အိန္ဒိယမှာဆို အသံကျယ်မှ

အိန္ဒိယမှာရောင်းမယ့်ကားတွေအတွက် ကားဟွန်းအမာစား၊ အကောင်းတွေအထူးပြင်ဆင်ထားရကြောင်း၊ အိန္ဒိယကားမောင်းသမားတွေဟာ ရှုပ်ထွေးနေတဲ့ကားလမ်းကြောင့် လမ်းကြောင်းရဖို့ ကားဟွန်းကို အသည်းအသန် တီးနေရကြောင်း ဂျာမန်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ အော်ဒီ ကားကုမ္ပဏီဒါရိုက်တာက ပြောကြားသွားပါတယ်။

"အထူးသဖြင့် အိန္ဒိယအတွက် ကားဟွန်းတစ်မျိုးတီထွင်ထားရပါတယ်" လို့ကားကုမ္ပဏီဒါရိုက်တာ Michael Perchke ကသတင်းစာမှာ မနေ့ကပြော ကြားသွားခဲ့ပါတယ်။

"ဥရောပမှာသုံးတဲ့ကားဟွန်းကိုသာတပ်လို့ကတော့ တစ်ပတ်၊ နှစ်ပတ်ဆိုပျက်ပြီ။ အိန္ဒိယမှာ တစ်ရက်ကားဟွန်းတီးတဲ့ အကြိမ်ရေဟာ ဂျာမနီက တစ်နှစ်နဲ့ ညီပါတယ်"

အိန္ဒိယလူချမ်းသာတွေအတွက် နိုင်ငံခြားလုပ်ကားတွေ ဈေးကွက်ပြိုင်ရာမှာ အဆင်ပြေဖို့ ကားဟွန်းအထူးတီထွင်ထားရကြောင်း သူကပြောပါတယ်။

"နှစ်ပတ်လောက်ဆက်တိုက်တီးလို့ရတဲ့ ကားဟွန်းမျိုးဖြစ်ဖို့ အထူးစမ်းသပ်တီထွင်ခဲ့ပါတယ်။ ကားဟွန်းတည်ဆောက်ပုံ မတူသလို ဆပ်ပလိုင်ယားတွေ လည်းမတူပါဘူး"

အိန္ဒိယ အော်ဒီကားပိုင်ရှင်တွေဟာ အများအားဖြင့် ဒရိုက်ဗာများရှိကြကြောင်း၊ ဒါကြောင့် ကားနောက်ခုံကနေအမိန့်ပေးလို့ရအောင် ဒီဇိုင်းအသစ်ထွင်ထားကြောင်းလည်း သူကပြောကြားခဲ့ပါတယ်။

အိန္ဒိယကားလမ်းတွေဟာ သိပ်မချောမွေ့၊ အပေါက်အပြဲအဝေးပြေးလမ်းမ၊ ရွှံ့နွံတွေနဲ့မြို့တွင်းလမ်း ၊ဒီကြားထဲ နွားလှည်းတွေ၊ နွားတွေ၊ဆိုက်ကားတွေ၊ စက်ဘီးတွေကလည်း လမ်းကြောင်းရဖို့အတင်းတိုးဝင် သွားလာနေကြကြောင်းသိရပါတယ်။

သက္ကရာဇ် 2010 မှာ ကားတိုက်မှုကြောင့်လူ 133,938 ဦးသေဆုံးခဲ့ရပါတယ်၊ National Crime Records Bureau အရ တစ်ရက်မှာ လူပေါင်း 366 ယောက်သေဆုံးရပါသတဲ့။



Slice of life.S,T
AGENCE FRANCE-PRESSE
(အရင်နှစ်ပိုင်းလေးကပဲ ဗုဒ္ဓဂယာကို ဘုရားဖူးကြွတော်မူတဲ့ဆရာတော်တစ်ပါး ကားတိုက်မှုကြောင့် ပျံတော်မူခဲ့ရတာရယ်၊ မြို့တစ်ချို့ဆို မီးပွိုင့်တောင် တစ်မြို့လုံးရှာမတွေခဲ့တာရယ်ကြောင့် ဒါလေးကို တင်ပေးလိုက်ပါတယ်။ ဗုဒ္ဓဂယာကို ဘုရားဖူးသွားကြမယ့် ရဟန်းရှင်လူတွေအတွက် ဂရုစိုက်မိကြစေဖို့ပါ။)


ဆုထားမျက်ချယ်







Copyright © 2012 ကမ်းလက်. All rights reserved.

ت ဈေးကွက်ရှာသူ ت

ဟယ်လို... မဃဒေဝမင်းကြီး
ဆံပင်လေးတစ်ချောင်းဖြူရုံနဲ့
တောထွက်တော်မူမလို့ ဆို

ဒါနဲ့..
တောထွက်ပါပြီတဲ့
ဖြူတဲ့ဆံပင်က ပြန်မည်းလာမလား
ဒီ ဆိုးဆေးလေး သုံးကြည့်ပါလား။

ဆံပင် နီတာတွတ် ဆိုးတဲ့
မင်းသားမင်းသမီးလေးတွေကိုသာမဆူနဲ့
ကျုပ် ဘယ်သူ့ကိုမှ မပြောဘူး။




ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ကွန်ကရစ်လမ်းမကြီးပေါ် ဖြန့်ခင်းနေမိသည့် လူပြောသူပြော ဒီမိုကရေစီ

ကျနော်တို့ ဘလော့ဂ်မှာ တင်ဖို့ ရွေးထားတဲ့ ကမ်းလက်ရဲ့ ပင်တိုင်စာရေးဆရာများထဲက တစ်ယောက်ဖြစ်တဲ့ ဆရာဇင်ဝေသော်ရဲ့ ဆောင်းပါးပါ။ ဒါပေမယ့် ဒီစာမူက The Voice Weekly မှာ ပါလာတော့ ဂျာနယ်လစ်ဇ် သိက္ခာကို စောင့်စည်းတဲ့ အနေနဲ့ Perspective လင့် ကိုပဲ ပေးလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။ (The Voice ရဲ့ Link ကအလုပ်မလုပ်တော့တဲ့အတွက် ဒီမှာပဲတင်ပေးလိုက်ပါတယ်။)
နေပြည်တော်ဘဝက ဈာန်လျောခဲ့ရတဲ့ ရန်ကုန်ကနေ သရဖူဆောင်းထားတဲ့ နေပြည်တော်အသစ်နဲ့ ကုန်းဘောင်မြို့တော်ကြီးဆီ မြင်းဖြူကြီးတစ်ကောင်လို ထွက်ပြေးသွားတဲ့ အဝေးပြေးလမ်းမကြီးနဲ့ ရေစက်ဆုံရဖို့ အကြောင်းနှစ်ချက်က ဖန်တီးပေးလိုက်တယ်။ လေယာဉ်လက်မှတ်ဝယ်ဖို့ မှတ်ပုံတင်ရုတ်တရက် ရှာလို့မတွေ့တာရယ်၊ မြန်မာပြည်ရောက်တုန်း သူ့ကားကို ကြိုက်သလို၊ ကြိုက်သလောက်သုံးဆိုတဲ့ အကိုကြီးတစ်ယောက်ရဲ့ ရက်ရောမှုရယ်ကြောင့်ပါ။ ကိုယ့်နိုင်ငံနဲ့ (၇) နှစ်ကျော်ကျော် ဝေးကွာနေရသူအဖို့ ရန်ကုန်=မန္တလေးလမ်းမကြီးရဲ့ ဝဲယာရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုခွင့်ရဖို့ အခွင့်ထူးကြီးတစ်ခုပါပဲ။

အဲဒီအဝေးပြေးလမ်းမကြီးကို တစ်ချို့က အဝေးပြေးအမြန်လမ်းမကြီးလို့လည်း ခေါ်ကြတယ်။ တကယ်ဆို ကားကမြန်လို့ရပေမယ့် လမ်းမကြီးကတော့ မြန်လို့မရပါဘူးလို့ ကပ်သီးကပ်သပ်စဉ်းစားမိရင်း Express Way ဆိုတဲ့ အင်္ဂလိပ်စကားကို သတိရမိလို့ ဒီလိုဆိုတော့လည်း ဟုတ်တုတ်တုတ်လို့ တွေးမိတယ်။ ဒီလမ်းမကြီးက တကယ့်ကို အမြန်လမ်းမကြီးပါ။

ဒီလမ်းမကြီးကို ကန့်သတ်ထားတဲ့ အချိန်အတိုင်း အမြန်ပြီးအောင် ခင်းထားရပုံလည်းရတယ်။ ကားလမ်းမတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ မြေတစ်ထပ်၊ ကျောက်ကြမ်းတစ်ထပ်၊ သဲတစ်ထပ်၊ ကျောက်ချော ကတ္တရာတစ်ထပ် ဆိုတာတွေ မတွေ့မိဘူး။ ကားလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ချို့ဟာ အရွယ်မတိုင်မီ ဇရာဝင်လာလို့ ပေါက်ပြဲစပြုနေကြပြီ။ အချိန်နဲ့အမှီ ပြီးစီးအောင် အမြန်ခင်းထားရလို့ ဒီလမ်းကို အမြန်လမ်းလို့ ခေါ်ရင်လည်း ရနိုင်လိမ့်မယ်လို့ထင်တယ်။

ဒါတင်ဘယ်ကမလဲ၊ အမြန်ခင်းထားတဲ့အတိုင်း အမြန်လည်း ပေါက်ပြဲနေတာမို့ အမြန်လမ်းလို့ ခေါ်မယ်ဆိုရင် ခေါ်လို့ရနိုင်တာပဲ မဟုတ်လား။ ဘယ်လိုပဲ အဓိပ္ပါယ်ကောက်ကောက် ဒီလမ်းမကြီးဟာ အဝေးပြေး အမြန်လမ်းမကြီးပါ။

လမ်းမကြီးက ဖြောင့်ဖြူးနေရုံတင်မကဘူး၊ သစ်ပင်ဝါးပင်ကြီးတွေပါ ရှင်းနေတော့ (နဂိုက မရှိတာလား၊ ခုတ်လှဲပစ်ထားတာလားတော့ မသိဘူး) ဝဲယာကိုသာမက ရှေ့နောက်ကိုလည်း မျက်စေ့တစ်ဆုံး လှည့်ကြည့်ရတယ်။ ကားတစ်စီးနဲ့တစ်စီး တော်တော်အဆက်ကျဲနေတာ သတိထားမိလို့ ကားဆရာကို မေးကြည့်တော့ အမြန်လမ်းမကြီးပေါ်မှာ ကုန်တင်ကားကြီးတွေ မောင်းခွင့်မပြုဘူးတဲ့။ အကြောင်းကတော့ အမြန်လမ်းမကြီးပျက်စီးမှာ စိုးရိမ်ရလို့တဲ့။ ကျွန်တော့်အတွက် တော်တော်ထူးဆန်းတဲ့သတင်း ဖြစ်သွားတယ်။ ဒီလမ်းမကြီးရဲ့ ဥပဒေအရ ကုန်တင်ကားကြီးတွေဟာ နွားလှည်း၊ မြင်းလှည်းစာရင်းထဲ ပါသွားတော့တယ်။ ကုန်တင်ကားကြီးတွေက ငါတို့မသွားလည်း မင်းတို့လမ်းက ပျက်နေပါပြီကွာလို့ စကားများပြောတတ်ရင် ပြောလေမလားလို့ စဉ်းစားမိရင်း ပြုံးမိသေးတယ်။

ဒါတင်မကပါဘူး၊ ကုန်တင်ကားကြီးတွေ တစ်ဝီဝီပြေးနေတဲ့ စင်္ကာပူ-မလေးရှား အဝေးပြေးလမ်းမတွေ၊ မလေးရှား၊ ထိုင်းတို့မှာရှိတဲ့ အဝေးပြေးလမ်းမကြီးတွေကို မဆီမဆိုင်ပြေးလို့ မြင်မိသေးတယ်။

ကျွန်တော်တို့လမ်းမကြီးရဲ့ ထူးခြားချက်က ကွန်ကရစ်တွေ အပြည့်ခင်းထားခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကားတာယာတော်တော်ချမ်းသာတဲ့ နိုင်ငံပေပဲလို့ တွေးမိပြန်သေးတယ်။ ဒီအတွေးဟာ သိပ်ပြီး ယုတ္တိမရှိလှကြောင်း စင်္ကာပူပြန်ရောက်မှ သိခွင့်ရခဲ့တယ်။ မြန်မာပြည်ကထုတ်တဲ့ ဘိလပ်မြေတွေ သုံးစွဲခွင့်ရအောင် ဘိလပ်မြေပဲ ခင်းထားရသတဲ့။ ပြည်တွင်းဖြစ်ကို အားပေးရမှာပေါ့လေလို့ပဲ အောင့်သက်သက်နဲ့ ယောနိသောမနသိကာရ ပွားလိုက်မိပါတယ်။ ပြည်တွင်းဖြစ် ဘိလပ်မြေကို အားပေးသလို ကားတာယာတွေပါ ပြည်တွင်းမှာထုတ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့ မဆီမဆိုင်တွေးမိပြန်သေးတယ်။ အဲဒီ ကားတာယာတွေက ဘိလပ်မြေတွေထက် အရည်အသွေး ပိုကောင်းမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပဲပေါ့။

နှစ်လမ်းပြိုင်ကားလမ်းတွေသာ ခင်းထားပေမယ့် လမ်းမကြီးကို ကြည့်ရတာကတော့ လေးလမ်းပြိုင် လမ်းမကြီးအသွင်ကို ဆောင်နေပါတယ်။ လောလောဆယ် ကားအသွားအလာ၊ ကုန်တင်ကားကြီးတွေ မမောင်းရဆိုတဲ့ ဥပဒေနဲ့သာဆိုရင်တော့ လေးလမ်းပြိုင်စရာ မလိုသေးပါဘူး။ နှစ်လမ်းဆိုရင်ပဲ တော်တော်လေး လုံလောက်နေပါပြီ။



လေးလမ်းခင်းမယ်ဆိုရင်လည်း သိပ်မဆိုးလှတဲ့စိတ်ကူးလို့ ပြောရမယ်ထင်တယ်။ အခုမောင်းနေတဲ့ လမ်းတွေပျက်နေတုန်း အသစ်ခင်းမယ့်လမ်းတွေပေါ် ပြောင်းပြီးမောင်းလို့ရတာပေါ့။ ဒီအကြံက အင်တာနေရှင်နယ်တော့ ဖြစ်မှာမဟုတ်ဘူးပေါ့လေ။ အင်တာနေရှင်နယ်မဖြစ်လည်း ကိစ္စတော့မရှိပါဘူး။ ဒီလမ်းမရဲ့ ဖောင်ဒေးရှင်းနဲ့ ဘိလပ်မြေတွေကလည်း အင်တာနေရှင်နယ်မှ မဟုတ်တာပဲ။ ကွန်ကရစ်လမ်းမကြီးရဲ့ဝဲယာမှာ ပေါက်တူးလေးတွေနဲ့ ဘာလုပ်နေမှန်းမသိတဲ့ လက်မောင်းပိန်ပိန် အမျိုးသမီးတစ်ချို့ကိုလည်း မကြာမကြာ တွေရတတ်တယ်။ သူမတို့က မြက်ပင်ကို ပေါက်နေကြတာလား၊ မြေညှိနေကြတာလားဆိုတာ မရှင်းလှပေမယ့် မိုင်ငါးရာကျော်ရှည်တဲ့ လမ်းမကြီးကို ထိန်းသိမ်းဖို့တော့ အဲဒီလက်မောင်းလေးတွေရဲ့ ခွန်အားနဲ့ မလုံလောက်နိုင်ဘူး။

စိတ်မကောင်းစရာကောင်းတာက လမ်းမကြီးပေါ်မှာ ဖြစ်ပွါးခဲ့တဲ့ ကားအက်ဆီးဒင့်ကိစ္စတွေပါပဲ။ ကားသမားတွေကို စေတနာကောင်းကောင်းနဲ့ သတိပေးဖို့ အာဏာပိုင်တွေက ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ နေရာတိုင်းမှာ ပုံတူကားချပ်ကြီးတွေနဲ့ ထင်သာမြင်သာအောင် ပြထားတတ်တယ်။ ကျေးဇူးတင်စရာ ကောင်းတယ်။ ဒါပေမယ့် စိတ်မကောင်းဘူး။

ကျွန်တော်တို့ လူမျိုးတစ်ချို့ဟာ လမ်းမကောင်းကောင်းတွေနဲ့ မထိုက်တန်သေးဘူး။ တဒုန်းဒုန်း ခုန်နေတဲ့ လမ်းပေါ်ကနေ ညက်ညောတဲ့လမ်းပေါ် တင်ပေးလိုက်တော့ ပေါ့လျော့မှု၊ ငိုက်မြည်းမှုတွေ ဖြစ်ကုန်ကြတယ်။ ဒီလိုနဲ့ ရင်ဆိုင်တိုက်စရာ ကားမရှိတာတောင် သစ်ပင်ကို ဝင်တိုက်သူက တိုက်၊ အုတ်ခုံကို ဝင်ဆောင့်သူက ဆောင့်၊ ချောက်ထဲကို မောင်းချသူက မောင်းချ။

ကားသမားတစ်ချို့ဟာ လမ်းဖြောင့်လမ်းကောင်းနဲ့ မထိုက်တန်သေးဘူး။ သဘောမတူရင် တောင်းပန်ပါရစေ။

ကျွန်တော်တို့နဲ့ ဒီမိုကရေစီဆိုတာကရော။

ကျွန်တော်ရေးချင်တဲ့အကြောင်း အခုမှပဲ ရောက်လာပါတော့တယ်။
လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ တောင်းဆိုခွင့်စတဲ့ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေတာတွေကို ပြည်သူကတောင်းလို့ အစိုးရကပေးရင် ရနိုင်တယ်။ ဒါပေမယ့် ဒီမိုကရေစီရဲ့ အနှစ်သာရကတော့ ဘယ်အစိုးရဆီမှာမှ မရှိလို့ ဘယ်အစိုးရကမှလည်း ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီမိုကရေစီဆိုတာ ဖော်ရွေပျူငှာတဲ့ အစိုးရရဲ့ ပုံဆောင်မှုဆိုတဲ့ ဆရာကြီးဆိုကရေးတီးကို ကြိမ်တစ်ချောင်းနဲ့ ထိန်းကြောင်းပေးနေတဲ့ စင်္ကာပူရဲ့ ဒီမိုကရေစီပုံသဏ္ဍာန်က ခပ်ဟဟ ပျက်ရယ်ပြုနေပါတယ်။

တစ်ခါက သမိုင်းနဲ့ အနောက်တက္ကသိုလ်ကြီးတစ်ခုက ဘွဲ့ရထားတဲ့ ဒေါက်တာတစ်ယောက်ရဲ့ လက်ချာကို မှတ်သားခဲ့ရဖူးတယ်။ သူဆွဲလိုက်တဲ့ ကောက်ချက်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါမှာ အာရှနိုင်ငံတွေဟာ အနောက်နိုင်ငံတွေလောက် အချိန်မကြာဘူးလို့ ဆိုပါတယ်။ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူတို့ကို ထောက်ပြပါတယ်။ ပြီးတော့ စင်္ကာပူနဲ့ အမေရိကတို့ရဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလကို ထောက်ပြတယ်။ အမေရိကရဲ့ ဒီမိုကရေစီက နှစ်ရာချီပြီး ကြာခဲ့ပေမယ့် စင်္ကာပူရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးကတော့ ဆယ်စုနှစ်တွေ အတွင်းမှာပဲ အလုပ်ဖြစ်သွားခဲ့တဲ့အကြောင်းနဲ့ အဓိကအချက်ကတော့ အာရှတိုက်ရဲ့ မိသားစုဗဟိုပြုယဉ်ကျေးမှု (Family oriented culture) ကြောင့်လို့ ဆိုပါတယ်။

ဒီမိုကရေစီအကြောင်းပြောရင် အိမ်နီးချင်း အိန္ဒိယကလည်း စွာကျယ်စွာကျယ် ထလုပ်တတ်တယ်။ ပထမဆုံး ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်ခုအနေနဲ့ပေါ့။

ဒါပေမယ့် နာမည်တူ “ဒီမိုကရေစီ” အောက်မှာ ကွဲပြားနေတဲ့ အသွေးအရောင်တွေ ရှိနေပါတယ်။

စင်္ကာပူရဲ့ ဒီမိုကရေစီက ပြောလို့မရရင် ကြိမ်နဲ့ရိုက်တယ်။ ဘာသာတရားတွေကို နှိုင်းယှဉ်ပြတဲ့ Religious Comparison သင်ခွင့်မရှိဘူး။ လမ်းပေါ်မှာ ဆန္ဒပြခွင့် မရှိဘူး။ ဆန္ဒပြချင်ရင် ခွင့်ပြုမိန့် ယူရတယ်။ သက်မှတ်ပေးထားတဲ့ နေရာမှာပဲ ဆန္ဒပြကြရတယ်။

အိန္ဒိယရဲ့ ဒီမိုကရေစီက လူကို မပြောနဲ့ နွားကိုတောင် ကြိမ်နဲ့ရိုက်ခွင့် မရှိဘူး။ ကမ္ဘာပေါ် ရှိရှိသမျှ ဘာသာတရားတွေအားလုံး အိန္ဒိယမှာ အစပျိုးတယ်လို့ ယုံကြည်ထားကြတော့ ဘာမှ ပြဿနာမရှိဘူး။ အချိန်မရွေး ကြေငြာပြီး ဆန္ဒပြခွင့် ရှိကြတယ်။ အကြီးအသေးပဲ ကွာမယ်၊ နေ့တိုင်း နေရာတိုင်းမှာလိုလို ဆန္ဒပြမှုတွေ ရှိနေတတ်တယ်။

အိန္ဒိယရဲ့ ဒီမိုကရေစီက ပိုပြီး လွတ်လပ်တယ်။ ဒါပေမယ့် လမ်းပေါ်မှာ သွားလာနေတဲ့ နွားတွေက ယဉ်ကြောကို ပိတ်စို့စေတယ်။ နွားချေးတွေနဲ့ လမ်းကို ညစ်ပေစေတယ်။ ထစ်ကနဲဆို လမ်းပေါ်ထွက်ထွက်ပြီး ဆန္ဒပြနေကြတော့ (တစ်ချို့ကိစ္စတွေက ဘာမှ မပြောပလောက်ဘူး) ပြည်သူတစ်ရပ်လုံးရဲ့ နေ့စဉ်လုပ်ငန်းတွေကို ထိခိုက်စေ၊ နွေးကွေးစေတယ်။

အထက်ဖော်ပြပါ ဆရာကြီးရဲ့ အယူအဆကို သဘောမတွေ့မိတော့ဘူး။ နိုင်ငံရေးပညာရှင်တွေရဲ့ အယူအဆအရ ဘယ်နိုင်ငံက ကျင့်သုံးတဲ့ ဒီမိုကရေစီမှ မပြည့်စုံဘူး။ လိုအပ်ချက်တွေနဲ့ ချည်းပဲ။ ဒါပေမယ့် ကျင့်သုံးရင်း၊ ပြင်ဆင်ဖြည့်စွတ်ရင်းနဲ့ ပိုပြီး ရင့်ကျက်တဲ့ ဒီမိုကရေစီဖြစ်အောင် တစ်ဖြည်းဖြည်းပဲ သွားလို့ ရမယ်။ လူထောက်ပြတဲ့ စင်္ကာပူရဲ့ ဒီမိုကရေစီနဲ့ အမေရိကရဲ့ ဒီမိုကရေစီရဲ့ တန်ဖိုးခြားနားချက်တွေဟာ အများကြီးပါ။ ဒီမိုကရေစီဆိုတဲ့ နာမည်တူရုံနဲ့ တန်ဖိုးတူမသွားပါဘူး။

အသောကမင်းကြီးရဲ့ မွေးရပ်မြေမှာ ဆင်းရဲသားဦးရေတွေ၊ အလုပ်လက်မဲ့တွေ၊ အခြေခံပညာ သင်ခွင့်မရတဲ့ ကလေးတွေ တိုးပွားလာတာနဲ့ ဆိုကရေးတီးတို့ ပလေတိုတို့ရဲ့ မွေးရပ်မြေနိုင်ငံကြီး ပုံပျက်ပန်းပျက် ပြိုလဲနေပုံကို ကြည့်ရင်း ဒီမိုကရေစီစနစ်ဆိုတာလည်း လွတ်လပ်တာကလွဲလို့ လိုတရ မန္တာန်တစ်ခု မဟုတ်ဘူးဆိုတာတော့ သဘောပေါက်ထားနိုင်ပါတယ်။ အိန္ဒိယရဲ့ ဒီမိုကရေစီပုံစံက မျက်စိနောက်စရာ ကောင်းသလို စင်္ကာပူရဲ့ ဒီမိုကရေစီပုံစံကလည်း မလွတ်မလပ်နဲ့ ခပ်ကျပ်ကျပ်ပါပဲ။ အမေရိကရဲ့ ဒမိုကရေစီမျိုးဆိုရင်လည်း အဝေးပြေးလမ်းမကြီးပေါ်က ကားအက်ဆီးဒင့်တွေက ခပ်တိုးတိုး သတိပေးနေပြန်ပါရော။

ကျွန်တော်တို့နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဒီမိုကရေစီရဲ့ ပုံသဏ္ဍာန်က ဘယ်လိုများ ဖြစ်လာမှာပါလိမ့်။ ကျင့်သုံးရင်း၊ ပြင်ဆင်ဖြည့်စွတ်ရင်းနဲ့ပဲ ပုံပေါ်လာမယ်လို့ ထင်ပါတယ်။

အာဏာရှင်တွေ အရှုံးပေးရတာက ဒီမိုကရေစီ။
ဒီမိုကရေစီ အရှုံးပေးရတာက နိုင်ငံရဲ့ ယဉ်ကျေးမှု။
နိုင်ငံရဲ့ ယဉ်ကျေးမှု အရှုံးပေးရတာက ဂလိုဘယ် ဆန်လာမှု။

နုနုနယ်နယ် ဒီမိုကရေစီလမ်းမနဲ့ ပတ်သက်လို့ စိုးရိမ်မိတာကတော့ …
၁။ ဖောင်ဒေးရှင်းမကောင်းတဲ့ အဝေးပြေးလမ်းမကြီးလိုဖြစ်မှာ
၂။ အဆင့်မှီသည်ဖြစ်စေ၊ မမှီသည်ဖြစ်စေ ပြည်တွင်းဖြစ် ဘိလပ်မြေကိုပဲ သုံးရမယ်ဆိုတဲ့ သဘာဝမကျတဲ့ အမိန့်တွေ
၃။ ကားလမ်းမပေါ်မှာ ကုန်တင်ကားတွေ မမောင်းရဆိုတဲ့ အဆင့်ခွဲခြားတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေ
၎။ လွတ်လပ်မှုရလေလေ ထိမ်းချုပ်စရာတွေ ပိုများလေလေဆိုတဲ့ ဒီမိုကရေစီရဲ့ တန်ဖိုးကို မျက်ကွယ်ပြုပြီး မေ့မေ့လျော့လျော့နဲ့ လွတ်လပ်မှုကို အလွဲသုံးစားလုပ်ရင်း ကြုံတွေ့ရလာနိုင်တဲ့ ကားအက်ဆီးဒင့်လို ဟာတွေ …

ဒါတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိတယ်။

ကားလမ်းမကြီးက ပြင်လို့ လွယ်ပေမယ့် နိုင်ငံတော်ရဲ့ မူဝါဒနဲ့ လူထုရဲ့ စိတ်နေစရိုတ်နဲ့ အပြုအမူက ပြင်ဖို့ ခက်တယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မြန်မာတွေ ပြောပြောနေတတ်တဲ့ “ငါတို့ မြန်မာတွေ မညံ့ဘူး” ဆိုတာကို ယုံကြည်ထားမိတယ်။

အဲ … ဒီမိုကရေစီ၊ ဒီမိုကရေစီနဲ့ ကောက်ရိုးပုံဘေး ဆေးလိပ်ထိုင်သောက်တာတော့ မမိုက်လှဘူးပေါ့ဗျာ။


ဇင်ဝေသော်




Copyright © 2012 ကမ်းလက်. All rights reserved.

⚑ နိုင်ငံတော်သီချင်းနဲ့ ဟိုရောက် ဒီရောက် ⚑

Ref- Sung With National Pride
By Alex Marshall
New York Time Syndicate.

“ကမ္ဘာမကြေ၊ ဗမာပြည်” ဆိုတဲ့စာသားလေးကို ကြည်ြ့ခင်းအားဖြင့် ကျွန်တော်တို့ နိုင်ငံတော်သီချင်းရှိလာတာ သိပ်မကြာလှသေးဘူးလို့ ထင်မိတယ်။ နိုင်ငံ့သမိုင်းရှည်မရှိတဲ့ နိုင်ငံတွေရဲ့ နိုင်ငံတော်သီချင်းတွေ သိပ်မကြာသေးတာ ဘာမှမထူးဆန်းပေမယ့် ရှည်လျားတဲ့သမိုင်းရှိပါလျှက် ဒီလိုဖြစ်နေရတာက စဉ်းစားစရာဖြစ်နေခဲ့တယ်။ ထားပါတော့။

လတ်တလောမှာ နိုင်ငံတော်သီချင်းတွေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေတာလေးတွေ တွေ့မြင်နေရတယ်။ အများအားဖြင့် အနောက်ဥရောပနိုင်ငံတွေက နိုင်ငံတော်သီချင်းတွေအပေါ် အလေးအနက်မထားရုံသာမကဘဲ ပျက်ရယ်ပြောင်လှောင်လာကြတဲ့ အမူအယာတွေတောင် တွေ့မြင်နေရတယ်။ အနောက်ဥရောပကလွဲရင်တော့ တော်တော်များများ နိုင်ငံတွေက ဒီအပေါ်မှာ တော်တော်ကို အလေးအနက်ထားကြပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာပါ။

အရင်လကပဲ ကာဇက်စတန်အစိုးရက နိုင်ငံတော်သီချင်းကို မလေးမစားလုပ်ရင် ထောင်ဒဏ်တစ်နှစ်အထိ အပြစ်ပေးဖို့ ဥပဒေထုတ်လိုက်တယ်။ ထုတ်မယ်ဆိုရင်လည်း ထုတ်လောက်တဲ့အကြောင်းနှစ်ချက်က ခိုင်ခိုင်မာမာကြီး ရှိနေခဲ့ပါသတဲ့။

မတ်လက ကာဇက်စတန်နိုင်ငံ Kostany မှာ ကျင်းပခဲ့တဲ့ စကိတ်ပွဲတော်ဖွင့်ပွဲမှာ နိုင်ငံတော်သီချင်းကို ဖွင့်ရမဲ့အစား ဖွင့်လိုက်တဲ့သီချင်းက Ricky Martin ရဲ့ Livin la Vida Loca ဖြစ်နေပါတယ်။ (အဓိပ္ပါယ်က Living the Crazy Life ပါတဲ့)။ ဒါကို ယူကျုကဖွင့်ချလိုက်တယ်။ တာဝန်ရှိလူကြီးတွေအားလုံး ထိန်းမရ သိမ်းမရ တခွီးခွီးရယ်နေကြရတဲ့ ဗွီဒီယိုကလစ်နဲ့ပါ။

နောက်နှစ်ပတ်ကြာတော့ ကူဝိတ်မှာကျင်းပခဲ့တဲ့ အားကစားပြိုင်ပွဲမှာ ကာဇက်စတန်အားကစားသမားက ဆုရလို့ ဆုယူဖို့ စင်မြင့်ပေါ်ကိုတက်တယ်။ နိုင်ငံတော်သီချင်း ဆိုမယ်လည်းလုပ်ရော နိုင်ငံတော်သီချင်းမဟုတ်ဘဲ ပြောင်လှောင်ထားတဲ့ “Borat” ဆိုတဲ့ သီချင်းဖြစ်နေခဲ့ပါတယ်။ သီချင်းရဲ့ အဓိပ္ပါယ်က ပိုပြီးရယ်စရာကောင်းနေသေးတယ်။ “Greatest country in the World, all other countries are run by little girls” တဲ့။

နိုင်ငံတော်သီချင်းတွေ သီကုံးခဲ့တဲ့အချိန်နဲ့ ဒီနေ့က အတော်ပင်ကွာဟနေပြီမို့လို့ အချို့အဓိပ္ပါယ်တွေက ဒီခေတ်လူတွေခံစားလို့မရတော့ဘူး။ ဒါ့ကြောင့် တစ်ချို့တစ်ချို့က ဒီကိစ္စကို အနည်းနှင့်အများ ပျက်ရယ်ပြုကြတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံတော်တော်များများကတော့ တကယ့်ကို အလေးအနက်ပါ။

ဒီအချက်ကို ထောက်ဆတော့ “ကမ္ဘာမကြေ” ဆိုတဲ့ ကျွန်တော်တို့နိုင်ငံတော်သီချင်းက သီချင်းသက်နုပေမယ့် လူထုကခံစားလို့ရပါသေးတယ်လို့ အကောင်းဖက်က တွေးလို့ရသွားပါတယ်။

ဒီကိစ္စက အစ္စရေးမှာလည်း ဖြစ်ခဲ့ပါသေးတယ်။ ခေတ်မမီတော့တဲ့ နိုင်ငံတော်သီချင်းကို လက်ရှိ အစ္စရေး- အာရဗီဘာသာစကားနဲ့ အစားထိုးဖို့ အခြေအတင်ဖြစ်ခဲ့ကြတယ်။ နိုင်ငံတော်သီချင်းဆိုရမယ့်အချိန်မှာ အစ္စရေးတရားသူကြီးချုပ်က အဓိပ္ပါယ်ဆက်စပ်လို့မရဘူးဆိုပြီး “Jewish soul still yearns” ဆိုတဲ့အပိုဒ်ကို လိုက်မဆိုခဲ့ဘူး။

ဒါကို အခဲမကြေနိုင်တဲ့ သတင်းစာတွေက တရားသူကြီးကို ရာထူးကထွက်ပေးဖို့ တောင်းဆိုလာကြတယ်။ တစ်ချို့ကတော့ နှစ်ပေါင်း ၁၂၀- ကျော်က ရေးထားတဲ့ “Hatikvah” ဆိုတဲ့ နိုင်ငံတော်သီချင်းကို အသစ်ပြန်ရေးသင့်တယ်လို့ အဆိုပြုလာကြတယ်။

ဂျပန်မှာလည်း ဒီပြဿနာက ရှိနေဆဲပါပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ နိုင်ငံတော်သီချင်းဆိုစဉ် မတ်တပ်မရပ်လို့ဆိုပြီး ခေါ်သတိပေးခံရတဲ့ ကျောင်းဆရာ၊ ဆရာမပေါင်း (၅၀၀) ကျော်ရှိခဲ့တယ်။ ဂျပန်ရဲ့ နိုင်ငံတော်သီချင်းဖြစ်တဲ့ “kimigayo” ကလည်း ဂျပန်အင်ပါယာခေတ်က သီကုံးထားခဲ့တဲ့သီချင်းပါ။

ဆာဗီးယားမှာလည်း ဒီပြဿနာက ကြုံခဲ့ရပြန်တယ်။ လူနည်းစုဖြစ်တဲ့ မွတ်ဆလင်ဘောလုံးသမားတွေက နိုင်ငံတော်သီချင်းကို လိုက်မဆိုကြဘူး။ ဒါ့ကြောင့် အသင်းကနေထုတ်ပယ်တာ ခံခဲ့ကြရတယ်။

ဒါတွေကို ကြည့်ပြန်ရင်လည်း ကျွန်တော်တို့ နိုင်ငံတော်သီချင်းဟာ ဘာသာရေး၊ လူမျိုးရေးပါ အခွန်လွတ်နေတဲ့အတွက် လူတိုင်းလိုက်ဆိုလို့ ရနေပါတယ်။

ဒါပေမယ့် တစ်ခါက နိုင်ငံတော်သီချင်းဟာ စကားလုံးတွေကြမ်းတယ်လို့ ထင်ခဲ့မိပါတယ်။ အဲဒီအထင်က အခုမှားပြီဆိုတာ သိရပါတယ်။

ဥပမာ အမေရိကန်တွေရဲ့ နိုင်ငံတော်သီချင်းဆိုရင် စစ်ပွဲအတွင်း ရေးစပ်ခဲ့တာမို့ စကားလုံးတွေက နူးညံ့မနေပါဘူး။

အထူးသဖြင့်ကတော့ ပြင်သစ်နိုင်ငံတော်သီချင်းပါ။ “Marseillaise” လို့ခေါ်ပါတယ်။ သီချင်းသွားက ကြမ်းကြမ်းတမ်းတမ်းရှိသလို စကားလုံးတွေကလည်း ဂျေးနံ့တွေ ထောင်းနေပါတယ်။ “ ……the soldiers of France to water the fields with invaders’ impure blood.. ” တဲ့။

ပြင်သစ်ရဲ့နိုင်ငံတော်သီချင်းကို ကြည့်လိုက်တော့မှ တို့နိုင်ငံတော်သီချင်းက စကားလုံးတွေ သိမ်မွေ့နေလိုက်တာလို့ တွေးမိလိုက်ပါတော့တယ်။

မပြီးသေးပါဘူး။ အီရတ်ဘက်ကို ဆက်ကြပါဦးစို့။

အီရတ်အစိုးရကလည်း ဆက်ဒမ်ဟူစိန်ခေတ်ကုန်သွားတဲ့နောက် နိုင်ငံတော်သီချင်းအသစ် သတ်မှတ်ပြဌာန်းဖို့ ကြိုးစားနေကြတယ်။ အောင်မြင်မှုတော့ မရသေးဘူး။ အဓိက အတားအဆီးက ဘာသာစကားပါ။ ဖြစ်သင့်တာကတော့ အာရဗီဘာသာစကားပေါ့။ ဒါပေမယ့် အာရဗီဘာသာနဲ့ဆိုရင် အီရတ် ကာ့(ဒ်) လူမျိုးတွေရဲ့စကားကို အားနည်းသွားစေလိမ့်မယ်လို့ ယူဆကြပါတယ်။ တစ်ချို့ကလည်း အာရဗီဘာသာနဲ့သီချင်းအဆုံးမှာ ကာ့(ဒ်)လူမျိုးတို့ ဘာသာစကားဖြစ်တဲ့ ကာဒစ်ရှိဘာသာ တစ်ကြောင်းစနှစ်ကြောင်းစနဲ့ အဆုံးသတ်ဖို့ အကြံပြုကြတယ်။ အဲသလိုဆိုတော့ အခြားလူမျိုးကွဲတွေကလည်း သူတို့ကိုယ်ပိုင်ဘာသာစကား တစ်ကြောင်းစနှစ်ကြောင်းစ နိုင်ငံတော်သီချင်းထဲ ထည့်ပေးဖို့ တောင်းဆိုလာကြပြန်တယ်။

သူတို့တောင်းဆိုတာတွေကိုသာ ခွင့်ပြုလိုက်မယ်ဆိုရင်တော့ အီရတ်နိုင်ငံတော်သီချင်းဟာ “အရှည်ဆုံးနိုင်ငံတော်သီချင်း” အနေနဲ့ သမိုင်းတွင်သွားပါလိမ့်မယ်။

ဒီအချက်ကိုတွေ့ရတော့ နည်းနည်းကျောချမ်းသွားမိတယ်။

ကျွန်တော်တို့ နိုင်ငံတော်သီချင်းထဲကိုပါ တိုင်းရင်းသားတိုင်းရဲ့ ဘာသာစကားတစ်ကြောင်းစီ ထည့်လိုက်ရင် နိုင်ငံတော်သီချင်းဆိုချိန်ဟာ မိနစ်ကိုးဆယ်လောက် ကြာသွားနိုင်လို့ပါ။ အီရတ်နိုင်ငံတော်သီချင်းရဲ့ ရက်ကော့ကို “ကမ္ဘာမကြေ” က သေချာပေါက် ချိုးသွားပါလိမ့်မယ်။

နောက်ဆုံး အင်္ဂလန်က နိုင်ငံတော်သီချင်းပါ။
“God save the Queen” တဲ့။

ဒီသီချင်းကိုလည်း အင်္ဂလိပ်တော်တော်များများက သိပ်သဘောမတွေ့ကြတော့ပါဘူး။ တစ်ချို့ သရော်စာထဲမှာတောင် ထည့်ရေးတတ်ကြပါတယ်။

သူတို့က သဘောမတူရုံ၊ ခံစားလို့ မရရုံတင်ပါ။

တကယ်လို့ “God save the Queen ” သာ ကျွန်တော်တို့နိုင်ငံတော်ရဲ့ သီချင်းဖြစ်ခဲ့ရင် ဒီသီချင်းကိုတော့ သေချာပေါက်ပြောင်းပစ်လိုက်ကြမှာပဲ..လို့ စဉ်းစားမိရင်း…

သက်ပြင်းရှည်တစ်ချက် ချလိုက်မိပါတယ်။


ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

ပြုံးစိစိ ကဗျာ

ပိတောက် ပွင့်သစ် မဂ္ဂဇင်း နှစ် ၂၀ ပြည့်ထဲက ပြုံးစရာ ကဗျာ နှစ်ပုဒ်ကို ဖတ်လိုက်မိလို့ ရှဲ လိုက်တာပါ။ ဝိုင်ချိုရဲ့ စိန်ပန်း တမာ နှင့် ကဗျာ ကျောပိုးအိတ် ဆောင်းပါး ထဲကပါ။

ပထမ ကဗျာက

"ဘွန္တော"
သတင်းစာစက္ကူပေါ်
သံပုရာရည် ညှစ်လိုက်တော့
မေမေ ပေးလိုက်တဲ့ မီးခြစ်လေးက ပြုံးပြတယ်။ ။


မီးခြစ်က တကယ် ပြုံး မပြုံး မသိပေမယ့် စာဖတ်သူကတော့ တကယ် ပြုံးလိုက်ရပါတယ်။ အပြုံးကိုတော့ အမည်ပေးဖို့ ခပ် ခက်ခက်ပဲ။ ဒါကို မပြုံး လိုက်ရရင် ဆက်ဖတ်ကြည့်ပါ။


"တမာ နဲ့ စိန်ပန်း"
တမာ စိန်ပန်း ရောယှက်သန်း၍
စိန်ပန်း တမာ ရောယှက် ဖြာသော်
ဪ တမာ စိန်ပန်း ပါတကား။ ။

မောင်စိန်ပန်း ( တမာမြေ )


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.