အမှတ်တရ လက်ဆောင်ကဒ်တွေ ပေးဖို့ ရွေးချယ်စရာတွေ အများကြီးပဲဆိုတာ သတိထားမိကြမလား မသိဘူး။ ကျနော် တစ်ခု တွေ့ဖူးတယ်။ "Happy Birthday to my favorite cousin." တဲ့။ ဒီကဒ်လေးကို ဝယ်လိုက်တယ်။ ဒါပေမယ့် ကျနော့်မှာ ကာစင်က ရှစ်ယောက်တောင် ရှိတယ်။ ဒါနဲ့ နောက်ထပ် ခုနှစ်ခု ထပ်မှာတယ်။ "Happy Birthday to my non-favorite cousin." ဆိုတဲ့ စာတမ်းနဲ့။ ဒါက ဈေးကွက်မှာ မရှိဘူးတဲ့။
အမှတ်တရ ကဒ်လေးတွေပေါ်မှာ ရေးထားတဲ့ စာတမ်းတွေက ပရော်ဖက်ရှင်နယ်သမားတွေအတွက် ပေါ့ပျက်ပျက် နိုင်လွန်းပါတယ်။ အဆိုးဆုံးက ချစ်သူများနေ့ အမှတ်တရကဒ်တွေ။ ပရော်ဖက်ရှင်နယ်ဆန်ဆန် ကိုယ့်အချစ်ကို ဖော်ပြလို့ ရနိုင်သလားလို့ တွေးမိတယ်။ စီးပွားရေးဆန်တဲ့ အမျိုးသားနဲ့ အမျိုးသမီး ပရိုပို့(စ်) လုပ်တဲ့အကြောင်း PG Wodehouse ဝတ္ထုထဲမှာဖတ်ခဲ့ရတာကိုအမှတ်ရမိတယ်။
"မင်း ငွေကို ချစ်သလား" အမျိုးသားက မေးတယ်။
"I do" လို့ အမျိုးသမီးက ဖြေတယ်။
"Have mine" လို့ အမျိုးသားက ပြန်ပြောတယ်။ ဒါပါပဲ။
အဲ့သလို ဝတ်စုံခန့်ခန့်ငြားငြားနဲ့ လူတွေ သုံးလို့ရနိုင်တဲ့ စလိုဂန်ပါတဲ့ ကဒ်ဆယ်ခု စိတ်ကူး ကြည့်မိတယ်။
၁။ မိမိနဲ့ သင့်တော်တဲ့ Mr. or Mrs. Right ကိုတွေ့ရင်
"မင်းအပေါ်မှာ ကိုယ့်စိတ်ဝင်စားမှုက ဘဏ်အချင်းချင်း ပေးတဲ့ အတိုးနှုန်းထက် မြင့်နေပါပြီ"
၂။ အဆင်ပြေစ ပြုလာပြီဆိုရင်
"မင်းကို မြင်ရတိုင်း ကိုယ့်ရင်ခုန်နှုန်းက ပွိုင့်လေးဆယ်အထိ တိုးတိုးလာတယ်"
၃။ ပထမဆုံးအနမ်း ပေးတော့မယ်ဆိုရင်
"တို့နှစ်ယောက်ရဲ့ နှုတ်ခမ်းတွေဟာ Non-hostile margin ဆီကို ညွှန်ပြနေပါပြီ"
၎။ ကြိုက်ရာကနေ ချစ်လာကြပြီဆိုရင်
"ကိုယ့်ဒူးတွေ တစ်ခါမှ မကြုံဘူးတဲ့ Liquidity ဖြစ်နေရပါပြီ"
၅။ တစ်ယောက်ကိုတစ်ယောက် စည်းရုံးရေး စပြီဆိုရင်
"လာပါ၊ ကိုယ့်ရဲ့ နှစ်ခြိုက်လက်ခံစရာ Extensive portfolio ကို လာကြည့်ပါ"
၆။ ဝန်ခံကတိပြုကြဖို့ လိုလာပြီဆိုရင်
"ကိုယ့်နှစ်လုံးသာဟာ Receivable ဖြစ်တယ်ဆိုတာ classify လုပ်ပါရစေ"
၇။ လက်ထပ်ခွင့် တောင်းတော့မယ်ဆိုရင်
"ကိုယ့်ရဲ့ Long term liability ဖြစ်လှည့်ပါတော့လားကွာ"
၈။ လက်ထပ်လိုက်ကြပြီဆိုရင်တော့
"အဆိုးပဲဖြစ်ဖြစ်၊ အကောင်းပဲဖြစ်ဖြစ် မင်းဟာ ကိုယ့်ရဲ့ တရားဥပဒေနဲ့အညီ လက်ထပ်ထားတဲ့ Hybrid annuity ပါ"
၉။ ကလေးယူတော့မယ်လို့ ဆုံးဖြတ်လိုက်ရင်
"ကိုယ်တို့ မျိုးဆက်အသစ်လေးအတွက် Co-parent လုပ်လိုက်ပါ ဒါလင်ရယ်"
၁၀။ မိတ်ဆွေတွေနဲ့အတူ ဘားကို မသွားနိုင်တော့ဘူးဆိုရင်
"ကိုယ် မတက်ရောက်နိုင်တာကို ခွင့်လွတ်ကြပါ။ ကြီးကြီးမားမား Fallout risk ကို ရှောင်ဖို့ ကိုယ့်စူပါဗိုက်ဆာကို ညနေတိုင်း ရီပို့(တ်) တင်ရမှာမို့ပါ"
ချစ်ခြင်းတရားအကြောင်းကနေ စကားမစပ် ပြောရဦးမယ်။ စီးပွားရေးသမားတွေ အကြံဥာဏ်ယူရာမှာ Source နှစ်ခုကနေ ရအောင် ယူတတ်ကြတယ်ဆိုတဲ့ သုတေသနရှိတယ်။ တစ်ခုက စာရင်းကိုင်ဆီက ဖြစ်ပြီး နောက်တစ်ခုကတော့ အိပ်ယာထဲကပါ။ စာရင်းကိုင်က နံပါတ်တစ်၊ နံပါတ်နှစ်က ဇနီး (သို့) ခင်ပွန်းပါ။ Non-executive ဒါရိုက်တာက နံပါတ်သုံး ရောက်သွားပါတယ်။
ဒီသီအိုရီကို စမ်းသက်တဲ့အနေနဲ့ မေးခွန်းတစ်ခုထဲကိုပဲ ကျနော့်ဇနီးဆီနဲ့ မိတ်ဆွေစာရင်းကိုင်ဆီ ပို့ပြီး မေးမြန်းခဲ့ပါတယ်။
၁။ ဘာဖြစ်လို့ ကြက်တွေ လမ်းဖြတ်ပြီး ဟိုဘက်ကို ကူးကြတာလဲ။
ဇနီး။ ။ ဟိုဘက် ရောက်အောင်လို့။
စာရင်းကိုင်။ ။ ပိုပြီး Favorable tax jurisdiction ဖြစ်တဲ့နေရာကို ရောက်အောင်လို့။
၂။ ၂ နဲ့ ၂ ပေါင်းရင် ဘယ်လောက်လဲ။
ဇနီး။ ။ လေး။
စာရင်းကိုင်။ ။ အခွန်ပေးပြီးလား၊ မပေးခင်လား။
၃။ ယောက်ျားတွေက သူတို့ခံစားချက်ကို ဘာဖြစ်လို့ ဖွင့်မပြောကြတာလဲ။
ဇနီး။ ။ ခံစားချက် မရှိလို့။
စာရင်းကိုင်။ ။ ဒါတွေကို ရက်ကော့လုပ်ထားဖို့ သင့်တော်တဲ့ Form မရှိလို့။
၎။ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်က ဘာလဲ။
ဇနီး။ ။ စကားသုံးလုံး၊ I love you.
စာရင်းကိုင်။ ။ စကားသုံးလုံး၊ "Cashier's cheque enclosed."
၅။ ဘာဖြစ်လို့ ဒုက္ခရောက်ရတာလဲ။
ဇနီး။ ။ ရှင်မစွံလို့၊ ဒီဝိကင်းမှာတော့ အရောင်းနည်းနည်း တက်လာတယ်။ ရှင် ပြန်ကြိုးစားရင် ရမယ်။
စာရင်းကိုင်။ ရှင်ဖိုင်(လ်)လုပ်တာ နောက်ကျလို့။
၆။ အချစ်ကို ယုံကြည်သလား။
ဇနီး။ ။ ယုံကြည်လို့ ရှင့်လိုလူကို လက်ထပ်ထားတာပေါ့။
စာရင်းကိုင်။ ။ လက်တွေ့ကျကျ ဖြေရရင် "နိုး"။ ရလာတဲ့ အကျိုးအမြတ်က Tangible မဖြစ်သလို off-balance sheet လည်း ဖြစ်နေပြန်တယ်။
၇။ ဘဝသံသရာဆိုတာ ရှိသလား။
ဇနီး။ ။ ရှိတယ်။ တစ်နေ့ကျရင် တာဝန်ဝတ္တရားတွေ၊ ဝိတ်ချခြင်းတွေအားလုံးကို စွန့်ပြီး ကောင်းကင်ဘုံကို သွားကြရမယ်။
စာရင်းကိုင်။ ။ ရှိတယ်ဆိုရင်တောင် ရှင်တို့ ပိုင်ဆိုင်သမျှကို ထရန်စဖာလုပ်လို့ ရမယ့် Ownership ကို ရှာဖွေ မတွေ့သေးဘူး။
ဗယ်လင်တိုင်းလို့ ခေါ်တဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်နဲ့ အလုပ်အတူတူ လုပ်ခဲ့ရဖူးတယ်။ ဖေဖဝါရီ (၁၄) ရက်နေ့မှာ မွေးတာလားလို့ လူတွေက မေးတိုင်း မဟုတ်ဘူး၊ နိုဝင်ဘာမှာ မွေးတာလို့ဖြေတတ်တယ်။ ဘာဖြစ်လို့လဲလို့ မေးရင် ချက်ချင်းပဲ၊ "ဖေဖဝါရီမှာ မွေးဖို့ပါပဲ။ ကျနော့်ခန္ဓာကိုယ်က ကြီးလွန်းနေတော့ နိုဝင်ဘာရောက်မှ မွေးတာ ပြီးသွားတယ်" လို့ ခပ်နောက်နောက် ဖြေတတ်တယ်။
ဘာပဲဖြစ်ဖြစ် ကျနော့်ချစ်သူတွေအားလုံးကို ကျနော် မေတ္တာပို့ပါတယ်။ အထူးသဖြင့်တော့ ကျနော့်ရဲ့ Non-favorite cousin (၇)ယောက်တို့ကိုပေါ့။
Proof that love Exists
by Nury Vittachi
အဲ နယူးရီးယားနဲ့ ဗယ်လင်တိုင်းဒေး ပို့စ် လွဲတင်မိပြီ။
ပေါ့ပေါ့ပါးပါးလေးပါ
Thank You All !
See You Next Year.
ဇင်ဝေသော်

ဘယ်လိုပဲဖြစ်ဖြစ်
ကမ်းလက် ကို ဖေးဘရိတ်ဖြစ်သူများရော
ဖေးဘရိတ်မဖြစ်သူများပါ အားလုံးပဲ
နှစ်သစ်ကို ပျော်ရွှင်ချမ်းမြေ့ စွာ
ဆီးကြိုပွေ့ဖက် ဖြတ်သန်းနိုင်ကြပါစေ။
ပေါ့ပေါ့ပါးပါးလေးပါ
Thank You All !
See You Next Year.
ဇင်ဝေသော်
ကမ်းလက်