လက်ထပ်မထားတဲ့ မိခင်တွေအတွက် တဲ့။ စင်္ကာပူမှာမို့သာပေါ့


အင်း ဘယ်လိုပြောရမလဲ၊ လက်ထပ်မထားတဲ့ မိခင်တွေအတွက် တဲ့။ စင်္ကာပူမှာမို့သာပေါ့၊ တို့နိုင်ငံဆို အကူအညီမရတဲ့အပြင် ဒီအမတ်လောင်းေ တာ့ ထောင်တောင် ကျရဦးမယ့်ကိန်းပါလားလို့ တွေးမိလို့ပါ။ နောက်ပြီး ကရုဏာမဲ့၊ စာနာမှုမဲ့၊ ဗုဒ္ဓဘာသာရဲ့ ဗြဟ္မစိုရ်အသာထား ဘယ်လူသားတန်ဖိုးနဲ့မှ ညှိယူလို့ မရတဲ့ "နင့်ဘာသာ ကမျင်းကြောထလို့ရတဲ့ ကလေး၊ ဘယ်သူက ဘာ အကူအညီပေးနေရအုံးမှာတုံး" စတဲ့ ဖြစ်ကတတ်ဆန်း ပေါက်လွှတ်ပဲစား ကွန်မင့်တွေလည်း ဆိုရှယ် မီဒီယာပေါ် ပလူပျံနေလိမ့်မယ်။

ဆင်းဂဲမားသားဖြစ်ရခြင်းမှာ အကြောင်းတရားများစွာ ပါဝင်နေနိုင်ပါလား။
အဲဒီ ဥပဒေကြောင့် နောက်ဆက်တွဲ လူမှုရေးပြသနာတွေ၊ လူမသိ သူမသိနေရာ သွား မွေး၊ ကလေးကို စွန့်ပစ်၊ မိခင်နဲ့ကလေး အတူမနေရ မှုတွေ ရှိမလာနိုင်ဘူးလား။
ဒီပြသနာဟာ လူ့သမိုင်းအစကတည်းက ရှိခဲ့သလို နောက်လည်း ရှိနေဦးမှာ ပဲ မဟုတ်လား။
တရုတ်ပြည်ရဲ့ ကလေးတစ်ယောက် ပေါ်လစီကြောင့် အပြစ်မဲ့တဲ့ မွေး ကင်းစကလေးတွေ ဘယ်နှသန်းလောက် စွန့်ပစ်ခြင်း ခံခဲ့ရလေမလဲ။
လိင်ကိစ္စကို အဲသလောက် အလေးထားတဲ့ ဥပဒေနဲ့ နိုင်ငံမှာ ကလေးအဖေ ဘယ်သူဆိုတာ တိတိကျကျ စစ်ဆေးပေးနိုင်တဲ့ DNA စနစ်တွေ လူထုထဲအ ထိ ထွန်းကားနေပြီလား။

အမေရိကန် ဒု သမ္မတဟောင်း ချင်းညေကတော့ လက်စဘီးယမ်းတွေကို လုံးဝကြည့်မရတဲ့လူ ဖြစ်နေရာကနေ သူ့သမီးနှစ်ယောက် လက်စဘီးယမ်းေ တွ ဖြစ်နေတာကို ကြုံတွေ့လိုက်ရပါသတဲ့။


သတ်ပုံလေးတော့ ဂရုစိုက်ဦးမှပါဆိုတဲ့အတွေး


သွားလေသူ ဆရာကြီး ဦးဌေးအောင် သင်မပေးနိုင်၊ ပြင်မပေးနိုင်ခဲ့တာကို ဦးလှဆွေကြီးက သင်ပေးလို့ ကျေးဇူးတင်ရတယ်။
ဆရာကြီး ဦးဌေးအောင်ကို မန္တလေး နပသထွက် ရဟန်းတွေနဲ့ မိုး ဇလ အဖွဲ့တွေကတော့ ကောင်းကောင်းသိကြပါတယ်။ ပညာရော၊ စာရိတ္တပါ ပြောစရာမရှိတဲ့ သူတော်ကောင်းကြီး။
သူကလည်း သတ်ပုံတော့ လုံးလုံး ဂရုမစိုက်တာ၊ ဘောမှာ ရေးရင်လည်း စာကြောင်းက ဘယ်တော့မှ မဖျောင့်ဘူး။ သူသင်တဲ့ အဓိပ္ပါယ်ကိုတော့ ရင်ထဲအထိ ထည့်ပေးနိုင်တဲ့ ဆရာကြီးပါ။
အခု အက်ဒမင်က သိသင့်တယ်ထင်လို့ စီမံပေးလိုက်တော့ ဦးလှဆွေကြီး ပို့စ်တွေက တက်တက်လာရော။
သူ့စာတွေ ဖတ်မိရာကတဆင့် သတ်ပုံလေးတော့ ဂရုစိုက်ဦးမှပါဆိုတဲ့အတွေး ရလာတာ။
(အခုမှားရင် ပြင်လျက်နဲ့မှားတာလို့ ယူဆပေးကြပါရန်)

ဒေါ်စုကို နားလည်တယ်


ကိုယ်တိုင်က ကွန်စတီးကျူးရှင်းပြင်ပြီးမှ ကျောင်းထိုင်ဖြစ်၊
ကျောင်းထိုင်ဖြစ်မှလည်း စိတ်ကူးထဲက ကောင်းမယ်ထင်တာတွေလုပ်၊ ပိတ်နေတဲ့ တံခါးတွေဖွင့်၊ စာသင်ခန်းတွေကို အနားမရှိ အသုံးချ... စတာတွေ လုပ်ခွင့်ရလာလို့ ဒေါ်စုကို နားလည်တယ်။
ပြသနာက မြန်မာ့နိုင်ငံရေးမှာ ဒေါက်တာ လင်း (Dr. Lim) မရှိဘူး။ ဒေါက်တာ မှောင်တွေပဲ များနေတယ်။

အမြင် အတွေး နဲ့ အတွေး အမြင်


ကမ်းလက် shared Dhammabheri Ashin Viriya's post.
 
အမြင် အတွေး နဲ့
အတွေး အမြင်
~_~_~_~_~_~_~
<^><^><^><^>
ဇင်ဝေသော်က-
ဖေ့စ်ဘုတ်ဆိုတာ ဘစ်ဘရယ်ဒီမိုကရေစီကို
ကိုယ်စားပြုတယ်။
သူ့ဝေါ,ကိုယ့်ဝေါက အပြင်ထွက်တာနဲ့-
ဘံဥပဒေကိုလေးစားပါ။မဆဲနဲ့၊
အသားလွတ်မစော်ကားနဲ့၊
ဒါ ဒီမိုကရေစီပါ-လို့ရေးထားတာဖတ်ပြီး-
စဉ်းစားမိတာလေးပါ။

အတွေးအမြင်နဲ့ပတ်သက်လို့ပေါ့၊
ဘယ်သူမဆို ကိုယ်မြင်သလောက်ပဲ ကိုယ်တွေးတတ်ကြတာက
ဘာမှ အထွေအထူးပြောစရာမရှိလောက်ပါဘူး။
အဲ-
ကိုယ်တွေးတတ်သလောက်သာ ကိုယ်မြင်တတ်ပြီး
ကိုယ့်ထက် ပိုလဲမြင်,ပိုလဲတွေးနိုင်၊
ပိုတွေးနိုင်လို့လဲ ပိုမြင်တတ်သူတွေ ကိုတွေ့လာတဲ့အခါမှာ-
ကိုယ့်ထက် ကိုမြင်,ပိုတွေး၊ပိုတွေ ပိုမြင်တာတွေမှန်သမျှကို
အမှားလို့ ဆုံးဖြတ်တယ်ဆိုတာကတော့-
ရေထဲကငါးနဲ့ ကုန်းပေါ်ကလိပ်တို့ တွေ့သလိုပေါ့-
ကုန်းလိပ်က ကုန်းပေါ်မှာ ကိုယ့်ခြေထောက်နဲ့ကိုယ်
လွတ်လပ်စွာသွားလာနိုင်တယ်ဆိုလဲ-
ငါးက"ရေကူးစရာမရှိတဲ့နေရာ ဘာလွတ်လပ်မှာလဲ"ဆိုပြီး
ငြင်းတော့တာပဲ။
ကုန်းပေါ်မှာ“အမြစ်,အဥ,အသီး,အရွက်တွေ စားစရာအစုံ
ပြည့်စုံတယ်"ဆိုလဲ-
“ရေညှိနဲ့တီကောင်မရှိတဲ့နေရာ ဘယ်ကလာ စားစရာစုံရမှာလဲ"
ဆိုပြီး ငြင်းပြန်နဲ့-
ကိုယ်မြင်နိုင်သလောက် ကိုယ်တွေးပြီး ကိုယ်တွေးမိတာကလွဲလို့
ဘာကိုမှအကောင်းမထင်တတ်တဲ့ ဒီငါးကို ဘာမှ လေကကြီးအကြောင်း ပြောလို့မရသလိုဖြစ်နေမှာပါပဲ။
ကိုယ်မြင်သမျှ ကိုယ်တွေးပြီ ကိုယ်တွေးနိုင်သမျှထက်
ဘာမှပိုမမြင်နိုင်ကြဘဲ ကိုယ့်အမြင်အတိုင်းကိုသာ
အမြင့်ဆုံးပန်းတိုင်ကြီးအဖြစ် ရည်မှန်းသတ်မှတ်
လုပ်ဆောင်နေကြသူတို့အကြောင်းစဉ်းစားရင်း
လယ်တီဆရာတော်ကြီးရဲ့ ဥတ္တမပုရိသဒီပနီ မှာ-
သာဓကပြထားတဲ့-
“မေဏ္ဍကသေဌေးရဲ့ကျွန် ငပုဏ္ဏ"အကြောင်းလေး
ပြေးပြီးသတိရမိလိုက်တယ်။
မေဏ္ဍကသေဌေးက -အိမ်ပေါက်ကျွန် ငပုဏ္ဏကို
သားရင်းသဖွယ်ချစ်ခင်တဲ့အတွက် အစစအရာရာ
ကျွန်နဲ့မတူအောင် အခွင့်ထူးတွေ ပေးထားတယ်။
ဒါကို ငပုဏ္ဏက သိပ်ဂုဏ်ယူတယ်။
“လောကမှာ ငါလောက်ကံကောင်းသူ ဘယ်သူ
ရှိဦးမလဲ"ဆိုပြီးတော့လဲအမြဲတွေးပီးကျေနပ်တယ်။
ဘဝတူကျွန်တွေကလဲ သူတို့ထက်အစစသာလွန်နေတဲ့
ငပုဏ္ဏကိုပဲ အထင်ကြီး အားကျပြီး ဆုံမိတဲ့အခါ
အချင်းချင်းပြောမဆုံးဘူး။
ဒါကိုပဲ ငပုဏ္ဏကလဲ ဂုဏ်ယူဝင့်ကြွားတယ်။
“ဒီလိုအဆင့်အတန်းမျိုးရောက်ဖို့ဆိုတာ-
တော်တော့ကုသိုလ်နဲ့ လွယ်မှတ်လို့"ဆိုပြီးတော့ပေါ့။
တနေ့မှာ-ပစ္စေကဗုဒ္ဓါအရှင်မြတ်ကြီး ကြွလာတော်မူလို့
အလှူလုပ်တဲ့အခါ-သေဌေးက ပုဏ္ဏကိုလဲ လှူဖွယ်ဝတ္ထု
ပေးပြီး လှူခိုင်းတယ်။
"လိုတဲ့ဆုကိုတောင်း၊တောင်းတဲ့ဆု ပြည့်လိမ့်မယ်"
ဆိုတော့-ပုဏ္ဏက-
“ဘဝဆက်တိုင်းမှာ ဤသေဌေးလို သခင်မျိုးနဲ့သာ
တွေ့ကြုံရပါလို၏"လို့ ဆုတောင်းသတဲ့။
(ဖတ်ရင်း မရယ်ကြနဲ့၊သူ့အမြင် သူ့အတွေးမှာ
ဒီထက်သာလွန်တာ ဘာမမှမသိဘဲ၊ဒီအဆင့်ပဲ
မျှော်မှန်းတာပေါ့။)
ပစ္စေဗုဒ္ဓအရှင်မြတ်က-ထုံးစံအတိုင်း
"ဣစ္ဆိတံ ပတ္ထိတံ တုယှံ ခိပ္ပမေဝ သမိဇ္ဇတု"နဲ့
အတည်ပြုပေးလိုက်တာပေါ့။
မောင်ပုဏ္ဏ ဆုတောင်းပြည့်သွားပါတယ်။
ဘဝဆက်တိုင်း ကျွန်ဖြစ်ခွင့် ရသွားပါသတဲ့။
(ခုလောက်ဆိုရင်တော့ လွတ်တန်ကောင်းပါရဲ့)
အပ္ပမာဒေန သမ္ပာဒေထ..!
၀၉.၆.၁၅၊လောကချမ်းသာဘုရားကျောင်း၊
ဘာဂင်၊ဘရုတ်ကလင်၊နယူးယောက်။
~<~<~<~<~<~<~<~<~<~<~<~<~<
<~<~<~<~<~<~<~<~<~<~<~<~<~

ဘာကိုမှ မကြည့်၊ ဘုရားမျက်နှာပဲကြည့်တဲ့ ဗုဒ္ဓဘာသာ အစစ်ကြီးပါ


၁။ သူတို့မြင်တဲ့ မင်္ဂလဝိဟာရ ရဲ့ ပြုပြင် ပြောင်းလဲရေးလမ်းစဉ်။
တကယ်ပြန်ကြည့်တော့လည်း ၁၀ နှစ်အတွင်း အပြောင်းအလဲတွေ အများကြီးပါ။ ဒီ အပြောင်းအလဲတွေရဲ့ အဓိက အကြောင်းရင်းကတော့ စင်္ကာပူလိုနေရာမှာ ဘယ်ဘာသာစကားနဲ့ပဲ သင်သင်၊ ထေရဝါဒလမ်းစဉ်နဲ့ညီရင် လက်ခံရမယ်၊ အားပေးရမယ်ဆိုတဲ့ ယုံကြည်မှုပါ။

၂။ သူမပါရင်လည်း မပြီးပါဘူး။ သံဃာက သံဃာ၊ ဘုရားသားက ဘုရားသားပဲ။ သီဟိုဠ်တွေ မြန်မာတွေ ခွဲမနေနိုင်ဘူးဆိုပြီး သီဟိုဠ်ဘုန်းကြီးသာ ကျောင်းထိုင်ဖြစ်ရမယ်ဆိုတဲ့ ကွန်စတီကျူးရှင်းကို ရဲရဲကြီးပြင်သွားတဲ့ ဥက္ကဋ္ဌပါ။ ဘာကိုမှ မကြည့်၊ ဘုရားမျက်နှာပဲကြည့်တဲ့ ဗုဒ္ဓဘာသာ အစစ်ကြီးပါ။ သာသနာအတွက် ကျေးဇူးတင်ထိုက်လှပါတယ်။

အခု စင်္ကာပူမှာ သာသနာပြုနေတဲ့ လူပုဂ္ဂိုလ်တွေ ဒီကျောင်းရဲ့ ဗုဒ္ဓဘာသာ ပညာရေးနဲ့လွတ်တာ (ဆန်းဒေး စကူး၊ ပါဠိကောလိပ်) သိပ်မရှိပါဘူး။


မင်္ဂလာရှိတဲ့ မနေ့ညက ဒိုင်ယာလော့ဂ်


(မုဒိတာပွားလိုပါက ဖတ်ကြည့်စေလိုပါတယ်၊ နှစ်ဖက် အပေးအယူမျှတဲ့ စေတနာစကားတွေပါ။
*******************************************************************
ဦးဇင်း ( ဇင်ဝေသော်) ဘုရား...
ရိုသေလေးမြတ်စွာလျှောက်ထားအပ်ပါသည်ဘုရား။ တပည့်တော်သည် မြန် မာ အင်တာနက်စာကြည့်တိုက် ( page ) ၏ အဖွဲ့ ခေါင်းဆောင်ဖြစ်ပါသည်။ တပည့်တော်တို့ သည် online တွင် ညီအကို မောင်နှစ်မအရင်းအခြာများ သဖွယ် ချစ်ခင်ရင်းနှီးကြသူတစ်စုက မိမိတို့  နိုင်ငံလူမျိုးနှင့် လူမှုအဖွဲ့ အစည်း အတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ တစ်စုံတစ်ရာကို တတ်စွမ်းသမျှစုပေါင်းဆောင် ရွက်ကြရန် ဆွေးနွေးမိရာမှ ဤ စာကြည့်တိုက်လေးပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါ သည်။
ဗုဒ္ဓမြတ်စွာ၏ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ... ဟူသော မိန့် မှာချက်နှင့်လည်း အညီဖြစ်စေရန် စာကြည့်တိုက် တည်ထောင်ဆောင်ရွက်ကြရန်ရွေးချယ် ခဲ့ကြခြင်းလည်းဖြစ်ပါသည်။
အဓိက ရည်ရွယ်ချက်မှာ တပည့်တော်တို့ ၏ Society အနေဖြင့် ပညာခေတ် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စေရန် အသိပညာဗဟုသုတဖြစ်ဖွယ် စာအုပ် စာတမ်းများကို online မှရှာဖွေစုစည်းပြီး ပြန်လည်မျှဝေပေးခြင်းဖြင့် မိမိတို့  Society အား တစ်ထောင့်တစ်နေရာမှ အလုပ်အကျွေးပြုရန် ဖြစ်ပါသည် ဘုရား။
ယင်းသို့ 
ဆောင်ရွက်ရာတွင် တပည့်တော်တို့ ၏ အချိန် ငွေကြေးနှင့် အခြားသော အား ထုတ်မှုများပေါင်းစပ်ထည့်သွင်းလျက် စေတနာသက်သက်ဖြင့်သာဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ဤ စာကြည့်တိုက် Page တွင် အရှင်ဘုရား ( ဇင်ဝေသော်) ဘာသာပြန်ဆိုခဲ့သော လီကွမ်ယူရဲ့ နားဝင်မချိုသောအမှန်တရားများ အမည်ရှိ စာအုပ်ကို စာကြည့်တိုက်တွင် စာချစ်သူများ၏ တောင်းဆိုမှုအရ အခြားသော စာကြည့်တိုက် web/ page / blog များတွင် လိုက်လံရှာဖွေပြီး တင်ပြပေးခဲ့မိပါ သည်။ ဘာသာပြန်ဆိုသူ အရှင်ဘုရားအနေဖြင့် Strate Time နှင့် သက်ဆိုင် သူသို့ အသိပေးပန်ကြားလျက်ပြန်ဆိုခဲ့သည့်တိုင် တပည့်တော်တို့ မှာ စာအုပ် တင်ပြမှုအတွက် အရှင်ဘုရားအား လျောက်ထား ပန်ကြားခွင့်ပြု ချက်ေ တာင်းခံခြင်း မပြုမိခဲ့ပါဘုရား။ ဤသို့ ဖြစ်ခဲ့ရခြင်းမှာ တပည့်တော်တို့ သည် စာအုပ်ကို pdf file ဖန်တီးသူများမဟုတ်ဘဲ စာပေဝါသနာရှင်များ၏ တောင်း ဆိုမှု ကိုဖြည့်ဆည်းပေးနိုင်ရန် အခြားသော site များမှ တဆင့်ရယူခဲ့ရခြင်းနှင့်
အရှင်ဘုရားကိုလည်း မည်သို့ မည်ပုံ ဆက်သွယ်လျောက်ထားရမည်ကို မသိရှိခဲ့ခြင်းတို့ ကြောင့် ယခုလိုဖြစ်ခဲ့ရပါသည်ဘုရား။
ယင်းအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။ မေတ္တာရှေ့ ထားလျက် ခွင့်လွှတ်သည်းခံတော်မူပါရန်လည်းရိုသေစွာလျောက်ထားပါသည်ဘုရား... ။
တပည့်တော်တို့ သည် မည်မျှပင်စေတနာကောင်းဖြင့်ဆောင်ရွက် သည်ဖြစ်ေ စကာမူ အရှင်ဘုရား ( ဇင်ဝေသော်) မှ ယခုကဲ့သို့ အကြောင်းကြားလာသည့် အခါ စာအုပ်တင်ပြမှုကို ဆက်လက်ထားရှိရန်မသင့်ပါဘုရား..။ သို့ ပါ၍ အရှင်ဘုရားဘာသာပြန်ဆိုခဲ့သည့်စာအုပ်ကို Page နှင့် စာကြည့်တိုက်၏ Website တွင်ဖော်ပြထားခြင်းမှပြန်လည်ဖြုတ်ချပေးပါမည်ဖြစ်ကြောင်း ရိုသေလေးမြတ်စွာ လျောက်ထားအပ်ပါသည်ဘုရား။
*********************************************************************

အမှန်တော့ လုပ်ရိုးလုပ်စဉ် အဆင့်မပြေခြင်းသာဖြစ်ပါတယ်။
ဦးဇင်းဆန္ဒက လူများများဖတ်လေလေ အကျိုးရှိလေလေပါ။ တင်ပြီးသား စာအုပ်ကို ဖြုတ်ချစရာမလိုပါ၊ ဇင်ဝေသော်၏ ခွင့်ပြုချက်ဖြင့် တင်ပါသည် ဆိုတာလေး ဖြည့်စွက်ပေးပါလို့ တောင်းဆိုပါတယ်။ အကြောင်းကတော့ ဦးဇင်းကိုယ်တိုင် ဓာတ်ပုံ၊ စာသားများအားလုံး ယခု ဘာသာပြန်စာအုပ်မှလွဲပြီး အွန်လိုင်းစသည်မှာ အသုံးမပြုပါလို့ ဝန်ခံလက်မှတ်ထို့ခဲ့ရလို့ပါ။ စောစောက ဦးဇင်းခွင့်ပြုချက်အရ တင်တယ်ဆိုတဲ့ စာကြောင်းပါရင် စထရိတ်တိုင်း ရဲ့ ကော်ပီရိုက်ကိစ္စကို ပြသနာဖြစ်ခဲ့ရင်တောင် ရှင်းလို့ရပါတယ်။
**********************************************************************
တင်ပါ့ဘုရား
အထူးပင် ကျေးဇူးတင်ရှိပါသည်ဘုရား
တပည့်တော် ဒါဆို မြန်မာပြည်သူတွေအကျိုးအတွက် ဦးဇင်းရဲ့စေတနာ အတိုင်း ပြန်တင်ခွင့်ပြုပါလို့ တောင်းခံအပ်ပါသည်ဘုရား
ဦးဇင်းခွင့်ပြုချက်စာသား ရေးသား၍ ပြန်တင်ပါရစေဘုရား
တပည့်တော်လည်း အကျိုးရှိတဲ့စာပေမို့ အကြောင်းအမျိုးမျိုးကြောင့် မတတ်နိုင် သူတွေ ဖတ်၍ အသိပညာတစ်ခု တိုးစေရန် ရည်သန်တဲ့အတွက် ခုလို ဦးဇင်းကိုယ်တိုင် ခွင့်ပြုလိုက်တော့ အရမ်း ဝမ်းသာသွားရပါတယ်ဘုရား
နောက် ဆင်ခြင်ပါ့မယ်ဘုရား
**********************************************************************

ဦးဇင်းလည်း ဝမ်သာပါတယ်။
လီကွမ်းယုသေပြီးနောက် သူ့စာ၊ သူ့ဓာတ်ပုံတွေကို ပိုပြီး တင်းကြပ်နေလို့ ပြသ နာမတက်ခင် ကြိုဝင်တာမို့ စကားရင့်သီးသွားရင် နားလည်ပေးပါ။ လူထုအကျိုး ဆက်သယ်ပိုးနိုင်ပါစေ။
**********************************************************************
တင်ပါ့ဘုရား
တပည့်တော်မတို့ ဘက်က လိုတာပါ ဘုရား
ခွင့်လွှတ်သည်းခံပေးတာ အထူးပင်ဝမ်းမြောက်မိပါတယ်ဘုရား

သတင်းတွေဖတ်ပြီး တွေးမိတာပါ


ကမ်းလက် shared Myat Thar's post.
 
သတင်းတွေဖတ်ပြီး တွေးမိတာပါ။
ဆီးရီးယန်းကလေးငယ်လေး လှေမှောက်ပြီး ရေနစ်သေဆုံးသွားတဲ့ ဓါတ်ပုံကို မြင်တဲ့အခါ အကြီးအကျယ် တုန်လှုပ်သွားသူဟာ ဥရောပနိုင်ငံတွေ ဖြစ်နေတယ်။ သမိုင်းကြောင်းထဲက ခရူးဆိတ်စစ်ပွဲတွေ၊ လတ်တလော ဥရောပမှာ မူဆလင်အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်ခံခဲ့ရမှုတွေကို ကျော်လွန်မေ့ပျောက်ပြီး မူဆလင်ဘာသာဝင် ဆီရီးယန်း ဒုက္ခသည်များကို တိုင်းပြည်အတွင်း ဒုက္ခသည် အဖြစ်နေထိုင်ခွင့်ကို ချက်ချင်းခွင့်ပြုပြီး ခုစတင် လက်ခံနေပြီဖြစ်ပါတယ်။ ဂျာမဏီ မြူးနစ်မြို့မှာ အခုကြိုဆိုပွဲတွေ လုပ်နေပါတယ်။ နော်ဝေက လူလေးသောင်း လက်ခံဖို့ ကတိပြုပြီး မြို့အလိုက်ခွဲဝေနေရာချထားဖို့ ပြင်ဆင်နေပါပြီ။ အခြားဥရောပ နိုင်ငံများကလည်း စတင်လုပ်ဆောင်နေပါပြီ။ အသက်ကိုရင်းပြီး ပြေးကြသူတွေ၊ ကလေးငယ်တွေ ရေနစ်သေဆုံးသွားတဲ့ သတင်းတွေကို သူတို့ မခံစားနိုင်ကြပါဘူး။
လူ့ယဉ်ကျေးမှုဆိုတာ အသိတရားကနေ ဖြစ်လာတယ်ဆိုတာ ဒီနေရာမှာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။ အကြောက်တရား၊ အမုန်းတရားတွေကို ကျော်လွန်ဖောက်ထွက်ပြီး ၊ မေတ္တာတရားနဲ့ ကြင်နာမှုဟာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှာ အရာရာထက် ပိုမိုအားကောင်းကြောင်း ပြသလိုက်ပါတယ်။

တချိန်ထဲမှာဘဲ အင်မတန်မှ ချမ်းသာလှတဲ့ ရေနံသူဌေး အာရပ်နိုင်ငံများကတော့ သူတို့နဲ့ ဘာမှ မဆိုင်သလိုနေနိုင်တာကိုလည်း တွေ့ရပြန်ပါတယ်။ အပေါဆုံးက ငွေကြေးဖြစ်တဲ့အတွက် ငွေကြေးလိုရင်ပေးမယ်၊ ငါ့တိုင်းပြည်ထဲတော့ လာအရှုတ် မခံနိုင်ဘူး ဆိုတာမျိုးဖြစ်နေလို့ ဝိုင်းဝန်းရှုံ့ချခံနေကြရပါတယ်။ ဒါပေမဲ့လည်း သူတို့ကတော့ အေးဆေးပါဘဲ။ လူ့ဂုဏ်သိက္ခာဖြစ်တဲ့ စာနာညှာတာတတ်တဲ့ အကြင်နာ မေတ္တာတရား မရှိလဲ ရုပ်ဝတ္ထုတွေနဲ့ အင်မတန်ချမ်းသာမှုတွေ ပြည့်စုံနေရင် ရပါတယ်လို့ ထင်ကြပုံပါဘဲ။

အကယ်၍များ အာရှသားတွေ ဥရောပသားတွေလောက် အသဲမနုကြဘူးဆိုရင်၊ အဲ့ဒီလောက် လုပ်စရာ မလိုပါဘူးဆိုရင်
လူ့သမိုင်းတလျှောက် ယဉ်ကျေးမှု အစောဆုံးဆိုတာကို ဘယ်လိုများမြင်ကြပါသလဲ သိချင်မိပါတယ်။
 

အိမ်မွေးတိရစ္ဆာန်တွေကို ပလပ်စတစ် ဆာဂျူရီလုပ်ပေး


ကြွားနေရတာနဲ့ ဒီသတင်းလေး မနက်က မတင်မိဘူး။ ကျန်း၊ တောင်ကိုရီးယားကတော့ မနိုင်ဘူး၊ အလုပ်မရှိ ကြောင်ရေချိုးပဲ ပြောပြော ဘာပြောပြော။ ခွေးလို၊ ကြောင်လို အိမ်မွေးတိရစ္ဆာန်တွေကို ပလပ်စတစ် ဆာဂျူရီလုပ်ပေးရတာ အတော်လေး ခေတ်စားနေပါသတဲ့။ ကျန်းမာရေးအတွက်ရော ကြည့်လို့ ပိုလှအောင်အတွက်ရောပါ တဲ့။

အယ်ဒီတာရဲ့ အက်သစ်


ရဟန်းဝတ်ဖော်ပြထားပြီး လီကွမ်းယု၊ ဟန်တင်တန်နဲ့ သူတို့ စာအုပ်အမည်တွေပါ အတိအကျထည့်လိုက်ရင် ဘာမှမဖြစ်ပေမဲ့ အမြင်မတူသူတွေ စိတ်ကသိကအောက်ဖြစ်နိုင်လို့ ရှောင်ရေးသွားခဲ့တယ်။ အထူးသဖြင့် ဂလိုဘယ် ပေါ်လစ်တစ်ဆိုတဲ့စကားကို ရှောင်ရေးသွားပါတယ်၊ လေးစားစရာ၊ အတုခိုးစရာပါ။ တလောက မြန်မာ ဂျာနယ်တစ်စောင်နဲ့တော့ ကွာလှပါတယ်။

ဒီအပိုဒ်မှာ မလိုတမာရေးမယ်ဆို "ရဟန်းဝတ်ပြီး ယောက်ျားလိုလို၊ မိန်းမလိုလို ဇင်ဝေသော်ဆိုတဲ့ ကလောင်အမည်နဲ့ မဆီမဆိုင် ကမ္ဘာ့နိုင်ငံရေးတွေ ဘာသာပြန်နေတဲ့" လို့ရေးရင် ရတာပဲ။ အယ်ဒီတာဟာ စာလုံးပေါင်းအပြင် စားရေးသူရဲ့ ပုဂ္ဂလိကဆန်တဲ့ စွပ်စွဲမှုတွေကိုလည်း တည်းဖြတ်ရပါတယ်။ ဒါမှ စံဝင်တဲ့ အယ်ဒီတာဖြစ်ပါတယ်။

သူများပြောတဲ့ ကိုယ့် ပရိုဖိုင်။


အဘိဓမ္မာသင်တန်း ပို့ချတယ်ဆိုတာကလွဲရင် အမှန်တွေပါ။ သူတော်ကောင်းတွေ သင်ယူနိုင်၊ ပို့ချနိုင်အောင် နေရာစီစဉ်ပေးရုံပါ။