အဖေနေ့ - ဗိုလ်ချုပ်ပြောတဲ့ အဝှာနိုင်ငံ(သို့) ဦးသိန်းစိန် ဂျင်မီကာတာ ဖြစ်လာနိုင်ဦးမလား(၂)


ဒီနေ့တော့ ဦးသိန်းစိန်အစိုးရပေါ်လစီတွေနဲ့ပတ်သက်လို့ ဒုတိယ မေးခွန်းမေး ကြည့်မိပါတယ်။
Psy ရဲ့ ဂန်းနန်းစတိုင်ဟာ အကြောင်းမဲ့ ကမ္ဘာကျော်သွားခဲ့တာလား။
ကျနော်တို့သာမန် လူတွေက ကံ လို့ထင်တတ်ကြပေမဲ့ နိုင်ငံရေးသိပ္ပံက ဒီလို မပြောဘူး။
အမာစွမ်းအင်နောက် အပျော့စွမ်းအင်လိုက်လာတယ်။ နိုင်ငံတော်အလံနောက် ယဉ်ကျေးမှု လိုက်လာတယ်။
လူတိုင်းလိုလိုသိတဲ့ စကားကို အားနာနာနဲ့ ထပ်ပြောရရင် အမာစွမ်းအင်ဆို တာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်အင်အား တဲ့။
အပျော့စွမ်းအင်ဆိုတာတွေကတော့ ယဉ်ကျးမှု၊ အနုပညာ၊ ကိုးကွယ်မှု စသည် စသည် တဲ့။


ကိုရီးယားရဲ့ အမာစွမ်းအင်ဖြစ်တဲ့ စီးပွားရေးအင်အားမကောင်းခင် ဘယ်သူက ကိုရီးယား ဇာတ်ကားတွေ အချိန်ကုန်ခံ ထိုင်ကြည့်နေကြလို့လဲ။
ဂျပန်ဇာတ်လမ်းတွဲ အိုရှင်း တစ်ကမ္ဘာလုံးပေါက်သွားချိန်ဟာ ဂျပန်စီးပွားရေးက ဂျာမဏီကို ကျော်တက်ချိန်၊ အမေရိကန်ကိုတောင် လှမ်းပြီးစိန်ခေါ်ချိန်နဲ့ မရှေး မနှောင်း ဖြစ်နေတယ်။ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဘူး၊ သိပ္ပံပါ။
မြန်မာကျော် မောင်သိန်းဇော်တို့ စင်္ကာပူလာတယ်။ ဘယ်နိုင်ငံခြားသားက အားအားလျားလျား လာကြည့်နေမှာလဲ။ တကယ်ဆို မောင်သိန်းဇော်ဟာ မြန်မာ့ယဉ်ကျေးမှုကို အဖော်ပြနိုင်ဆုံး၊ အထိမ်းသိမ်းဆုံးတွေထဲမှာ ပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံရဲ့ အမာစွမ်းအင်က မရှိတော့ အနုပညာသက်သက်နဲ့ကတော့ ဖင်ဗူးတောင်း ထောင်အောင်က ဘယ်သူမှ လာမကြည့်ဘူး။

ဒါတွေနဲ့ ဦးသိန်းစိန်နဲ့ ဘာဆိုင်လို့လဲ??
နိုင်ငံရေး သိပ္ပံအရဆိုင်ပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်အင်အား(စစ်တပ်ရဲ့ ဆောင်ရွက်ချက်)ပေါ်လစီတွေနဲ့ ဆိုင်တယ်။
မိဘပြည်သူများ ခင်ဗျား ပေါ်လစီ၊ ပြားရည်နဲ့ ဝမ်းချ ပေါ်လစီတွေနဲ့ ဆိုင်တယ်။ မောင့်ကျက်သရေကြီးတွေနဲ့ ဆိုင်တယ်။
အထက်ပါ အမာစွမ်းအင်တွေ မပြောင်းလဲရင် မောင့်ကျက်သရေကြီးတွေဟာ မျက်စိရှုပ်တာပဲရှိမယ်၊ အနှစ်သာရ ရှိလာမယ် မဟုတ်ဘူး။ (ဒါကို ကန့်ကွက်နေ တာမဟုတ်ကြောင်း နားလည်ပေးပါ)

နယ်ပယ်က ကျယ်လွန်းသွားတော့ တစ်စချင်း ဆွဲထုတ်မှ ရတော့မယ်။
နိုင်ငံရေးနဲ့ စီးပွားရေးက တွဲနေတော့ စစ်အင်အား(စစ်တပ်ရဲ့ ဆောင်ရွက်ချက်)ကို အရင်ကြည့်ရအေင်။
စစ်တပ်ရဲ့ တာဝန်က ဘာလဲ?
၁။ နိုင်ငံတော်ကို ကာကွယ်ဖို့
၂။ ပို အားကောင်းရင် ဒေသတွင်း ဩဇာလွှမ်းဖို့(ဥပမာ တရုတ်)
၃။ ဒီထက် ပို အားကောင်းရင် ကမ္ဘာကို ဩဇာလွှမ်းဖို့(ဥပမာ အမေရိကန်)

ဒီ သုံးခုမှာ မြန်စစ်တပ်ရဲ့ အနေအထားက တစ် ထက်မပိုဘူး။ နားလည်ပါတယ်။
ဟုတ်ပြီ။ ဒီစစ်တပ်က ဘယ်လိုကာကွယ်ရေး တာဝန်တွေယူခဲ့ရသလဲ။
မှန်တယ်။ အချို့ ရှိခဲ့တယ်။ ရှိလာတဲ့အခါ လက်ရှိစစ်တပ်ရဲ့ ဘယ်နှရာခိုင်နှုန်း သုံးခဲ့ရသလဲ။ (ဥပမာ အီရတ်ပင်လယ်ကွေ့မှာ အမေရိကန် စစ်အင်အား ၄၀ ရာခိုင်နှုန်းလောက် သုံးလိုက်ရတယ် ဆိုတာမျိုးး)။
ထားပါ။
ဒီထက်ပိုအရေးကြီးတာက တာဝန်များများ မရှိ၊ အဆမတန် အရေအတွက် များလွန်းတဲ့ စစ်ဗိုလ်ချုပ်အရေအတွက်က စစ်တပ်တွင်းမှာ နေရာ မလုံလောက်တော့ပဲ ပြင်ပကိုထွက်လာပြီး မဆိုင်တဲ့နေရာတွေ ဝင်ယူ၊ ဆရာဝင်လုပ်နေကြတဲ့ကိစ္စပါ။ မြန်မာစစ်တပ်က ဘာနဲ့တူမလဲဆိုရင် မွတ်စလင် လူဦးရေနဲ့ တူတယ်။
ခွက်ခွက်လဲရှုံးခဲ့တဲ့ ဗိုလ်ချုပ်ကြီးများအသင်းဟာ ပြသနာဖြစ်လာရင် မရှင်းတတ် ဘူးဆိုတာလည်း တစ်နှစ်ကျော်ကျော်အတွင်းမှာ သိခွင့်ရခဲ့ကြပြီ။ ကိုယ့်ဂိုးကို ရှူးဖို့ ခြေထောက်၊ ခေါင်းပဲ ပါတယ်။ နောက်ဆုံး သာဓကက မဟာသန္တိသုခ။

နေရာတကာ စစ်မှုထမ်းဟောင်းက ချုပ်ထားတော့။ ဒီ ခွက်ခွက်လံကြီးတွေကိုပဲ ဦးသိန်းစိန်က ပွဲ ထုတ်ထုတ်လာတော့
အစိုးရ အရည်အသွေးက ကျဆင်းရင်း ကျလာတယ်။
အစိုးရအရည်အသွေးက ကျဆင်းလာတော့ နိုင်ငံရေး သိက္ခာမရှိတောဘူး။
ဗိုလ်ချုပ်က မျက်နှာချိုသွေးရတာလောက်ပဲ ပြောခဲ့တယ်။ မျက်နှာချိုတောင် မသွေးတတ်တော့ ကြားခံ ခရိုနီနဲ့ သွေးရတယ်။

စီးပွားရေးသိက္ခာ မရှိဘဲ စစ်အင်အား(မလိုအပ်ဘဲ) များနေရုံနဲ့ နိုင်ငံရေသိက္ခာ တက်မလာဘူး။ မွဲတာပဲ ရှိမယ်။
နိုင်ငံရေးသိက္ခာ မရှိတော့ အပျော့ စွမ်းအင် ယဉ်ကျေးမှုလည်း သိက္ခာ မရှိတော့ဘူး။ ထမိန်ချွတ်လိုက်ရတယ်။
ဗိုလ်ချုပ်ရေ ကျနော်တို့ နိုင်ငံဟာ ဟုတ်မလိုလိုနဲ့ အဝှာ နိုင်ငံဆီ လှည့်နေပြန်ပြီ။ ဒါတောင် မဟာသန္တိသုခ ထည့်မပေါင်းရသေးဘူး။
(အများကြီး ချုံ့နေရလို့ စာဖတ်သူတွေဘက်က ကြိုးစားနားလည်ပေးကြပါရန်)

ဆက်ရန်

Post a Comment