မနက်ပိုင်း နိုင်ငံရေး ဒိုင်ယာလော့ဂ်


"မဲမပေးမနေရ ဥပဒေ ထုတ်ပြန်ထားရင် မဲပေးကြဖို့ လိုက်ပြောနေစရာ မလိုတော့ဘူးပေါ့"

"လူထုအများစုက ထောက်ခံတယ်လို့ယုံကြည်တဲ့ အစိုးရလက်ထက်မှာမှ ဒါမျိုးဥပဒေမျိုးက ရှိလာနိုင်မှာ။ လူထု မထောက်ခံတဲ့ အစိုးရက ဒီဥပဒေမျိုး ဘယ်ထုတ်မလဲ၊ ကိုယ့်သေတွင်းကို တူးသလိုဖြစ်မှာပေါ့"

ဒါက နိုင်ငံရေးကစားကွက်ပဲ၊ လှပါတယ်


ဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲအမှီ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးနိုင် ဖို့ အသည်းအသန် တဲ့။
ဒေါ်စုကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲတွေကို မလောကြဖို့၊ ရေ ရှည်ခံမယ့် ငြိမ်းချမ်းရေးဖြစ်ဖို့သာ အရေးကြီးကြောင်း လှမ်းပြောထားသတဲ့။ (သတင်းစာ အာဘော်)

ဒါက နိုင်ငံရေးကစားကွက်ပဲ၊ လှပါတယ်။
မကြာမကြာ ခလုပ်ဝင်ဝင်တိုက်တယ် မထင်ကြပါနဲ့၊ အမျိုးစောင့်ဥပဒေက လည်း ဘာသာရေးကကြည့်တော့ ဘာသာရေး၊ နိုင်ငံရေးက ကြည့်တော့ နိုင်ငံရေးပါ။
အခု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင်နှစ်ယောက် ကစားနေပုံကို သဘောကျတယ်။

ဘယ်နိုင်ငံသားက ပြည်တွင်းစစ်ကို လိုချင်မလဲ။
ဘယ်နိုင်ငံသားက လူမျိုးခြားက သူ့လူမျိုးအပေါ် အနိုင်ကျင့်တာ မြင်ချင်မလဲ။

မြင်းခြံလောက်တော့ ရမှာပါ :)


အရပ်က ၅ ပေ၊ ၁၁ လက်မ၊ လက်ရှိ ဥပဓိ၊ လက်ရှိ ပညာရေးနဲ့ လုပ်ဆောင် ချက်၊ လူတစ်ယောက်လည်း ဖြစ်၊ အဖွဲ့ချုပ်ထဲလည်းဝင်၊ မြန်မာပြည်ထဲမှာလည်း ၁၀ နှစ် ဆက်တိုက်နေခဲ့မိရင် မြင်းခြံလောက်တော့ ရမှာပါ။
လူထုနဲ့ အတိုက်အခံ မဖြစ်ချင်လို့ ပခုက္ကူကို လက်ရှောင်လိုက်တယ်။ ဓာတ်ပုံထဲက ကျန်တဲ့ နှစ်ယောက်ကိုတော့ (ဆရာသစ္စာနီနဲ့ ဓမ္မဂင်္ဂါ) ငုံ့ကြည့်ပြိုက်မယ်၊ ဟွင်းဟွင်း။
(ဗိုလ်ချုပ် အနှစ်တစ်ရာ အမှတ်တရ၊ ဇင်ဝေသော်၊ သစ္စာနီ၊ ဓမ္မဂင်္ဂါ နဲ့ သစ္စာနီပရိသတ်)

လူဆန်စွာ၊ သိက္ခာရှိစွာ ယှဉ်ပြိုင်ကြရင်း


အရင်ကလည်းပြောခဲ့တယ်၊ အခုလည်း ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲကြီးကိုသာ သန့်သန့်ရှင်းရှင်းနဲ့ အောင်အောင်မြင်မြင် ကျင်းပပေးသွားနိုင်ရင် ဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်း၊ မြန်မာ့နိုင်ငံရေး အကူးအပြောင်းအတွက် သူ့သမိုင်းလည်း အထင်ကရ ကျန်နေမှာဖြစ်ကြောင်းပါ။

လူဆန်စွာ၊ သိက္ခာရှိစွာ ယှဉ်ပြိုင်ကြရင်း သူတစ်ပါးကို ပုတ်ခတ်စွပ်စွဲခြင်းထက် မိမိတို့ အနာဂတ်အစီအမံတွေနဲ့ လူထုမဲကို ရအောင်ယူနိုင်ကြပါစေလို့ ဆုတောင်းရင်း ရွေးကောက်ပွဲ စည်းရုံးရေးကာလကို ကြိုဆိုလိုက်ပါတယ်။

ပါတီနိုင်ငံရေးတဲ့လား


ဆရာကြီး နေရူးတို့ စသုံးခဲ့တဲ့စကားပါ။ တို့က ပါဝါနိုင်ငံရေး မလုပ်၊ အမျိုးသားနိုင်ငံရေးပဲ လုပ်တယ် တဲ့။
အခု မြန်မာပြည်မှာ ခေတ်စားနေတာ ပါတီနိုင်ငံရေး မလုပ်၊ အမျိုးသားနိုင်ငံရေးပဲ လုပ်တယ်၊ ဘယ်ပါတီဘက်သားမှ မဟုတ်ဘူး ပေါ့။
ပါတီတို့၊ အော်ဂနိုက်ဇေးရှင်းတို့ ဆိုဆိုက်တီးတို့က တကယ်တော့ လူ့အဖွဲ့အစည်းတွေကို နေရာအလိုက် ခွဲပြီးခေါ်တာပါ။ နိုင်ငံရေးမှာတော့ ပါတီပေါ့လေ။
ဒါ့ကြောင့် နိုင်ငံရေးဆိုတာနဲ့ ပါတီက ကင်းလို့မရပါဘူး။ လူမှုရေး၊ ဘာသာရေး စတဲ့နယ်ပယ်မှာတော့ ပါတီမရှိဘူးပေါ့။
ဒါတောင် သွယ်ဝိုက်ပြီး ရှိနေတတ်ပါတယ်။

ဥရောပနဲ့ အမေရိကမှာ ဘာသာရေးလွှမ်းမိုးမှု နိုင်ငံရေးထဲ မရှိတော့သလောက် ကင်းသွားပေမဲ့ အခြားဒေသမှာတော့ မကင်းပါဘူး။
အဆိုးဆုံးက အစ္စလာမ်ပါပဲ၊ ဒါ့ကြောင့်လည်း နိုင်ငံရေးအကူးအပြောင်းတွေမှာ ကျရှုံးနေကြရတာ။
ပါတီမရှိဘဲ ဘယ်လို ဗဟုမဏ္ဍိုင်ဖြစ်မလဲ၊ ဗဟုမဏ္ဍိုင်မဖြစ်ရင် ပါဝါ ညှိမရ၊ ပါဝါ ညှိမရမှတော့ ပဒေသရာဇ်၊ အာဏာရှင်စနစ်ပေါ့။

ပြုံးစိစိ အမေး အဖြေ


မေး။ ။ ပါဝါညှိဆိုတော့ ဘယ်မှာ ပါဝါ ဘယ်လောက်ရှိမှန်း မသိတော့ ဘယ်လိုလုပ်ရမလဲ။
ဖြေက။ ။ ဟောဗျာ၊ အခုတောင် ပါဝါ ဘယ်ရှိနေမှန်း မသိကြသေးဘူးလား။ ဦးရွှေမန်းကို သွားမေးကြည့်ကြ။

ကလေးကလား ဒီမိုကရေစီ


စထရိတ်တိုင်းမ်က ရိုက်တာရဲ့သတင်းကိုယူပြီး စာမျက်နှာပြည့် ဒေါ်စု ပုံနဲ့ ထွက်လာတယ်။
သတင်းက မြန်မာတွေအတွက် မထူးပေမဲ့ မှတ်ချက်က ထူးသလိုလိုပါ (ပုံ ၂)
ကြိုးနီစနစ်နဲ့ ရှုပ်ထွေးမှု၊ ရှင်းရှင်းလင်းမရှိမှုကြောင့် ပြည်ပရောက် မြန် မာ နှစ်သန်းရှိရာမှာ တစ်သောင်းကိုးထောင်ပဲ မဲပေးဖို့ စာရင်းပေးထားတယ်၊ အဲဒီ နှစ်သန်းကလည်း စစ်အစိုးရအုပ်ချုပ်မှုအောက်နေ ထွက်လာတဲ့လူတွေမို့ လက်ရှိအစိုးရပါတီကို ထောက်ခံမယ့်သူတွေ မဖြစ်နိုင်ဘူး တဲ့။

မနေ့က စကားဆက်ရရင် ပါဝါညှိရာမှာ အမေရိကန်က စံပြပဲ။ ပါတီကြီးနှစ်ခု ဟိုကနိုင်လိုက်၊ ဒီက နိုင်လိုက်။ ပါလီမန်ထဲ ရောက်သွားတော့လည်း ကိုယ့် ပါတီက သမ္မတရဲ့အဆိုပြုချက်ဖြစ်ပါစေ ထောက်ခံချင်မှ ထောက်ခံကြ တာ။

မြန်မာပြည်က အခုအထိတော့ ကလေးကလား ဒီမိုကရေစီအဆင့်ပဲ ရှိပါသေးတယ်။ မယုံရင် အစိတ်သားနဲ့ ဦးရွှေမန်းကိုကြည့်ပါ။ ပါလီမန်ထဲရောက်သွားရင် ပါတီမရှိတော့ဘူး၊ နိုင်ငံတော်ပဲ ရှိတော့တယ် ဆိုတဲ့အချက်ကို လွှတ်တော်ထဲက ဝန်ကြီးမဖြစ်သေးတဲ့ ဝန်ကလေးတွေ နားမလည်သေးဘူး။




ပြန်ချင်တဲ့ ကွန်မင့်


ကိုအောင်သူ (Aung Thu)
မျိုးစောင့် ဥပဒေ ပြဌာန်းခြင်းဟာ မှားနေတာပါလား ဘုရား။ နောက်ထပ် နည်းဥပဒေဆိုတာတွေ ထပ်ပြဌာန်း ရအုံးမှာပါဘုရား တပည့်တော်တို့ လူ ဝတ်ကြောင်ယောက်ျားများ အတွက် မလွတ်လပ်ထိခိုက်နေပါသော်လည်း မျိုးစောင့် ဥပဒေကို ထောက်ခံပါတယ်ဘုရား။ အရှင်ဘုရားရဲ့ အမြင်ကိုလဲ သိလိုပါတယ်ဘုရား။
*******************************************************************
၁။ ဘာသာရေးအရ ကြားနေဝါဒပါ (ဆိုလိုတာက အဆိုတင်သွင်းတဲ့ မဘသ နဲ့ပတ်သက်လို့ ကြားနေဝါဒပါ၊ အဖွဲ့အစည်းတိုင်း မိမိယုံကြည်ရာကို တင်သွင်းခွင့်ရှိပါတယ်)။

၂။ နိုင်ငံရေးအရ (အထူးသဖြင့် ဒီမိုကရေစီကို ကူးပြောင်းပြီး ဈေးကွက် စီးပွားရေးစနစ် စဖွင့်တဲ့နိုင်ငံအနေနဲ့) လက်ရှိအနေအထားက အာရပ်နွေဦး လှုပ်ရှားမှုနဲ့ ကွက်တိနည်းပါး တိုက်ဆိုင်နေတဲ့အတွက် စိုးရိမ်စိတ်နဲ့အတူ သဘောမကျမိပါ။
လူလတ်တန်းစား ဒီမိုကရေစီ လှုပ်ရှားသူတွေဟာ စစ်တပ်ရဲ့အင်အား၊ ကျေး လက်က ဘာသာရေးအင်အားစုရဲ့အင်အားကို မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ကစ်ဆင်းဂျားရဲ့ World Order ထဲက စာပိုဒ်လေးကို ဖတ်ကြည့်ပါ။ မှတ်ချက်တော့ သူ ပေးမထားပါဘူး။
နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ ဘာသာရေး ခေါင်းဆောင်များနည်းတူ မွတ်စလင်လူဦးရေကို စိုးရိမ်မှု ဖြစ်တယ်ဆိုစေ ဒီမိုကရေစီနဲ့ဈေးကွက် စီးပွားရေး အကူးအပြောင်းမှာ ကျရှုံးခဲ့ရတဲ့ မွတ်စလင်ကမ္ဘာရဲ့ သင်ခန်းစာကို လည်း အခြေအနေအရတော့ စောင်းငဲ့ကြည့်သင့်တယ်လို့ ယူဆပါတယ်။
ဒီ ဥပဒေရဲ့ နိုင်ငံရေးအပေါ် ရိုက်ခတ်မှုအားက မနည်းလှပါဘူး။

ရာသီစာလေးဘာလေးတင်ဦးမှဘာာ

ဒီမိုကရေစီ သီအိုရီ


*မြန်မာ့နည်းမြန်မာ့ဟန်ပဲပြောပြော ဘာပြောပြော လက်တွေ့ ဝန်ခံထားတဲ့စနစ်က ဒီမိုကရေစီ။

*ဒီမိုကရေစီရဲ့ မူဝါဒတွေထဲမှာ အဓိက မူဝါဒတစ်ခုက ပါဝါချိန်ခွင်လျာ ညှိခြင်း။

*ပါဝါချိန်ခွင်လျာ ညှိခြင်းက ကမ္ဘာ့အစီအမံနဲ့အကြုံးဝင်သလို ပြည်တွင်းရေး မှာလည်း အကြုံးဝင်တယ်။ ပြည်တွင်းကိုကြည့်ရအောင်၊ ပါဝါက ဘယ်မှာရှိနေသလဲ။

*သူ့ကို ပါဝါ ညှိမယူနိုင်သေးရင် ဒီမိုကရေစီသရုပ်လည်း မပီပြင်သေးဘူး။

*ဒါဖြင့် ဘယ်ပါတီခေါင်းဆောင် သမ္မတဖြစ်သင့်သလဲ?
ဒါက ပုဂ္ဂလိကဆန်တဲ့ မေးခွန်း၊ သီအိုရီမဟုတ်ဘူး။
သီအိုရီအရ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် သူ့ကို အတိုက်အခံက ဖိအားပေးနိုင်အောင် အင်အားတောင့်တင်းနေရမယ်။

ဒါဖြင့် ဘယ်ပါတီကို မဲပေးသင့်သလဲ?
ဒါလည်း သီအိုရီမဟုတ်ပြန်ဘူး။ သီအိုရီကပြောတာက ပါဝါဟန်ချက် ညှိယူရမယ်။

ဒီမိုကရေစီကို မြတ်နိုးတဲ့ ရှေးရှေးမျိုးဆက်တွေဟာ ဗဟုမဏ္ဍိုင်စနစ်ကိုကျင့်သုံးပြီး ပြည်တွင်းပြည်ပ နိုင်ငံရေး ဟန်ချက်ညှိဖို့ ကြိုးစားခဲ့ကြပါတယ်။