ချယ်လ်ဆီ ရှုံးသွားပြန်ပြီ


သံယောဇဉ်ကြီးစွာ အားပေးခဲ့ရတဲ့ မန်ယူ။
ယုံကြည်မှုကြီးစွာ အားကိုးခဲ့တဲ့ ဦးသိန်းစိန်။
မန်ယူက နှစ်နာရီအတွင်းအဖြေ၊ ဦးသိန်းစိန်က နှစ်လတွင်းအဖြေ။

ပါမောက္ခ မဲလ်ဘန်းနဲ့တွေ့တော့ ဦးလှဆွေကြီးကို သတိရတယ်


ပါမောက္ခ မဲလ်ဘန်းနဲ့တွေ့တော့ ဦးလှဆွေကြီးကို သတိရတယ်။
ပြောဖူးပါတယ်၊ အမေရိကန်မကြီး၊ ဘုန်းကြီးနဲ့ မြန်မာလို စကားပြောရာ မှာ ဝေါဟာရအသုံးအစွဲ လုံးဝမမှားတဲ့ ပါမောက္ခကြီး။
နိုင်ငံခြားတိုင်းပြည်တွေကို မြန်မာလိုခေါ်ရာမှာ မူရင်းနဲ့ ဆက်စပ်မရတာတွေ အကြောင်း ပြောကြတယ်။ ဥပမာ၊ ချိုင်းနားက တရုတ်ဖြစ်နေတာမျိုးပေါ့။
စကားဝိုင်းထဲရှိ ကိုလျှာရှည်မြန်မာက ဘာမှမသိဘဲ ဖေ့စ်ဘုတ် ကွန်မင့်ရေးသလို "ဖရန့်စ်က ပြင်သစ်" လို့လုပ်ပါလေရော။
ဒီတော့ မဲလ်ဘန်းက "ဒါက ဆက်စပ်တယ်လေ၊ ဖရန်စစ်ကနေ ပြင်သစ်၊ ရခိုင်အခေါ်အဝေါ်နဲ့ဆို ပိုတောင်နီးစပ်သေးတယ်" လုပ်ပါလေရော။

ရှက်လိုက်တာ ပြောမေဘာနဲ့ဒေါ့ ဗျာတို့ရေ။ မဲလ်ဘန်းနဲ့ စကားပြောရင်း မဆီမဆိုင် ဦးလှဆွေကြီးကို ဒိရတာ ကျော့ အပြစ် မှုတ်ပါဘုနော့။

ဒါနဲ့ မသိလို့ မေးရဦးမယ်။ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့အထဲမှာ ဘာသာက ကိုးကွယ်မှုဘာသာ (ရီလေးဂျင်း) သက်သက်ပဲလား၊ ဘာသာစကား (လန်းဂွေ့ဂ်ျ) ရော မပါဘူးလား။ ဘာသာစကားလည်း ပါသင့်တယ်။
ဝန်ကြီးရဲ့ဝေါပေါ်မှာ မြန်မာစာခမျာ အတော်လေး အထိနာနေပြီနော်။

ရဟန်းက တစ်ပမ်းသာ


ကျေင်းသန့်ရှင်းရေးလုပ်တဲ့ အဝှားကို ဘယ်ပါတီမဲပေးခဲ့သလဲမေးတော့ သူမက ဘေးဘီကို အရင်ကြည့်တယ်။ မပြောဘူး။
"ပြောတာက ဘာမှမဖြစ်ဘူး၊ ငါ့ကိုလိမ်ပြောရင် မုသာဝါဒ နော်၊ ငရဲကြီးမှာ" လို့ ရုပ်တည်ကြီးနဲ့ဖိန့်လိုက်တော့ တိုးတိုးလေး "W.P" တဲ့။ မြန်မာတွေ အများစုကလည်း ဘုန်းကြီးကဖိန့်လိုက်ရင် ပါသွားတတ်တယ်။ တချို့က အဖိန့်ကောင်းလှတယ်။

*၉၂ ပါတီ စာရင်းပေးပေမဲ့ USDP ပါတီနဲ့ NLD ကသာ တစ်နိုင်ငံလုံး ခြုံငုံမိ


*၉၂ ပါတီ စာရင်းပေးပေမဲ့ USDP ပါတီနဲ့ NLD ကသာ တစ်နိုင်ငံလုံး ခြုံငုံမိ။
USDP ပါတီက changing လို့ပြောချိန့်  NLD က real change လို့ ပြော။

*NLD က ကွန်စတီကျူးရှင်း ပြင်ဆင်နိုင်ဖို့အထိ ပါလီမန်ထဲမှာ လွှတ်တော် အမတ်နေရာ ရရှိဖို့ ကြိုးစား။

*ယခု ရွေးကောက်ပွဲအပြီး ငြိမ်းချမ်းစွာ အာဏာအလွှဲအပြောင်းဖြစ်စေဖို့ စစ်တပ်ခေါင်းဆောင်များနဲ့ နိုင်ငံရေးခေါင်းဆောင်များအပေါ် မူတည်။

*ရိုဟိန်ဂျာပြသနာက ရှိနေဆဲ။

*နိုင်ငံခြားရင်းနှံမြှုတ်နှံလိုသူတွေက လက်ရှိရင်းနှီးနေတဲ့ ဦးသိန်းစိန် ဒုတိယသက်တန်းအဖြစ် ဆက်လက်တည်ရှိနေမှာကိုပဲ လိုလားလောက်ဟု ခန့်မှန်းကြ။




ဟဲဟဲ ဒါလောက်ဆို ရပြီ


ကျနော်ဟာ လက်ရှိကုမ္ပဏီမှာ စီအီးအို၊ ကမ္ဘာသိ တက္ကသိုလ်ကြီးရဲ့ ဌာနတစ်ခုမှာ အကြံပေးပါ။ ဘယ်ကိုမှ ပြန်လည် မလှူဒါန်း၊ မပေးကမ်းဘူးဆိုရင် ကျနော့်ဝင်ငွေဟာ တစ်လ မြန်မာငွေ သိန်း ၄၀ ကျော်ပါတယ်။ ဒါတောင် ကျနော့်ရဲ့ ဘက်ဆဲလားစာမူခ ထည့်မတွက်ရသေးပါ။
ပြည်သူလူထုအကျိုးအတွက် အခုလို အလုပ်လုပ်နေခြင်းပါ၊ ယုံကြည်ရင် ကျနော့်ကို မဲပေးပါ။ နောင်တ မရစေရပါ။
ဇင်ဝေသော်
အာစီယံတိုင်းဒေသကြီး
စင်္ကာပူမဲဆန္ဒနယ်မြေ လွှတ်တော်အမတ်လောင်း ကိုယ်စားလှယ်။

ဟဲဟဲ ဒါလောက်ဆို ရပြီ။

"ဒါက ကွန်ဖီဒင်ရှယ်၊ သူများကို မပြောရဘူး" တဲ့


ဒီနေ့ညနေ ကျောင်းရောက်လာသမျှ စလုံး ဒကာ၊ ဒကာမတိုင်းကို ဘယ်ပါတီ မဲပေးခဲ့သလဲလို့ မေးတော့ လူတိုင်း
"ဒါက ကွန်ဖီဒင်ရှယ်၊ သူများကို မပြောရဘူး" တဲ့။ တကယ်လည်း မပြောကြဘူး၊ ရီနေကြတယ်။
"ဟင် တို့များ မဲလည်း မပေးရဘဲနဲ့ ဖေ့စ်ဘုတ်ပေါ်ကနေတောင် ပြောချ လိုက်သေးတယ်" လို့ စဉ်းစားရင်း ပြုံးမိသေး။ မတတ်နိုင်ဘူး၊ ဒီနေ့ ပို့စ်များသွားပြီ။

နည်းနည်းလေးတော့ လွဲနေတယ် ဦးဌေးဦး

ပို့စ်အဟောင်းပါဗျာ၊ ကြာပါပြီ။ အခုမှ ပြန်ပြီး ဖတ်နေ၊ ရှယ်နေကြလို့ ပြန်တင်ပေး
လိုက်တာပါ။
******************************************************************


၁။ လူကြီးမင်းစကားအရ"ဒီမိုကရေစီဆိုရင် နှစ်ဦးနှစ်ဖက် သဘောကျလို့ ရောင်း တာဝယ်တာကို ဝင်တားပိုင်ခွင့်မရှိဘူးနော်" တဲ့။
၂။ ဒီမိုကရေစီနဲ့ ကက်ပီတယ်လစ်ဇင်ကို တူသလိုလို မလုပ်ပါနဲ့ ဦးဌေးဦး။
၃။ အစိုးရရဲ့ ဝေဝါးဝါးပေါ်လစီကို လူထုက သဘောမတူခွင့် ရှိပါတယ်။

"ဒီမိုကရေစီဆိုရင် နှစ်ဦးနှစ်ဖက် သဘောကျလို့ ရောင်းတာဝယ်တာကို ဝင်တား ပိုင်ခွင့်မရှိဘူးနော်" ဒီမိုကရေစီဆိုတိုင်း နိုင်ငံခြားသားစိတ်ကြိုက်ဝယ်ယူလို့ မရပါဘူး။ ဝယ်လို့ "ရ မရ" က အိုပင်းမားကက်နဲ့ပဲဆိုင်ပြီး ဒီမိုကရေစီနဲ့ လုံးဝမဆိုင်ပါဘူး ဦးဌေးဦး။ အိုပင်းဆိုတဲ့အောက်မှာတောင် ဘယ်လောက် အိုပင်းသလဲဆိုတာတွေ အများကြီး ကျန်နေပါသေးတယ်။ ထားပါတော့။

ဒီနေ့ ကမ္ဘာ့ နိုင်ငံရေးနဲ့စီးပွားရေးသမားတွေက ဒီမိုကရေစီနဲ့ ကက်ပီတယ်လစ်ဇင် တို့ ဂလိုဘယ်ဖြစ်နိုင်မဖြစ်နိုင် ခွဲခြားပြီး ဆွေးနွေးကြပါတယ်။ လီကွမ်းယုအဆိုအရ ကက်ပီတယ်လစ်ဇင်က ဂလိုဘယ်ဖြစ်နိုင်ပြီး ဒီမိုကရေစီကတော့ ဂလိုဘယ် မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချပါတယ်။ ဒါဆို ဒီနှစ်ခု မတူဘူဆိုတာ ဦးဌေးဦး သဘောပေါက်လောက်ပါပြီ။

မပေါက်သေးရင် ဆက်ကြည့်ပါ။
၁။ တရုတ်။ ကက်ပီတယ်လစ်ဇင် ရာနှုန်းမပြည့် တပြည့်၊ ဒီမိုကရေစီ လုံးဝမဟုတ်ဘူး။ (စီးပွားရေးပြောင်း နိုင်ငံရေး မပြောင်း)
၂။ အိန္ဒိယ၊ ဒီမိုကရေစီရာနှုန်းပြည့်၊ ကက်ပီတယ်လစ်ဇင်ရာနှုန်း တစ်ဝက်တောင် မပြည့်ဘူး။ (အမျိုးသားရေး ဝါဒကြောင့်)
၃။ စင်္ကာပူ၊ အကန့်အသတ်နဲ့ ဒီမိုကရေစီ၊ ကက်ပီတယ်လစ်ဇင် ရာနှုန်းအပြည့်။ (ပြည်သူက ကန့်ကွက်ခွင်တော့ရှိတယ်၊ သူတို့အသံကိုနားထောင်ပြီး အစိုးရက တချို့ကို ဟန်ချက်ပြန်ညှိတယ်)
၎။ အနောက်၊ ဒီမိုကရေစီရာနှုန်းပြည့်၊ ကက်ပီတယ်လစ်ဇင် ရာနှုန်းပြည့်။ (ပေါ်လစီတွေ ကွဲနေသေးတယ်၊ ဝဲလ်ဖဲယား စတိတ် ဟုတ်၊ မဟုတ်။ ဥရောပက ၊ ဝဲလ်ဖဲယား စတိတ်။ အမေရိကားက ၊ ဝဲလ်ဖဲယား စတိတ် မဟုတ်ဘူး။ ဝဲလ်ဖဲယား စတိတ် ဟုတ်၊ မဟုတ်က ကက်ပီတယ်ဇစ်ဇင်ရဲ့ တိုးအား အနည်းအများကို ဖြစ် ပွားစေတယ်။ ဝဲလ်ဖဲယား စတိတ်မဟုတ်တဲ့ အမေရိကရဲ့ ကက်ပီတယ်လစ်ဇင်က တိုးအားပိုကောင်းသွားတယ်။ ဒီအတွက် ပြန်ပေးလိုက်ရတာက လူမှုရေး ပြသနာ အချို့ )

ဒီတော့
၁။ ဒီမိုကရေစီကျင့်သုံးတိုင်း ကက်ပီတယ်လစ်ဇင်ရာနှုန်းပြည့်စရာမလိုဘူး။
၂။ ကက်ပီတယ်လစ်ဇင် ကျင့်သုံးတိုင်း ဒီမိုကရေစီပြောလို့ မရဘူး။

သိပ်ပြီး စာဖတ်ခွင့်မရှိသေးတဲ့ လူထုကို မတူညီတဲ့(နိုင်ငံရေးနဲ့စီးပွားရေး တစ်ခြား စီပါ)ပေါ်လစီနှစ်ခုရောထွေးပြီး ရှုပ်သွားအောင် ခပ်တည်တည်မဖိန့်ပါနဲ့။ ကိုယ်တိုင်မသိလို့ဆိုရင်လည်း မသိသလို နေလိုက်ပါလားဗျာ။ အမြင်မတော်လည်း ဖြစ်မနေပါနဲ့။
ဦးဌေးဦး တကယ်လုပ်ရမှာက ဂလိုဘယ် ပေါ်လစ်တစ်နဲ့ ဂလိုဘယ် ကက်ပီတယ်လစ်ဇင်ကို ပိုပြီးကျေညက်အောင် ဖတ်ရှုလေ့လာရမှာပဲ ဖြစ်ပါတယ်။
ကျနော့် စတေးတပ်က ပေါ်လစီရဲ့ အဆိုးအကောင်းကို ဝေဖန်တာမဟုတ်ဘဲ ဝါးတားတား ဦးဌေးဦးစကားကို ထောက်ပြရုံပါ။
လေ့လာပါအုံး ဦးဌေးဦး။ တက်လမ်းရှိပါတယ်။



ဇင်ဝေသော်
(07/09/2014)

"လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" စာအုပ်နဲ့ ကြိုဆိုလိုက် ပါသည်


ကြုံတောင့်ကြုံခဲ ရွေးကောက်ပွဲ စည်းရုံးရေးရာသီကို ဇင်ဝေသော် ဘာသာပြန် သည့် လီကွမ်းယု၏ "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" စာအုပ်နဲ့ ကြိုဆိုလိုက် ပါသည်။
ဖြန့်ဖြန့်ချင်း ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများမှ အော်ဒါများ အဆက်မပြတ် ဝင်နေသည်ဟု ကြားသိရသဖြင့် စာဖတ်ပရိသတ်ကို ကျေးဇူးတင်ရ၊ ကိုယ်တိုင် လည်း ဝမ်းသာရ ဖြစ်ရပါသည်။
မြန်မာပြည်မှာ စီးတီးမတ်များအပါအဝင် စာအုပ်ဆိုင်ကြီးတိုင်းမှာ ရနေပါပြီ။ စင်္ကာပူမှာတော့ ဒီလ၊ ရက် ၂၀ ကျော်မှ ရနိုင်မယ်ဖြစ်ကြောင်း အသိပေးအပ် ပါသည်။


သမ္မတကြီးကို ကျေးဇူးတင်ပါ၊ အဖွဲ့ချုပ်ကို မဲပေးပါ


အာစီယံတိုင်းဒေသကြီး
စင်္ကာပူမဲဆန္ဒနယ်မြေ လွှတ်တော်အမတ်လောင်း ကိုယ်စားလှယ်

အမည်။ ။ ဇင်ဝေသော်
အသက်။ ။ ၄၅ နှစ်
မဲရစ်တယ် စတေးတပ်။ ။ လူပျိုကြီး၊ (မလို၊ မဖြစ်မနေ ဖြည့်ရမယ်ဆိုလို့ ဖြည့်သည်)
ပညာအရည်အချင်း။ ။ ဘုန်းကြီးကျောင်းထွက် (ထူးရှယ်)
အလုပ်အကိုင်။ ။ ကျောင်းထိုင်၊ စာရေး၊( လျှော့မတွက်နဲ့၊ သူ့စာအုပ်တွေ လူဖတ်များ)
အရွေးခံမည့်ပါတီ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ဆောင်ပုဒ်။ သမ္မတကြီးကို ကျေးဇူးတင်ပါ၊ အဖွဲ့ချုပ်ကို မဲပေးပါ။


ဖတ်ရတာ အားရှိစရာ။ ဝက်ဝက်ကွဲ ဆိုလား


ဒေါ်စုကတော့ ဦးသိန်းစိန်ရဲ့ လူယုံတော်၊ ဦးစိုးသိန်းနယ်မြေ၊ ကယားပြည်နယ်ကနေ စဖြိုနေပြီဆိုပဲ။
အနောက် မီဒီယာကလည်း ခပ်ကြွကြွလေး ရေးထားတော့ ဖတ်ရတာ အားရှိစရာ။ ဝက်ဝက်ကွဲ ဆိုလား။
လယ်သမားကြီးတစ်ယောက်က သူ့တွေ့ချင်လို့ လယ်ထဲက အလုပ် ပစ်ထားခဲ့သတဲ့။
ပတ်ဘလစ် စပီကင်းမှာတော့ ဒေါ်စုကိုမှီတဲ့ နိုင်ငံရေးသမား ပြည်တွင်းမှာ မရှိသလောက် (မရှိသလောက်ဆိုတာက အားနာလို့ ထည့်တာ) ရှားပါတယ်။
တောသားအတွေး တွေးတော့ ဒေါ်စုတို့ နိုင်ငံရေးလုပ်တယ်ဆိုတာ ရှိသမျှ အကုန်ပေးပြီး လုပ်တာ၊ ယူပြီးလုပ်တာမဟုတ်ဘူး။
တိုင်းရင်းသား၊ တောသူတောင်သားတွေကလည်း သူ့တွေ့ရင် ချစ်သွားကြမှာပါ။
ပခုက္ကူသွားပြီး ဟိုကောင်မလေးကိုလည်း အားပေးလိုက်ပါအုံး၊ အားငယ်နေလိမ့်မယ်။