မြားနတ်မောင်ဘွ

ဇင်ဝေသော်ရဲ့ မထွက်သေးတဲ့ စာအုပ်

အနာဂတ်အမြင် ၂ (ကစ်ဆင်းဂျား၊ World Order)


ဒီအမြင်နှစ်ခုကြားမှာ သမားရိုးကျ အလျှော့အတင်းမရှိနိုင်ပါဘူး။ ဒီ သဘော ထား ကွဲလွဲမှုကနေတဆင့် စစ်ပွဲအသွင် ဆောင်မသွားဖို့ဟာ နှစ်နိုင် ငံ ခေါင်းဆောင်တွေအတွက် အထူးအလေးထား ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်နေပါတယ်။

လတ်တလော ပိုပြီးပူပန်စရာဖြစ်လာတာက မြောက်ကိုရီးယား ကိစ္စဖြစ်နေ ပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ တော့ (၁၉) ရာစုက ဘစ်(စ်)မာ့(ခ) (Bismarck) ရဲ့
“ကျွန်တော်တို့ဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ခေတ်ကြီးထဲမှာ လူဖြစ်နေကြရတာပါ။ သိက္ခာစောင့်စည်းရမှုတွေကြောင့် အားကြီးတဲ့ နိုင် ငံတွေက အားနည်းလာနေပြီး အားနည်းတဲ့နိုင်ငံတွေက ဘာမှမစဉ်းစားဘဲ လုပ်စရာရှိတာ တွေကို လက်ရဲဇက်ရဲ လုပ်ချလိုက်လို့ အားကောင်း လာနေ ပါတယ်” ဆိုတဲ့ ဆိုရိုး စကားနဲ့ တစ်ထပ်တည်းကျနေပါတယ်။

မြောက်ကိုရီးယား အုပ်ချုပ်နေပုံဟာ ဘယ် ဥပဒေနဲ့မှ မညီညွတ်ပါ ဘူး။ နောက်ဆုံး သူတို့ကြွေးကြော်နေတဲ့ ကွန်မြူနစ် ဥပဒေနဲ့တောင် မညီ ညွတ်ပါဘူး။ သူတို့အဓိကရည်ရွယ်ချက်က အနုမြူ လက်နက်အနည်းငယ် ပိုင်ဆိုင်ထားဖို့မျှသာဖြစ်ပြီး အမေရိကန်နဲ့ စစ်ဖြစ်ရလောက် အောင်လည်း စစ် အင်အားမရှိဘူး။ ဒါပေမဲ့ အနုမြူလက်နက် ပိုင်ဆိုင်ထားမယ်ဆိုရင် လက်ရှိ စစ်တပ်အင်အားထက်တော့ သာသွားပါလိမ့်မယ်။ နောက် ပြီး မြောက် ကိုရီးယားက ဂျပန်နဲ့တောင်ကိုရီးယားတို့ အနုမြူပိုင်ဆိုင် ချင်လာအောင် လှုံ့ဆော် နေသလိုလည်း ဖြစ်နေပြန်ပါတယ်။ မြောက် ကိုရီးယားဟာ မနိုင်ဝန်ကို ၀င်ထမ်းရင်း ဒုတိယအကြိမ် မြောက်ကိုရီးယား ကျွန်းဆွယ်စစ်ပွဲဖြစ်ပွားဖို့ ဖန်တီးနေသလို ဖြစ်နေပါတယ်။

တရုတ်ပြည်ကလည်း မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုး ရှိ နေနိုင်ပါတယ်။ ကိုရီးယားစစ်ပွဲဟာ တရုတ်ပြည်အတွက် “ရာစုတစ်ခုကြာ အရှက်ခွဲ ခံနေရခြင်း” ကနေ ထွက်မြောက်နိုင်ပြီး ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ် “တရုတ်တက်လာပြီ” ဆိုတာကို ပြသခွင့်ရနိုင်လိမ့်မယ်လို့ တရုတ်လူမျိုး အများစုက ရှုမြင်ထားကြသလို စစ်ပွဲထဲဝင်လိုက်မိလို့ တရုတ်အနေနဲ့ ထိန်း မနိုင် သိမ်းမရဖြစ်မှာ၊ စစ်ပွဲကနေ မမျှော်လင့်တဲ့ ရေရှည်အကျိုးဆက်တွေ ရနိုင်မှာကို လည်း စိုးရိမ် နေကြပါတယ်။ ဒါ့ကြောင့် တရုတ်နဲ့ အမေရိကန် အစိုးရတွေက မြောက်ကိုရီးယား အနေနဲ့ အနုမြူလက်နက် လျှော့ချခြင်းသာ မက လုံးဝ စွန့်လွှတ် ရမယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အသံတူ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ပြုံယမ်းအစိုးရအနေနဲ့ကြည့်ပြန်တော့ အနုမြူလက်နက် အစီအစဉ်ကို စွန့် လွှတ်လိုက်မယ်ဆိုရင် နိုင်ငံရေး ပြိုကွဲမှုဖြစ်သွားနိုင်ပြီး တစ်ဖက်ကလည်း အနုမြူလက်နက် အစီအစဉ်ကို စွန့်လွှတ်ဖို့အတွက် အမေရိကန်ကရော တရုတ်ကပါ လူသိရှင်ကြား တောင်းဆိုနေတယ်။ သူတို့တောင်းဆိုမှု တကယ်ပြည့်ဝဖို့ နှစ်နိုင်ငံ စလုံး တက်ညီ လက်ညီ ပါဝင်ကြမှရပါလိမ့်မယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ပန်းတိုင်ဆီ သူတို့ တကယ်ရော ရောက်နိုင် ကြပါ့မလား။
တရုတ်နဲ့အမေရိကန်တို့က လက်တွဲညီညီနဲ့ အနုမြူလက်နက်တွေ ဖျက်သိမ်း၊ အားလုံးအတွက် ပိုပြီး လုံခြုံအေးချမ်း သွားအောင် ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းပေးနိုင်ကြပါ့မလား။

ဒီအစဉ်အစဉ်ဟာ “အင်အားကြီး ဆက်ဆက်ရေး ပုံစံအသစ်” ဖြစ်နေလို့ အလှမ်း ကွာလွန်းလှပါသေးတယ်။ ဒီကိစ္စမျိုးဟာ အပြော လွယ်သလောက် တကယ် အကောင်အထည်ပေါ်ဖို့ကျတော့ အချိန်အကြာကြီး လို နေတတ်ပါ တယ်။
သူတို့ရဲ့ လက်ရှိအစီအစဉ်နဲ့ ပတ်သက်လို့ တရုတ်လူထုကြီးက ဘယ်လို တုန့်ပြန်လာနိုင်တယ်ဆိုတာ မသိနိုင်ကြောင်း လက်ရှိ တရုတ်ခေါင်းေ ဆာင်တွေက သဘောပေါက်ထားကြတော့ သူတို့အတွင်းရေးထဲကို နိုင်ငံခြားသား ၀င်လာ မှာကိုကို လက်မခံနိုင်ဘူး။ ဒါ့အပြင် ဒီကိစ္စဟာ သူတို့ရဲ့ အဓိက ရပ်တည်ချက်လို့ သတ်မှတ်ထား တဲ့အတွက် တိုင်းတစ်ပါးကြားဝင်မှုကို ရှေးရှေးက တရုတ် ခေါင်းဆောင်ေ တွထက်တောင် ပိုပြီး ကာကွယ်ထားကြပါလိမ့်မယ်။ အမေရိကန် တရုတ် ပါဝင်တဲ့ ဘယ်နိုင်ငံရေး အစီအမံမျိုးကိုမဆို အင်အားချိန်ခွင်လျှာ ညှိဖို့တော့ လိုအပ်နေပါလိမ့်မယ်။ ဒါပေမဲ့ ပါဝါညှိခြင်းအစီအမံ အလုပ်ဖြစ်စေဖို့ သတ်မှတ်ချက် စံညွှန်းတွေကို သဘောတူညီမှုနဲ့ လျော့ပေါ့ စဉ်းစားပေးတာ၊ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် သဘောတူညီမှုကို အားသစ်လောင်း ပေးတာတွေ လိုအပ်နေပါတယ်။

သူတို့ရဲ့ နှစ်ဖက် သဘောတူရည်ရွယ်ချက်ဟာ အပြုသဘောဆောင်တဲ့ ရလဒ် ကောင်းတွေ ရရှိလာဖို့သာဖြစ်တယ်ဆိုတာကို တရုတ်အမေရိ ကန် ခေါင်းဆောင် တွေက လူသိရှင်ကြား ၀န်ခံထားကြပါတယ်။ ပစိဖိတ် သမုဒ္ဒရာတွင်းမှာ စစ်အင် အားတွေလျှော့ချရင်း ဒေသတွင်းဟန်ချက်ကို ထိန်းထားနိုင်ရေးအတွက် မဟာဗျူဟာ ကျ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ တရုတ်သမ္မတနှစ်ယောက်နဲ့ (ရှီကျင့်ဖျင်နဲ့ ဟူကျင်ထောင်) အမေရိကန် သမ္မတတို့ သဘောတူထားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ကြွေးကြော်ထားတဲ့ အတိုင်း ဘာမှတော့ ထိထိ ရောက်ရောက် မလုပ်နိုင်ကြ သေးပါဘူး။

ကြော်ငြာချက်ထုတ် ပြန် ရုံနဲတော့ ပူးပေါင်းမှုက အထမမြောက်နိုင်သေး ပါဘူး။ ဘယ်သဘောတူညီမှုကမှ အမေရိကန်ရဲ့ နိုင်ငံတကာဆိုင်ရာ ပါဝင် ပတ်သက်မှု အဆင့်ကို အာမံချက် မပေးနိုင်ပါဘူး။ တကယ်လို့ အမေရိ ကန်နိုင်ငံက ပါဝါကျဆင်းစနိုင်ငံအနေနဲ့ ပါဝင်လာမယ်ဆိုရင် (တကယ်မဟုတ်၊ လုပ်သင့်လို့ ရွေးချယ်လိုက်တာမျိုး) ဒုတိယကမ္ဘာစစ်အပြီး မှာ အမေရိကန်က ကမ္ဘာကို ဦးဆောင်ခဲ့သလို တရုတ်ကလည်း အခြားနိုင် ငံတွေကို ဦးဆောင်ပြီး အမေရိကန်ရဲ့ ယခင် အခန်းကဏ္ဍမျိုးကို ဝင်ယူပါလိမ့် မယ်။

အမေရိကန်ဟာ စူပါပါဝါအဆင့်ကနေ လျှောကျလာနေပြီလို့ တရုတ် လူမျိုး အများစုက ထင်နေကြပေမဲ့ တရုတ်ခေါင်းဆောင်တွေ အကြားမှာတော့ လှမ်းမျှော် ကြည့်လို့ရတဲ့ အနာဂတ်အထိ အမေရိကန်ဟာ သူ့ရဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍ ကနေ လျှောကျမသွားအောင် ထိန်း ထားနိုင်လိမ့်မယ်လို့ သဘောပေါက် ထားကြပြန် ပါတယ်။ လက်ရှိ အပြု သဘောဆောင်တဲ့ ကမ္ဘာ့အစီအမံကို တရုတ်ရော အမေရိ ကန်ပါ ဘယ်နိုင်ငံကမှ တစ်နိုင်ငံတည်းနဲ့ မစွမ်းဆောင်နိုင်ပါဘူး။ စစ်အေးကာလ အပြီး အရုပ်ဝတ္ထုအားဖြင့်ရော စိတ်ဓာတ်အားဖြင့်ပါ အမြင့်မားဆုံး ရှိနေခဲ့တဲ့ အမေရိကန်ရဲ့ ဦးဆောင်နိုင်မှုစွမ်းရည်မျိုး ဘယ်နိုင်ငံမှာမှ မရှိပါဘူး။

ဆက်ရန်
ဇင်ဝေသော်

ဒါလည်းဟုတ်ပေသားပဲ


ကျောင်းက မန်နေဂျာ ဒေါရစ်ကို သတင်းစာနဲ့အတူ ဘီးလ်ဂိတ်ဆောင်းပါး ကိုပြပြီး အံသြမိကြောင်း၊ သူနဲ့ စိုက်ပျိုးရေကဏ္ဍ အလှမ်းဝေးလှကြောင်း ပြောပြတော့ သူက
"ဘန္တေကရော ဘာထူးလို့လဲ၊ ဘုန်းကြီးဝတ်နဲ့ လီကွမ်းယုစာအုပ်တွေ ဘာသာပြန်နေတာပဲ" တဲ့။
အော် ဒါလည်းဟုတ်ပေသားပဲ ဆိုပြီး ပါးစပ်ပိတ်လိုက်ရတယ်။
"လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်ထွက်ရင် လက်မှတ်ထိုးပေးအုံး၊ မဖတ်တတ်လည်း အမှတ်တရ သိမ်းထာမှာ" က ပြောသွားသေး။

ဘီးလ် ဂိတ်ဆိုတဲ့လူရေးတဲ့ ဆောင်းပါး


ဒီနေ့တော့ သတင်းဆိုတာထက် ဘီးလ် ဂိတ်ဆိုတဲ့လူရေးတဲ့ ဆောင်းပါး ဆီ ရောက်သွားခဲ့ရတယ်။
အိန္ဒိယ၊ ဘီဟာပြည်နယ်က လယ်သမားတွေရဲ့ ဒုက္ခသုက္ခတွေကို ရေးပြေ နတော့ နာမည်တူများ ဖြစ်လေမလားပေါ့၊ မဟုတ်ရပါဘူး။ မိုက်ကရိုဆော့ဖ် ဆရာကြီးကိုယ်တိုင်ပါ။

ရာသီဥတု အပြောင်းအလဲကြောင့် ဒုက္ခအရောက်ရဆုံးက ဆင်းရဲတဲ့နိုင် ငံတွေက လယ်သမားတွေပါတဲ့။
မိုးခေါင်လိုက် ရေလွှမ်းမိုးလိုက်၊ ပျိုးပင်တွေပါ ပါသွားလို့ မြို့ပေါ်တက် ရရာ အလုပ်ကလေး လုပ်လိုက်၊ ပြီးတော့ လယ်ထဲဆင်းလိုက်။
ဘာဆို ဘာမှ ထောက်ပံ့မှု၊ လေ့ကျင့်ပေးမှုနဲ့ နည်းပညာဆိုတာ မရှိလေေ တာ့ ချမ်းသာတဲ့ နိုင်ငံတွေက လယ်သမားတွေရတဲ့ အခွင့်အရေးတွေလည်း ဆင်းရဲတဲ့နိုင်ငံတွေက လယ်သမားတွေမှာ မရကြ။

ဂိတ် ဖောင်ဒေးရှင်းအကြောင်း၊ အိုဇုန်းလွှာအကြောင်း၊ အနာဂတ် ခန့်မှန်းခြေ စသည် လှလှပပရေးသွားတဲ့ ဆောင်းပါးပါ။
ဘီးလ်ဂိတ်ကို ပိုလေးစား၊ ပိုချစ်သွားတယ်။

ဆရာကြီးရယ် မြန်မာပြည်ကိုလည်း သွားပြီး လေ့လာပါအုံး။ ပျက်စီးတဲ့ စပါးခင်းတွေသာမက ဘယ်မှာထားပြီး ပူဇော်ရမှန်းမသိသေးတဲ့ ဘုရား ဆင်းတုတွေ အပါအဝင်။
(အချိန်ကြောင့် ဆောင်းပါးကို အပြည့်အစုံ ဘာသာပြန်မပေးနိုင်တာ စိတ်မကောင်းပါ)






ဇင်ဝေသော်