တစ္ဆေဆိုတာ


စိုက်ခင်းတွေ ပိုးကျလို့ဆေးဖြန်းရင် ပိုးတွေက ဆေးမဖြန်းတဲ့ အခင်းဘက် ရွှေ့ပြေးကြတယ်။ တစ္ဆေသရဲတွေကရော အဲလိုလားမသိဘူး။ မနေ့ညက ၁၁ နာရီထိုးကာနီးမှ ဖုန်းဆက်လာတယ်၊ ခရစ်ယန်ဘာသာဝင်တွေ နေတဲ့အခန်းတွေက သူတို့ဘာသာရေးနဲ့အညီ ရွတ်ဖတ်ဆုတောင်းပြီး ဗုဒ္ဓဘာသာတွေနေတဲ့ဖက်က ဘာမှမလုပ်ရသေးတော့ အကောင်ဘလောင်တွေက မြန်မာ၊ ဗုဒ္ဓဘာသာတွေဖက်မှာ လာပြီး သောင်းကြမ်းနေလို့ တဲ့။ ၁၁ ထိုးခါနီးမို့ မသွားနိုင်တော့ တစ္ဆေဆိုတာ သူတို့ခြောက်လို့ မကြောက်ရင် စိတ်ညစ်ပြီး ပြန်သွားတာ၊ ကြောက်မနေနဲ့ လို့ပဲ အဖြေပေးလိုက်ရတယ်။ တကယ်လည်း တစ္ဆေက အဲသလိုပါပဲ။ သူတို့လည်း မကြောက်တဲ့လူဆို စိတ်ကုန်သွားတာ။

တရုတ်ပြည်ရဲ့ မိုးအောက်မြေပြင် ဝါဒ


“လူရိုင်းတွေရဲ့” စစ်အင်အားအောက်မှာ နှစ်ကြိမ်တိုင်တိုင် အရှုံးပေး ရပြီးနောက် ပြည်တွင်းအုံကြွမှု အကြီးအကျယ်ဖြစ်ပွားတဲ့အခါမှာ (တိုင်ပင်၊ ပုန်ကုန်မှု-Taiping Relellion) တော့ နိုင်ငံခြားစစ်အကူအညီကို တောင်း ခံခဲ့ရပါ တော့တယ်။ တရုတ်ဘုရင်က အမေရိကန်သမ္မတ အေဗရာဟင် လင်ကွန်းထံ ရေးပို့တဲ့ စာထဲမှာ
“နတ်မင်း ကြီးများ၏ တစ်ကမ္ဘာလုံးကို အုပ်ချုပ်စီမံရန် ပေးအပ်ထားသော အမိန့်ကို လိုက်နာဆောင် ရွက်နေရသည့် ကျွန်ုပ်တို့ မဇ္ဈိမ နိုင်ငံတော် (တရုတ်ပြည်)နှင့် မဇ္ဈိမနိုင်ငံတော်အပြင်မှာ ရှိနေသည့် အခြား နိုင်ငံတော် များအားလုံးသည် ညီအကိုရင်းသဖွယ် ကမ္ဘာ့မိသားစုဝင် တွေသာဖြစ်သည် ဟု ယုံကြည်ပါသည်” လို့ အပေါ်စီး လေသံနဲ့ ရေးထားပါတယ်။

ထင်ရှားတဲ့ စကော့(တ်) လူမျိုး၊ တရုတ် အထူးကျွမ်းကျင်ပညာရှင် ဂျိမ်း(စ်) လက်ဂီ (James Legge) ၁၈၇၂-ခုနှစ်က ရေးထားတဲ့ မှတ်တမ်းထဲမှာတော့
“ဒီနှစ်တွေအတွင်းမှာတော့ ပိုပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေအပေါ် တရုတ် ရဲ့သဘောထားက သိသိသာသာကြီး ပြောင်းလဲလာခဲ့ပြီး အခြားနိုင်ငံတွေနဲ့ အဆင့်တူ၊ သဘောတူစာချုပ် လက်မှတ်တွေ ထိုးလာတယ်။ ဒါပေမဲ့ တရုတ် ဝန်ကြီးတွေနဲ့ လူထုကတော့ တရုတ်ပြည် ဟာလည်း ကမ္ဘာ့ မိသားစုနိုင် ငံတွေထဲက တစ်နိုင်ငံသာ ဖြစ်တယ်ဆိုတဲ့အချက်ကို သဘောမပေါက် ကြသေးဘူးလို့ ထင်ပါတယ်။ သူတို့ရဲ့ ရှေးရှေးအင်ပါယာတွေ အုပ်ချုပ်ခဲ့တဲ့ “မိုးအောက် မြေပြင်” ဆိုတာ တစ်မိုးလုံးအောက်က မြေပြင်မဟုတ်၊ ကောင်း ကင် တစ်စိတ်တစ်ပိုင်းအောက်က မြေပြင်သာဖြစ်တယ်ဆိုတာ သဘောပေါက် ကြဖို့ လိုအပ်နေပါတယ်။”
လို့ ရေးသားခဲ့ပါတယ်။

ကစ်ဆင်းဂျား

နှလုံးသားထဲ ဘုရားတည်ကြပါ


ပြောလို့မှ မပြီးသေးဘူး၊ ညောင်ပင်အောက်က ဘုရားရှေ့မှာ စေတီ၊ ဆင်းတု၊ ဆရာတော်ရုပ်ထုတွေ လာတင်ထားကြပြီ။
ကျောက်ဆင်းတုဆိုရင် နှစ်ပေါင်းထောင်ချီကြာတောင် ဘာမှ မဖြစ်ဘူး၊ ကိုယ့် သားသမီးတွေက ကိုယ့်လို ဟုတ်ပါ့မလား။ သူတို့က ဟုတ်တယ်ဆိုဦး သူတို့ သား သမီးတေကျ ဘယ်လိုလဲ။
ရွှေ့ပြောင်း မြန်မာလုပ်သားတွေ မပြောနဲ့ စလုံးတွေကိုတောင် ဘုရား ဆင်းတုတော်တွေ လက်ဆောင် မပေးကြပါနဲ့၊ နှလုံးသားထဲ ဘုရားတည်ကြပါ။ ဆင်းတုတော်တွေ စွန့်ပစ်ခံရတာ စိတ်မကောင်းစွာ ခဏခဏတွေ့နေရလို့ပါ လို့။

ထိုင်းကိုဗုံးဖောက်ခွဲခဲ့တဲ့ တူရကီနိုင်ငံသား


ထိုင်းကိုဗုံးဖောက်ခွဲခဲ့တဲ့ တူရကီနိုင်ငံသားက တရားမဝင် ဝီဂါလူမျိုးတွေကို တရုတ်ပြည်ထဲ ပြန်ပို့တဲ့အတွက် ထိုင်းကို လက်စားခြေဟန်ရှိတယ်ဆိုပဲ။ သူကတော့ ဘာမှမပြောဘူး။

မြန်စာအစိုးရက ပါတီတွေ ရုပ်သံထုတ်လွှင့်ခွင့် ၁၅ မိနစ်စီ ပေးမယ်၊ ဒါပေမဲ့ တပ်မတော်ကို အပုတ်ချ၊ စွပ်စွဲတာတွေ မပါရ၊ အစိတ်သားကိစ္စကို လုံးဝ မထိရ တဲ့။ "တပ်မတေ် ဖြိုခွဲ၊ တပ်မတေ် ပြိုကွဲ" ဆိုတဲ့စကားကို ခဏခဏ ကြားရတော့ တော်တော်များ ဖရက်ဂျိုင်းလ်ဖြစ်နေလား တွေးမိတယ်။ လေ ယဉ်တွေပေါ်တင်မယ့် ပစ္စည်းတွေမှာ
ကပ်ထားတတ်တဲ့ စာကြောင်းလို "Handle with care" ပေါ့။

ပုံက ကြိုက်လို့ပါ၊ အထက်ကသတင်းတွေနဲ့ ဆိုင်လှမယ် မဟုတ်ပါ။ မဆိုင်လည်း ကိုယ်တင်ချင် တင်လို့ရတာပဲ မဟုတ်လား။

တော်ကြပါတော့၊ အရိုက်ခံနေရတာက နှင်းရီပါ


အတွေ့အကြုံလေးတစ်ခု ပြောပါရစေဦး။
ရွာက နှင်းရီဆိုတဲ့ကောင်မလေး အခြားရွာက ပြန်လာတော့ သရဲပါလာပြီး အိမ်ရောက်တာနဲ့ ငိုလားရီလား ဖြစ်ပါလေရော။
ဒါနဲ့ ရွာရှိ ပယောဂဆရာကို သွားပင့်ကြသပေါ့။ ဒါပေမဲ့ နှင်းရီနဲ့အတူပါလာတဲ့ သရဲက ပယောဂဆရာထက် ဝါရင့်နေတော့ ပယောဂဆရာကို လုံးဝမကြောက်ဘူး။ ထော်လော်ကန့်လန့်တွေ ပြန်ပြောတယ်။
ဒီတော့ ပယောဂဆရာက နောက်ဆုံး ဆေးကြိမ်လုံးနဲ့ ရိုက်မယ်ခြိမ်းခြောက်ရော။ သရဲက မကြောက်ရေးချ မကြောက်ပဲ။

ဆိုပါတော့ ပယောဂဆရာက ရိုက်ရော။
လေးငါးချက်လောက် ရိုက်ပြီးတော့ နှင်းရီက မျက်ရည်တွေနဲ့ တောင်းပန်ရှာတယ်။
"တော်ကြပါတော့၊ အရိုက်ခံနေရတာက နှင်းရီပါ။ ကြိမ်ရွယ်လိုက်တာနဲ့ သရဲက အပြင်ရောက်သွားပြီ။ ကျမ ကြားဖူးတာက သရဲပူးလို့ရိုက်ရင် လူမှာ ဒဏ်ရာမကျန်ဘူး၊ သရဲပဲ ဒဏ်ရာရတယ်တဲ့။ ကျမ ကြောနဲ့တင်ပါးပေါ်က ဒဏ်ရာတွေ ကြည့်ကြပါဦး" ဆိုပြီး ပြလို့ ဘေးကလူတွေမှာ ရယ်ရမလို ငိုရမလိုပဲ။
ဆရာက မနိုင်တဲ့အခါ သရဲကိုရိုက်ပေမဲ့ ကိုယ့်ရွာသူပဲ ထိနေတတ်တယ်ဆိုတဲ့ သင်္ခန်းစာလေး ရလိုက်တယ်။

မှတ်ချက်။ လောလောဆယ် အတည်ပြုတဲ့ဥပဒေနဲ့ မဆိုင်ပါ။ ခ်ခ်။