ကန်ပါ့ ဖလား


မအားဘဲ ကစားနေရတဲ့ ပရိသတ်ကြီးခင်များ....
လောလောဆယ်အနေအထားမှာတော့ "(ဦး)ဝီရသူ" ဖဘက တိုက်စစ်၊ ခံစစ်၊ ကွင်းလယ်ကစားကွက်၊ အချက်အလက်ညီညီ၊ ပညာပါပါနဲ့ "(ဦ သို့ အူ)သာသနာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ"ဖဘကို တရကြမ်း တိုက်စစ်ဆင်နေတာကို တွေ့ရပါတယ် ခင်ဗျား၊
"(အူ)သာသနာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ"အသင်းရဲ့ အဓိက အားနည်းချက်က မောင်အံ့ရဲ့ ခံစစ်ဖြစ်နေပြီး ရုပ်ပျက်ဆင်းပျက် အလူးအလဲ ဖျက်ထုတ်နေရပါတယ်။ "မောင်အံ့ အောက်တ်" "မောင်အံ့ အောက်တ်" ဆိုတဲ့ ကြွေးကြော်သံတွေ ကြားရသလို "သူခိုး သူခိုး" ဆိုတဲ့အသံတွေလည်း ကြားရပါတယ်။ မောင်အံ့ကလည်း နည်းပြအားကိုးနဲ့ တိုင်ချင်တဲ့ရုံးသွားတိုင် မထွက်ဘူးလုပ်နေပါတယ်။

ဒီပွဲမတိုင်မီ "ဝိဘဇ္ဈာဝါဒသစ္စာ့ဝါဒီ" ဖလားမှာ သီတဂူဆရာတော်ကြီးက ၆ ဂိုး၊ အံ့မဟန ယူနိုက်တက်အသင်းက ဂိုးမရှိနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ခြေအရ ဒီထက် ဂိုးပြတ်သင့်တယ်လို့ တက်ခေါက်သူတွေလည်း ရှိနေပါတယ်။
ဒီပွဲတွေဟာ အလွန် အရေးကြီးပါတယ် ခင်ဗျား။

ပထမ ကွာတားဖိုင်နယ်မှာ သာသနာပြု ယူနိုက်တက်အသင်းနဲ့ သာသနာဖျက် ရန်ကုန်စီးတီးအသင်း။
ဒုတိယ ကွာတားဖိုင်နယ်မှာ သစ္စာဝါဒီနဲ့ မုသာဝါဒီအသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။
တတိယ ကွာတားဖိုင်နယ်မှာတော့ ကုသိုလ်က နှုတ်ထွက်သွားလို့(သေသွားလို့) အကုသိုလ်အသင်းက တိုက်ရိုက်ဆီမီးတက်လာပြီး
စတုတ္တကွာတားဖိုင်နယ်မှာတော့ ရေငုံနှုတ်ပိတ်အသင်းနဲ့ အွန်လိုင်းယူနိုက် တက်တို့ တွေ့ကြမှာပါ။
ဆက်လက်အားပေးကြပါအုံးခင်ဗျား။


Post a Comment