ကျနော်မရှိချိန်မှာများ တယ်လီဖုန်းလာခဲ့ရင် မလွဲအောင်လို့ဆိုပြီး အော်တို မက်တစ် ဖုန်းဖြေတဲ့စက်ကလေး တပ်ဆင်ထားလိုက်မိတယ်။ ဒီတော့မှ နည်း ပညာက ဘယ်လောက် ရှေ့ရောက်နေတယ်ဆိုတာ သိရတော့တယ်။ ဟိုဖက် က ခေါ်တာကလည်း စက်ပဲ ဖြစ်နေတယ်လေ။
ဒါနဲ့ စိတ်ဝင်စားလို့ လေ့လာကြည့်တော့ ကျနော့်ဆီခေါ်ရင် ကျနော့်စက်က အလုပ်နဲ့ဆိုင်တဲ့ လမ်းညွှန်ချက်တွေ တန်းပြောပြပြီး မက်ဆေ့ ချန်ထားခဲ့ ဖို့ပြောတယ်။ ဟိုဖက်ကက်ကလည်း အဲသလိုပဲ မက်ဆေ့ချန်ထားခဲ့ဖို့ပြောပြီး တစ်စက်နဲ့ တစ်စက် ဆစ်ဂနယ်တွေပေးပြီး ခဏစောင့်ကြတယ်။ ပြီးတော့ ဘာမက်ဆေ့မှ ချန်မထားကြဘူး။
ခဏနေတော့ ဟိုဖက် ဖုန်းက ကျနော် မဖြေတာထင်ပြီး ထပ်ထပ် ခေါ်တယ်။ ကျနော်တော့ အသလိုပဲထင်တယ်။ ကျနော့်စက်ကလည်း ဖုန်းဝင်လာတိုင်း ဒီအတိုင်းပဲ ဆက်ဆံတယ်။ မက်ဆေ့ ချန်ထားခဲ့ဖို့ပဲ ပြောတယ်။ အကြိမ်ပေါင်း မနည်းလှဘူး။
ဒါမှမဟုတ် အော်တိုမက်တစ်စက်ချင်းများ တစ်စက်ကိုတစ်စက် သာယာနေ ကြသလားမသိဘူး။ ဒီလိုလေ ကျနော့်ဖုန်းထဲက အသံက အမျိုးသားအသံ၊ ဟိုဖက်က အမျိုးသမီးအသံ။ ဒီခေတ် နည်းပညာက ပြောလို့ရတာ မဟုတ်ဘူး ။ လူနဲ့ တော်တော်တူနေပြီ။
( Bruce Peasley )
ဇင်ဝေသော်