အရွယ်......ရောက်

 လောကနီတွင် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟု ဘဝကို အရွယ်သုံးပါးဖြင့် ခွဲခြားပြ၏ ။
ပညာရှာ၊ ဥစ္စာရှာ ၊ကုသိုလ်ရှာ ဟုလည်း ယေဘုယျ လမ်းညွှန်ချက်ပေးထား၏ ။
အနောက်တိုင်း စာရေဆရာကြီး ဦးရှိတ်စပီးယား၏ အရွယ် (   ၇    )မျိုး ခွဲခြားမှုလည်း နာမည်ကြီးသည်ဟု ဆိုကြ၏ ။


အရှေ့ပိုင်း ရှိတ်စပီးယားဟုဆိုရမည့် အဋ္ဌကထာဆရာ အရှင်ဗုဒ္ဓဃောသထေရ်မဟာကလည်း
လူ့ဘဝကိုဆယ်ပိုင်း ပိုင်းပြထား၏ ။

၁။ ပထမဆယ်စု     ::::: နုနယ်သောဆယ်စု၊ တည်ငြိမ်မှုမရှိ၊ ထိလွယ် ရှလွယ်ဖြစ်၏ ။
၂။ ဒုတိယဆယ်စု    ::::: အားကစား ဆယ်စု၊ အားကစားလုပ်၏ ၊ ကိုယ်ခန္ဓာ ဖွင့်ဖြိုး၏ ။
၃။ တတိယဆယ်စု    ::::: လှပသောဆယ်စု၊ အလှအပအားလုံ့အစွမ်းကုန် ဖူးပွင့်သောအရွယ်ဖြစ်၏ ။
၎။ စတုတ္ထဆယ်စု    ::::: ခွန်အားဆယ်စု၊ ကာယအား၊ ဉာဏအား အထွတ်အထိပ်ရောက်သောရွယ်ဖြစ်၏ ။
                                      (ဘုရားပင် ၃၀ နှင့် ၄၀ ကြား ဘုရားဖြစ်၏ ၊သဘောတူ၏ ။)
၅။ ပဉ္စမဆယ်စု     ::::: နားလည်မှူဆယ်စု၊ တည်တည်ငြိမ်ငြိမ်ဖြင့် လေးလေးနက်နက် နားလည်လာ၏ ။
                                   မစွံသူများပင် အထိုက်အလျောက် တော်လာ၏ ။
၆။ ဆဋ္ဌမဆယ်စု     ::::: အဆင်းလမ်းဆယ်စု။ အလှအပယိုယွင်းစပြု၊ ခွန်အားများ ယုတ်လျော့၊ အသိဥာဏ်များ မေ့စပြု၏ ။
၇။ သတ္တမဆယ်စု    :::::  ချိနဲ့ဆယ်စု၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ချိနဲ့ ယိမ်းယိုင်လာတော့၏ ။
၈။ အဋ္ဌမဆယ်စု    ::::: ခါးကုန်းဆယ်စု၊ ခန္ဓာကိုယ် ထွန်ကိုင်းသဖွယ် ကုန်းကွ လာ၏ ။
၉။ နဝမဆယ်စု    ::::: အမေ့ ဆယ်စု၊ ကိုယ့်ကိုယ်ကို မေ့၊ သူများကိုလည်း သတိမရဖြစ်လာ၏ ။
၁၀။ ဒဿမဆယ်စ    ::::: လူနာကုတင်ဆယ်စု၊ မသွားနိုင်၊ မထနိုင် ကုတင်ပေါ်မှ သေရမည့်အချိန်ကိုသာ လှဲစောင့်နေရတော့၏ ။


ယနေ့အင်တာနက်ခေတ်၌ အရွယ်သတ်မှတ်ချက်ကား အရှင်ဗုဒ္ဓဃောသထေရ်မဟာထက်ပင်
ထိရှရှရှိလာတော့၏ ။ အွန်လိုင်းမှာကြည့်ကြပါလေ။



"A WOMAN IS LIKE THE WORLD"
At 20 years:
               She is like AFRICA semi-explored..
At 30 years:
               She is like INDIA   warm, mature and mysterious
At 40 years:
               She is like AMERICA technically perfect
At 50 years:
               She is like EUROPE all in ruins
At 60 years:
               She is like SIBERIA..Everyone knows where it is but...no one wants to go
  



အသက် ၂၀ :::  သူမ အာဖရိကနှင့်တူ၏၊၊ တစ်ချို့တစ်ဝက်သာ ရှာဖွေတွေ့ရှိ။
အသက် ၃၀ :::  သူမ အိန္ဒိယ နှင့်တူ၏ ၊နွေးထွေး၊ ရင့်ကျက်၊ နားလည်ရခက်။
အသက် :::  သူမ အမေရိက နှင့်တူ၏ ၊ နည်းပညာရပ်၌ တစ်ဖက်ကမ်း ခတ်၏ ။
အသက် ၅၀ :::  သူမ ဥရောပ နှင့်တူ၏ ၊အားလုံး ပျက်စီး ယိုယွင်း လေပြီ။
အသက် ၆၀ :::  သူမ ဆိုက်ဘေးရီးယား နှင့်တူ၏ ၊ဘယ်မှာ ရှိမှန်းသိသော်လည်း ဘယ်သူမှ မသွားချင်တော့။




"A MAN IS LIKE THE TRAIN"
At 20 years:
                 He is like the LOCAL, it stops at every station
At 30 years:
                 He is like the SPECIAL , it stops only at large towns
At 40 years:
                 He is like the EXPRESS it stops at big cities only..
At 50 years:
                 He is like the  OLD LOCOMOTIVE  it stops often to water...
At 60 years:
                 He doesn't leave anymore...it remains in the yard...



အသက် ၂၀ :::  သူ လော်ကယ်ရထား နှင့်တူ၏ ၊ ဘူတာမြင်တိုင်း ရပ်၏ ။
အသက် ၃၀ :::  အထူးရထား  နှင့်တူ၏ ၊ မြို့ ကြီး ဘူတာများ၌သာ ရပ်၏ ။
အသက် ၄၀ :::  အထူးအမြန် ရထား  နှင့်တူ၏ ၊ မြို့တော် ဘူတာများ၌သာ ရပ်၏ ။
အသက် ၅၀ :::  မီးသွေး ရထား  နှင့်တူ၏ ၊ စက်ကို မကြာမကြာ ရေလောင်းပေးရ၏ ။
အသက် ၆၀ :::  ရထားအိုကြီး ဘူတာထဲမှာသာ စတည်းခိုလေရတော့၏ ၊ မလှုပ်ရှားနိုင်တာ့ပေ။



ပြီးပြီဆိုက ပြီးလို့ရပါ၏ ၊သို့သော် လက်ကရပ်မရ။ ထို့ကြောင့်ပင်......



"ရဟန်းတစ်ပါးသည် ရထားနှင့်တူ၏ "
အသက် ၂၀ :::   လော်ကယ် ရထားနှင့်တူ၏ ၊ ပဲပြုတ်၊ ချဉ်ပေါင်၊ အသားဟင်း လောင်းသမျှအိမ်တိုင်း၌ ဆွမ်းရပ်၏ ။
အသက် ၃၀ :::  အထူးရထား  နှင့်တူ၏ ၊ ဟင်းကောင်းလောင်းသောအိမ်များ၊ အခါကြီး ရက်ကြီးများ၌
                         သင်္ကန်း စသည်ကပ်သော အိမ်များ သို့သာ ကြွလေတော့၏ ။
အသက် ၄၀ :::  အထူးအမြန် ရထား  နှင့်တူ၏ ၊ ဆွမ်းခံ မကြွတော့၊ ပင့်ဆွမ်းများ၊ ပို့ဆွမ်းများကိုသာ ဘုန်းပေးတော့၏ ။
အသက် ၅၀ :::   ပရဟိတ လုပ်ငန်းများအတွက် ရေလိုလာ၏ ၊ လော်ကယ်ရေ လို၏ ၊ ဖောရိန်းရေ လို၏ ၊
                          ရေမလောင်းလျှင် ပူလာတတ်၏ ။( ခွင့်လွှတ်တော်မူကြပါဘုရာ့ )
အသက် ၆၀ :::   ဒကာ ဒကာမဆက်ဆံရေးဖြတ်၊ ပရဟိတလျှော့ ဆွမ်းစားပင့်သည်ပင် မကြွတော့ဘဲ
                          ကျောင်းထဲ၌  ဘာဝနာအမှုဖြင့်သာ မွေ့လျော်လေတော့၏ ။



ညီတော်နောင်တော်များလည်း မငြိုငြင်၊ ဒေသနာနှင့်လည်း မဆန့်ကျင်၊ ဘာဝနာဖြင့်သာ အဆုံးသတ်လိုက်ပေတော့သတည်း။

(Posted on 3/01/2012)




သီဟနာဒ
 













Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment