poverty and education

RD: Beyond AIDS, what is the single greatest problem facing the world right now?

Mandela: The question of poverty and lack of education, those two combined. It's important for us to ensure that education reaches everybody.
Without education your children can never really meet the challenges they will face. So it's very important to give children education and explain that they should play a role for their country.

(RD, July, 2013)

မီးလောင်နေတဲ့ အိမ်

ဤပုံပြင်က အသစ်မဟုတ်။ Silk Road ပုံပြင်ဟု လူသိများပြီး အိန္ဒိယနှင့် တရုတ်ယဉ်ကျေးမှုစာပေမှာ ပုံစံကွဲများနှင့်လည်း ရှိနေတတ်သည်။
ကုန်သည်ဖခင်သူဌေးကြီး ခရီးထွက်ရာမှ ပြန်အလာ သူ့အိမ် မီးလောင်နေ သည်ကို တွေ့ရသည်။ သူ့ကလေးများက အိမ်ထဲမှာရှိနေပြီး မီးလောင်နေ သည်ကို သိပင် မသိကြ။ ထိုအခါ စိတ်ပူတကြီးနှင့် သူ့ကလေးတွေကို အပြင်ထွက်လာခဲ့ကြဖို့ အော်ခေါ်သည်။ ကလေးတို့က မီးကို မမြင်ရသဖြင့် သူတို့ဖခင်ကြီးပြောတာကို မယုံကြည်ကြ။ မီးစလောင်သည့်နေရာကလည်း သူတို့ မမြင်ရသေးသည့် နေရာမှာဖြစ်နေသည်။ ထိုကြောင့် ကြောက်စိတ် မ ဝင်၊ ဘေးကင်းရာ ထွက်ပြေးလာဖို့လည်း စိတ်မကူးကြ။

ဝင်ပေါက်ထွက်ပေါက်ကလည်း နှစ်ပေါက်သာ ရှိသည်ဟုဆို၏။ မယုံကြည် လျှင် အားလုံး ဒုက္ခရောက်ကြရတော့မည်။ ထိုအခါ ဖခင်က နည်းဗျူဟြာေ ပာင်းလိုက်သည်။ မီးလောင်နေသည်ဟု ပြောပြီး ခေါ်နေမည့်အစား သူတို့ အတွက် ခရီးပြန်လက်ဆောင်တွေပါသည်၊ ထွက်လာခဲ့ကြ ဟု အော်ခေါ် သည်။
ထိုအခါရောက်မှ ကလေးတွေအားလုံးထွက်လာပြီး ဘေးရန်ကင်းတော့သည်။ သူတိုကိုယ်တိုင် အိမ်အပြင်ရောက်တော့မှ သူတို့နေသည့် အိမ်ကြီး၏ အခြား တစ်ဖက်ခြမ်းမှာ အမှန်တကယ် မီးလောင်နေခြင်းဖြစ်ကြောင်း သိလာကြရ သည်။
ပုံပြင်အချုပ်က ဤမျှသာဖြစ်သည်။

မဟာယာန ယဉ်ကျေးမှုမှာတော့ သတ္တဝါတွေကို ကလေးတွေနှင့်တင်စားပြီး ဘုရားရှင်ကို ကုန်သည်ဖခင်သူဌေးကြီးနှင့် တင်စားသည်။
ဤ၌..

၁။ ဖခင်သူဌေးကြီးပြောသောစကားသည် မုသာဝါဒ ဟုတ် မဟုတ် ( မဟုတ် ဟူလို) နှင့်
၂။ ကလေးကို ခြောက်လို့မရလျှင် ချော့ရသည်ဆိုသည့် မော်ရယ်ကို ပေးလို ရင်း ဖြစ်ပေသည်။

အကယ်၍ အရွယ်ရောက်ပြီးကလေးများဆိုလျှင်တော့ ကလေးတို့၏ ခေါင်းမာ တတ်သည့်သဘော၊ မျက်စေ့ဖြင့် မြင်ရမှ ယုံကြည်မည်ဆိုသည့် သဘောကို လည်း ထည့်သွင်း စဉ်းစားနိုင်ပေမည်။ တကယ့်ဘေးရန်ကို မြင်နိုင်သည့် စွမ်း ရည်၊ မြင်နိုင်သည့် နေရာ စသည်လည်း သူတိုမှာ မရှိရှာ။
ဤသဘောကိုပင် သံလရာ ဘေးဒုက္ခတို့နှင့် နှိုင်းယှဉ်ပြသည်ဟုလည်း ပညာ ရှင်တို့ ယူဆကြသည်။ ဖခင် (သို့) ဘုရားရှင်ကသာ ဤ ဘေးဒုက္ခတို့ ကို တွေ့နေရသည်ဟု ဆိုလိုသည်။

မီးလောင်မှုနှင့်ပတ်သက်သည့် ဥပမာတချို့ ထေရဝါဒစာပေမှာ တွေ့ရသည်။ အများအားဖြင့်တော့ ခန္ဓာငါးပါး 'အိမ်' ကို မီးလောင်မှုနှင့် နှိုင်းယှဉ်ပြသည်။ မီးဆိုရာမှာ လောဘ၊ ဒေါသ၊ မောဟဟု ညွှန်းဆိုသလို ဒုက္ခသစ္စာကို တစ်ပါး စီရေတွက်ပြီး မီးဆယ့်တစ်တန်ဟုလည်းဆိုသည်။ ထို့အပြင် ကိလေသာ ၁၀ ပါးကိုလည်း မီးဟု ဆိုတတ်သည်။
မည်သို့ဖြစ်စေ ဤက လေးနက်လှသည့် ဒေသနာဖြစ်သွားပေပြီ။

သာမန်အရပ်စကားနှင့်ဆိုရလျှင် နေရာပြောင်းလဲမကြည့်မိသေးသရွေ့
မီးလောင် မှုကိုလည်း မမြင်နိုင်သေးဟု ဆိုရမည်ထင်သည်။
အတွေးအခေါ်၊ ယုံကြည်မှုစသည်အားဖြင့်လည်း အခြား တစ်ယောက်၏နေ ရာမှ မကြည့်မိသေးသရွေ့ လောင်နေသည့် မီးကို မတွေ့ရနိုင်။ မိမိစွဲမြဲစွာယူထားသည့် အယူကိုခွာပြီး ရှုဒေါင့်ပြောင်းကြည့်နိုင်မှ အနည်းဆုံး မီးလောင်နေသည်ကိုလက်ခံလာနိုင်ပေမည်။

ဖခင်နေရာကကြည့်တော့ ကလေးတို့လည်း မီးတောက်ကြီးများကို တွေ့ရ သည် မဟုတ်ပါလား။
ဘုရားဟောမဟုတ်သော်လည်း ဤပုံပြင်က စဉ်းစားဖွယ် များစွာဖြင့် ခန့်ငြားလေးနက်လှ၏။

ရေးတတ်ရင် ဝတ္ထုဖြစ်မယ်

ပြည်တွင်းက ဆရာ၊ ဆရာမတွေ ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ ငါတို့ရင်ဆိုင်နေရတာတွေက မပြောပလောက်သေးပါလားလို့တောင် ထင်ေ ကာင်းထင်သွားနိုင်ပါတယ်။ နားထောင်ရတာကိုပဲ စိတ်ငြစ်စရာ ပျော်စရာေ လးတွေပါ။ စင်္ကာပူက ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှု အကယ်ဒမီသင်တန်း က ဆရာတော်တွေနဲ့ ဆရာ၊ဆရာမတွေ ဆွေးနွေးနေသံကို မှတ်မိသရွေ့ အကျဉ်းချုပ်ပြောပြပါမယ်။ ပြီးရင် ကျေးဇူးပြုပြီး သက်ပြင်းချရင်း ပြုံးပေးပါ။

မြန်မာစာ

အရှုပ်ထွေးဆုံး ကဏ္ဍ မြန်မာစာက စပါရစေ။
အရင်ဆုံး မြန်မာစာလုံးဝ မပြော၊ မရေး၊ မဖတ်တတ်အဆင့်။
ပြီးတော့ အခြေခံအဆင့်၊
ပြီးတော့မှ အထိုက်အလျှေက် တတ်တဲ့အဆင့်ပေါ့။
ဒီအထိ ရှင်းသေးတယ်လေ။ သူ့အတန်းနဲ့သူ ခွဲလိုက်ရုံပဲ။

ဒါပေမဲ့ နိုင်ငံခြားရောက်နေတဲ့ မြန်မာကလေးတွေရဲ့ မြန်မာစာအဆင့်က အရွယ်နဲ့ခွဲလို့မရတော့ဘူး။ ဆိုလိုတာက ကလေးတစ်ယောက်က ၁၂ နှစ်၊ ၁၃ နှစ် ရှိကောင်းရှိမယ်၊ သူ့ မြန်မာစာကျတော့ ဇီးရိုး၊ အဲသလိုပဲ ၅ နှစ် အရွယ်ကလေးကလည်း မြန်မာစာ ဇီးရိုး။ သူတို့ကို အရွယ်နဲ့မခွဲဘဲ မြန်မာ စာ အဆင့်နဲ့ ခွဲလိုက်တော့ ကြီးတဲ့ကလေးက မှတ်ဉာဏ်အားကောင်းတော့ သိပ်မကြာခင် ၅ နှစ်အရွယ်ကလေးထက် သာသွားရော။ သူတို့ကို တစ်တန်း ထဲ ထားပြီးဆက်သင်ရင် အကြီးကလေးက စိတ်ဝင်စားမှု ရှိမှာမဟုတ်တော့ ဘူး။
ဒီတော့ သူတို့ကို အတန်းခွဲပေးမှ ရတော့မယ်။ တစ်တန်းက နှစ်တန်းဖြစ် သွားပြီ။

နောက် မြန်မာစာလုံးဝ မတတ်သေးတဲ့ကလေးတွေကိုကျတော့ ဘာသာရေး ကိုတောင် မသင်သေးပဲ (မြန်မာလို သင်လို့မှ မရသေးတာဘဲ) မြန်မာစာပဲ သင်ပေးလိုက်ကြတယ်။ အထိုက်အလျောက် ရသွားပြီဆိုတော့ သူတို့ကို အထက်က အတန်းထဲပေါင်းပေးလိုက်ပေါ့လေ။
သူတို့ကို အထက်ကအတန်းထဲပေါင်းပေးလိုက်တော့ နောက်ထပ်အခက်အခဲ ရှိလာပြန်ရော။ အဲဒါက သူတို့တက်ရမယ့် အတန်းထဲက ကလေးတွေက ဘာ သာရေးအချို့ သင်ပေးပြီးသားဆိုတော့ ကဗျာလေးတွေ၊ စာလေးတွေ ရွတ် တတ်နေပြီ။ သူတို့ကပါးစပ်ဟောင်းလောင်းလေးတွေပေါ့။ မြန်မာစာအဆင့်သာတူပြီး ဘာသာရေးက မတူတော့
ဘာသာရေးသင်မယ်ဆိုတော့ နောက်တက်ကလေးတွေကို အတန်းခွဲသင်ဖို့ လိုလာပြန်ရော။ ဟုတ်တယ်လေ၊ အတူတူထားလို့ မရပြန်ဘူး။

ဘာသာနဲ့ ယဉ်ကျေးမှုကိုရော ဘယ်လိုသင်ကြမလဲ။
ပြည်တွင်းမှာ သင်ရိုးညွှန်းတန်း ကောင်းကောင်းတွေ ရှိတာပေါ့။ ဒါပေမဲ့ မြန်မာစာတောင် အဲသလို အုပ်စုတွေ အမျိုးမျိုး ခွဲနေရတော့ အဲဒီ သင်ရိုးညွှန်းတန်းတွေအတိုင်းလိုက်ဖို့ကျ ခက်နေပြန်ရော။ နောက် မတူညီတဲ့ ပတ်ဝန်းကျင်နဲ့ အနေအထား။
ပြည်တွင်းက ကလေးတွေအတွက် ယဉ်ကျေးမှုဆိုတာ သူတို့ဝန်းကျင် မှာ တွေ့နေရတာ။ ဒီက ကလေးတွေ တွေ့နေရတာက ဒီယဉ်ကျေးမှုတွေ မဟုတ်ပြန်ဘူး။ တကယ့်ကို ချဲလင့်ဂ်ျပဲ။ အချိန်က မအားမလပ်၊ လူအင်အား က မလုံမလောက်။

ဒါပေမဲ့ သူတို့မျက်နှာတွေကြည့်တော့ စိတ်ပျက်ဟန်မရှိကြဘူး။ ပြုံးလို့ ပျော်လို့လေ။ ဒါက ဝမ်းသာစရာမဟုတ်လား။

ဒါလေးတွေကို စာရေးကောင်းသူတစ်ယောက်ယောက်ကိုများ ပြောပြရရင် ဝတ္ထုတစ်ပုဒ်ဖြစ်မှာ သေချာတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ (တစ်)

အီး အား ယား၊ ဝှစ် ဝှစ်
(အသံမာမာနဲ့ ပြောရမည်)
"မင်းသိုင်းလေ့ကျင့်တာ ဘယ်လို အခြေအနေရှိသလဲ"
"တချို့ သိုင်းကွက်တွေ မေ့ကုန်ပြီ ဆရာ"
"ဒါဆို အခြေအနေ အများကြီးတိုးတက်လာပြီ၊ ဆက်လေ့ကျင့်"



(၁၅ ရက်ခန့် အကြာ )
"မင်းသိုင်းလေ့ကျင့်တာ ဘယ်အဆင့် ရောက်သွားပြီလဲ"
"သိုင်းကွက်တွေ အားလုံး မေ့ကုန်ပြီ ဆရာ"
"ဒါဆို မင်း အထွတ်အထိပ်ရောက်သွားပြီ"
"ဘာဖြစ်လို့လဲ ဆရာ"
"သိုင်းကွက်တိုင်း အားနည်းချက် ရှိတယ်။ ဒီတော့ သိုင်းကွက်တိုင်း ခြေဖျက် လို့ရတယ်၊ မင်းမှာ ဘာသိုင်းကွက်မှ မရှိတော့ဘူးဆိုရင် မင်းသိုင်းကွက်ကို ဘယ်သူမှ မခြေဖျက်နိုင်တော့ဘူး။ မင်းဟာ သိုင်းလောကရဲ့ အဓိပတိပဲ"
"သဘောပေါက်ပါပြီဆရာ"


"တိုက်ပ် တိုက်ပ်၊ ကလစ် ကလစ်၊၊ ပို့စ်တ်"

ယခု သိုင်းလောက တခေတ်ဆန်းလာခြင်းဟုဆိုနိုင်သည်။ သိုင်းပညာပါရမီ ရှင်များ များပြားလာပြီး ကြိုးကြိုးစားစားလည်း လေ့ကျင့်ကြသဖြင့် သိုင်းကွက် အားလုံးကို မေ့နေသူတွေ အများအပြား ပေါ်ထွက်လာပြီဖြစ်သည်။ ထို့အတူ သိုင်းလောကရဲ့ အဓိပတိပဲတွေလည်း အများကြီး ပေါ်ထွက်လာနေပြီဖြစ် သည်။ ထို့ကြောင့် မည်သူက အဓိပတိဆိုတာ ပြောလို့မရတော့ပေ။

သိုင်းလောကသားတို့ ထုံးစံအတိုင်း စကားပြောရာမှာလည်း လေသံ မာမာနဲ့ သာ ပြောကြရသည်။ ပြောလို့မရလျင် တိုက်ခိုက်ကြရသည်။ သိုင်းလောက၏ သိမ်မွေ့နက်နဲမှုကို သဘောမပေါက်သူများအနေနှင့် သိုင်းလောကသားတို့ သည် တွေ့ရာလူကို ဝင်တိုက်ခိုက်နေခြင်းဟု ထင်စရာရှိသည်။
မမှန်ပါ၊ သဘောမတူသူကိုသာ တိုက်ခိုက်ကြပါသည်။

တစ်နိုင်ငံလုံး မေတ္တာဓာတ်များထုံးမွှမ်းပြီး အေးချမ်းသာယာစွာနေထိုင်နိုင်ရေးအတွက် အလုပ်လုပ်နေကြရသဖြင့် တိုက်ပွဲပေါင်းများစွာလည်း ဆင်နွှဲနေ ကြ ရသည်။ အရေးကြီးသည်၊ အလွန့်အလွန်မှ အရေးကြီးသည်။ ငြိမ်းချမ်းရေးအတွက် အပြန်အလှန် တိုက်ကြခိုက်ကြရမည်ဖြစ်သည်။ ရန်သူ မိတ်ဆွေ ခွဲခြားရာမှာလည်း ယခင်ကလို မရှုပ်ထွေးတော့၊ ပို၍ ရိုးရှင်းလာ သည်။ ကိုယ့်ဂိုဏ်းကို ထောက်ခံလျင် မိတ်ဆွေ၊ မထောက်ခံလျင် ရန်သူဖြစ် သည်။ သိုင်းလောကကြီး တစ်ခုလုံး အထိတ်တလန့်ဖြစ်အောင် အဖြစ်အပျက်တွေကလည်း အချိန်နဲ့အမျှ ဖြစ်ပျက်လျက်ရှိကြသည်။

ယခင် သိုင်းလောကအတိုင်း မပြောင်းလဲဘဲရှိနေသည်က သိုင်းလောကထဲ မှာ ဖြစ်ပျက်သမျှပြဿနာအားလုံးကို သိုင်းလောကသားတို့ ထုံးစံ အတိုင်း ဖြေရှင်းကြရခြင်းသာဖြစ်၏။ မည်သည့်ဘုရင်မင်းမြတ်၏ စကား၊ ဥပဒေကိုမှ လိုက်နာနေစရာမလို။

သိုင်းလောကသားတို့ ထုံးစံဟူသည် ကိုယ့်ဆော်လျှင် သူ့ပြန်ဆော်ခြင်း သာဖြစ်သည်။ အရေးကြီးသည်၊ အလွန့်အလွန်မှ အရေးကြီးသည်။ မေတ္တာ ဓာတ်များထုံးမွှမ်းပြီး အးချမ်းသာယာစွာနေထိုင်နိုင်ရေးအတွက် အပြန် အ လှန်ဆော်ကြမှရမည်။ မည်သူ့စကားကိုမှ နားထောင်စရာမလို။ သိုင်းလော ကသားတို့ ရည်မှန်းချက်အောင်မြင်ရေးအတွက် ဘုရင်မင်းမြတ်က ငြင်းဆန် လျင်ဘုရင်မင်းမြတ်ကိုလည်း ဆက်လက်တိုက်ကြရမည်ဖြစ်သည်။ ယခုအထိတော့ ဘုရင်မင်းမြတ် ကံကောင်းလျက် ရှိနေသေး၏။
(အတွဲ တစ် ပြီး)

(မှတ်ချက်။ ။ July 3, 2013 တွင် Facebook ၌တင်ပြီးဖြစ်သည်။)

Food for thoughts

1) If people from Poland are called Poles,why ain't people from Holland called Holes?

2) Why is a person plays piano called pianist but a person who drives a race car not called racist?

3) Do infants enjoy infancy as much as adults enjoy adultery?

4) It it is true that we are here to help others, then what exactly are the others here for?

5) Ever wonder what the speed of lightning would be if it didn't zigzag?

6) You never learn to swear until you learn to drive.

7) Isn't making a smoking section in a restaurant like making a peeing section in a swimming pool?