ဖြစ်တယ်။ အဲ့ဒီနောက် ဂေါက်ရိုက်ရင်းနဲ့ပဲ ပြေးလည်းပြေးတယ်။ နောက်ဆုံးတော့ ဂေါက်ရိုက်ပြီး ဘာလို့ အချိန်ဖြုန်းနေတော့မှာလဲ၊ တစ်နာရီ နှစ်နာရီ ကြာတယ်။ ဒါနဲ့ ဂေါက်ရိုက်တာ ရပ်ပြီး မိနစ်နှစ်ဆယ်လောက် ငါ ပြေးလိုက်တော့တယ်။ ခံစားရတာ ပိုကောင်းတယ်။ ဒါနဲ့ ဂေါက် လုံးဝ မရိုက်တော့ဘူး။

မေး ။ ။ ကိုယ်ရောစိတ်ပါ အနားရဖို့ တခြားဘာတွေ လုပ်သေးသလဲ။

ဖြေ ။ ။ အင်း … ငါ့ရုံးက ပြောရေးဆိုခွင့်ရှိသူ Yeoh Ghim Seng ကင်ဆာဖြစ်တော့ ဗုဒ္ဓဘာသာ ဆရာဝန်တစ်ယောက် ဖြစ်တဲ့ K.K. Tan က တရားမှတ်နည်း သင်ပေးတယ်။
(Dr. Tan Kheng Khoo ပါ။ တော်တော် နာမည်ကြီးပါတယ်။ တရားထိုင် နည်း သင်တန်းတွေလည်း ပေး၊ စာအုပ်တွေ လည်း ရေးပါတယ်။ ကေကေ တန်က ဗုဒ္ဓဘာသာထဲက ထင်ရှားတဲ့ ပညာရှင်ပေါ့)။

သူ့နည်းက ရောဂါအကြောင်း တွေးပြီး ကြောက်နေတာထက် တစ်ခုခုကို အာ ရုံစိုက်နေတာက စိတ်ပိုငြိမ်တယ်ဆိုပြီး
“ငါ သေရမယ်။ ငါ သေရမယ်” လို့ နှလုံးသွင်းခိုင်းတယ်။

ငါလည်း
“စိတ်ဝင်စားစရာပဲ။ ငါ့အတွက်လည်း တရားမှတ်နည်း ပေးပါဦး” လို့ ပြောတော့ ဒေါက်တာတန်က ငါ့ရုံးရောက်လာပြီး သင်္ခန်းစာ (၆) ခု သင်ပေးတယ်။ အစပိုင်းတော့ တော်တော် ခက်တယ်ကွ။ တဖြည်းဖြည်းနဲ့ အဆင်ပြေလာတယ်။ အသက်ရှုတာက နှေးပြီး ညင်သာလာတယ်။ မှတ်ရတာ ပိုကောင်းပြီး စိတ်လည်း အေးချမ်းတယ်။ ရွတ်တာ၊ ဖတ်တာတွေ မလုပ်လည်း တရားမှတ်နေလို့ ရတယ်။ ငါ့သွေးပေါင်ချိန် တိုးနှုန်းတွေလည်း ကျသွားတယ် ဗျ။ ငါက တစ်ခုခုကို မှတ်သားပေးနေရတာ။ တစ်ခါတစ်ခါ တတိယမျက်လုံးနဲ့ ကိုယ့်ကိုယ်ကို စိုက်ကြည့်နေတယ်။ ပြီးတော့ စကြာဝဠာကြီးထဲမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်တာမျိုးကွ။ ငါဆိုတဲ့ကောင်ဟာ တကယ့်ကို အသေးအမွှားလေးဆိုတာ မြင်သည်အထိပဲ။

သူရောက်တဲ့ အဆင့်ထိတော့ ငါမရောက်ခဲ့ဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှု လျော့ ချလို့ ရအောင်အထိတော့ ငါလည်း ရောက်တယ်။ ဆိုပါတော့ ငါ့စိတ်တွေ ပူလောင်နေပြီး ဒေါသထွက်နေပြီဆိုရင် နာရီဝက်၊ မိနစ်နှစ်ဆယ်လောက် ထိုင်ပြီး တရားမှတ်လိုက်ရင် အေးသွားတယ်။ ငါ့ကိုတင် မကဘူး။ သူက ငါ့သား Hsein Loong (ယခု - ဝန်ကြီးချုပ်) ကိုလည်း တရားမှတ်နည်း သင်ပေးသေးတယ်။

မြန်မာဝန်ကြီးချုပ်နေဝင်းနဲ့လည်း တစ်ခါက တွေ့ဖူးတယ်။ သူက ဒီ လာပြီး ဆေးကုတာ။ ငါက
“အခု ခင်ဗျားကြည့်ရတာ ကျန်းကျန်းမာမာပဲ” လို့ ပြောတယ်။ ဟုတ်တယ်။ အရင်တစ်ခါ သူနဲ့ တွေ့တုန်းက သူ့ပုံစံက အခုပဲ သေတော့မယ့် အတိုင်းပဲ။ ဒီတော့ သူက တစ်ချိန်လုံး တရားပဲ မှတ်နေတဲ့အကြောင်း ပြောတယ်။

ဒါနဲ့
“တကယ်ကြီးလား။ ဘယ်လို တရားမှတ်သလဲ” လို့ မေးတော့ သူက
“ခင်ဗျားသမီး သေပြီ ဆိုပါတော့ ဘယ်လို ခံစားရမလဲ
(မစ္စတာလီရဲ့ သမီးက အပြင်မှာ သူ့အမျိုးသားနဲ့ အတူရပ်နေလို့တဲ့ ) ။
တော်တော် ခံစားရမလား။ ခဏတော့ ခံစားရမှာပေါ့။ ဒါပေမဲ့ တရားရှု့ မှတ်ရင်း ဒီလို ဆင်ခြင်လို့ ရတယ်။ ဘဝဆိုတာ ဘာလဲ။ ငါတို့အားလုံးဟာ စကြာဝဠာထဲက အသေးမွှားဆုံး အစိတ်အပိုင်းလေးတွေပဲ။ ဒီတော့ သမီး ဆုံးတယ်ဆိုတာလည်း အသေးမွှားဆုံး အစိတ်အပိုင်းလေး ဆုံးသွားတာပဲ” လို့ ငါ့ကို ရှင်းပြတယ်။
ဒါက နည်းစနစ်တစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ဓာတ်လေးကျင့်တဲ့နည်းတော့ ဖြစ်နိုင်တယ်။

တရားမှတ်တာက လက်တွေ့ တကယ် အလုပ်ဖြစ်တယ်။ ငါ့သဘော အရ က ကျောင်းတွေမှာတောင် ကျောင်းသားတွေကို တရားထိုင်နည်း သင်ပေး သင့်တယ်လို့ ယုံကြည်တယ်။ ဒါဆို ဆရာဝန်တွေအတွက် စိတ်ရောဂါနဲ့ ပတ် သက်တဲ့ လူနာတွေ လျော့သွားမယ်။ စိတ်ငြိမ်ဆေးတွေ၊ ဘာတွေ သောက်ရ တာလည်း နည်းသွားမယ်။

ဆက်ရန် -


 ဇင်ဝေသော်

နိုင်ငံရေး သင်္ချာ


ရုံးထဲက သင်္ချာ

Smart boss+smart employee=profit.
Smart boss+dumb employee=production.
Dumb boss+smart employee=promotion
Dumb boss+dumb employee=overtime.

နိုင်ငံရေး သင်္ချာ

ပါးနပ်တဲ့ အစိုးရ+ ပါးနပ်တဲ့ ပြည်သူ=ဖွံ့ဖြိုးတိုးတက်။
ပါးနပ်တဲ့ အစိုးရ+ ခပ်ညံ့ညံ့ ပြည်သူ=ဘုရားတည်၊ ချပ်ကျောင်းဆောက်၊ ဗလီဆောက်ပြပြီး နိုင်ငံအုပ်ချုပ်။
ခပ်ညံ့ညံ့ အစိုးရ+ ပါးနပ်တဲ့ ပြည်သူ=လူတော်တွေထွက်ပြေး၊ တချို့ ထောင်ထဲရောက်။
ခပ်ညံ့ညံ့ အစိုးရ+ခပ်ညံ့ညံ့ ပြည်သူ=အငတ်ခံပြီး ညီညီညွတ်ညွတ် အနုမြူဗုံးလုပ်ကြ။




 ဇင်ဝေသော်

ရပ်သတင်း ရွာသတင်း


မနေ့ ညကတော့ သတင်းထူးတစ်ပုဒ်ကို ဖြစ်စေခဲ့တယ်။ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဝီဂန်က မန်စီးတီးကို တစ်ဂိုး ဂိုးမရှိနဲ့နိုင်ပြီး အက်ဖ်အေဖလား ယူသွားတယ်။
ဒီနေ့မနက် စထရိတ်တိုင်းမှာတော့ ပထမဆုံး မြန်မာအမျိုးသား အိမ်ဖော် တစ်ယောက် စင်္ကာပူရောက်လာတဲ့အကြောင်း တခန်းတနား ဖော်ပြ ထား တာ တွေ့ရပြန်တယ်။
လစာက ဆင်းဒေါ်လာ ၅၀၀ တဲ့။ တလောလေးကပဲ "စင်္ကာပူက ဖွင့်လာ မယ့် တံခါး" ဆောင်းပါး ရေးခဲ့မိတယ်။ အခု တကယ်ပဲ ဖွင့်လာလေပြီ။

ပြည်တွင်းမှာကလည်း လမ်းတွေမှာ ကားတွေကြပ်နေသလို အလုပ်အကိုင်နဲ့ စားဝတ်နေရေးကလည်း ကြပ်နေကြတယ်။
အကျင့်ပျက် လာဘ်စားမှုကလည်း ပုံစံတမျိုးနဲ့ ဖြစ်တည်နေတယ်ဆိုတာ ခပ် ပါးပါး လေ့လာမိတယ်။
နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ ဆက်တိုက် အရှုံးပြနေပေမဲ့( သန်း ၆၀ လူဦးရေမှာ သတင်းစာ သိန်းဂဏန်းမရှိသေး) ဒေါ်စုမျက်နှာဖုံး နဲ့စာအုပ်ေ တွ ရောင်းအားလိုက်နေတယ်။
စာအုပ်တွေကလည်း တစ်ခါ နှစ်ခါကိုင်ဖတ်လိုက်တာနဲ့ စာရွက်တွေ ဖောင် လိုက်ပြုတ်ကျလာတယ်။
လူငယ်တွေ စာဖတ်အားနည်းလို့ဆိုပြီး စည်းရုံးလှုံ့ဆော်ပွဲတွေ လုပ်နေကြပေ မဲ့ ဒီပွဲတွေကို တက်ရောက်လာတာက လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေပါ။
အွန်လိုင်းမှာတော့ စာဖတ်အားကောင်းတယ်လို့ ထင်မိပါတယ်။
နောက်မှ အကျယ် ရေးရဦးမယ်။


 ဇင်ဝေသော်

ပြန်ချင်တဲ့ ကွန်မင့်များ ( နေကျော်တဲ့ ပဲကြီးလှော်မှ)


"ဒီပွဲကို ဒီဇင်ဘာလကတည်းက စလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ကျွန်တော် ဒီမလာခင်မှာ ဖတ်ရတဲ့ ဦးဇင်ဝေသော် ရေးထားတဲ့အထဲမှာ "ဦးအောင်မင်းက တရုတ်ကို ကြောက်နေရတယ်" လို့ ပြောတဲ့အတွက် အ စည်းအဝေးကို ရွှေ့ရတယ်ဆိုတာလည်း သိရပါတယ်။ အဲဒီအထဲမှာ ဘာ ပါလဲဆိုတော့
"ဦးအောင်မင်းစကားကြောင့် ရင်ကွဲခဲ့ရတယ်"
ဆိုတဲ့ စားသားလေးကို ဖတ်လိုက်ရတဲ့အခါမှာ ကျွန်တော် စိတ်မကောင်း ဖြစ် ရပါတယ်။ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော်ဟာ တရုတ်ကို ကြောက် တဲ့သူ မဟုတ်ပါဘူး။ တရုတ်က ကျောထောက်နောက်ခံပြုထားတဲ့ ဗကပတွေ နဲ့ တိုက်ခဲ့ရတဲ့ စစ်ပွဲမှာ ကျွန်တော် သူရဲကောင်းမှတ်တမ်းဝင် ရခဲ့ပါတယ်။ မသေလို့ ကျန်ခဲ့တာပဲ ဖြစ်ပါတယ်။"
(ဦးအောင်မင်း)

ဒီတစ်ခါ ပြန်ရမယ့် ကွန်မင့်က ဝန်ကြီးကိုယ်တိုင်ဖြစ်တော့ နည်းနည်း တာဝန် ကြီးတယ်။
"ဒါပေမဲ့ "တရုတ်ကို ကြောက်နေရတယ်" စကားနဲ့ ဦးအောင်မင်းက ပြည်သူ့ အ သည်းကို ခွဲလိုက်တော့ ဘာနဲ့ ကုစားရမှန်းမသိဖြစ်ပြီး ဒီပွဲကို ရက်ရွှေ့ လိုက် ရတယ်"
ဆိုတာ ကျနော်ရေးခဲ့တဲ့ဝါကျပါ။

ဒါက ဦးအောင်မင်းပါးစပ်ထဲမှာကျတော့
"ဦးအောင်မင်းစကားကြောင့် ရင်ကွဲခဲ့ရတယ်" လို့ဖြစ်သွားတယ်။
သူ တရုတ်ကို မကြောက်ဘူးဆိုတာ သက်သေထူသွားပုံကလည်း ဗကပတွေ နဲ့ တိုက်ခဲ့ရတဲ့ စစ်ပွဲဖြစ်နေပြန်တယ်။ တရုတ်က ကျောထောက်နောက်ခံပြုထားတယ် ဆိုပေမဲ့ တကယ် တိုက် ခိုက်နေရတာက တိုင်းရင်းသားတွေပါ။ တရုတ်မဟုတ်ပါဘူး။
ဝန်ကြီးတစ်ယောက်နဲ့ စကားအချေအတင်ပြောရတဲ့ကိစ္စက မမိုက်လှပါဘူး။

ဒီမှာ ရွှေရောင်အနားကွတ်လေး တွေ့လိုက်ရတာက လူကြီးတွေ ပြည်သူ့ အသံကို တကယ် နားထောင်လာပြီ၊ မှားနေတယ်ထင်ရင် ရှင်းပြလာပြီ ဆို တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ကဆို လုံးဝမျှော်လင့်လို့မရတဲ့ ကိစ္စပါ။

ဒါနဲ့ မဆိုင်လှပေမဲ့ သတိရလို့ ပြောချင်မိတယ်။ ဆရာမောင်စိမ်းနီရယ်၊ ဆရာ သစ္စာနီရယ် ကားပေါ်မှာရိုနေစဉ် ဆရာမောင်စိမ်းနီက
" ဒီ အစိုးရက လုပ်တော့ လုပ်ရှာတယ်" လို့ သူ့ဘာသာသူ ပြောနေရင်း တော်တော်ကြာတော့မှ သူ့ဝါကျသူ အဆုံးသပ် တယ်။
"တလွဲတွေ" တဲ့။

သူပြောတာကို ရယ်မိကြရင်း ကားမောင်းနေတဲ့ မင်းမင်းသန့်က
"နည်းနည်းလေးတော့ လွဲနေတယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ်" ဆိုတဲ့ သီချင်းလေးကို ကောက်ဆိုလိုက်တယ်။




 ဇင်ဝေသော်

၂၁-ရာစု ငါးသုံးကောင်ပုံပြင် (နယူးဗားရှင်း)




ညီမလေး…ရေ
(၂၁) ရာစု ငါးသုံးကောင်ဟာ တံငါသည်ရဲ့ မြှုံးထဲမှာ မိနေကြသတဲ့။ အဲဒီငါးသုံးကောင်ကလည်း ပုံပြင်ဟောင်းထဲမှာပါတဲ့ ငါးတွေပါဘဲ။ 

ပညာတတ်ဘွဲ့ရ ငါးရယ်။
ဝီရိယကောင်းတဲ့ ငါးရယ်။
အေးဆေးလွန်းပြီး ထုံပေပေဖြစ်နေတဲ့ငါးရယ်။ 


 ပညာတတ်ငါးကတော့ မျက်မှန်ပါဝါထူထူနဲ့တဲ့။ သူက ပုံပြင်ဟောင်းကိုလည်း ဖတ်ဖူးထားတော့ သူ့အတွက် လွတ်မြောက်ဖို့လမ်းပဲ ရှာနေတာပေါ့။ ခပ်တည်တည်ပေါ့လေ။ ပညာတတ်ကိုး။ 

 တံငါသည်ကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးထားတော့ သူကြောက်တာက ပညာရှိငါးပဲ။ လွတ်စရာရှိ ဒီကောင်ပဲလွတ်သွားမှာ။ ဒါတင်မကဘူး ပြဿနာရှာရင် ဒီပညာရှိရှာတာက ပိုရှင်းရခက်တယ်ဆိုပြီး မျက်မှန်ပါဝါထူထူနဲ့ ဘွဲ့ရပညာတတ်ငါးကို အရင်ဆုံး ထုသတ်လိုက်သတဲ့ကွယ်။ အန္တရယ်ရှိတာကိုး ခေတ်သစ်ငါးသုံးကောင်ပုံပြင်မှာတော့ နံပါတ်တစ် ကံဆိုးသူက ပညာတတ်ငါးတဲ့ကွယ်။ 


 ဝီရိယကောင်းတဲ့ ငါးကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးထားတော့ သိပ်ပြီး ထထကြွကြွတော့ မလုပ်ဘူးတဲ့ကွယ်။ ဝါသနာက မဖျောက်နိုင်တော့ ခိုးကြောင်ခိုးဝှက်တော့ လုပ်နေတာပဲ ။ 

 တံငါသည်ကလည်း ပုံပြင်ဟောင်းကို ဖတ်ဖူးတော့ ဘယ်ကောင်ကဝီရိယကောင်းတဲ့ ငါးဖြစ်မလည်းလို့ အကဲခတ်နေသတဲ့။ သူကသာ မျက်လုံးလေး ကလယ်ကလယ်နဲ့။ အမြီးလေး တနန့်နန့်နဲ့ လူမသိဘူးထင်ပြီး လုပ်နေတာ။ တံငါသည်က သဘောက်ပေါက်ပြီး တစ်ခုခုဆို ဒီလိုကောင်မျိုးတွေက ရှေ့ကထွက်ထွက်လာတာဆိုပြီး ထုရိုက်လိုက်ပြန်ရောတဲ့ကွယ် ။ 
 

ဘေးပတ်ဝန်းကျင်မှာ ဘာတွေပဲ ဘယ်လိုဖြစ်ဖြစ် သူအိပ်ရေးပျက်မှာပဲ စိုးရိမ်နေတဲ့ ငါးပျင်းကတော့ တုတ်တုတ်ကို မလှုပ်ဘူးတဲ့။ စာဖတ်ရမှာအထိပျင်းတော့ ဒီငါးက ပုံပြင်ဟောင်းလေးကိုတောင် မဖတ်ဖူးဘူးတဲ့။ ဒါကြောင့် သူကတော့ ထုံပေပေနဲ့ပဲ မှိန်းနေတယ် ။ 

တံငါသည်ကတော့ ပုံပြင်ကိုဖတ်ဖူးထားတဲ့အတွက် ငါးပျင်းကတော့ ခါးပိုက်ထဲက ဖားဆိုပြီး အေးအေးဆေးဆေးပဲနေသတဲ့။ 


ဖြစ်ချင်တော့ နောက်ထပ် ကွန်ပစ်ဖို့ ကွန်အချမှာ တံငါသည် ခြေချော်ပြီး လှေမှောက်သွားပါရောတဲ့။ အဲဒီမှာ ပျင်းလို့အိပ်နေတဲ့ ငါးလည်း အိပ်ရာကလန့်နိုးပြီး ထွက်ပြေးသွားပါလေရောတဲ့။ 

အဲဒီပုံပြင်ကြားရပြီးတဲ့နောက် ပျင်းတဲ့ငါး အသက်ရှည်ဆိုပြီး လူတွေဟာ ထုံပေပေနဲ့ပဲ နေကြတော့သတဲ့။  ပညာတတ်မလုပ်ရဲသလို ရှုပ်ရှုပ်ယှက်ယှက်လည်း မလုပ်ကြတော့ဘူးတဲ့။ အသက်တိုတတ်ကိုးကွဲ့ ။ 

ဒါပါဘဲ ...ညီမလေးရယ်။



ဇင်ဝေသော်













 Copyright © 2011 ကမ်းလက်. All rights reserved.

ငါဘုရားတောင် ကျောကော့တော်မူရတယ်


တစ်ခါက ဘုရားရူးရူးနေတဲ့ စိတ်မနှံ့ရှာတဲ့ ကိုရင်ကြီး တစ်ပါးရှိသတဲ့။ ဦးဏှောက်က သိပ်မပြည့်ရှာပေမယ့် စိတ်ရင်းကောင်းတဲ့အတွက် ကိုရင်ကြီး ကိုရင်လေးတွေ ကျောင်းသားတွေက လေးစားကြပါတယ်။ 

တစ်နေ့ သူ့ရောဂါ ဗုဒ္ဓမနေးယား ထလာတော့ ကိုရင်ငါးပါးကိုခေါ်၊ သူ့ဘေးမှာ အထိုင်ခိုင်းပြီး ဓမ္မစကြာဟောတမ်း ကစားတယ်။ သူက ဘုရား၊ ကိုရင်ငါးပါးကတော့ ပဉ္စဝဂ္ဂီတွေပေါ့။ နာမည် တွေတောင် သေသေချာချာပေးတာ။ ဘယ်သူက ကောဏ္ဍည၊ ဘယ်သူက ဝပ္ပ စသဖြင့်ပေါ့။

ဒါကို ဆရာတော်မြင်သွားတော့ တော်တော်စိတ်ဆိုးသတဲ့။ ဒီပြင့် ကစားနည်းတွေ အများကြီးရှိတာပဲ။ ကစားပါတော့လား။ ခုတော့ ဘုရားလုပ်တမ်းများ ကစားရတယ်လို့ ဆိုပြီး ကိုရင်ကြီး ( ဘုရား ) နဲ့ ကိုရင်ငယ်ငါးပါး ( ပဉ္စဝဂ္ဂီ ) တို့ကို ကြိမ်နဲ့ ရိုက်သတဲ့။ ကိုရင်ကြီးကိုတော့ ငါးချက်၊ ကိုရင်ငယ်ငါးပါးကိုတော့ တစ်ချက်စီ။

ကျောင်းအောက်ပြန်ရောက်လို့ ကိုရင်ကြီး ပြောလိုက်တဲ့ စကားကိုကြားလိုက်ရတဲ့ အခါမှာတော့ နောက်ဆိုမရိုက်တော့ပါဘူးကွာလို့ ဆရာတော်က တိုးတိုးလေး ရွတ်လိုက်သတဲ့။ ကိုရင်ကြီးပြောလိုက်တာက

သာဝကတို့… ဒုက္ခသစ္စာကို သိကြပြီနော်။ ဆရာတော်က လက်သံပြင်းသကွဲ့။ သာဝကတို့က တော်ပါသေး သကွယ်။ ဒုက္ခတစ်ချက်စီပဲရလိုက်တယ်။ ငါဘုရားရှင်မှာတော့ ဒုက္ခ ငါးချက်မို့ ကျောကော့အောင်ခံစားတော်မူလိုက်ရသကွဲ့“ ။
(ကြားဖူးနားဝပုံပြင်)


ဦးကိုမောင်















Copyright © 2011 ကမ်းလက်. All rights reserved.                                                                          

ဘ၀ဟူသည် ယား၏

ဘ၀ဟူသည် အလွန်ယားယံသော ကိစ္စတစ်ခုဖြစ်ပါသည်။ ဤအကြောင်းကို ငယ်စဉ် ကတည်း ကပင် လေ့လာခဲ့ရသည်။ တစ်နေ့... အဖေက ဘ၀အကြောင်း သိရအောင်ဆိုပြီး စပါးရိတ်ရာ လယ်တောသို့ အစ်မများနှင့်အတူ လိုက်သွားရန် စေခိုင်းသည်။ ထိုအချိန်မှစ၍ ဘ၀အကြောင်းကို မသိချင်တော့ပါ။ "အလွန်ယားယံလှပါသည်။"

အသက်အရွယ် အတန်ရလာပြီး "ဆုထားမျက်ချယ်" ဆိုသည့် ကောင်မလေးနှင့် ပေါင်းသင်း ဆက်ဆံရသည့်အခါ ထိုအယူအဆသည်ပို၍ပင် ခိုင်မာလာခဲ့လေသည်။ "ဆုထားမျက်ချယ်" သည်မဖြစ်ညစ်ကျယ် အလွန်နိုင်သောကောင် မလေး ဖြစ်သည်။ ဧပြီလ ကတည်းက "ရန်ကုန်ပြန်မည်"ဟု သူမကို ပြောသောအခါ ချမ်းရင် ၀တ်ဖို့ဆိုပြီး သိုးမွှေး ဆွယ်တာကြီး တစ်ထည် လက်ဆောင်ပေးသည်။

ထိုသိုးမွှေးဆွယ်တာကလည်း ၀ယ်လာတာဟုတ်ဟန်မတူပါ။ သူမဘာသာသူမ သိုးမွှေးထိုးကျင့်ရင်း ဆွယ်တာလို့ လည်းပြောမရ၊ သိုးမွှေးတဘက်လိုလည်း အနားသတ်မညီ၊ အူချာပေါက်နေသည့် သိုးမွှေးချည်လုံးကြီး မျှသာဖြစ်သည်။ ဥပမာနှိုင်းပြရလျှင် ဆိတ်ပုဆိုးကြမ်းနှင့် ခပ်ဆင်ဆင် တူနေသည်ဟု ထင်ရပါသည်။

မှတ်မှတ်ရရ မနှစ်ကသူမ လက်ဖက် တစ်ခါ သုတ်ကျွေးဖူးသည်။ ထို့နောက် သူမ လက်ဖက်သုတ် ကို ကောင်းကောင်း သုတ်တတ်ကြောင်း၊ ကျွန်တော့်ကိုလက်ဖက်သုတ် ကျွေးမည်ဖြစ်ကြောင်း ပြောသည်မှာ (၆၈)ကြိမ်ရှိပြီဖြစ်ပါ သည်။ ကျွန်တော့်ကို ပြောသည်မှာ ပြသနာမဟုတ်ပါ။ ဒီစကားကို တွေ့တဲ့လူတိုင်းကို ပြောနေတတ်သည်။ လူအရေအတွက် တိတိကျကျ မဖော်ပြနိုင်သည် ကို တောင်းပန်ပါ၏။

ကျွန်တော် မဂ္ဂဇင်းတစ်စောင်မှာ အယ်ဒီတာလုပ်စဉ်က သူမ နားပူနားဆာ လုပ်သည်ကို မခံနိုင်တော့ သဖြင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး သူမဆောင်းပါးလေးတစ်ပုဒ် မဂ္ဂဇင်းမှာ ထည့်ပေးခဲ့ဖူးသည်။ တကယ်ဆိုလျှင် သူမ ရေးသည့်ဆောင်းပါး ကို တည်းဖြတ်ရတာထက်ကိုယ်တိုင် ကောက်ရေးလိုက်ရတာကမှ လွယ်ကူပါလိမ့်ဦးမည်။ သူမရေးတာအစစ်ဟူ၍ "ဆုထားမျက်ချယ်" တစ်ခုတည်းသာ ကျန်အောင် တည်းဖြတ်ပစ်လိုက်သည်။

သူမကစိတ်မဆိုးပါ။ စိတ်မဆိုးသည့်အပြင် သူမဆောင်းပါး မဂ္ဂဇင်းမှာ ပါပြီး ကတည်းက "ဆရာမတို့ စာရေးဆရာ တွေဆိုတာကလေ" ဆိုတာကို နားကြားပြင်းကတ်အောင် ထပ်တလဲလဲ သုံးစွဲပါတော့သည်။ ဤမျှဆိုလျှင် ကျွန်တော့်ဘ၀သည် မည်မျှ ယားယံကြောင်း သင်တို့ အထိုက် အလျောက် သဘောပေါက်ပြီဟု ထင်ပါသည်။

ကျွန်တော့်ဘ၀ထဲသို့ ယားယံမှုတွေ သယ်ဆောင်လာသူ နောက်တစ်ယောက် (တစ်ပါး)ကတော့ ဆရာတော်ဦးစိတ္တရ ဖြစ်သည်။ ဒီအရှင်ဘုရားကလည်း ကမ္မဋ္ဌာန်းပြရင်း "ဖာဂူဆန်"ဆီ ရောက်သွားတတ်သလို ပဋ္ဌာန်းကနေလည်း "ပို့(စ်)မော်ဒန်"ဆီ ရောက်သွား တတ်ပြန်သည်။

အရှင်ဘုရားက လိုက်ခဲ့ပါဟု   ပြောသဖြင့် တလောလေးက မလေးရှားကို လိုက်ခဲ့ ရပါသည်။ ခြင် အလွန်ပေါသော   ဒေသဖြစ်သည်။ ခြင်တစ်ကောင်က ကျွန်တော့်ကို ကိုက်နေတုန်း ကျွန်တော်လည်း ရိုက်သတ်လိုက်မိသည်။ ဒါကို မျက်စိရှင် နားပါး အရှင်ဘုရားက တွေ့ဖြစ်အောင် တွေ့လိုက်သည်။

"ဟဲ့...ဇင်ဝေသော်၊ ခြင်က   နင့်သွေးလေးတစ်ပေါက်ကိုပဲ သောက်တာ၊ နင်က သူ့အသက် တစ်ချောင်း လုံး ပြန်ယူ လိုက်တော့ ဘယ်တရားမလဲ" ဟု ပြောပါသည်။ စိတ်ကောင်း ၀င်ခိုက်မို့ဖြစ်မည်။ ဤတစ်ခါတော့ အရှင်ဘုရား စကားက မှန်လည်းမှန်၊ ချိုလည်း ချိုသာ၊ ကျိုးကြောင်းညီညွတ်သည်ဟု သုံးသပ်ကာ မှတ်ယူထားလိုက်မိသည်။ (ဤစကားသည် သူမိန့်သမျှထဲ အချိုသာဆုံးဖြစ်သည်။)

မှတ်ထားလိုက်မိသည်ဆိုခါမှ ရှိရှိသမျှ ခြင်တွေက ကျွန်တော့်ကို ၀ိုင်းဖဲ့ ကြပါတော့သည်။ အမှန်ဆိုလျှင် ခြင်ကိုက်စရာ လူခြောက်ယောက်ရှိပါသည်။ ကျန်တဲ့ ငါးယောက်ကို မကိုက်ဘဲ ကျွန်တော့်ကိုသာ ၀ိုင်းကိုက်နေကြခြင်း ဖြစ်သည်။ မိတ်ဆွေ အသိတစ်ယောက်က သွေးချိုလို့ ကိုက်တာဟုသူ ကြားဖူးတာကို ပြောသည်။ ကျွန်တော် မကြိုက်ပါ။ ဒီလိုဆိုလျှင် သွေးချိုတာထက် ဆီးချိုတာကမှ တော်လိမ့်ဦးမည်ဟုလည်း မဆီမဆိုင် တွေးနေမိသည်။

ဦးစိတ္တရက ဆရာမကြီးတစ်ယောက်က သူ့ကို လျှောက်ဖူးသည့်အကြောင်းကို မိန့်သည်။

"ဆရာမကြီးတစ်ယောက် ပြောဖူး     တယ်ကွ။ ခြင်ဆိုတာ ကိုက်စရာ လူအများကြီး ရှိရင် ပညာရှိတဲ့ လူကို ရွေးကိုက် တာတဲ့။ ဒါကလည်း သိပ္ပံနည်းကျ စမ်းသပ်ပြီးတွေ့ရှိတာ။ လူတွေအများ ကြီးတောထဲကို လွှတ် လိုက်ရင် ပညာတတ်တွေ၊ ပရော်ဖက်ဆာတွေပဲ ခြင်ကိုက်                  ခံရသတဲ့။ ပညာမတတ်၊ သာမန်လူတွေ ကတော့ ခြင်ကိုက်မခံရ ဘူး   တဲ့ကွ။ ခြင်လည်း ပညာတတ်ကို ကြိုက်တယ်။ တို့ခြောက်ယောက်ထဲမှာ မင်းက ပညာအရှိဆုံး၊ ဒါကြောင့် မင်းကို ၀ိုင်းကိုက်ကြတာ"ဟု ပြောသည်။

အမှန်ပြောရလျှင် ဒီအဖြေကို ကျွန်တော် သဘောကျပါသည်။ သိပ္ပံနည်းကျပြီး ယုတ္တိလည်းရှိသည်ဟု ရိုးရိုးသားသား ထင်မိပါသည်။ ထိုမျှမကပါ ဦးစိတ္တရတို့၊ ဒေါက်တာ အရှင်အာစာရတို့ ရှိနေပါလျှက် ကျွန်တော့်ကို ၀ိုင်းကိုက်နေကြသည့် ခြင်များကို ဒေါသ မထားမိသည့်အပြင် ကျေးဇူးပင် တင်နေမိပါတော့သည်။ သိပ္ပံနည်းကျ တွေ့ရှိမှုအရ ထိုခြောက်ယောက်တွင် ကျွန်တော်သည် ပညာဥာဏ် အကြီးဆုံး ဖြစ်နေသည်မဟုတ်ပါလား။ ကိုက်ကြ။ သူတို့ ကိုက်လေ ကျွန်တော် ဥာဏ်ကြီးလေဖြစ်၏။

တကယ်တော့ ပညာရှိလုပ်ရသည့် အလုပ်သည် မလွယ်ပါ။ အလွန် ယားယံ လှပါသည်။ မလေးရှားကနေ အိမ်ပြန်ရောက်တော့မှ ယားယံမှုအဓိပ္ပါယ်ပို၍လေးနက် လာပါသည်။ ကျွန်တော့်ဘ၀ထဲ ၀င်လာသော ယားယံမှုများတွင် ဦးစိတ္တရပေးခဲ့သည့် ယားယံမှုသည် အဆိုးဝါးဆုံး၊ အချိုမြိန်ဆုံးသော ယားယံမှုတစ်ခု ဖြစ်ပါသည်။

ထို့ကြောင့် ဘ၀ဟူသည် "ယား"၏ဟု ဆိုခြင်းဖြစ်ပါသည်။

ဤအဆိုကို မယုံကြည်သူရှိလျှင် ရေမချိုး၊ ခေါင်းမလျှော်ပဲ တစ်ပတ်ခန့် နေကြည့် စေချင်ပါသည်။ သို့မဟုတ် "ဆုထားမျက်ချယ်"ဆိုသည့် ကောင်မလေးနှင့် သော်လည်းကောင်း၊ "ဆရာတော်ဦးစိတ္တရ"နှင့်သော်လည်းကောင်း မိတ်ဆက်ပေး ချင်ပါသည်။ ထိုအခါ ဘ၀သည် ယားယံကြောင်း ကိုယ်တိုင် သဘောပေါက်လာပါလိမ့်မည်။

"ဘ၀သည် ယား၏ "

ဆရာတော်ဦးစိတ္တရ နှင့် ဆုထားမျက်ချယ် တို့ကို ကျေးဇူးတင်ပါသည်။



ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.