သရေကျသွားတဲ့ အမှန်တရား(သို့) ဦးအံ့မောင် ကယ်တင်ရေး မဟာမဟာဗျူ ဟာ


အပြင်မှာရှိနေရမယ့် ရဟန်းစစ်တွေကို ထောင်ထဲထည့်တယ်။
ထောင်ထဲကနေ ပြန်လွှတ်ပေးတယ်။ ဘာမှ မရလိုက်။ အပြင်လူ အပြင်ရောက် တာပဲ ရှိတယ်။
ကျေးဇူး အထူးတင်ရမယ့် ဦးဝီရသူနဲ့ အားလုံးရဲ့ အားထုတ်မှု၊ စိတ်ရော နှုတ်ရော ချီးကျူးတယ်။ သရေတော့ ရပြီ။
ဒီနိုင်ငံက သရေကို ပျော်အောင်လုပ်ပေးတဲ့ နိုင်ငံ။




ဒီ စနက် ဘယ်ကစတာလဲ??
သာသနာရေး ဝန်ကြီးက(သိရသလောက်)လူမှန်ဆိုရင် ဖော်တော့မယ်၊
သတင်းထွက်လာပုံတွေကို ထောက်ဆကြည့်ရင် စတောင် ဖော်နေပြီ။
ဒီတော့ ဆွဲပြီး နှုတ်ပိတ်လိုက်တယ်။ အပြင်လူ အတွင်းရောက်သွားပြန်ရော။
(သိန်းတစ်ရာ ကိစ္စက ရုတ်တရက် ဘယ်ကဘယ်လို ပေါ်လာမှန်း မသိရ။ ခပ်ညံ့ညံ့ လှည့်ကွက်)
ဒါဆို ဒီ စနက်ထဲ ဝန်းကြီးထက် အကောင်ကြီးသူ ပါဝင်နေရမယ်။
ဦးအံ့မောင်လား??
ဖြစ်နိုင်တယ်။ အခြား တစ်ယောက်ယောက်လည်း ပါနိုင်တယ်။
အခုတော့ ဘယ်သူ့ အမိန့်လဲ?
သာသနာရေး ဝန်ကြီး အမိန့်။ သူလည်း ဘာမှ မဖြေရှင်းနိုင်။ ကိစ္စပြတ်ရော။

ဒါကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ သာသနာရေး ဝန်ကြီးအပေါ် ရောက် လာတဲ့ ဖိအားတွေက ဘာတွေလဲ??
ဒီကိစ္စ အရှုပ်တော်ပုံက သာသနာရေး ဝန်ကြီးကိုယ်တိုင် ဖွင့်မပြောရင် ဘယ်သူမှ သိမှာ (သိလည်း ပြောရဲမှာ) မဟုတ်တော့ဘူး။
ပြီးသွားပြီ။
လှလှပပပဲ။
မလှပတာက မရိုးသားမှုတွေ ရှိနေတယ်။ ဝန်ကြီးမှာ တာဝန်ရှိလို့ဆိုရင် သူ့တာဝန် (သို့) သူ့အမှားကို ရှင်းပြခွင့် ပေးရမယ်။
ထောင်ချရင်တောင် မီဒီယာနဲ့ သာသနာရေး ဝန်ကြီး စကားပြောခွင့်ပြုမှ သူတို့ပြောတဲ့ ပွင့်လင်းမြင်သာဖြစ်မယ်။
ဝန်ကြီးက တာဝန်ခံတယ်။ ဘာ ဖိအားမှ မရှိဘဲ သူဆုံးဖြတ်တယ်ဆိုရင် သိန်း တစ်ရာ မပါရင်တောင် ဝန်ကြီးကို အနားပေးသင့်တယ်။
ဦးအံ့မောင် (အခြားတစ်ယောက်ယောက် ပါနေဦးမလား??) ကယ်တင်ရေး မဟာဗျူဟာက မနေ့က စတယ်။
အခုတော့ အပြင်လူ အပြင်ရောက်တာကိုပဲ ဝမ်းသာနေကြရတယ်။
နောက် အပြင်လူတစ်ယောက် အထဲရောက်သွားပြန်ရော။
ဒါမှ တို့ နိုင်ငံ။

img source : Myo Min

Post a Comment