"မိခင်နိုင်ငံကလွဲရင် ဘယ်နိုင်ငံကို အကြိုက်ဆုံးလဲ
ဆိုတဲ့မေးခွန်းမေးလာတိုင်း ထိုင်ဝမ်လို့ အမြဲဖြေခဲ့တယ်။"
ဘာကြောင့်လဲရှင်းရှင်းလေးပါ၊ ထိုင်ဝမ်ဆိုတာတိုက်ဖုန်းနဲ့
အကျွမ်းတဝင်ရှိလှတဲ့ ပင်လယ်ဘေးက ဘာမှသယံဇာတမရှိတဲ့ ကျောက်တောင်ပေါ်ကမြို့ဖြစ်ပြီး ဆောက်လုပ်ရေးအတွက်
သဲတောင် တရုတ်ပြည်က တင်သွင်းနေရတယ်။
ဒါပေသည့် ကမ္ဘာ့စတုတ္ထ အကြီးဆုံး စီးပွားရေး
စင်တာဖြစ်နေခဲ့တယ်။ မြေကြီးထဲက သယံဇာတကို တူးဖို့ထက် ၂၃ သန်းသော လူတွေဆီကအရည်အချင်း၊
အားထုတ်မှုနဲ့ အသိပညာတွေရအောင်တူးယူနိုင်ကြတယ်။ ထိုင်ဝမ်က မိတ်ဆွေတွေကို ကျနော်အမြဲပြောမိတယ်၊
ခင်းဗျားတို့ဟာ ကမ္ဘာ့မှာ ကံအကောင်းဆုံးလို့။
ရေနံမရှိ၊ သံသတ္ထုမရှိ၊ တောတောင်၊စိန်၊ရွှေ ဘာမျှမရှိ။
မဖြစ်စလောက် ကျောက်မီးသွေးနဲ့ ဂက်စ် ပဲရှိတော့
လူတွေကိုလေ့ကျင့်၊ အရည် အသွေးတွေကိုမြှင့်၊
ဒါက ဒီနေ့ကမ္ဘာ့ရဲ့ တန်ဖိုးအမြင့်ဆုံး ရီဆော့စ်တွေပဲ။ အရင်က ဒါကို ကျနော့အမြင်ပဲလို့ထင်ခဲ့တာ
အခု သက်သေအထောက်အထားရသွားပြီ။
စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး
အဖွဲ့က(The organization for Economic Cooperation and Development) ဒီကိစ္စကိုလေ့လာခဲ့ကြတယ်။
နိုင်ငံပေါင်း ၆၅ နိုင်ငံက ၁၅ နှစ်အရွယ်ကျောင်းသားလေးတွေကို သင်္ချာ၊သိပ္ပံ နဲ့ စာဖတ်ခြင်းစွမ်းရည်ကို
နှစ် နှစ် တစ်ခါ စစ်ဆေးတဲ့ ပီစာ စာမေးပွဲစစ်ကြတယ်။
(Pisa=Programme for International
Students Assessment)။ ထို့အတူ ရေနံစတဲ့ သဘာဝအရင်းအမြစ် ရှိတဲ့နိုင်ငံက ကျောင်းသားတွေနဲ့
သဘာဝအရင်းအမြစ်မရှိတဲ့နိုင်ငံက ကျောင်းသားတွေရဲ့ စွမ်းရည်ကိုလည်း နှိုင်းယှဉ်ကြည့်ကြတယ်။
တိုတိုပြောရရင် စာသင်ခန်းထဲကကျောင်းသားတွေ သင်္ချာဘယ်လောက်တော်သလဲ ဆိုတာနဲ့ ဒီနိုင်ငံက
ရေနံ ဘယ်လောက်ထုတ်လုပ်နိုင်သလဲဆိုတာင်းယှဉ်ကြည့်ကြခြင်းပါ။ ဒီအခါမှာ ထွက်လာတဲ့ရလာဒ်က
တော်တော်ကြီး ကွာခြားနေပါတယ်။
ဒီ ပီစာ စာမေးပွဲကိုလေ့လာသူ မစ္စတာ Andreas
Schleicher က
"သမ္မာကျမ်းစာထဲမှာတော့ မိုးဇက်က ဂျူးလူမျိုးတွေကို
နှစ်ပေါင်း ၄၀ ကြာအောင် သဲကန္တာရထဲမှာဦးဆောင်မှုပေးခဲ့ပါတယ်၊ အရှေ့အလယ်ပိုင်းမှာ တစ်ခုတည်းသောရေနံမထွက်တဲ့နိုင်ငံက
အစ္စရေးပါ။ ဒါပေမယ့် ဒီနေ့မှာတော့ အစ္စရေးဟာ ရေနံချမ်းသာတဲ့နိုင်ငံတွေကတောင် ဖြည့်ဆည်းမပေးနိုင်တဲ့
လူနေမှုအဆင့်ကိုပေးထားနိုင်ပါတယ်။" လို့ ဆိုပါတယ်။
ရေနံကို
ကိုယ်ယူ စာအုပ်ကို သူများပေးဆိုသလိုပေါ့။ မစ္စတာ Andreas Schleicher အလို ပီစာ စာမေးပွဲရလာဒ်အရ
သဘာဝအရင်းအမြစ် အနည်းအငယ်သာရှိတဲ့ စင်ကာပူ၊ ဖင်လန်၊ တောင်ကိုးရီးယား၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံက
ကျောင်းသားတွေက ရေနံချမ်းသာတဲ့နိုင်ငံတွေကကျောင်းသားတွေထက် အများကြီးသာနေပါသတဲ့။ ရေနံစတဲ့
သဘာဝအရင်းအမြစ်ချမ်းသာတဲ့ လက်တင်အမေရိက က ဘရာဇီး၊ မက္ကစီကို၊ အာဂျင်တီးနားနဲ့ အာဖရိကနိုင်ငံတွေကို
မစစ်ဆေးခဲ့ရပေမယ့် ရေနံချမ်းသာတဲ့ ကာတာနဲ့ ကာဇက်စတန်ကကျာင်းသားတွေကတော့ ပီစာ စာမေးပွဲမှာတော်တော်နောက်ကျကျန်ခဲ့တယ်လို့ဆိုပါတယ်။
သဘာဝအရင်းအမြစ်လည်း ရှိတဲ့ ကနေဒါ၊ သြစတေးလျနဲ့နော်ဝေကကျာင်းသားတွေကတော့ပီစာ
စာမေးပွဲမှာ အဆင့်မြင့်မြင့်အောင်ကြပါတယ်။ မစ္စတာ Andreas Schleicher က ဒီ သုံးနိုင်ငံဟာသဘာဝအရင်းအမြစ်ကို
သုံးစားနေရုံတင်မဟုတ်ပဲ ရေနံစတဲ့သဘာဝကို ချွေတာပြီး ရေနံကရတဲ့ငွေတွေနဲ့ ပညာရေး စတဲ့
ရေရှည်ပရောဂျက်တွေမှာရင်းနှီးမြှတ်နှံမှုတွေကိုပါ လုပ်နေကြလို့ထောက်ပြပါတယ်။
၂၁ ရာစှုမှာ နိုင်ငံ တစ် နိုင်ငံရဲ့ ကံကြမ္မာကိုသိချင်ရင်
ရေနံတွင်း ရွှေတွင်းတွေနဲ့ တွက်ချက်လို့မရတော့ပါဘူး။ ထိရောက်ထက်မြက်တဲ့ ဆရာတွေ ပါဝင်ပူးပေါင်းတဲ့မိဘတွေနဲ့
ကျောင်းသားတွေရဲ့ကြိုးစားမှုတွေအပေါ်မှာပဲ မူတည်တော့တယ်။
"ဒီနေ့ စာသင်ခန်းထဲက ထွက်လာတဲ့ အဖြေဟာ လာမဲ့ရေရှည်အနာဂတ်အတွက် နိုင်ငံတစ်နိုင်ငံရဲ့
စီးပွားရေးနဲ့ လူမှုရေးအဖြေပါ" လို့မစ္စတာ Andreas Schleicher ကပြောခဲ့ပါတယ်။
စီးပွားရေးလောကမှာ Dutch disease ဆိုတဲ့ရောဂါကိုသိနေကြတာကြာပါပြီ၊
ဆိုလိုတာက နိုင်ငံတစ် နိုင်ငံဟာ သဘာဝအရင်းအမြစ်တွေအပေါ်မှာပဲ
မှီနေတော့ ပြည်တွင်းကုန်ထုတ်လုပ်မှုမရှိတာ့ဘူး၊ ဒီတော့ ဈေးပေါပေါ နိုင်ငံခြားပို့ကုန်တွေ
ပြည်တွင်းမှာ အဆမတန်ဈေးကြီးပေးဝယ်သုံးကြရပါတော့တယ်။ အခု ပီစာ
လေ့ လာတာကအဲဒီ Dutch diseaseနဲ့ ဆက်နွှယ်နေပါတယ်။ သဘာဝအရင်းအမြစ်ချမ်းသာတဲ့ နိုင်ငံကလူတွေဟာ ကိုယ်လုပ်သင့်တဲ့အလုပ်တွေလုပ်ဖို့၊
လူတစ်ဦးချင်စီရဲ့အရည်အချင်းတြွှေမှင့်တင်ဖို့ဆိုတာတွေကို မေ့လျော့နေကြဟန်တူပါတယ်။
မစ္စတာ Andreas က "သယံဇာတအနည်းငယ်သာရှိတဲ့ စင်ကာပူ၊ဖင်လန်နဲ့ ဂျပန်တို့ရဲ့ပညာရေးက
အဆင့်အတန်းမြင့်ပြီး အနည်းဆုံး ပြည်သူအများစုက သူတို့ဘဝရပ်တည်ရေးဟာ အတတ်ပညာနဲ့ လုပ်ရည်ကိုင်ရည်ဆိုတာကို
ကျကျနနသဘောပေါက်ထားကြတယ်။ ဒီအရည်အသွေးနှစ်ခုကလည်း စနစ်ကျတဲ့ပညာရေးအပေါ်မှာ မှီနေတယ်။
ဒီနိုင်ငံတွေက မိဘတိုင်း ကလေးတိုင်းဟာ ကလေးတစ်ယောက်ရဲ့ အနာဂတ်တစ်ခုလုံးကိုအရည်အချင်းကပဲဆုံးဖြတ်မယ်ဆိုတာ
သူတို့နားလည်ကြတယ်၊ ဒါကြောင့် သူတို့က ယဉ်ကျေးမှုနဲ့ ပညာရေးပုံသဏ္ဌာန်ကိုစနစ်တကျ ပုံဖော်ယူကြတယ်"
လို့ ရှင်းပြခဲ့တယ်။
ကျနော့မိတ်ဆွေ အိန္ဒိယန်း-အမေရိကန်
Sridhar ကတော့ " သယံဇာတမရှိသူက သူကုယ်တိုင်
သယံဇာတဖြစ်သွားတယ် " လို့ကို ဆိုလိုချင်ဟန်ရှိပါတယ်။
ဒီလေ့လာချက်က စက်မှုနိုင်ငံတွေအားလုံးကိုလည်း
အရေးကြီးတဲ့မက်ဆေ့ ပေးထားခဲ့ပါတယ်။
"အခုလိုစီးပွားရေးအကျပ်အတည်းကာလထဲမှာ
အနာဂတ်ငွေကြေးစနစ်တည်ငြိမ်ဖို့က ကိုယ်ပိုင်အရည်အချင်းအပေါ်မှာမူတည်နေပါတော့တယ်။ အချိန်အတော်ကြာအောင်ကြုံတွေ့နေရတဲ့
ဒီစီးပွားရေးအကျပ်အတည်းအတွက် အဖြေက လူထုကို နောလေ့ဂ်ျ နဲ့ စကေးလ် ကို ထိထိမိမိပေးရမယ်၊
ပြီးတော့ အတူတကွပူးပေါင်းဆောင်ရွက်ခြင်း နဲ့ နိုင်ငံကို ရှေ့တွန်းပို့ပေးနိုင်ဖို့
လူထုကိုပညာပေးရမယ်" လို့လည်း မစ္စတာ Andreas ကဆိုပြန်ပါတယ်။
"နောလေ့ဂ်ျ နဲ့ စကစ်လ် က ၂၁ ရာစုစီးပွားရေးလောကရဲ့ ငွေကြေးပဲ၊ ဒီငွကြေးကို ဘယ်
စင်ထရယ်ဘဏ်ကမှ ပုံနှိပ်ထုတ်ဝေမှာမဟုတ်ဘူး၊ဒီငွကြေးဘယ်လောက် ထုတ်ထားမလဲဆိုတာ လူတိုင်းကိုယ်စီ
ဆုံးဖြတ်ရမဲ့ကိစ္စဖြစ်နေပါတယ်။"လို့ သူကဟောကိန်းထုတ်ထပ်ထုတ်တယ်။
ရေနံထွက်တယ်၊ ဂက်စ်၊ စိန်ထွက်တယ်ဆိုတာ ကောင်းပါတယ်၊ဒါတွေရှိရင်
လူထုကို အလုပ်တွေ ပေးထားနိုင်တယ်။ ဒါမေယ့် ဒါတွေရှိနေခြင်းကပင် မိမိလူ့အဖွဲ့အစည်းရဲ့
ရေရှည်စီမံကိန်းဖြစ်တဲ ပညာ သင်ကြားရေး ကိုအားနည်းသွားစေ ပြန်ပါတယ်။
ဒါကြောင့် မစ္စတာ Andreas က " The thing that will
keep you moving forward is always what you bring to the table yourself" လို့ ထပ်လောင်းပြောခဲ့ပါတယ်။ ။
Ref:New York Time. By Thomas Friendman.
ဇင်ဝေသော်
Copyright © 2011
ကမ်းလက်. All rights reserved.