မိုးပေါ် ထောင်ဖောက်ခြင်း


မနက်ဖြန်ကစလို့ လူ့ယဉ်ကျေးမှုပဋိပက္ခကို (ဒုတိယအုပ် မထွက်မီ) အခန်း ၈၊ ၉၊ ၁၀ အထိ ဆက်တိုက်တင်ပေးသွားပါ့မယ်။
အဓိက ရည်ရွယ်ချက်က ငါဝယ်သင့်တဲ့စာအုပ် ဟုတ်၊ မဟုတ် ဆိုတာကို စာဖတ် သူအနေနဲ့ မှန်းဆနိုင်ဖို့ပါ။ ဒီစာအုပ် ရောင်းရတယ်ဆိုရာမှာ ဇင်ဝေသော်၊ လီကွမ်း ယုအရှိန် ပါပါတယ်။ လီကွမ်းယုလိုထင်ပြီးဝယ်သွား၊ အိမ်ရောက်မှ မှားမှန်းသိ သူတွေ မရှိဘူးလို့ မဆိုနိုင်ပါ။ လီကွမ်းယုက ကျွန်းပေါက်စလေးကို ဗဟိုပြုထားပြီး ဟန်တင်တန်က တစ်ကမ္ဘာလုံးကို ခွဲစိတ်သွားတာမို့ လုံးဝမတူပါ။

ဦးတင်မောင်ဝင်း၊ ကိုကျော်ကျော်ထွန်းတို့စကားအရဆိုရင် "မူရင်းအင်္ဂလိပ်လိုကကို တအားခက်ပြီး ရှုပ်ပွနေတာ၊ အခု ဘာသာပြန်ထားပုံက စာဖတ်နာ၊ စိတ်ဝင်စားသူတွေအတွက် နားလည်ဖို့အခက်အခဲ လုံးဝမရှိနိုင်ဘူး" လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဂလိုဘယ်ပေါ်လစ်တစ်က ဂလိုဘယ်ပေါ်လစ်တစ်ပါ။ လွယ်ကူလှတဲ့ ဘာသာရပ်မဟုတ်ပါဘူး။ အမေရိကန် စံ အရ ပထမတန်း စားကျောင်းသားတွေ လေ့လာတဲ့ ဘာသာရပ်တွေထဲက တစ်ခုပါ။ ကမ္ဘာ့သမိုင်း တီးမိခေါက်မိ မရှိရင် နားမလည်နိုင်ပါဘူး။ ငါစိတ်ဝင်စားတဲ့ ဘာသာရပ် ဟုတ် သလား၊ မဟုတ်ဘူးလား ဆိုတဲ့အဖြေကို အခန်း ၈၊ ၉၊ ၁၀ ဖတ်ပြီးရင် ရလာနိုင် ပါတယ်။ ဒါက အဓိက ရည်ရွယ်ချက်ပါ။

စနေနေ့မနက်ကစပြီး ထိုင်ဝမ်ကို(ဟောင်ကောင် မဟုတ်ပါ) ရှစ်ရက်ကြာ ခရီး ကျောင်းအဖွဲ့နဲ့အတူ ထွက်မှာမို့(သာသနာပြုခရီး လုံးဝမဟုတ်၊ ဒေသန္တရ သက်သက်) ဒါတွေ ဆက်တိုက်တင်သွားဖို့ စိတ်ကူးမိခြင်းဖြစ်ပါတယ်။ အက်ဒမင်က တာဝန်ယူပါလိမ့်မယ်။ ပရိသတ်အနေနဲ့ ဒါတွေဖတ်ပြီး အဖြေထုတ် ယူရမှာ ဖြစ်ပါတယ်။

ကားသမားစကားနဲ့ဆိုရင် ဒီစာအုပ်က တောင်တက်ဂီယာ ထိုးထားမှ၊ အင်ဂျင် လည်း မာမှ ရမှာဖြစ်တဲ့အကြောင်း မိုးပေါ်ထောင်ဖောက်လိုက်ပါတယ်။

စိတ်ဝင်စားသူလက်ထဲကိုသာ ဒီစာအုပ်ရောက်သွားပါစေ ဆန္ဒဖြင့်

ပဋိပက္ခကို ချဉ်းကပ်နည်း (ပြန်ချင်သည့် ကွန်မင့်များ)


"လီကွမ်းယုလိုမဟုတ်ဘူး၊ မင်းစာအုပ်အသစ် ကြီး ကို ငါတော့ သိပ်နားမလည် ဘူးဗျ" ဆိုတဲ့ ဆရာသမားကို
"ဦးဇင်း၊ လီကွမ်းယုက ကြာနီကန်ဆရာတော်တရားလိုပဲ၊ ဟန်တင်တန်ကတော့ မင်းကွန်းဆရာကြီးတရားနဲ့တူမယ်" လို့ သူသိတဲ့ ဥပမာပေးလိုက်တော့
"အော် အဲလိုလား" တဲ့။
မတတ်နိုင်ဘူး၊ မနှိုင်းအပ်ပေမဲ့ နှိုင်းပြလိုက်တော့ ရှင်းသွားတပေါ့။
"ကစ်ဆင်းဂျားက သူတို့အလယ်မှာရှိနေပြီး သီတဂူဆရာတော်ကြီးတရားနဲ့ တူမယ်" လို့ ပြောချင်တာ၊ သူထပ်ရှုပ်သွားမှာစိုးလို့ မလျှောက်ဖြစ်တော့ပါဘူး။
(October 13 at 5:24pm )




ပဋိပက္ခကို ချဉ်းကပ်နည်း (ပြန်ချင်သည့် ကွန်မင့်များ)

Ko Wun Tho "ဟုတ်တယ် ဦးဇင်း (ပဋိပက္ခကို) နားမလည်လို့  ရပ်ထားရတယ်။
ချည်းကပ်နည်းလေးပြောပါဦး။
ခေါင်းကလည်း မြန်မာပြည်းတုန်းကလို သိပ်ကြည်တာမဟုတ်တော့"

**************************************************************************
ပြောမလို့ပဲ။ မလိုဘူး ထင်လို့။ ကျေးဇူးပဲ ကိုဝန်းသို။ အကြံပြုရရင်............
အခန်း ၁၊ ၂၊ ၃ ကို အမှာပဲ ဖတ်ပါ။ ဒါတွေက သူ့ကို ဝေဖန်ကြလို့ မခံချင်လို့ရေး တာမျိုးမို့ သူပညာပြထားတာတွေ များတယ်။
အခန်း ၄ ကနေ စဖတ်ပါ။ ကျန်တာ မခက်တောတော့ဘူး။ ကောက်ချက်ကို ဂရုစိုက်ဖို့ပဲ၊ သီအိုရီတွေ မရှုပ်တော့ဘူး။
(ဆရာကြီးဂိုက် ဖမ်းချင်ရင်တော့ အခန်း ၇ ပြီးမှ ၁၊ ၂၊ ၃ ကို ပြန်ဖတ်ပေါ့။ ဟန်တင်တန်က ပြောတယ် ဘာညာ ပေါ့ဗျာ။
အခန်း ၁၊ ၂၊ ၃ မရှင်းရင်တောင် ဒီစာအုပ်ရဲ့ မက်ဆေ့ဂ်ျ မပျက်ပါဘူး)

စာအုပ်မိတ်ဆက်ပွဲ ကီးပလေးယားများ


၁။ အခန်းနားမှုး မရွှေဇင်မိုး(ရွှေမြန်မာမဂ္ဂဇင်းအဖုံးရှာကြည့်ရင် တွေ့နိုင်၊ ဒါဆို မြန်မာဆန်ဆန် လှသူမှန်း သိ)
၂။ ဆရာ သစ္စာနီ (ပုပြီး မပုသူ)
၃။ ဆရာ မောင်စိမ်းနီ (တစ်ခါတစ်ခါ ကလေးဆိုးကြီးလို)
၎။ အရှင်ကဝိသရ(စာအုပ် ဖီးဘက် ပထမဆုံးပေးတဲ့ ပဒတ်ထိုင်းသား၊ မြို့နယ်တူ)
ကိုဖြူဖွေး၊ ကိုအောင်ထိပ်(ဒေါက်တာ၊ ကဗျာဆရာ၊ ပဲခူးသား၊ အစာအိမ် အတွက် ဆေးစာရေးပေးသူ၊ သိန်း ၂၀ နဲ့ ပီယာနိုဝယ်ပြီး ဒို၊ ရေ၊ မီ ကနေ မတက်နိုင်သူ)၊ ကိုကျော်သာတို့ကိုတော့ တစ်ယောက်ထဲပုံ မရှိလို့ မတင်တော့ ဘူး။




ကျေးဇူးတင်ပါတယ် ဦးဇဝန ဘုရား။


Ashin Zawana ဆရာ ကမ်းလက် စာအုပ် အိန်ဒိယ ကလည်း လိုချင်ပါတယ် ဘုရား ဘယ်လိုမှာရမလဲဘုရား
Unlike · Reply · 1 · 19 minutes ago

တပည့်တော်အနေနဲ့ အိန္ဒိယသာမက အိမ်နီးချင်းမလေးရှားအတွက်ပါ ခေါင်း စားနေရပါတယ်ဘုရား။
တစ်ယောက်စ နှစ်ယောက်စ (တစ်ပါးစ နှစ်ပါးစ)ဆိုရင်တော့ အပို့ခိုင်းလို့ (ဒီကနေ ပို့ပေးလို့) ရပါတယ်။
(စီးပွားရေးပုံစံကြီးမဟုတ်တော့) နောက်ထပ်လိုချင်သူတွေပေါ်လာတော့ အကြိမ်ကြိမ်ပို့ပေးဖို့ ကူညီမယ့်သူကို အားနာရပြန်ပါတယ်။
အကောင်းဆုံးကတော့ အိန္ဒိယက လိုချင်သူ ညီတော်၊ နောင်တော်တွေအနေနဲ့ ရန်ကုန်မှာ အကူအညီပေးမယ့်သူရှိရင် သာကေတ ၁၀ ရပ်ကွက်၊ ထန်းတောကျောင်းတိုက်၊ ဦးတိလက္ခဏဆီက ၁၀ ပါးလောက်အတွက် စာအုပ်တွေ တစ်ခါတည်းသွားယူ၊ ပို့ပေးဖို့ပါပဲဘုရား။ စာအုပ်ဖိုးတစ်ဝက်လှူဖို့ထက် လူအကူအညီအခက်အခဲရှိနေခြင်းပါဘုရား။
ခဏစောင့်ပါအုံးဘုရား။ ကိုကျော်သာဆီက အကြံအဉာဏ်လည်း တောင်းကြည့် ပါအုံးမယ်။
အကြောင်းထူးရင် အားလုံးသိရအောင် စတေးတပ်တင်ပေးပါမယ်။
ကျေးဇူးတင်ပါတယ် ဦးဇဝန ဘုရား။

စင်္ကာပူမှာ လူ့ယဉ်ကျေးမှုပဋိပက္ခ ရပါပြီ


ဒီနေ့ နေ့ တစ်နာရီနောက်ပိုင်း
မြသရဖူအထည်ဆိုင်၊ ၀၂၊ ၂၄ (ဒုတိယထပ်) ပင်နီဇူလာ ပလာဇာ
တစ်အုပ် ဆင်းဒေါ်လာ တစ်ဆယ်။
ရောင်းရသမျှ အရင်း၊ အမြတ်အားလုံး ဒီနှစ် ဒီဇင်ဘာလ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)မှာ ဆွမ်းကပ်လှူမယ့်အလှူထဲ ထည့်ဝင်သွား မယ် ဆိုတဲ့အကြောင်းပါ ပူးတွဲအသိပေးလိုက်ပါတယ်။
(ပထမတွဲ၊ ဒုတိယတွဲရယ်လို့ နှစ်တွဲရှိပါမယ်၊ တစ်တွဲကို စာမျက်နှာ လေးရာခန့်။)
ပြည်တွင်းပြည်ပ စာပေမိတ်ဆွေများရဲ့ အားပေးမှုများကြောင့် ကျေးဇူးလည်းတင်၊ အားလည်းတက်ရပါတယ်။



အမောပြေပါတယ်


ရေလိုက်ငါးလိုက် မပြောတတ်တဲ့ ဆရာသစ္စာနီဆီက "ဒီစာအုပ်ကို ဘာသာပြန်ဖြစ်တဲ့အတွက် ဘာသာပြန်သူ၊ ဘာသာပြန်ဖြစ်ဖို့ တိုက်တွန်းသူ၊ ကူညီပံ့ပိုးပေးသူတွေကို ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကား။

ရွှေပုဇွန်ကိတ်မုန့်တိုက်ပိုင်ရှင်ရဲ့ စတေးတပ်မှာ ရှေ့ဖုံးနောက်ဖုံးနဲ့ အတူ "တန်ဖိုးဖြတ်မရတဲ့ စာအုပ်" ဆိုတဲ့စကားကြောင့် "ဒီလိုလူတန်းစားတွေက ဒီလိုစာတွေမဖတ်ဘူး"ဆိုတဲ့ ငါ့အမြင်က တော်တော်အစွန်းရောက်သွားပြီ ကွာဆိုတဲ့ သူငယ်ချင်း ကဗျာဆရာ မောင်စူးရဲ။

နှစ်ခေါက်နဲ့ မရှင်းလို့ သုံးခေါက်တောင်ဖတ်ယူရတယ်။ ဒီတော့မှ ကိုယ့်လူကို ချက်ချင်း ပြေးပြီးလက်ဆွဲနှုတ်လိုက်ချင်တယ်ဆိုတဲ့ သူငယ်ချင်း။

မောင်ဉာဏိန်ရေ၊ ဒီစာအုပ်က မဖြစ်မနေဖတ်ကိုဖတ်ရမယ့်စာအုပ်လို့ ညွှန်းနေ ကြလို့ ဘယ်မှာရနိုင်မလဲ၊ လုပ်ပါအုံး ဆိုတဲ့ ထေရဝါဒတက္ကသိုလ်ဝန်းကျင်ထဲက ထွက်လာတဲ့ ရွှေကူ ကိုဉာဏ်စိုးရဲ့ စကား။

စာအုပ်အဖုံးကို မြင်တာနဲ့ "ဟာ အဲဒီစာအုပ်က အရမ်းဟော့နေတဲ့ စာအုပ် ဘုရာ့။ ပြစမ်းပါအုံး။ တပည့်တော်လည်း ဝယ်ဖတ်ရဦးမယ်" ဆိုတဲ့ မြို့ဦးအရှင်ရဲ့ ဒကာ။

ပါတီတွေနဲ့ကင်းကင်းနေချင်လို့ ဘယ်ပါတီကိုမှ မဖိတ်ခဲ့ပေမဲ့ အဖွဲ့ချုပ်ကနေ စိတ်ဝင်တစားတက်ရောက်လာကြတဲ့ မိတ်ဆက်ပွဲလာ အဖွဲ့ချုပ် နိုင်ငံရေးသမား အုပ်စု။

ဦးမြင့်သိန်းဆီကတဆင့် စာအုပ်ဝယ်ယူအားပေးကြတဲ့ နိုင်ငံရေး သိပ္ပံကျောင်း သားတွေနဲ့ သင်တန်းဆရာများ။

ဟန်တင်တန်ရဲ့စာတွေနဲ့ပတ်သက်လို့ ဆောင်းပါးအတိုအထွာလေးတွေကို စုစောင်းလေ့လာနေကြရချိန်မှာ ဒီလိုတစ်အုပ်လုံးကြီးထွက်လာလို့ ဘယ်လို့ကျေးဇူးတင်ရမှန်းတောင်မသိတော့ပါဘူးဆိုတဲ့ မိတ်ဆက်ပွဲလာ ပရိသတ်အချို့

လူနည်းစုအတွက်ဆိုပေမဲ့ အဲဒီလူနည်းစုက တန်ဖိုးထားကြလို့ အမောပြေခဲ့ ရပါတယ်။

အဖေ့ဆန္ဒဖြည့် စာအုပ်မိတ်ဆက်ပွဲ





ဒီနေ့ တစ်နာရီမှာ ကမာရွတ် မီဒီယာနဲ့ တွေ့မယ် ည နေ လေးနာရီမှာ ကိုကျော်သာ ဆရာသစ္စာနီတို့နဲ့ တွေ့မယ် မနက်ဖြန် ပြန်မယ်
(2 Oct)





ပဋိပက္ခ....


မိတ်မဆက်ခင် တော့ပ် တင်း ဝင်သွားမှု...
အင်းဝမှာ တင်ထားသမျှ စာအုပ် ချက်ချင်း ကုန်သွားမှု...
ဝယ်ယူ၊ ဖတ်ရှုကြတဲ့ စာဖတ်ပရိသတ်ကို ကျေးဇူး အထူးတင်ရပါသည်။

မိုးတွေ ရွာဆဲပဲလား အဖေ

"ငါ့သား၊ မိုးတွေသိပ်ရွာနေတယ်၊ လယ်ကန်သင်းတွေ ကျိုးကုန်မှာစိုးရတယ်။ အဖေတို့ လယ်ထဲဆင်းကြည့်ရအောင်"
အိပ်နေတဲ့ ကျနော့်ကို အဖေက တိုးတိုးလေး လှုပ်နှိုးပါတယ်။ လယ်က ရွာနဲ့ သုံးမိုင်လောက်ဝေးမယ် ထင်တယ်။ အိပ်ယာက မထချင်ထချင် ကျနော်က
"အဖေ၊ ကျုပ် ဖိနပ်သည်းကြိုးပြတ်နေတယ်၊ စီးလို့မရတော့ဘူး"
"အဖေ့ဖိနပ်ကို စီး၊ ပေါက်ပြားကိုယူ၊ လာ အမြန်သွားရအောင်"
ဒီလိုနဲ့ ရွာကထွက်ခဲ့ကြတယ်။ ခပ်တည်းတည်း အဖေ့ဖိနပ်ကလည်း ချောင်း ကိုကျော်တော့ ပြတ်သွားပြန်ရော။
ဒီတော့ တောသား၊ လယ်သမား၊ သိန်းဖေမြင့် အသည်းစွဲ၊ လက်ဝဲယိမ်းတဲ့ အဖေက
"ခရီးက မဆုံးသေးတော့ ဖိနပ်မပါလည်း ဆက်လျှောက်ရမှာပဲ ငါ့ သားရေ။ ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့" လို့ ပြောခဲ့ပါတယ်။
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့..
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့....
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့......
ခပ်ညံ့ညံ့သားတစ်ယောက်ရဲ့ ကြိုးစားမှုလေးပါ။
လောကကြီးမှာ အဖေ့လက်ခုပ်သံထက်ကျယ်တာလည်း တစ်ခါမှ မကြားခဲ့ရဖူးပါဘူး အဖေရယ်။
ဇင်ဝေသော်

အဖေ့ဆန္ဒဖြည့် စာအုပ်မိတ်ဆက်ပွဲအခမ်းအနား ဖိတ်ကြားလွှာ

ပြည်တွင်းမှ တက်ရောက်လိုတဲ့ စာဖတ်ပရိသတ်များအနေနဲ့
၁။ ကမ်းလက်အီးမေးထဲကို မိမိတို့ ဖေ့စ်ဘုတ်အကောင့် (ဖြစ်နိုင်ရင် နာမည်ရင်း ပါ) နဲ့အတူ တက်ရောက်လိုကြောင်း ၂၈ ရက်နေ့ နောက်ဆုံးထား အီးမေးပို့ (လူဦးရေ ချိန်ဆဖို့ လိုအပ်တဲ့အတွက်)
၂။ ဒီ ဖိတ်စာကို ပရင့်ထုတ်ပြီး တက်ရောက်နိုင်ပါကြောင်း.....

စာဖတ်သူများသို့..............


"လူ့ ယဉ်ကျေးပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း" စာအုပ်နဲ့ပတ်သက်တဲ့ မက့်ဆေ့တွေ ဒီညနေမှာပဲ ရရှိခဲ့ပါတယ်။
စင်္ကာပူမှာ ရပြီလား၊ ဘယ်ဆိုင်မှာ ရနိုင်မလဲ စတာတွေ မေးကြတာပါ။ အားလုံးကို ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။
၁။ စင်္ကာပူမှာ မရောင်းနိုင်သေးပါ။
၂။ ဒီလ ၃၀ ရက်မှာ "အဖေ့ဆန္ဒဖြည့် စာအုပ်မိတ်ဆက်ပွဲ" စင်ထရယ်ဟော်တယ် မှာ လုပ်ဖို့ လျှောက်လွှာတင်ထားပါတယ်။ အဆင်ပြေကောင်းပါရဲ့။
၃။ အောက်တိုဘာ ၂ ရက် ရန်ကုန်ကပြန်လာပြီး အောက်တိုဘာ ၃ ရက် ၄ ရက် လောက်ဆိုရင် စင်္ကာပူမှာ ရနိုင်ဖို့ စီစဉ်ပါ့မယ်။
၎။ သတင်းထူးတာနဲ့ စတေးတပ်တင်ပေးသွားပါမယ်။

ပြန်ချင်တဲ့ ကွန်မင့်များ(ကျနော့်အတွက် လေအေးတစ်ပေါက်)


Ashin Kavissara
"လူ့ ယဉ်ကျေးပဋိပက္ခ စာအုပ်ကတော့ လက်ကမချနိုင်အောင်စွဲဆောင်နိုင်တယ်၊၊ စာမျတ်နှာ အများကြီးဖတ်ပြန်တော့လည်း ခြေရာခံလို့ မရ၊ ဖတ်လိုက်၊ စဉ်းစား လိုက်၊ ခြေရာခံလိုက်လုပ်နေရတယ်၊၊
သေချာတာတစ်ခုကတော့ ဒီစာအုပ်က ကမ္ဘာမှာ ဖွင့်မပြောတဲ့အမှန်တရားတွေ၊ ထိတွေ့ ကိုင်တွယ်ဖြေရှင်းလို့ မရတဲ့ပြဿနာတွေ အများကြီးရှိတယ်လို့ ပြောပြသွား တယ်။
အဲဒါတွေကို ဘယ်လိုလုပ်ကြမလဲလို့  စာရေးသူက မေးခွန်းများစွာချန်ထားခဲ့ တယ်။ ဖြစ်သင့်တာက ဒီစာအုပ်ကိုအတွဲတွေ အများကြီးရေးသင့်တယ် လို့ ထင်တယ်"

*******************************************************************

ကျေးဇူးတင်ပါတယ် ဦးကဝိသရ ဘုရား။
ဒီစာအုပ်က အပျင်းပြေဖတ်စာအုပ် မဟုတ်သလို အများကြီး တစ်ထိုင်တည်း ဖတ်လို့လည်း မရနိုင်ပါဘူး ဘုရား။ အချက်အလက်နဲ့နက်နဲမှုကြည့်ရင် လီကွမ်း ယုစာအုပ်က မူလတန်းသာသာပါ ဘုရား။
ဒုတိယတွဲပါဖတ်လိုက်ရင် ဦးကဝိသရ အာသာပြေမှာပါ။ သူ့အဖွင့်တွေကို နိုင်နိုင်နင်းနင်းကြီး ပြန်ပိတ်ခဲ့ပါတယ်။ အမှာစာမှာ ရေးခဲ့သလို တပည့်တော်လည်း လီကွမ်းယုထက် ငါးဆပိုအားစိုက်ခဲ့ရပါတယ်။ ဦးကဝိရဲ့ကွန်မင့်အရ အားစိုက်ရကြိုး နပ်တယ်လို့ လျှောက်ထားပါရစေ။

လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း (ပထမတွဲ) ၊ ဇင်ဝေသော် (မြန်မာပြန်)


The Clash of Civilizations and the Remaking of World Order
By Samuel Phillips Huntington (April 18, 1927 – December 24, 2008)


အစ္စလာမ်မစ်အစိုးရ အင်အားကောင်းလာတဲ့အခါ


၁၉၇၀ ခုက ထုတ်ဝေခဲ့တဲ့ သူ့ (Izetbegovic) ရဲ့ "The Islamic Declaration" စာအုပ်ထဲမှာ "အစ္စလာမ်မစ် မူဝါဒတွေနဲ့ အစ္စလာမ်မစ် မဟုတ်တဲ့ မူဝါဒတွေ အကြား သဟဇာတညှိမရ" နိုင်ပုံ၊
"အစ္စလာမ်ဘာသာနဲ့ အစ္စလာမ်မဟုတ်တဲ့ နိုင်ငံရေး၊ လူမှုရေးစနစ်တွေအကြား မှာ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်သလို အတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုတာလည်း ရှိမလာနိုင်ဘူး။"
အစ္စလာမ်မစ်အစိုးရ အင်အားကောင်းလာတဲ့အခါ အာဏာကို အပြည့်အဝယူ၊ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရမယ်။
အစ္စလာမ်မစ်နိုင်ငံတော်အသစ်ရယ်လို့ဖြစ်လာရင် အဓိကလုပ်ရမယ့် အရေး တကြီးအချက်တွေက..
"ပညာရေးနဲ့ မီဒီယာ နှစ်ခု အစ္စလာမ်မစ် ကိုယ်ကျင့်တရားအရ အငြင်းပွားဖွယ်မရှိ၊ အစ္စလာမ်မစ် ဥပဒေသတွေကို ထုံးလိုမွှေ ရေလိုနှောက်နိုင်တဲ့ လူတွေရဲ့ လက်ထဲ မှာပဲ ရှိနေရေး" ပဲ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
The Clash of Civilizations. P 269

ကိုဆိုဗို


ကိုဆိုဗိုဆိုတာ ယခင် ယူဂိုဆလားဗီးယား ခြောက်နိုင်ငံထဲမှာ ခွဲထွက်ခွင့်
မရှိတာကလွဲရင် ဆပ်ဗ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိတဲ့ ပြည်နယ်တစ်ခု။
၁၉၆၁ ခုမှာ အယ်လ်ဘေးနီးယန်းမွတ်စလင် ၆၇ ရာခိုင်နှုန်း၊ ဆာပ်ဗ် အော်သိုဒေါက်စ် ၂၄ ရာခိုင်နှုန်း၊
အယ်လ်ဘေးနီးယန်းမွတ်စလင်တွေရဲ့ ကလေးမွေးဖွားနှုန်းက ဥရောပမှာ အမြင့်ဆုံး၊ ဒီလိုနဲ့ ကိုဆိုဗိုဟာ ယူဂိုဆားဗီးယားထဲမှာ လူဦးရေ အထူထပ် ဆုံး ဖြစ်လာခဲ့။
၁၉၈၀ ခုနှစ်တွေမှာ အယ်လ်ဘေးနီးယန်းမွတ်စလင် ၅၀ ရာခိုင်နှုန်းနီးပါးဟာ အသက် ၂၀ အောက် လူငယ်တွေ။
ပြသနာတွေကြောင့် စီးပွားရေး အခွင့်အလမ်းတွေရှာဖို့ ဆာပ်ဗ်တွေက ဘဲလ်ဂရိတ်နဲ့အခြားဒေသတွေမှာ သွားနေကြ။
အကျိုးဆက်က..
၁၉၉၁ ခု ရောက်တော့ ကိုဆိုဗိုမှာ အယ်လ်ဘေးနီးယန်းမွတ်စလင် ၉၀ ရာခိုင်နှုန်း၊ ဆာပ်ဗ် ၁၀ ရာခိုင်နှုန်းဖြစ်သွားတယ်။
(The Clash of Civilization. Page 260)

လူငယ်ဦးရေ


*လူငယ် လူဦးရေက လူဦးရေအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထက် ကျော်နေရင်
ပဋိပက္ခ(သို့)တော်လှန်ရေး ကြီးကြီးမားမား ဖြစ်နိုင်ခြေရှိတယ်။
*
ဥရောပ တော်လှန်ရေးနှစ်ကြိမ်နဲ့ အီရန်တော်လှန်ရေးဟာ
လူငယ်ဦးရေ ထိပ်ရောက်နေချိန်မှာ ဖြစ်ပွားခဲ့တယ်။ ဒါဟာ တိုက်ဆိုင်မှု မဖြစ်နိုင်ပါဘူး။

*ဥရောပရဲ့ လူငယ်ဦးရေအများဆုံး ကြုံကြိုက်ခဲ့တဲ့ လေးကြိမ်မှာ (နှစ်ကြိမ် က တော်လှန်ရေး)တစ်ကြိမ်က ကွန်မြူနစ်ဝါဒ စည်းရုံးမှုအောက် လူငယ်တွေ ပါသွားကြပြီး....

* နောက်တစ်ကြိမ်မှာတော့ ဥရောပနိုင်ငံတွေ အချင်းချင်း အပြန် အလှန် ဝင်ရောက်နေထိုင်လာနိုင်တဲ့ စနစ်ကြောင့် သိသာတဲ့ အပြောင်း အလဲ မရှိခဲ့ပါဘူး။

*ဒီတွက်ကိန်းမှန်ရင် အာရပ်ကမ္ဘာနဲ့ မွတ်စလင်နိုင်ငံတွေရဲ့ လူငယ်ဦးရေကြောင့် ကမ္ဘာ့နိုင်ငံရေး မငြိမ်မသက်ဖြစ်လာနိုင်ခြေရှိတယ်။

*အရှေ့အလယ်ပိုင်းမှာ အီရန်နဲ့ဆော်ရီကလွဲရင် မွတ်စလင်လူငယ်ဦးရေဟာ ၂၀ ရာခိုင်နှုန်းကို ကျော်နေပါတယ်။

*ဒီအရှိန်အဟုန်က ၂၁ ရာစု အဦးပိုင်းအထိ ထိရိုက်မှု ရှိနေမယ်။

ဒါတွေက ဆရာကြီး ဟန်တင်တန်ရဲ့ ကမ္ဘာကျော်(အဆဲလည်း အခံရဆုံး) The Clash of Civilizations ထဲကကောက်ချက် တချို့ပါ။
Ref: The Clash of Civilizations.

ကွန်မြူနစ်ရယ်သံ


ကွန်မြူနစ်ဝါဒ အားကောင်းလာတော့ ဘာသာမဲ့၊ ဘုရားမဲ့ဝါဒ၊ ဒီအတိုင်းသာဆို လူရိုင်းတွေဖြစ်ကုန်မယ်ဆိုပြီး ဝိုင်းတိုက်ခိုက်ခဲ့ကြတယ်။
အဲဒီအချိန်တုံးက ခရစ်ယန်နဲ့ မွတ်စလင်တွေတောင် မဟာမိတ်တွေဖြစ်လို့။ ဗုဒ္ဓဘာသာကလည်း လက်မနှေးခဲ့ပါဘူး။
ကွန်မြူနစ် ကျဆုံးသွားတော့ ဘုံရန်သူကင်းမဲ့သွားပြီး ဘုရားဝါဒယုံကြည်သူ၊ ဘာသာရေးကိုင်းရှိုင်းသူ လူယဉ်ကျေးကြီးတွေအချင်းချင်း တိုက်ကြ၊ ခိုက်ကြ။ ဘုရားပါဝါတွေ လုကြ။
ကွန်မြူနစ်ဝါဒကတော့ ရယ်နေမှာပဲ။ ငါ မရှိလို့ သူတို့တတွေ ယဉ်ကျေးသွားကြပြီ ကိုး ဆိုပြီးတော့လေ။
အယဉ်ကျေးဆုံးဆိုတဲ့ လူသားကြီးတွေသတ်ကြ၊ ဖြတ်ကြ။ ဆဲကြ၊ ဆိုကြ။
အမိုက်ရိုင်းဆုံး ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ တင်ကြရင်း သူတစ်ပါးကို ပုတ်ခတ်ကြ၊ စော်ကားကြ။
လူတချို့ ယုတ်မာရူးနှမ်းဖို့ ဘယ် ကွန်မြူနစ်ဝါဒမှ မလိုသလို ဘယ်ဘုရား လာပြီးဆုံးမလို့လည်း မယဉ်ကျေးပါဘူး။
Ref: The Clash of Civilizations.

ပိုကြီးလာတဲ့ တရုတ်နဲ့ သူ့ရဲ့ ဘောဂသဟာယ ပိုင်နက်


လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ၇၊ ကောက်နှုတ်ချက်


တရုတ်ပြည်ဟာ သမိုင်းအစဉ်အဆက်ကတည်းကကိုပဲ ကိုရီးယား၊ ဗီယက်နမ်၊
လျူချူးကျွန်းစု (Liu Chiu Islands)နဲ့ တခါတရံ ဂျပန်အပါအ၀င် အားလုံးကို ဆိုင်း နစ်ဇုန် (Sinic Zone တရုတ်စီဗီလိုက် ဇေးရှင်းပိုင်နက်) လို့ သတ်မှတ်ပါ တယ်။ “အတွင်းပိုင်း အာရှဇုန် (Inner Asian Zone)” အနေနဲ့ ကတော့ တရုတ်လူမျိုး မဟုတ်တဲ့ မန်ချူး၊ မွန်ဂို၊ ၀ီဂါ (Uighurs) တူရကီနဲ့ တိဗက်တွေ ပါဝင်တယ်။ လုံခြုံရေးအတွက် သူတို့ဟာ တရုတ်ထိန်းချုပ်မှုအောက်မှာ ရှိနေရမယ်လို့ ခံယူ ထားကြတယ်။ အပြင်ပိုင်းဇုန်(Outer Zone)ကတော့ တရုတ်ယဉ်ကျေးမှုမရှိတဲ့ လူတွေ “တရုတ်ရဲ့ ကြီးကျယ် မြင့်မြတ်မှုကိုအထင်တကြီး လေးစားမှုပေးရုံက လွဲလို့ ဘာမှအဖြစ်မရှိတဲ့ လူမျိုးစုတွေလို့ ခံယူထားကြ ပါတယ်။ Note-13 *


လက်ရှိ ဆိုင်းနစ်(Sinic=တရုတ်)စီဗီလိုက်ဇေးရှင်းကလည်း အလားတူ ဖက်ရှင် အတိုင်း ပုံဖော် လာနေတယ်။ ဟန်တရုတ်လူမျိုးက ပင်မဌာနချုပ်၊ ဒီဌာနချုပ်ကို ၀န်းရံထားတာက တရုတ်ပြည်တွင်းထဲ ရှိပြည်နယ်တွေ၊ အများအားဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိ၊ တရုတ်ပြည်ထဲမှာ တရားဝင်ပါဝင်နေပေမဲ့ အခြားစီဗီလိုက်ဇေးရှင်း ထဲကလာတဲ့ တရုတ်လူမျိုးမဟုတ်သူတွေ အများအပြားရှိနေတဲ့ ပြည်နယ် တွေပါ။ (ဥပမာတိဗက်နဲ့ ရှင်ကျန်း- Xinjiang) အခြေအနေအပေါ် မူတည်ပြီး တရုတ်ပြည် မထဲကို ပူးပေါင်းလာနေကြ၊ လာနိုင်မယ့်အလားအလာရှိတဲ့ တရုတ်လူ့အဖွဲ့ အစည်းတွေ (ဟောင်ကောင်၊ ထိုင်ဝမ်)၊ ဘေဂျင်းနဲ့ အဆက်အဆံ သိသိသာသာ တိုးတက်ကောင်းမွန်လာနေတဲ့ တရုတ်လူမျိုး အများစုတစ်နိုင်ငံ(စင်္ကာပူ)တရုတ် လူမျိုးတွေရဲ့လွှမ်းမိုးမှု အကြီးအကျယ်ရှိနေတဲ့ ထိုင်လန်၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖီလစ်ပိုင်နိုင်ငံ။ တရုတ်လူမျိုး မဟုတ်ကြတဲ့ (တောင်၊ မြောက်ကိုရီး ယားနဲ့ ဗီယက်နမ်တို့ကတော့ တရုတ်လူမျိုးမဟုတ်ပေမဲ့) ကွန်ဖျူးရှပ် ယဉ်ကျေးမှု ရှိသူတွေ နဲ့ ၀ိုင်းရံထားတယ်။

၁၉၅၀ ခုနှစ်တွေအတွင်း တရုတ်ပြည်ဟာ သူ့ကိုယ်သူ ဆိုဗီယက် မဟာမိတ်လို့ ခံယူခဲ့တယ်။ ဒီနောက် တရုတ် ဆိုဗီယက် (Sino-Soviet) သဘောတူညီမှု ချုပ်ငြိမ်းသွားပြီး စူပါ ပါဝါကြီး နှစ်နိုင်ငံရဲ့ အတိုက်အခံ နိုင်ငံငယ်လေးတွေ ရဲ့ ခေါင်းဆောင်အနေနဲ့ ခံယူလာပြန်တယ်။ အကုန်အကျများလှပြီး အကျိုးကျေးဇူး သိပ်မရှိလှတဲ့လှုပ်ရှားမှုပါ။ နက်(က်)ဆင်ရဲ့ အစိုးရ လက်ထက် အမေရိကန် ပေါ် လစီထဲကို ပြောင်းဝင်လာခဲ့ပြီး ၁၉၇၀ ခုနှစ်တွေမှာ အမေရိကန် အားနည်း လာ ဟန်ရှိနေတော့ စူပါ ပါဝါကြီး နှစ်ခုကို ဟန်ချက်ညှိပေးတဲ့ သဘောမျိုးနဲ့ တရုတ်က အမေရိကန်နဲ့ ပေါင်းလာတယ်။ ၁၉၈၀ ခုနှစ်တွေ ရောက်တော့ အမေရိကန် စစ် တပ်အင်အားက ပြန်ကောင်းလာပြီး အာဖဂန်နစ္စတန် စစ်ပွဲကြောင့် ဆိုဗီ ယက်ရဲ့ စွားပွားရေးကျဆင်းသွားတော့ နှစ်ဖက်စလုံးနဲ့ ခပ်ကွာကွာနေလာခဲ့ပြန်ပါတယ်။ စူပါပါဝါ အားပြိုင်ပွဲကြီး ပြီးဆုံးသွားတော့ တရုတ်ကိုင်ထားတဲ့ “ဝှက်ဖဲ” က အသုံး မကျ ဖြစ်သွားပြီး သူ့ရဲ့ အခန်းကဏ္ဍကို ကမ္ဘာ့နိုင်ငံအရေး အခင်းတွေကြားမှာ ပြ သလာပြန်တယ်။ သူတို့မှာ ရည်ရွယ်ချက် ပန်းတိုင် နှစ်ခုရှိခဲ့တယ်။
(က) တရုတ်ပြည်ဟာ တရုတ်ယဉ်ကျေးမှုရဲ့ ချန်ပီယံ၊ တခြားနိုင်ငံတွေထဲမှာ ရှိနေကြတဲ့ တရုတ်လူမျိုးအားလုံးအတွက် စီဗီလိုက်ဇေးရှင်း ဗဟိုဌာနဖြစ်ဖို့နဲ့
(ခ) (၁၉)ရာစုထဲမှာ ဆုံးရှုံးခဲ့ရတဲ့ အရှေ့အာရှရဲ့တစ်ခုတည်းသောပါဝါဆိုတဲ့ သမိုင်းဝင်နေရာကို ပြန်ယူနိုင်ဖို့တို့ ဖြစ်ပါ တယ်။

တရုတ်ပါဝင်လာတဲ့ အခန်းကဏ္ဍတွေကို အောက်ပါ အချက်တွေ ထဲမှာ တွေ့မြင်နိုင်ပါတယ်။
တစ်၊ ကမ္ဘာ့နိုင်ငံရေးကိစ္စတွေထဲမှာ သူ့ရဲ့နေရာ ဘယ်နေရာဆိုတာ တရုတ်ကိုယ် တိုင် ဖော်ပြလာ မှုတွေ
၊နှစ်၊ ပြည်ပရောက်တရုတ်လူမျိုးတွေက တရုတ်ပြည်မကြီးနဲ့ စီးပွားရေး ဆက်စပ်မှု ပိုများလာတာတွေနဲ့၊
သုံး၊ အခြားတရုတ်လူမျိုး အများစုရှိတဲ့ သုံးနိုင်ငံ (ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ စင်္ကာ ပူ) စီးပွားရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးတွေမှာ ပိုပြီးရင်းရင်းနှီးနှီး ဆက်ဆံလာ တာတွေရယ် တရုတ် နိုင်ငံရေးလွှမ်းမိုးမှု ရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ အပေါ် ဆက်ဆံရေးတိုးမြှင့်လာတာတွေ ဖြစ်ပါတယ်။

တရုတ်အစိုးရက တရုတ်ပြည်မကြီးကို တရုတ်စီဗီလိုက်ဇေးရှင်းရဲ့ ပဓာနနိုင်ငံ အဖြစ် ရှုမြင်ပြီး အခြားနိုင်ငံတွေရှိ တရုတ်လူမျိုးတွေအနေနဲ့ တရုတ်ပြည်ထဲ လာရောက်ပေါင်းသင်း ရမယ်လို့ ယူဆ ထားကြတယ်။ ဒေသတွင်းရှိကွန်မြူနစ် ပါတီတွေကတဆင့် တစ်ကမ္ဘာလုံးကို ကွန်မြူနစ်ဝါဒ ဖြန့်ချီဖို့ ကြိုးစားမှုကို လက်လျှော့ခဲ့ရပြီးတဲ့နောက် အချိန်တော်တော်ကြာတဲ့ အခါမှာတော့ တရုတ်ဟာ “တစ်ကမ္ဘာလုံးရှိတရုတ်လူမျိုးတွေအားလုံးရဲ့ ကိုယ်စားလှယ်အနေနဲ့ နေရာပြန် ယူလာခဲ့ပါတော့တယ်။” Note-14 * တရုတ်အစိုးရအလိုအရ အခြားနိုင်ငံသား အဖြစ် ခံယူထားရင်တောင် တရုတ်မျိုးနွယ် တွေဆိုရင် သူတို့အဖွဲ့ဝင်တွေအနေနဲ့ ပါဝင်တယ်။ ဒါ့ကြောင့် တရုတ်ပြည်မအစိုးရရဲ့ သြဇာသက် ရောက်မှုရှိနေရ မယ်ဖြစ်ပါတယ်။ တရုတ်ရဲ့ အိုင်ဒင်တတီကလည်း တရုတ် လူမျိုးအပေါ်မှာ အခြေ ခံပြီး သတ်မှတ်တယ်"လူမျိုး၊ သွေးသားတော်စပ်မှု၊ ယဉ်ကျေးမှုတူညီမှု” တူညီရင် တရုတ်လူမျိုး ဖြစ်တယ်လို့ တရုတ်အစိုးရပညာရှင်တစ်ယောက်ကဆိုပါတယ်။ ၁၉၉၀ ခုနှစ်တွေ ထဲမှာ အစိုးရပိုင်းဆီကရော တရုတ်လူမျိုးတွေဆီကပါ ဒီ အ သံတွေကို တော်တော်ကြားခဲ့ရတယ်။ (ဘယ်နိုင်ငံသားမဆို တရုတ် မျိုးနွယ်ဆိုရင် PRC) (Peoples’ Republic of China) တရုတ်ပြည်တွင်းရှိ တရုတ်တွေနဲ့ အခြား နိုင်ငံတွေမှာနေထိုင်နေကြတဲ့ တရုတ်နွယ်ဖွားတွေအတွက် သူတို့ ဘယ် သူတွေဖြစ်တယ်ဆိုတာ သိဖို့ “ ကြေမုံ စစ်တန်း (Mirror test)” ဆိုတာ ပေါ်ပေါက် ခဲ့ဖူးတယ်။ တခြားနိုင်ငံတွေမှာ နေထိုင်ပြီး အခြားယဉ်ကျေးမှုကျင့်သုံးနေတဲ့ တရုတ်နွယ်တွေကို ဘေဂျင်းအခြေစိုက် တရုတ်လူမျိုးတွေရဲ့ သတိ ပေးစကားက
“ကိုယ့်မျက်နှာကို မှန်ထဲပြန်ကြည့်ဦး” ဆိုတာ ဖြစ်ပါတယ်။ ဒေသအတွင်းမှာ ပျံ့နှံ့နေတဲ့ တရုတ်လူမျိုးတွေကလည်း အရေအတွက် အများအပြားရှိနေတယ်။

တရုတ်ပြည်တွင်းရှိ မူလတရုတ် လူမျိုးတွေနဲ့ တရုတ်ပြည်ထဲရှိအခြားလူမျိုးတွေ ကလည်း အဆင့်အတန်းမတူကြဘူး။ “တရုတ် ယဉ်ကျေးမှု” နဲ့ ပတ်သက်တဲ့ သဘောထားကိုလည်း “တူညီတဲ့ စိတ်ဓာတ်” ဆိုပြီး ပီပီပြင်ပြင် ပြောဆိုလာနေကြ တယ်။ (၂၀)ရာစုအတွင်းမှာ အနောက်တိုင်းရဲ့ လွှမ်းမိုးမှုကြောင့် တရုတ် အိုင်ဒင် တတီဟာ အကြီးအကျယ် ထိခိုက်ခဲ့ရပြီး အခုအချိန်မှာတော့ တရုတ်ယဉ်ကျေးမှုကို အခြေခံပြီး တရုတ်အိုင်ဒင်တတီကို အားနဲ့မာန်နဲ့ ပြန်လည် ပုံဖော်လာနေကြ ပါတော့တယ်။ Note-15 *
ဒီ အိုင်ဒင်တတီက တရုတ်ပြည်ဗဟိုအစိုးရနဲ့ အခြားပြည်နယ်အစိုးရတွေရဲ့ ပုံစံ အမျိုးမျိုးသော ဆက်ဆံရေးမှာ သဟဇာတလည်းဖြစ်ပါတယ်။ ယဉ်ကျေးမှုသင်္ကတ ဆိုတဲ့ စိတ်က ပြည်နယ် အသီးသီး ရှိ တရုတ်လူမျိုးတွေနဲ့ စီးပွားရေးဆက်ဆံရာမှာ ပိုမိုအားကောင်းစေသလို တရုတ်ပြည်မထဲနဲ့ အခြားနေရာတွေမှာ တရုတ်ပိုင် စီးပွားရေးတွေ ရုတ်တရက် ဖွဲ့ဖြိုးလာခြင်းအပေါ်မှာလည်း ကျေးဇူးပြု နိုင်တယ်။ အလားတူပါပဲ စီးပွားရေးကတဆင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုး တက်လာ မှုတွေက တရုတ်ယဉ်ကျေးမှုအိုင်ဒင်တတီကို အားသစ်လောင်းေ ပးနိုင်ပါတယ်။

“Greater China” ဆိုတာဟာ နောက်ကြောင်းပြန်ယုံကြည်မှု တစ်ခုသက်သက် တင် မက တော့ပါဘူး။ ယဉ်ကျေးမှုနဲ့စီးပွားရေးက တကယ်ပဲ မြန်မြန်ဆန်ဆန် တိုးတက်လာနေပြီး ဒီကနေ နိုင်ငံရေးပုံသဏ္ဍန်ပါ ပါဝင်လာနေပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေအကြား တရုတ်ပြည်ရဲ့ စီးပွားရေး ရုတ်တရက် တိုးတက်လာခြင်း ဟာ တရုတ်လူမျိုးတိုင်းနဲ့ ဆက်စပ်နေပါတယ်။ တရုတ်ပြည်မထဲက တရုတ် လူမျိုးတွေ၊ အာရှကျားသုံး ကောင်ထဲက တရုတ်တွေ ( အာရှကျးလေးကောင်မှာ သုံးကောင်က တရုတ်လူမျိုးတွေပါ)ရယ်၊ အရှေ့တောင်အာရှထဲက တရုတ်လူ မျိုးတွေအားလုံး ပါဝင်ပါတယ်။ အရှေ့ အာရှရဲ့ စီးပွားရေးဟာတရုတ်ဗဟိုပြု၊ တရုတ် လွှမ်းမိုးတဲ့ စီးပွားရေး ဖြစ်လာနေတယ်။ ၁၉၉၀ ခုတွေမှာ တက်လာတဲ့ တရုတ်ပြည် စီးပွားရေးအတွက် ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ စင်္ကာပူရှိ တရုတ်လူ မျိုးတွေ ရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေက အများကြီးအထောက်အကူဖြစ်ခဲ့ပါ တယ်။ အရှေ့တောင်အာရှ နိုင်ငံတွေ ထဲမှာရှိတဲ့ တရုတ်လူမျိုးတွေကလည်း သူတို့နေထိုင်နေတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးကို လွှမ်းမိုးထား နိုင်တယ်။

၁၉၉၀ ခုနှစ်တွေအတွင်း ဖီလစ်ပိုင်မှာရှိတဲ့ တရုတ်လူဦးရေဟာ တစ်နိုင်ငံလုံးရှိ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းသာ ရှိပေမဲ့ ပြည်တွင်းအရောင်းအ၀ယ် ဈေးကွက်ရဲ့ (၃၅) ရာခိုင်နှုန်း သူတို့ပိုင်တယ်။ ၁၉၈၀ ခုနှစ်တွေရဲ့ အလယ်ပိုင်းမှာ တရုတ် လူဦးရေ ၂-၃ ရာခိုင်နှုန်းလောက်ပဲ အင်ဒိုနီးရှားမှာရှိခဲ့ပေမဲ့ ပြည်တွင်းစီးပွားရေးရဲ့ (၇၀) ရာခိုင်နှုန်းလောက်ကို သူတို့က ပိုင်ထားတယ်။ အကြီးဆုံးစီးပွားရေး (၂၅) ခုထဲမှာ(၁၇)က တရုတ်လူမျိုးတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေခဲ့ပြီး တရုတ်လူမျိုး တစ်စုရဲ့ (အများထဲကတစ်စု) GDP က အင်ဒိုနီးရှား GDP ရဲ့ ငါးရာခိုင်နှုန်းအထိ ရှိနေတယ်။ ၁၉၉၀ ခု စောစောပိုင်းနှစ်တွေအတွင်း ထိုင်းနိုင်ငံမှာ တရုတ်လူဦးရေ (၁၀) ရာခိုင်နှုန်းရှိပြီး အကြီးဆုံးစီးပွားရေး (၁၀)ခုမှာ(၉)ခုက သူတို့ပိုင်ဆိုင်တယ် ။ နောက်ပြီး ထိုင်းနိုင်ငံရဲ့ GDP (၅၀) ရာခိုင်နှုန်းဟာ တရုတ်တွေ ဆီကပဲ ဖြစ် ပါတယ်။ မလေးရှားမှာတော့ တရုတ်လူမျိုး သုံးပုံတစ်ပုံ လောက်ရှိမယ်။ ဒါပေမဲ့ ရှိရှိသမျှ စီးပွားရေးအားလုံးနီးပါးကို တရုတ်တွေက ဦးစီးထားပါတယ်။ Note-16 * ဂျပန်နဲ့ ကိုရီးယား စီးပွားရေး ကလွဲရင် အရှေ့အာရှရဲ့ စီးပွားရေးဟာတရုတ်စီးပွားရေးပါပဲ။

“Greater China” ရဲ့ ဘောဂသဟာယ ပိုင်နက်ကို ခေါက်ဆွဲစား “တူ” မိသားစု ကွန်ယက် (Bamboo Network) ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးနဲ့ ယဉ်ကျေးမှုတူညီခြင်း က အများကြီး အထောက်အကူပြုပေးထားတယ်။ တရုတ်ပြည်ထဲမှာ စီးပွားရေး လုပ်ဖို့ဆိုရင် ပြည်ပမှာရှိတဲ့ တရုတ် တွေအဖို့ အနောက်တိုင်းသားတွေ၊ ဂျပန်တွေ ထက် အများကြီး လွယ်ကူချောမွေ့မှုရှိပါတယ်။ တရုတ်ပြည်ထဲမှာ ယုံကြည်မှုနဲ့ လုပ်ဆောင်တယ်ဆိုတာက စာချုပ်နဲ့ မဆိုင်၊ ဥပဒေနဲ့ မဆိုင်၊ ဘယ်လို ဥပဒေရေး ရာ အထောက်အထား(စာရွက်စာတမ်း)နဲ့မှမဆိုင်ဘဲ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီး ကျွမ်းဝင်မှုနဲ့သာဆိုင်တယ်။ ဒီတော့ အနောက်တိုင်းသားတွေအဖို့ စီး ပွားရေးလုပ်ရာမှာ လူနှစ်ယောက် ကြားက ဆက်ဆံရေးအပေါ်မှာပဲမူတည်နေတဲ့ တရုတ်ပြည်ထဲမှာ စီးပွားရေးလုပ်ရတာထက် အိန္ဒိယမှာ စီးပွားရေးလုပ်ရတာက ပိုမိုလွယ်ကူနေပါတယ်။

ဂျပန်ခေါင်းဆောင်ပိုင်းတစ်ယောက်က အားကျဝန်တိုမှုနဲ့အတူ ဒီလို မှတ်ချက်ချခဲ့ တယ်။ “ တရုတ်ပြည်ဟာ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ အရှေ့တောင်အာရှမှာ ရှိနေ တဲ့ နယ်ခြားစည်းမဲ့ ကွန်ယက် ကြီး ဖြစ်နေတဲ့ တရုတ်ကုန်သည်ပွဲစားတွေဆီက အကျိုးအမြတ်တွေ ရရှိနေတာပါ” Note-17

အမေရိကန် စီးပွားရေးသမားတစ်ယောက်ကလည်း ဒီအဆိုကို သဘောတူ တယ်” ပြည်ပရောက် တရုတ်တွေဟာ စီးပွားရေးသဘော ကျွမ်းကျင်တယ်။ ဘာသာစကားတူတယ်။ အချင်း ချင်း ဆက်သွယ်ဖို့ ခေါက်ဆွဲစားတူ ကွန်ယက် လည်းရှိတယ်။ ဒါက တစ်ခုခုဆိုရင် အက္ကရွန် (Akron) (သို့) ဖီလဒယ်ဖီးယား (Philadelphia)က ဘုတ်အဖွဲ့ကို ပြန်လည်တင်ပြနေရတဲ့ လူတစ်ယောက် အပေါ် အများကြီး အသာစီးရနေစေတယ်”

ဆက်ရန်

စိန်ခေါ်မှုများ ပြောင်းလဲခြင်း


လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ငါး၊ ကောက်နှုတ်ချက်

"ဒီလှုပ်ရှားမှုကြီးက “အစ္စလာမ်ဟာ ကိုယ်ကျင့်တရား၊ အိုင်ဒင်တတီ၊ ဘ၀ အဓိပ္ပါယ်နဲ့ ယုံကြည်မှု ပြဿနာတွေရဲ့ ‘အဖြေ’ ဖြစ်နေမယ့်” လူမှုရေးတရား မမျှ တမှု၊ နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေး နောက်ကောက်ကျမှု၊ စစ်အင်အားကျဆင်း မှု ပြဿနာတွေရဲ့ ‘အဖြေ’ မဟုတ်ဘူးဆိုတာ ပြသသွားလိမ့်မယ်။ ဒီလိုသာ ကျရှုးံ သွားရင်း နိုင်ငံရေးအမြင် မကြည်လင်မှုတွေ ဖြစ်ပေါ်လာပြီး ဆန့်ကျင်ဘက် အဖြေ တစ်ခုကို ရှာကောင်းရှာလာနိုင်ကြလိမ့်မယ်။ ဒီလိုရှာလာရင်းနဲ့ အစ္စ လာမ်ကျရှုံးခြင်းဟာ အနောက်တိုင်းကြောင့်ဆိုပြီး အနောက်ဆန့်ကျင်ရေး (မုန်းတီးရေး)၀ါဒတွေလည်း အားကောင်းချင် ကောင်းလာနိုင်ပြန် ပါတယ်" (ဟန်တင်တန်)

img source

ဘယ်နိုင်ငံမှ ခေါက်ချိုးတက် စီးပွားရေးနှုန်းကို ထိန်းမထားနိုင်ဘူး။ အာရှ
တိုက် စီးပွားရေး တိုးတက်မှုနှုန်ဟာ ၂၁ ရာစု အဦးပိုင်း တချိန်ချိန်မှာ ညီမျှ (တန့်)သွား လိမ့်မယ်။ ဂျပန်ရဲ့ စီးပွားရေ တိုးတက် မှုနှုန်းဟာ ၁၉၇၀ ခုနှစ်ေ တွ ရောက်တော့ ရပ်တန့်သွားပြီး အဲဒီနောက် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေရဲ့ စီပွားရေးတိုးတက်မှုနှုန်ထက် သိသိသာသာကြီး ကျော် တက်မသွားတော့ပါဘူး။ ဒီနောက် “စီးပွားရေးမှော်အောင်သွားတဲ့” အာရှနိုင် ငံတွေရဲ့ စီးပွားရေး ရပ်တန့်သွားမှု တစ်နိုင်ငံပြီး တစ်နိုင်ငံ ကြုံတွေ့ရပြီး ဒီနောက်မှာတော့ ပုံမှန်စီးပွားရေး ရပ်တည်နိုင်ဖို့ “ဘက်စုံစီးပွားရေး” စနစ်ကို အာရုံစိုက် ထုတ်ကြရတော့မယ်။
`
အလားတူပါပဲ၊ ဘယ် ဘာသာရေး နိုးထခြင်း၊ ဘယ် ယဉ်ကျေးမှုလှုပ်ရှားမှုမှ ထာဝရမခံနိုင်ပါဘူး။ တချိန်ချိန်မှာ တော့ အစ္စလာမ်ဘာသာနိုး ထခြင်း လည်း ပြေလျော့သွားပြီး၊ သမိုင်းထဲမှာပဲ ရှိနေပါတော့ မယ်။ ဖြစ်နိုင်ခြေ အရှိ ဆုံးကတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးပွားလာတဲ့ လူဦး ရေ အားလျော့သွားချိန် ၂၁ ရာစုရဲ့ ဒုတိယနဲ့ တတိယ ဆယ်စုနှစ် တွေထဲမှာပါပဲ။ အဲဒီအချိန်ရောက်ရင် စစ်သွေးကြွရာထူး အဆင့်တွေ၊ စစ်တပ်ရာထူး အဆင့်ေ တွ၊ သူများနိုင်ငံထဲ ၀င်ရောက် နေထိုင်မှုတွေ ပျောက်ဆုံးသွားလိမ့်မယ်။ မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေကြားက တင်းမာမှုတွေ (အခန်း ၁၀ မှာ ရှုပါ)လည်း လျော့ကျဟန်ရှိပါတယ်။ အစ္စလာမ်နဲ့ အနောက်ရဲ့ ဆက်ဆံရေးက ရင်းနှီးလားစရာ မရှိပေမဲ့ ပဋိပက္ခတွေတော့ လျော့သွားမယ်။ ဒီနောက် စစ်ပွဲ (အခန်း-၉ ကိုရှုပါ) ဟာ “စစ်အေး” ဒါမှမဟုတ် “အေးစက်စက်ငြိမ်းချမ်းရေး” ကိုတောင် လမ်းကြောင်း ဖွင့်ကောင်းဖွင့်ပေးလိုက်ပါလိမ့်ဦးမယ်။

အာရှရဲ့စီးပွားရေးတိုးတက်မှုက သူတို့ကို ကြွယ်ဝခြင်း အမွေအနှစ် ချန် ထားပေးခဲ့မယ်။ ပိုပြီးအရောင် အသွေး စုံလာတဲ့ ဘက်စုံစီးပွားရေး၊ နိုင်ငံ တကာကူးလူးဆက်ဆံရေး၊ ပိုပြီးချမ်းသာတဲ့ ဘူဇွာလူတန်းစား၊ ကောင်းကော င်းနေနိုင် ထိုင်နိုင်တဲ့ လူလတ်တန်းစားတွေကို အမွေပေးထားခဲ့မယ်။ ဒီအချက်တွေက ဒီထက်ပိုတဲ့ ဗဟုဝါဒနဲ့ ပိုလွတ်လပ်လာတဲ့ ဒီမိုကရေစီ စနစ် ဆီကိုလည်း ခေါ်ဆောင်ကောင်းခေါ်ဆောင်သွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အနောက်ပုံစံအတိုင်း ဖြစ်နေစရာ တော့ လိုမယ်မဟုတ်ပါဘူး။ စွမ်းအား တိုးပွားလာတာနဲ့အမျှ နိုင်ငံတကာ ရေးရာတွေမှာ အာရှရဲ့ ရပ်တည်ချက်ကို ပိုမိုခိုင်မာ အောင် တည်ဆောက်ယူပြီး အနောက်နဲ့မတူတဲ့ ချဉ်းကပ်မှုတွေနဲ့ ကမ္ဘာ့ရေစီးထဲကို ၀င်ရောက်လာနိုင်ဖို့ ကြိုးစားလာ ကြမယ်။ အနောက်ဟန် အနောက်ဓလေ့ မဟုတ်တဲ့ နိုင်ငံတကာ အင်စတီကျူးရှင်းတွေ ပုံစံအ သစ် ပြန်ဖော်လာကြ လိမ့်မယ်။

အစ္စလာမ်ဘာသာ နိုးထခြင်းကတော့ ပရိုတက်စတစ် ပြုပြင်ပြောင်းလဲရေး နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ သူတို့လည်း သမိုင်းမှာ အရေးကြီးတဲ့ အမွေ အနှစ် ချန်ထားခဲ့နိုင်မှာပါ။ သူတို့အချင်းချင်း တူညီတာတွေ၊ မွတ်စလင်မ
ဟုတ် သူတွေနဲ့ သူတို့ကြားက ခြားနားချက်တွေကို သူတို့ ပိုသဘောပေါက် လာပြီး ဒီလူငယ်ထုကြီးရဲ့ နေရာကို ဆက်ခံလာမယ့် ခေါင်းဆောင်တွေက အခုလူငယ်တွေလောက် ဘာသာရေးအစွဲကြီးနေမယ် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ အစ္စလာမ်ဘာသာ အပေါ်ကိုတော့ ပိုပြီးလုပ်ဆောင်ပေးလာနိုင်စရာ ရှိပါတယ်။ ဒီအချိန်မှာ ကိုယ်ပိုင်ယဉ်ကျေးမှု ပိုအားကောင်းလာမယ်။ အစ္စ လာမ်လှုပ်ရှားမှုကြီးက အစ္စလာမ်မစ် လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ အပြန်အလှန်ဆက်သွယ်မှု နဲ့ သူတို့နိုင်ငံတွေထဲက နိုင်ငံရေး အဖွဲ့အ စည်းတွေ၊ ပြင်ပကမ္ဘာက နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှု အမွေအနှစ် ချန်ထားခဲ့နိုင်လိမ့်မယ်။

နောက်ပြီး ဒီလှုပ်ရှားမှုကြီးက “အစ္စလာမ်ဟာ ကိုယ်ကျင့်တရား၊ အိုင်ဒင် တတီ၊ ဘ၀အဓိပ္ပါယ်နဲ့ ယုံကြည်မှု ပြဿနာတွေရဲ့ ‘အဖြေ’ ဖြစ်နေမယ့်” လူ မှုရေးတရားမမျှတမှု၊ နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေး နောက်ကောက်ကျမှု၊ စစ်အင်အားကျဆင်းမှု ပြဿနာတွေရဲ့ ‘အဖြေ’ မဟုတ်ဘူးဆိုတာ ပြသသွား လိမ့်မယ်။ ဒီလိုသာ ကျရှုးံသွားရင်း နိုင်ငံရေးအမြင် မကြည်လင်မှုတွေ ဖြစ်ေ ပ်ါလာပြီး ဆန့်ကျင်ဘက်အဖြေတစ်ခုကို ရှာကောင်းရှာလာနိုင်ကြလိမ့်မယ်။ ဒီလိုရှာလာရင်းနဲ့ အစ္စလာမ်ကျရှုံးခြင်းဟာ အနောက်တိုင်းကြောင့်ဆိုပြီး အေ နာက်ဆန့်ကျင်ရေး(မုန်းတီးရေး)၀ါဒတွေလည်း အားကောင်းချင် ကောင်း လာနိုင်ပြန် ပါတယ်။ နောက်တစ်ချက်ကတော့ တကယ်လို့ မလေးရှားနဲ့ အင်ဒိုနီးရှား စီးပွားရေးက ဒီ အရှိန်အဟုန်အတိုင်းပဲ ဆက်ရှိ နေမယ်ဆိုရင် အနောက်တိုင်း မော်ဒယ်နဲ့ အာရှတိုက်မော်ဒယ်ကို ပေါင်းစပ်ပြီး အနောက် ကိုယှဉ်ပြိုင်နိုင်ဖို့ "အစ္စလာမ်မစ် မော်ဒယ်” တစ်ခု ထုတ်ပေးကောင်း ပေးနိုင် ပါလိမ့်မယ်။

ဘယ်နေရာမျိုးမှာမဆို အာရှရဲ့စီးပွားရေး တိုးတက်လာမှုကြောင့် အနောက် တိုင်း လွှမ်းမိုးထားတဲ့ နိုင်ငံတကာ ရေးရာတွေ(လာမယ့် ၁၀ စုနှစ်တွေ အတွင်း)မတည်မငြိမ်ဖြစ်စေလိမ့်မယ်။ တရုတ်စီးပွားရေးသာ ဒီနှုန်းအတိုင်းပဲ ဆက်ရှိနေ ဦးမယ်ဆိုရင် စီဗီလိုက်ဇေးရှင်းကြီးတွေရဲ့ အကြား ပါဝါအပြောင်း အလဲ အကြီးအကျယ်ဖြစ်လာနိုင်စရာရှိပါတယ်။ ဒါ့အပြင် အိန္ဒိယကလည်း စီးပွားရေး ရုတ်တရက်တိုးတက်လာပြီး နိုင်ငံတကာရေးရာတွေမှာ သြဇာ လွှမ်းနိုင်တဲ့ အဓိကယှဉ်ပြိုင်သူ တစ်ယောက်အနေနဲ့လည်း ပါဝင်လာနိုင် ပါသေးတယ်။ တစ်ချိန်ထဲမှာပဲ အစ္စလာမ်လူဦးရေတိုးပွားမှုက မွတ်စလင်နိုင် ငံတွေနဲ့ သူတို့အိမ်နီးနားချင်း နိုင်ငံတွေကြား မငြိမ်မသက်မှုတွေဖြစ်ပွားစေ ပါလိမ့်မယ်။ အလယ်တန်းပညာရေး အဆင့်သာရှိတဲ့ လူငယ်ထုကြီးက အစ္စလာမ်မစ်လှုပ်ရှားမှုကို အားကောင်းစေ၊ မွတ်စလင်စစ်သွေးကြွစစ်ဝါဒီတွေ တိုးပွားစေပြီး အခြားနိုင်ငံ ထဲ ၀င်ရောက်နေထိုင်မှုတွေလည်း ဆက်လက် တိုးပွားနေပါလိမ့်မယ်။

အကျိုးဆက်အနေနဲ့ ၂၁ ရာစု အဦးပိုင်းကာလတွေမှာ အနောက်မဟုတ်တဲ့ စီဗီလိုက်ဇေးရှင်းတွေရဲ့ပါဝါနဲ့ ယဉ်ကျေးမှု ဆက်လက် အားကောင်းလာနေပြီး အနောက်မဟုတ်တဲ့ စီဗီလိုက်ဇေးရှင်းတွေနဲ့ အနောက်စီဗီလိုက်ဇေးရှင်း အကြား ပဋိပက္ခတွေဖြစ်လာနိုင်သလို အနောက်မဟုတ်တဲ့ စီဗီလိုက်ဇေးရှ င်းတွေ အချင်းချင်းကြားမှာလည်း ပဋိပက္ခတွေဖြစ် လာနိုင် ဖို့ ရှိနေပါတော့ တယ်။

အခန်းငယ်(၅)ပြီးပြီ 

အစ္စလာမ်ဘာသာ နိုးထခြင်း(၄)


လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ငါး၊ ကောက်နှုတ်ချက်

"ပိုများလာတဲ့ လူဦးရေအတွက် အရင်းအမြစ်တွေလည်း ပိုလိုလာတယ်။ ဒီတော့ လူဦးရေထူထပ်တဲ့(သို့မဟုတ်)ရုတ်တရက်ကြီး လူဦးရေတိုးလာ တဲ့နေရာက လူတွေဟာ လူဦးရေသူတို့လောက်မများတဲ့ နေရာတွေဆီ တိုးဝင်လာ တတ်တယ်။ နယ်မြေတွေ သိမ်းပိုက်လာတတ်တယ်။ လူဦးရေ တိုးမှုနှုန်း သူတို့လောက် အားမကောင်းတဲ့ လူ့အဖွဲ့ အစည်း တွေအပေါ် ဖိအားတွေ ပိုပေးလာတတ်တယ်။ ဒါကြောင့် အစ္စလာမ် ဘာသာဝင် လူဦးရေ တိုးပွားလာမှုဟာ အစ္စလာမ်နိုင်ငံ နယ်နိမိတ်တွေနဲ့ဆက်စပ်နေတဲ့ မွတ်စလင်နဲ့မွတ်စလင်မဟုတ်သူတွေကြားက ပဋိပက္ခတွေကို အဓိကမွေး ထုတ်ပေးနေတဲ့ အကြောင်း တစ်ကြောင်း ဖြစ်နေပါတယ်"

၁၉၉၀ ခု စောစောပိုင်းနှစ်တွေမှာ ဆူဟာတို လက်ခံကျင့်သုံးလိုက်တဲ့ ပေါ် လစီက “မွတ်စလင်ပိုဆန်ရေး-More Muslim” ပေါ်လစီပါ။ ဘင်္ဂလားဒေ့(ရှ်)မှာလည်း ၁၉၇၀ ခုနှစ်တွေမှာရှိခဲ့တဲ့ အခြေခံ ဥပဒေထဲက အစ္စလာမ်မစ်ဥပဒေတွေ ဝင်ရောက် နေရာယူလာလို့ အရပ်သားဥပဒေတွေရဲ့ ထိရောက်မှု၊ အရေးပါမှုတွေလျော့ကျလာခဲ့ပြန်တယ်။ ၁၉၉၀ ခုနှစ်တွေ ရောက် လာတော့ တူရကီရဲ့ အစ္စလာမ်မဟုတ်တဲ့ (Kemalist) အာမန္တာဝါဒ အိုင်ဒင် တတီဟာ ပထမဆုံးအကြိမ်အဖြစ် အကြီး အကျယ် ခြိမ်းခြောက်မှု ခံနေရပါ တယ်။ (Note 30)
(Kemalist က ရှေ့အခန်းမှာ ပါ ပြီး၊ ခေတ်မီခြင်း၊ အနောက်တိုင်း ဆန်ခြင်း နှစ်မျိုးလုံး လက်ခံတဲ့အာမန္တာဝါဒ)

သူတို့ရဲ့ အစ္စလာမ်အပေါ် သဘောထားနဲ့ လုပ်ဆောင်ချက်ကို ထင်ရှားစေ ဖို့(အစ္စလာမစ်ခေါင်း ဆောင်တွေနဲ့ မွတ်စလင်ကမ္ဘာက သိလာစေဖို့) အစိုး ရခေါင်း ဆောင်တွေဖြစ်ကြတဲ့ အိုဇေး(လ်) (Ö zal) တို့၊ ဆူဟာတိုတို့၊ ကရီမော့(စ်) (Karimov) တို့လည်း မက္ကာဘုရားဖူးခရီးကို ခပ်သုတ် သုတ်လေး ထွက်ခဲ့ကြတော့တယ်။

မွတ်စလင်နိုင်ငံအစိုးရတွေကလည်း အစ္စလာမ်ဥပေဒတွေကို ကျင့်သုံးလာကြ တယ်။ အင်ဒိုနီးရှားမှာ အစ္စလာမ် မစ်ဥပဒေနဲ့ ကျင့်ထုံးတွေကို အရပ်သား ဥပဒေမူတွေနဲ့ရောယှက်ပြီး ကျင့်သုံးလာခဲ့သလို အထိုက်အလျောက် များပြား တဲ့ မွတ်စလင်မဟုတ်သူ လူဦးရေကိုကြည့်ပြီး မလေးရှားကလည်း အစ္စလာမ် မစ်ဥပေဒနဲ့ အစ္စလာမ်မစ်မဟုတ်တဲ့ ဥပဒေရယ် လို့ ဥပဒေနှစ်မျိုးခွဲပြီး တစ်စ ချင်းကျင့်သုံးလာတယ်။ (Note 31) ဗိုလ်ချုပ်ကြီး (Zia ul-Hag) အစိုးရ လက် ထက်မှာ ပါကစ္စတန်နိုင်ငံကလည်း တရားဥပဒေရေးရာမှာရော စီးပွားရေးရေး ရာမှာပါ အစ္စလာမ်ဘာသာနဲ့အညီဖြစ်စေဖို့ အကြီး အကျယ် အားစိုက်ထုတ် ခဲ့တယ်။
အစ္စလာမ်မစ် ပြစ်ဒဏ် စီရင်ခြင်းတွေကို စတင်ကျင့်သုံးလာခဲ့တယ်။ ရှာရီယား ဘာသာရေးတရား ဥပဒေအတိုင်း တရားခုံရုံးတွေထောင်ပြီး ရှာရီးယား (Sharia)ဥပဒေသည်သာ နိုင်ငံတော်ရဲ့ဥပဒေဖြစ်တယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ တယ်။

အခြား ကမ္ဘာ့ဘာသာကြီးတွေရဲ့ ပြန်လည်ရှင်သန်ခြင်းလိုပါပဲ အစ္စလာမ် ဘာသာပြန်လည် နိုးထလာခြင်းကလည်း ခေတ်ဆန်(ခေတ်မီ)လာခြင်း(မော်ဒန်နိုက်ဇေးရှင်း)ရဲ့ထုတ်ကုန်တစ်ခုဖြစ်သလို ဒီအခွင့်အရေးကိုလည်း သူတို့ က အမိအရ ဖမ်းဆုတ်ယူနိုင်ကြတယ်။ ဒီလှုပ်ရှားမှုကြီးရဲ့ အဓိက နောက် ခံအကြောင်းတရားကတော့ အနောက်မဟုတ်တဲ့ နိုင်ငံတွေရဲ့ “ယဉ်ကျေး မှုကိုယ်ပိုင်ပြုခြင်း” လမ်းကြောင်းအတိုင်း မြို့ပြစနစ် (တည်ထောင်နေထိုင်)၊ လူမှုရေးသက်ဝင်လှုပ်ရှားမှု၊ စာတတ်မြောက်မှုနှုန်းမြင့်မားလာမှုနဲ့ ပညာရေး အဆင့်မြင့်မားလာမှု၊ ထိတွေ့မှုများ လာတဲ့ ဆက်ဆံရေးနဲ့ မီဒီယာအသုံးပြုမှု၊ အနောက်တိုင်းနဲ့ အခြားယဉ်ကျေးမှုတွေကြား အပြန်အလှန် ဆက်ဆံရေး ကျယ်ပြန့်လွယ်ကူလာမှုတွေပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် မိရိုးဖလာကျေးလက်အခြေခံ လူမှုဆက်ဆံေ ရးတွေ၊ မိသားစု သံယောဇဉ်တွေ နည်းပါးလာပြီး တန်ပြန်အကျိုးဆက်အနေနဲ့ အထီးကျန်ဆန်မှု၊ ကိုယ်ပိုင်အမှတ်အသား(အိုင်ဒီတတီ) ပျောက်ဆုံးမှုတွေ ဖြစ် လာခဲ့ကြရတယ်။ အစ္စလာမ်မစ်သင်္ကေတတွေ၊ လုပ်ဆောင်မှုတွေနဲ့ အစ္စလာမ် ယုံကြည်မှုတွေက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတွေကို ဖြည့်ဆည်းပေးနိုင် ပြီးအစ္စလာမ်မစ်လူမှုကူညီရေးအဖွဲ့တွေက မော်ဒန်နိုက် ဇေးရှင်းကြောင့်
ဖြစ်ပေါ်လာခဲ့ တဲ့ မွတ်စလင်တွေရဲ့လူမှုရေး၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြတယ်။
အခုတော့ မွတ်စလင်တွေ က ခေတ်သစ် ကမ္ဘာအတွက် အစ္စလာမ်ရဲ့ လမ်းညွှန်မှုနဲ့ မောင်းနှင် အားရရှိစေဖို့အစ္စလာမ်မစ် အတွေး အခေါ်တွေ အကျင့်တွေနဲ့ စည်းကမ်းဥပဒေတွေကို ကမ္ဘာထဲ ဖြန့်ဝေပေးရမယ်လို့ ခံစား ယုံကြည်နေကြတော့တယ်။ (Note 32)
အစ္စလာမ်ဘာသာ ပြန်လည်အားကောင်းလာခြင်းဟာ ရှေ့မှာတင်ပြခဲ့သလို “အနောက်ရဲ့ ပါဝါနဲ့ ဂုဏ်သိက္ခာ" ကျဆင်းလာမှုလည်း ပါဝင်ပါတယ်။ အနောက်ရဲ့ ဂုဏ်သိက္ခာ တစချင်း ဆုတ်ယုတ်မှေးမှိန်လာတော့ သူတို့ အတွေး အခေါ်နဲ့သူတို့စည်းကမ်းတွေကလည်းဆွဲဆောင်မှု မရှိတော့ဘူး။ ဒီထက်ပိုပြီး တိကျတဲ့အကြောင်းကတော့ ၁၉၇၀ ခုနှစ် တွေမှာ ရေနံဈေးတွေ ရုတ်တရက်ထိုးတက်သွားခြင်းပါပဲ။ ဒါကြောင့် မွတ်စလင်နိုင်ငံ အများစု ဟာ ကြွယ်ဝချမ်းသာမှုရော အာဏာပါ တဟုန်ထိုး ထိုးတက်သွားပြီး တချိန်က အနောက်တိုင်းရဲ့ အလွှမ်းမိုးခံ၊ လက်အောက်ခံနိုင်ငံတွေ ဘ၀က နေ လွတ်မြောက်သွားကာ တစ်ကျော့ပြန် ခေါင်းထောင်လာနိုင်ခဲ့ကြတော့တယ်။ အဲဒီ အချိန်တုန်းက ဂျွန်ဘီကယ်လီ (John B-Kelly)က ဒီလိုကောက်ချက်ချ တယ်။
“ဆော်ဒီတွေအတွက် သူတို့ကိုဖိနှိပ်ခဲ့တဲ့ အနောက်ကို ပြန်လည်လက် စားချေလိုက် နိုင်တော့ ကျေနပ်မှုနှစ်ဆတောင်ရခဲ့ကြတယ်ဆို သံသယ ရှိစ ရာမလိုပါဘူး။ ဆောဒီအာရေးဗျရဲ့ လွတ်လပ်ရေးနဲ့ ပါဝါကို ထုတ်ဖော်ပြ လိုက်ရုံတင်မကပဲ ဆန္ဒရှိနေခဲ့တဲ့အတိုင်း ခရစ်ယန်ကိုသူတို့ အထင်မကြီးဘူး၊ အစ္စလာမ်က ဘာသာတရား အားလုံးထက်သာတယ်ဆိုတဲ့ သဘောထား ကိုလည်းထုတ်ပြနိုင်ခဲ့ကြတယ်။ ရေနံချမ်းသာတဲ့ မွတ်စလင် နိုင်ငံတွေရဲ့ အပြုအမူက “သူတို့သမိုင်း၊ သူတို့ဘာသာရေး၊ သူတို့လူမျိုးရေးနဲ့ သူတို့ ယဉ်ကျေးမှုတွေကိုကြည့်ရင် အနောက်တိုင်း ခရစ်ယန်ဟာ အရှေ့က အစ္စလာမ်အောက်မှာပဲ ရှိတယ်ဆိုတဲ့ သဘောမျိုးအထိပြသရဲလာကြတဲ့ သဘောမျိုးတွေပါ။” (Note 33)

ဆော်ဒီ၊ လစ်ဗျားနဲ့ အခြားအစိုးရတွေက ရေနံကရလာတဲ့ သူတို့ချမ်းသာကြွယ် ၀မှုတွေကို အစ္စလာမ်ဘာသာ ပြန် လည် ရှင်သန်လာရေးအတွက် အသုံးပြု ကြတယ်။ နောက်ပြီး မွတ်စလင်တွေရဲ့ ကြွယ်ဝချမ်းသာမှုဟာ အနောက်တိုင်း ယဉ် ကျေးမှုကို ကျေနပ်သာယာနေရာကနေ သူတို့ကိုယ်ပိုင် ယဉ်ကျေးမှုတွေ ထဲ စိမ့်ဝင်သွားအောင်မွေးစားယူလိုက်ရင်း တချိန်ထဲမှာပဲ အစ္စလာမ်ဘာသာ ဟာ အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုလည်း အစ္စလာမ်မဟုတ်တဲ့ လူ့အဖွဲ့ အစည်း တွေကြားပြသဖို့ စိတ်အားထက်သန်လာကြတော့တယ်။ အရင်က အနောက်တိုင်းရဲ့ ကြွယ်ဝ ချမ်းသာမှုကြောင့် အနောက် တိုင်းယဉ်ကျေးမှုဟာ သူများယဉ်ကျေးမှုတွေထက် သာတယ်ဆိုတဲ့ သက်သေ သာဓကဖြစ်ခဲ့ သလို ရေနံကြွယ်ဝမှုကြောင့် အစ္စလာမ်ရဲ့ သာလွန်မှုကိုလည်း ပြသနေသလို ထင်လာရပါတော့တယ်။

၁၉၈၀ ခုနှစ်တွေရောက်လာတော့ ရေနံဈေးနှုန်းတွေ ငြိမ်ဆင်းသွားပြီး ရေနံ က ပေးနေတဲ့ တွန်းအားတွေလျော့ သွားတော့ လူဦးရေတိုးပွားမှုနှုန်းက အားသစ်လောင်းပေးလိုက်ပြန်တယ်။ အရှေ့အာရှ တိုးတက် လာခြင်းဟာ အထင်ကရ မြန်မြန်ဆန်ဆန်ကြီးတိုးတက်လာတဲ့ စီးပွားရေး ကြောင့်ဖြစ်သလို အစ္စလာမ်ရဲ့ နိုးထလာခြင်းကိုလည်း အထင်ကရ တိုးပွား လာတဲ့ သူတို့ လူဦးရေက အလားတူ အားသစ်ပြန်လောင်းပေးနေပြန်တယ်။ ဘော်(လ်) ကန်ဒေသတွင်း နိုင်ငံတွေ၊ မြောက် အာဖရိကနဲ့ အာရှ အလယ်ပိုင်း နိုင်ငံတွေ နဲ့ အခြားအစ္စလာမ်မစ် နိုင်ငံတွေမှာ တိုးပွားလာနေတဲ့ လူဦးရေက အိမ်နီးနား ချင်း နိုင်ငံတွေထက် အများကြီးပိုများနေသလို ယေဘုယျ ခြုံကြည့်ရင် ကမ္ဘာ့ လူဦးရေတိုးပွားနေပုံထက်လည်း သာနေဆဲပါပဲ။
၁၉၆၅ နဲ့ ၁၉၉၀ ခုနှစ်တွေအတွင်း တစ်ကမ္ဘာလုံးရဲ့ လူဦးရေဟာ ၃.၃ ဘီလီ ယံကနေ ၅.၃ ဘီလီယံအထိ တိုးပွား ခဲ့ပါတယ်။ မွတ်စလင်နိုင်ငံတွေရဲ့ နှစ် စဉ် လူဦးရေတိုးပွားမှုနှုန်းက အမြဲတန်း ၂.၀ ကို ကျော်နေပြီး မကြာမကြာ ၂.၅ ကို တောင် ကျော်သွားတတ်တယ်။ တချို့အချိန်တွေမှာ ဆိုရင် ၃.၀ ရာခိုင်နှုန်း အထိရှိတယ်။ ဥပမာအားဖြင့် ၁၉၆၅ နဲ့ ၁၉၉၀ ခု အတွင်း မဂ္ဂရပ် (ဘ်)ရဲ့ နှစ် စဉ်လူဦးရေ တိုးပွားနှုန်းက ၂.၆၅ ရာခိုင်နှုန်းရှိပြီး၊ ၂၉.၈ ဗီလီယံကနေ ၅၉.၀ ဗီလီယံ အထိ ရှိလာတယ်။
(Maghreb - အရပ်ဟာ အာဖရိက အနောက်ပိုင်း (သို့မဟုတ်) အာဖရိက အနောက် မြောက်ပိုင်းနဲ့ အီဂျစ် အနောက်ပိုင်း)

အယ်(လ်)ဂျီရီးယားရဲ့ လူဦးရေတိုးပွား မှုနှုန်းက ၃.၀ ရာခိုင်နှုန်းအထိရှိတယ်။ ဒီနှစ်တွေ အတွင်းမှာပဲ အီဂျစ်က ၂.၃ ရာခိုင် နှုန်းနဲ့ ၂၉.၄ ဗီလီံယံကနေ ၅၂.၄ ဗီလီယံ။ ၁၉၇၀ နဲ့ ၁၉၉၀ ခုနှစ်တွေအတွင်း အလယ်ပိုင်းအာရှရှိ တာဂျစ် ကစ် စတန်က ၂.၉ ရာခိုင်နှုန်း ဥဇဘက်ကစ္စတန်က ၂.၆ ရာခိုင်နှုန်း၊ တာ့(က်) မင် နစ္စတန်က ၂.၅ ရာခိုင်နှုန်း၊ ကာဂျစ္စတန်က ၁.၉ ရာခိုင် နှုန်း၊ ကာဇက်စတန် ကတော့ ၁.၁ ရာခိုင်နှုန်းပဲရှိတယ်။ ဒါပေမဲ့ သူတို့(ကာဇက်စတန်)ရဲ့လူဦးရေ တစ်ဝက်လောက်က ရုရှားတွေပါ။ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတွေရဲ့ လူဦးရေတိုးပွားနှုန်းက နှစ်စဉ် ၂.၅ ရာခိုင်နှုန်းကျော်ပြီး၊ အင်ဒိုနီး ရှားက ၂.၀ ရာခိုင်နှုန်းကျော်တယ်။ ရှေ့မှာဖော်ပြခဲ့သလိုပါပဲ။ ယေဘုယျ မွတ်စလင် လူဦး ရေဟာ ၁၉၈၀ မှာ ကမ္ဘာ့ လူဦးရေရဲ့ ၁၈ ရာခိုင်နှုန်းရှိပြီး သက္ကရာဇ် ၂၀၀၀ မှာ ၂၀ ရာခိုင်နှုန်း ၂၀၂၅ ခုမှာ ၃၀ ရာခိုင်နှုန်း အထိ ရှိလာနိုင် စရာ ရှိပါတယ်။(Note 34)


မဂ္ဂရပ်(ဘ်)နဲ့ အခြားနေရာတွေက လူဦးရေတိုးပွားနှုန်းဟာ ထိပ်ဆုံး(အမြင့် ဆုံး)ကို ရောက်သွားခဲ့ပြီး အခုစတင် လျော့ကျလာနေတယ်။ ဒါပေမဲ့ ကျလာ တဲ့ နှုန်းထားနဲ့ဆိုရင်ပဲ လူဦးရေဟာ သိပ်များနေ ပါလိမ့်ဦးမယ်။ ပြီးတော့ ဒီလူဦးရေ တိုးပွားမှုက ၂၁ ရာစုရဲ့ ပထမ ၂၅ နှစ်အတွင်းမှာ သက်ရောက် မှုအများကြီးရှိနေလိမ့်မယ်။ များပြားလှတဲ့ ဆယ်ကျော် သက် တွေနဲ့ ၂၀ နဲ့ ၃၀ အကြား လူငယ်ထုရဲ့ လူဦးရေ အရေအတွက်ကို ထောက်ဆရင် လာမယ့်နှ စ်တွေအတွင်း မွတ်စလင် လူဦးရေဟာ အချိုးအစားမညီမျှစွာ လူငယ်တွေပဲ အများစုဖြစ်နေပါလိမ့်မယ်။ (အညွှန်း ၅.၂ ကိုကြည့်ပါ)။ ဒါ့အပြင် ဒီ အရွယ် လူငယ်ထုအများစုက မြို့ပြတွေမှာ နေထိုင်ပြီး အနည်းဆုံး အလယ်တန်း အဆင့်ပညာရေး ရှိနေကြလိမ့်မယ်။ ဒီလူ ဦးရေပမာဏနဲ့ လူထုလှုပ်ရှားမှု ပမာဏကို ပေါင်းလိုက်ရင် နိုင်ငံရေးအရ သိသာထင်ရှားတဲ့ အကျိုးဆက် သုံးခု ရှိလာနိုင်ပါတယ်။

တစ် ။ ။ လူငယ်တွေဟာ ဆန့်ကျင်မှုလုပ်ဖို့ လက်မနှေးတတ်ဘူး၊ တည်ငြိမ် ရင့်ကျက်မှု မရှိသေး၊ ပြောင်းလဲပြုပြင်ရေး နဲ့ တော်လှန်ရေးဝါဒ ရှိကြတယ်။ သမိုင်းကြောင်းအရကြည့်ရင် ဒီလောက်များပြားတဲ့ လူငယ်တွေခေတ်မှာ လှုပ် ရှားမှု ကြီးကြီးမားမားတွေ ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ ပြောပြနေတယ်။ “ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးဟာ လူငယ်ထုရဲ့ လှုပ်ရှာမှုတွေထဲက အကောင်းဆုံး ဥပမာတစ်ခုပါ။” ဂျက်ဂိုး(လ်)စတုန်း (Jack Gold stone) က စေ့စေ့စပ်စပ်နဲ့ ဒီလို ဆွေးနွေးပြတယ်။ “လူဦးရေတိုးပွားမှုဟာ ယူရေးရှာ မှာ ဖြစ်ပွားခဲ့တဲ့ ၁၇ ရာစု အလယ်ခေတ်တော်လှန်ရေးနဲ့ ၁၈ ရာစု နှောင်း ပိုင်း တော်လှန်ရေး နှစ်ခုတို့ရဲ့ အဓိကအချက်တစ်ချက် ဖြစ်ပါတယ်။”(Note 35)

အနောက်တိုင်း နိုင်ငံတွေမှာ အထင်ကရ တိုးပွားလာတဲ့ လူငယ်လူဦးရေ ဟာ (၁၈) ရာစု နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ “ဒီမိုကရေစီတော် လှန်ရေး” နဲ့ သွားပြီး တိုက်ဆိုင်နေတယ်။ ၁၉ ရာစု ထဲမှာတော့ အောင်မြင်တဲ့ စက်မှုစီးပွားရေးနဲ့ ဥရောပ နိုင်ငံတွေအတွင်း အပြန်အလှန်ဝင်ရောက်နေထိုင်လာခြင်းတွေေ ကြာင့် ဥရောပနိုင်ငံတွေမှာ လူငယ်ထုရဲ့ နိုင်ငံရေးပေါ် သက်ရောက်မှု လျော့ ကျသွားခဲ့တယ်။ ၁၉၂၀ ခုနှစ်တွေ အတွင်းမှာ လူငယ်လူဦးရေ တက်လာ ခဲ့ပေမဲ့ ဖက်ဆစ်ဝါဒနဲ့ အခြားအစွန်းရောက်ဝါဒ လှုပ်ရှားမှုတွေရဲ့ အဖွဲ့ဝင်သစ် စုဆောင်းမှုထဲ လူငယ်တွေပါသွားပြန်တယ်။ (Note 36)
နောက်နှစ်ေ ပါင်း ၄၀ ကြာတဲ့အခါမှာတော့ ဒုတိယကမ္ဘာစစ်အပြီး မွေးဖွား ခဲ့တဲ့ လူငယ်မျိုးဆက်က ၁၉၆၀ ခုနှစ်တွေ မှာဖြစ်ပွားခဲ့တဲ့ လမ်းပေါ်တက် ဆန္ဒပြခြင်းတွေနဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခု နိုင်ငံရေးလောကထဲ ချန်ထားခဲ့ကြပြန် တယ်။

အစ္စလာမ်ရဲ့ လူငယ်ထုကလည်း “အစ္စလာမ်ဘာသာ ပြန်လည်နိုးထခြင်း” နဲ့ သူတို့အမှတ်အသားကို ပြခဲ့ပြီးဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်တွေမှာ လှုပ်ရှားမှုကြီး စတင်ခဲ့ပြီး ၁၉၈၀ ခုနှစ်တွေမှာ အရှိန်အဟုန်ကောင်းလာခဲ့တယ်။ အဓိက မွတ်စလင်နိုင်ငံတွေထဲက (၁၅ နှစ်နဲ့ ၂၄ နှစ်အတွင်း) လူငယ်အရေအတွက် ဟာသိသိသာသာကြီး တိုးပွားလာပြီး စုစုပေါင်း လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ကို ကျော်လွန်သွားခဲ့တယ်။ မွတ်စလင်နိုင်ငံ အများစုရဲ့ လူငယ်အရေအတွက် ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေအတွင်း အမြင့်ဆုံးကို ရောက်ခဲ့သလို ကျန်တဲ့ မွတ်စလင်နိုင်ငံတွေရဲ့ လူငယ်ထုက လည်း ၂၁ ရာစု အဦးပိုင်းမှာ အမြင့်ဆုံး ကိုရောက်လာပါလိမ့်မယ်။ (ဇယား ၅-၁ ကိုကြည့်ပါ) ခြွင်းချက်တစ်ခုက လွဲရင် စနစ်တကျ ပြင်ဆင်ထားခဲ့တဲ့ နိုင်ငံတိုင်းရဲ့ လူငယ်လူဦးရေဟာ သူတို့နိုင် ငံတွေမှာရှိတဲ့ စုစုပေါင်း လူဦးရေရဲ့ ၂၀ ရာ ခိုင်နှုန်းထက် ကျော်နေမယ်။ ခြွင်းချက်တစ်ခုဆိုတာကတော့ ဆော်ဒီအာရေးဗျရဲ့ လူငယ်လူဦးရေဟာ ၂၁ ရာစုရဲ့ ပထမဆုံး ၁၀ နှစ် မှာ အမြင့်ဆုံးရောက်မယ်ဆိုတဲ့ ခန့်မှန်း ချက်လွဲ သွားပြီး ဒီထက်စောပြီး အမြင့်ဆုံးကိုရောက်သွားခြင်းပါ။

ဒီလူငယ် ထုကြီးဟာ အစ္စလာမ်မစ်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေ အတွက် တစ်တပ်တစ်အား ဖြစ်ခဲ့တယ်။ အီရန်နိုင်ငံရဲ့ လူဦးရေဟာ ၁၉၇၀ ခုနှစ်တွေအတွင်းမှာ အမြင့်ဆုံး အနေအထားကို ရောက်ခဲ့ပါတယ်။ ဒီကာလတွေရဲ့ နောက်ဆုံး ၅ နှစ်အချိန်အတွင်း လူငယ်လူဦးရေက စုစုပေါင်း လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့ချိန်နဲ့ ၁၉၇၉ ခုနှစ်က အီရန် တော် လှန်ရေး ဖြစ်ပွားချိန်ဟာ တိုက်ဆိုင်မှုသက်သက်ဖြစ်နိုင်မယ်မဟုတ်ပါဘူး။ အယ်(လ်)ဂျီးရီးယားနိုင်ငံ မှာလည်း ၁၉၉၀ ခုနှစ်တွေ အတွင်း လူငယ်လူဦးရေ စုစုပေါင်း ၂၀ ရာခိုင်နှုန်းကို ရောက်ချိန်နဲ့ အစ္စလာမ်မစ် (F.I.S) ပါတီက လူကြိုက်များပြီး ရွေးကောက်ပွဲနိုင်ချိန် တိုက်ဆိုင်နေခဲ့တယ်။ အထူးအားဖြင့် အဲဒီ မွတ်စလင်လူငယ်ထုရဲ့ ခေတ်ထဲမှာပဲ ဒေသတွင်း မတူညီ စိတ်ဝမ်း ကွဲပြားမှုတွေ ဖြစ်ပွားခဲ့တာပါ။ (ဇယား ၅-၃ ကိုကြည့်ပါ)။

အချက်အလက်(ဒေတာ) တွေကိုဂရုတစိုက်နဲ့ ညှိနှိုင်းအဖြေရှာရမှာ ဖြစ်ပါတယ်။ ဘော့(စ်)နီးယာနဲ့ အယ်(လ်) ဘေး နိးယား ရဲ့ လူငယ် လူဦးရေဟာ ၂၀ ရာစုနဲ့ ၂၁ ရာစု အကူးအပြောင်းကာလအတွင်းမှာ လျော့ကျလာလိမ့်မယ်လို့ ပရောဂျက် က ညွှန်ပြနေပြီး ပင်လယ်ကွေ့ နိုင်ငံတွေရဲ့ လူငယ်လူဦးရေ တိုးပွားနှုန်းကတော့ ဆက်လက်တည်ရှိ နေပါလိမ့် ဦးမယ်။ ၁၉၈၈ ခုနှစ်မှာ နန်းလျာထားခြင်းခံရတဲ့ ဆော်ဒီအာရေးဗျမင်းသား အဗ္ဗနူလာက နိုင်ငံအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုက လူငယ်ထုထဲမှာ အစ္စလာမ်မစ်အယူသည်း မှုတွေ တိုးပွားလာနေခြင်းပဲလို့ ပြောခဲ့ပါတယ်။(Note 37) ဒီခန့်မှန်းခြေတွေ အတိုင်းသာဆိုရာ ဒီအန္တရာယ်ဟာ ၂၁ ရာစုထဲအထိ ကောင်းကောင်းကြီး ဆက်လက်တည်ရှိ နေပါလိမ့်ဦးမယ်။

အဓိက အာရပ်နိုင်ငံတွေရဲ့ (အယ်(လ်)ဂျီးရီးယား၊ အီဂျစ်၊ မော်ရိုကို၊ ဆီးရီး ယားနဲ့ တူနီးရှား) အသက် ၂၀ ကျော်တွေ အလုပ်ရှာဖွေမှုနှုန်းဟာ ၂၀၁၀ အထိ အများအပြား ရှိနေလိမ့်ပါမယ်။ ၁၉၉၀ ခုတွေနဲ့နှိုင်းရင် တူနိးရှားမှာ အလုပ်ခွင်ထဲ ၀င်ရောက်လာတဲ့ လူငယ်အရေအတွက်ဟာ ၃၀ ရာခိုင်နှုန်း၊ အယ်(လ်)ဂျီးရီယား၊ အီဂျစ်နဲ့ မော်ရိုကိုတို့မှာ ၅၀ ရာခိုင်နှုန်းနဲ့ ဆီရီးယားမှာ ရာနှုန်းပြည့်တိုးပွားလာပါမယ်။ အာရပ်နိုင်ငံတွေရဲ့ စာတတ်မှုနှုန်း ရုတ်တ ရက် မြင့်မားလာခြင်း ကြောင့် စာမတတ်တဲ့ ရှေ့က မျိုးဆက်နဲ့ စာတတ်တဲ့ လူငယ်မျိုးဆက်တွေကြား ကွာဟမှုကြီးတစ်ခု ဖြစ်စေပြီး ဒါကြောင့်ပဲ “"ပညာနဲ့ ပါဝါကြား ဟန်ချက်မညီ” နိုင်ငံရေးလမ်းကြောင်း ပြောင်းသွားစရာ လည်း ဖြစ်လာနိုင်ပြန်ပါတယ်။ (Note 38)

ပိုများလာတဲ့ လူဦးရေအတွက် အရင်းအမြစ်တွေလည်း ပိုလိုလာတယ်။ ဒီတော့ လူဦးရေထူထပ်တဲ့ (သို့မဟုတ်) ရုတ်တရက်ကြီး လူဦးရေတိုးလာ တဲ့နေရာက လူတွေဟာ လူဦးရေသူတို့လောက်မများတဲ့ နေရာတွေဆီ တိုးဝင်လာ တတ်တယ်။ နယ်မြေတွေ သိမ်းပိုက်လာတတ်တယ်။ လူဦးရေ တိုးမှုနှုန်း သူတို့လောက် အားမကောင်းတဲ့ လူ့အဖွဲ့ အစည်း တွေအပေါ် ဖိအားတွေ ပိုပေးလာတတ်တယ်။ ဒါကြောင့် အစ္စလာမ် ဘာသာဝင် လူဦးရေ တိုးပွားလာမှုဟာ အစ္စလာမ်နိုင်ငံ နယ်နိမိတ်တွေနဲ့ဆက်စပ်နေတဲ့ မွတ်စလင်နဲ့မွတ်စလင်မဟုတ်သူတွေကြားက ပဋိပက္ခတွေကို အဓိကမွေး ထုတ်ပေးနေတဲ့ အကြောင်း တစ်ကြောင်း ဖြစ်နေပါတယ်။ လူဦးရေထူထပ်မှုနဲ့ စီးပွားရေး အီလည်လည်ဖြစ်နေမှု နှစ်ခုပေါင်း စပ်လိုက်တော့ မွတ်စလင်ေ တွက အနောက်နိုင်ငံတွေနဲ့ မွတ်စလင်မဟုတ်တဲ့နိုင်ငံတွေထဲဝင် ရောက်ေ နထိုင်လာနှုန်းကလည်း မြင့်တက် လာတယ်။ လူဦးရေ ထူထပ်လွန်းတဲ့ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံခြားမှာ သွားရောက်နေထိုင်ရေး'မူ'ဟာ အမြဲတန်း ရှိနေလိမ့် မယ်။ ရုတ်တရက်ကြီး တိုးပွားလာနေတဲ့ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ တိုးပွားမှုနှုန်းနည်းတဲ့ (သို့မဟုတ်) လုံးဝ မတိုးသလောက် ဖြစ်နေတဲ့ လူတွေ ရဲ့ယဉ်ကျေးမှုတို့ သူသာကိုယ်သာယှဉ်ပြိုင်မှုဟာ အဖွဲ့အစည်းနှစ်ခုစလုံး အတွက် စီးပွားရေးနဲ့နိုင်ငံရေး ဟန်ချက်ပြန်ညှိယူရမယ့် အနေအထားဆီ တွန်းပို့ပေးနေတတ်ပြန်တယ်။

ဥပမာအားဖြင့် ၁၉၇၀ ခုနှစ်တွေမှာ ရုရှားလူဦးရေ တိုးပွားနှုန်းက ၆.၅ ရာခိုင်နှုန်းပဲရှိပြီး မွတ်စလင် တိုးပွားနှုန်းက ၂၄ ရာခိုင်နှုန်းအထိ ဖြစ်နေတော့ ဆိုဗီယက်ပြည်ထောင်စုလူဦးရေဇယားမှာ အပြောင်းလဲတွေ အများအပြားဖြစ် ခဲ့တယ်။ ဒါက အာရှအလယ်ပိုင်း နိုင်ငံတွေရှိ ကွန်မြူနစ် ခေါင်းဆောင်တွေ ကို ခေါင်းမီးတောက်စေခဲ့တယ်။ (Note 39) အလားတူပါပဲ ရုတ်တရက်ကြီး တိုးပွားလာတဲ့ အယ်(လ်)ဘေးနီးယားတွေကကြောင့် ဆပ်(ဗ်)တွေ ဂရိတွေနဲ့ အီတလီ လူမျိုးတွေ စိုးရိမ်မကင်း ဖြစ်ကြရတယ်။ အစ္စရေးက ပါလက်စတိုင်း လူဦး ရေတိုးပွားမှုကို ပူပန်နေရသလို စပိန်ကလည်း သူတို့လူဦးရေး တိုး ပွားနှုန်းက ၅ ပုံ ၁ ပုံသာ ရှိလေတော့ သူတို့ထက် ၁၀ ဆ ပိုမျိုးနေတဲ့ အိမ်နီးချင်း မဂ္ဂရပ်(ဘ်) နိုင်ငံတွေရဲ့ လူဦးရေကြောင့် စိတ် မအေးနိုင်ကြဘူး။

ဆက်ရန်