ဝါဆို မှတ်စုတို

ဝါဆို ကို အင်္ဂလိပ်လို ပြောရာမှာလည်း ပါဠိလို " Vassa " ဗတ်စ လို့ပဲ ပြောကြပါတယ်။
မြန်မာက ဝါဆို၊ သီဟိုဠ်က ဝတ်စ် ( Vas ) လို့ပဲ အတိုခေါ်ပါတယ်။
ဝါကပ် ဝါဆိုတာကို " Vassa observation " လို့ အသုံး များပါတယ်။
ဝါတွင်း သုံးလ ကိုတော့ "Rainy or raining retreat" လို့ အသုံး များပါတယ်။
နှစ်ဝါထပ်တဲ့ အခါ မြန်မာရဟန်းတော်တွေက ဒုတိယ ဝါဆိုလမှာသာ ဝါကပ်ကြပြီး
သီဟိုဠ် ရဟန်းတော်တွေကတော့ ပထမဝါ ( သို့ ) ဒုတိယဝါ
မိမိတို့ ကျောင်းတိုက် သဘောအရ ဝါကပ်တော် မူကြကြောင်း သိရပါတယ်။


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

❃ဝါဆိုလပြည့် ဘာသာသမိုင်း အနုဿတိ❃

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မှာလည်း မငြိမ်းသေးတဲ့ မီးစက တစ်ငွေ့င္ပေ့။ ထိုင်းနိုင်ငံ တောင်ပိုင်း မလေးရှားနဲ့ နယ်စပ်မှာကလည်း အပစ်၊ အခတ်၊ အသတ်တွေကြောင့် ကာဖျူး အမိန့် ထုတ်ရဖို့ ရှိနေပြန်တယ်။ ဘာသာရေး အချင်းချင်း လေးစားရပေမယ့် စစ်ပွဲသဏ္ဍာန်ဆောင်နေတဲ့ ဘာသာရေး နယ်ချဲ့မှုတွေကတော့ စိုးရိမ်စရာတွေပါပဲ။ ဒါတွေ တွေ့ရဖန်များတော့ ဗုဒ္ဓဘာသာရဲ့ အခြားဘာသာတွေအပေါ် သဘောထားကို အသောက မင်းကြီးက စလို့ ပြန်ကြည့်မိတယ်။

"ဘာသာတရားတိုင်းရဲ့ အနှစ်သာရတွေ ဖွံ့ဖြိုးနေစေချင်တယ်။ နည်းလမ်းတွေရှိပေမယ့် အပြောနဲ့ လမ်းဆုံးနေကြတယ်။ ကိုယ့် ဘာသာအဆုံးအမကို တကယ် မကျင့်ကြံဘဲ အကြောင်းမရှိ သူများ ဘာသာကို ပုတ်ခတ်လို့ နေကြတယ်။ ဝေဖန်မှုဟာ နည်းလမ်းကျတယ်ဆိုစေဦးတော့ သိမ်သိမ်မွေ့မွေ့ပဲ လုပ်ဆောင်သင့်တယ်။ ကိုယ့် ဘာသာအပေါ် တစ်ဖက်သတ် ယုံကြည်မှုနဲ့ သူများ ဘာသာကို ပုတ်ခတ်နေခြင်းဟာ ကိုယ့် ဘာသာကိုပဲ ထိခိုက်စေတယ်၊ ဒါကြောင့် ဘာသာတရား အချင်းချင်း နှီးနှောသင့်တယ်။ သူများ ဘာသာက အလေးအနက်ထားပြောတာတွေကို တလေးတစား နားထောင်သင့်တယ်။ သူများ ဘာသာရဲ့ ကျမ်းစာတွေကိုပါ ကျကျနနသိတဲ့ ပညာရှင် ဘာသာရေးသမားတွေ ရှိနေစေချင်တယ်" တဲ့။

"I desire that there be growth in the essentials of all religions. This can be done in several ways but all of them have their roots in restrained speech; in not practicing one's own religion and condemning the religion of others,without good cause. And even if criticism is justified it should be done in a mild way. Whoever praise his own religion due to excessive devotion and condemn other religions only harms his own religion. Therefore contact between religion is good. One should listen to and respect the doctrine professed by others. I desire that all should be well-learned in the good doctrine of other religions."

သက္ကရာဇ် ၉၉၁ ခု နှစ်က အာရပ် ဂျော်ဂရပ်ဖီ ပညာရှင် အဘူ ဇီး ဟာဆန် ဆိုရင် သိရိလင်္ကာ သားတွေရဲ့ ဖော်ရွေမှုကို နားမလည်နိုင်အောင် ဖြစ်ရလွန်းလို့ ဒီလိုပြောခဲ့တယ်။
"In the island there are a multitude of Jews as well as many other sects, the king permitting the practice of every religion."
အဲဒီကျွန်းလေးပေါ်မှာ ဂျူး တွေက အစ ဘာသာကွဲပေါင်း များစွာရှိနေတယ်။ ရှင်ဘုရင်ကလည်း ဘာသာတိုင်းကို လွတ်လွတ် လပ်လပ် ကိုးကွယ်ခွင့် ပြုထားတယ်။

ကက်သိုလစ် ဘုန်းတော်ကြီး ဂျွန် မာရီဂိုလီ လည်း ၁၃၄၉ ခုနှစ်က သိရိလင်္ကာကိုရောက်တော့ အံဩမဆုံး ဖြစ်ခဲ့ရ လွန်းလို့
"The monks made me welcome as if I were one of them."
ရဟန်းတော်တွေက အစ ကျနော့်ကို ညီရင်း အစ်ကို တွေလိုပဲ လို့ ပြောခဲ့တယ်။

အမေရိကန် ပရိုတက်စတင့် သာသနာပြုတွေ ၁၈၄၀ ခုက ထိုင်းနိုင်ငံကိုရောက်တော့ ဘုရင် Mongkut က ချပ်ကျောင်းတွေ ဆောက်ခွင့်ပြုရုံသာမက သမ္မာကျမ်းစာကို သူကိုယ်တိုင် လေ့လာနိုင်အောင် လက်တင်ဘာသာ စကားတောင် သာသနာပြုတွေ ဆီက သင်ယူခဲ့တယ်။

ဒါဆို မြန်မာဘုရင် မင်းတုန်းမင်းကရော။ ရန်ကုန်နဲ့ မန္တလေး စတဲ့ မြို့ကြီးတွေမှာ ချပ်ကျောင်းတွေ ဆောက်ဖို့ ခွင့်ပြုခဲ့တာပါပဲ။ စစ်ဝါဒ မဖက်တဲ့ ဘာသာတရားတိုင်းအပေါ် (ယုံကြည်မှု တူတာ မတူတာ အပထား ) ကျန်ုပ်တို့ ဧည့်ဝတ် ကျေခဲ့ကြပါတယ်။

ဒီထက် သိမ်မွေ့တဲ့ ဘုရားရှင်ရဲ့ ဩဝါဒတွေကို မဆွေးနွေးတော့ပါဘူး။ ပုထုဇဉ် ဘုရင်တွေနဲ့ တင် ရှင်းရှင်းကြီး ထင်နေပါပြီ။

ဒါပေမယ့် သီရိလင်္ကာက တမီးလ်တွေ
ထိုင်းတောင်ပိုင်းက သွေးဆာနေတဲ့ ဘာသာရေး အစွန်းရောက်တွေ
ရခိုင်ပြည်နယ်က ကာမေသု တွေ ကတော့ ကျွန်ုပ်တို့ရဲ့ ဗုဒ္ဓဘာသာ ပေါ်လစီကို အခွင့်ကောင်း ယူနေကြလေရဲ့။

သွေးယိုစေသော အပြုအမူသည် မြင့်မြတ်သော ဘာသာတရား အဆုံးအမ ဘယ်တော့မှ မဖြစ်နိုင်။ ဘာသာတရားဟူသည် နှလုံးသားနဲ့ နားလည်မှုကို လမ်းပြသော လမ်းညွှန် တစ်ခုထက် လုံးဝ မပိုသင့်။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

ဗုဒ္ဓဘာသာရဲ့ အနောက်ခရီး(ကိုးတိုင်းကိုးဌာန)

၂၅၆ ဘီစီမှာ ရေးထိုးခဲ့တဲ့ အသောကကျောက်စာအရ ကိုးတိုင်းကိုးဌာနသာသာနာပြုခရီးဟာ Syria, Egypt, Macedonia နဲ့ Cyrene တို့အထိ ပါဝင်ခဲ့ပါတယ်။ ဒီသာသနာပြုတွေဟာ သူတို့ရည်ရွယ်ထားတဲ့ ခရီးလမ်းဆုံးရောက်မရောက်တော့ မသိရပါဘူး။ ဒါပေမယ့် အေဒီ တစ်ရာစုရောက်တဲ့အခါမှာတော့ အာရှအလယ်ပိုင်းကို ဗုဒ္ဓဘာသာရောက်ရှိပျံ့နှံ့နေပြီဆိုတာ သိရပါတယ်။ အထူးသဖြင့် အီရန်မှာ ဗုဒ္ဓဘာသာ ရောက်ရှိပြန့်နှံ့နေပြီဆိုတာ သိရပါတယ်။

Turkmenistan မှာရှိတဲ့ Merv မြို့ဟာ Silk Road ရဲ့ ခရီးတထောက်နားတဲ့ အရပ်ဖြစ်ပြီး ဒီမြို့ဟာ ကဗျာဆရာ၊ သင်္ချာပညာရှင် အိုမာခရမ်ရဲ့ မွေးရပ်မြေလည်းဖြစ်ပါတယ်။ မြို့တော်ဟောင်းရဲ့ အရှေ့တောင်ထောင့်မှာ ပျက်စီးနေတဲ စေတီဟောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းပျက်တွေလည်းတွေ့ရပါတယ်။ ဒီမြို့ဟာ ၁၃ ရာစုအရောက်မှာ မွန်ဂိုတွေလက်ချက်နဲ့ ပျက်စီးခဲ့ရတယ်။ Merv မြို့တော်ဟာ37.34(အနောက်) နဲ့ 61.25(အရှေ့) ကြားမှာတည်ရှိပါတယ်။ ဒါကြောင့် ဒီ တူးဖော်တွေ့ရှိမှူဟာ ရှေးဟောင်းဗုဒ္ဓဘာသာရဲ့ အနောက်ဖက်အကျဆုံး တွေ့ရှိမှုပါဘဲ။ ဒါပေမယ့် စာပေမှတ်တမ်းများအရကတော့ အီရန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ Tabriz အထိရောက်ခဲ့တယ်လို့သိရပြန်ပါတယ်။

အီရန်ဘုရင် Arghum(1284-1291)ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ဘုရင်တစ်ပါးပါ။ သူသေဆုံးပြီးတဲ့နောက် မွန်ဂိုတွေကျူးကျော်တာ၊ သူ့သားတွေ အချင်းချင်းမသင့်မြတ်တာတွေကြောင့် ပြဿနာမျိုးစုံဖြစ်ခဲ့ရတယ်။ အရေးအခင်းမှာ သူ့သားကြီဖြစ်တဲ့ Ghazan အနိုင်ရခဲ့တယ်။ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ကြီးပြင်းခဲ့ပေမယ့် 1295ခု၊ ဂျွန်လ 19 ရက်နေ့မှာ ဘိသိက်မခံမီလပိုင်လေးအလိုမှာပဲ မွတ်စလင်ဘာသာကို ကူးပြောင်းခဲ့တယ်။ မှတ်တမ်းများအရကတော့ ဘိသိက်ခံပြီး Tarbiz မြို့ကိုရောက်ရောက်ချင်းပဲ ချတ်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေအားလုံး ဖျက်ဆီးပစ်ဖို့ အမိန့်ထုတ်ခဲ့ပါသတဲ့။

Ghazan ရဲ့လက်ထက်မှာရှိကြတဲ့ ဗုဒ္ဓဘာသာနဲ့ အခြားဘာသာတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်လို့ ရှေးဟောင်းပါရှန်းဘာသာနဲ့ ဖော်ပြထားတာရှိပါတယ်။ "Ghazan နန်းတက်ပြီး မွတ်စလင်ဖြစ်သွားတဲ့နောက် ဘာသာရေးဆိုင်ရာရုပ်ထုတွေ၊ ဘုန်းတော်ကြီးကျောင်းတွေအားလုံး ဖျက်ဆီးပစ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။" မွတ်စလင်နိုင်ငံထဲမှာ ဒါမျိုးတွေမထားရှိဖို့ ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်။ ဘာသာအသီးသီးက ရဟန်းတော်တွေ၊ ရဟန်းမတွေအားလုံးလူဝတ်လဲစေပြီး မွတ်စလင်ဘာသာခံယူစေခဲ့တယ်။

ရဟန်းလူထွက်တွေကလည်း မွတ်စလင်ဘာသာကိုလည်းမယုံ၊ သူတို့အားကိုးနေတဲ့ဘုရားကလည်း လာမကယ်ဆိုတော့ ရေလိုက်ငါးလိုက် အယောင်ဆောင်ပြီးတော့ပဲနေလိုက်ကြတယ်။ အချိန်အတန်ကြာတော့ ဘုရင်က ဒီအကြောင်းတွေကိုသိပြီး သူတို့ကိုလာရင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒီးယား၊ ကက်ရှမီးယား၊ တိဗက်တို့ကိုပြန်ပို့လိုက်ကြ။ ဒီနိုင်ငံထဲမှာနေပြီး အယောင်ဆောင်ကိုးကွယ်သူတွေအားလုံးကို သတ်ပစ်မယ်လို့ ကြုံးဝါးခဲ့တယ်။ အဲဒီနောက် ဆယ်စုနှစ်အနည်းငယ်အထိ အီရန်မှာ ဗုဒ္ဓဘာသာခပ်တည်းတည်းကျန်နေပြီး နောက်ဆုံးလုံးဝကွယ်ပျောက်ခဲ့ရပါတော့တယ်။

Ref:A to Z ဗုဒ္ဓဘာသာအကြောင်း


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

အချင်းချင်းလည်း မညှာဘူး

ဆရာဝန် နဲ့ ရှေ့နေတို့ ပါတီတစ်ခုမှာ ဆုံရင်း စကားစမြည် ပြောနေကြတယ်။
အဲဒီအချိန်မှာ လူတွေက ဆရာဝန်ဆီ လာလာပြီး ကျန်းမာရေးကိစ္စတွေ မေးကြ၊
ဆေးပညာရပ်ဆိုင်ရာ အကြံဉာဏ်တွေ လာတောင်းကြ ဆိုတော့ စကားဖြောင့်ဖြောင့် မပြောရဘူး။

ဆရာဝန် သတိထားမိတာက ရှေ့နေဆီကို ဥပဒေရပ် ဆိုင်ရာ
အကြံဉာဏ်တောင်းသူ တစ်ယောက်မှ မရှိဘူး။
ဒါနဲ့ ဆရာဝန်က
"ရုံးချိန်မဟုတ်ဘဲ ဥပဒေရပ် ဆိုင်ရာ အကြံဉာဏ်လာတောင်းရင် ခင်ဗျား ဘယ်လိုလုပ်လဲ"
"အကြံဉာဏ် ပေးလိုက်တာပေါ့။ နောက်မှ အကြံပေးခ ဘေ ( Bill ) ပို့ လိုက်တယ်"

ပါတီပြီးလို့ နှစ်ရက်မြောက်နေ့မှာ ဆရာဝန်ရဲ့ စာတိုက်ပုံးထဲ စာတစ်ဆောင် ရောက်နေတယ်။
စာက " ဒေါက်တာ၊ ပါတီမှာတွေ့စဉ် လူကြီးမင်း တောင်းဆိုခဲ့တဲ့ အကြံပေးခ" တဲ့။


ဦးကိုမောင်







Copyright © 2012 ကမ်းလက်. All rights reserved.

ဓာတ်လှေကားနှင့် ကျောက်ခေတ်လူသား


ပထမဆုံးဓာတ်လှေကား စီးဖူးတာလား။
တံခါးပွင့်လာပြီး အထဲကိုဝင်ပါ။ ခလုပ်ကို နှိပ်။
ဘယ်လောက်ပြင်းပြင်း နှိပ်ရမှာလဲ။
ဒီလိုမေးဖော်ရတဲ့အတွက် ဝမ်းသာပါတယ်။
ဒီကိစ္စက သိပ်ပြီးလွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။

ကျွန်တော်တို့ လော်ဘီကို ကမ္ဘာဦးကျောက်ခေတ်လူသားတွေနဲ့အတူ မျှဝေရင်း ဓာတ်လှေကား သုံးစွဲနေရပါတယ်။ ဓာတ်လှေကားနားကိုရောက်ရင်-
၁။ အပေါ်ပြထားတဲ့ခလုတ်ကိုနှိပ်ပြီး သူတို့ဘယ်အထပ်ကို သွားချင်တယ်ဆိုတာ ပြောကြတယ်။ ပြီးရင် အဆင်းကိုပြထားတဲ့ ခလုတ်ကိုနှိပ်ပြီး သူတို့ကို လာခေါ်ဖို့ပြောကြတယ်။
၂။ ဒီလုပ်ထုံးလုပ်နည်းကို စက္ကန့်နဲ့အမျှ ထပ်တလဲလဲလုပ်ကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဓာတ်လှေကား ပိုမြန်မြန်ရောက်လာမယ်လို့ ယုံကြည်ထားကြလို့။
၃။ ဓာတ်လှေကားရှေ့ကို နောက်ထပ်ရောက်လာတဲ့ လူတိုင်းကလည်း ဒီအတိုင်းပဲလုပ်ကြတယ်။ ဓာတ်လှေကားစောင့်နေတဲ့လူအုပ် ပိုပြီးကြီးလာပြီဆိုတာသိပြီး ဓာတ်လှေကား မြန်မြန်အလုပ်လုပ်နိုင်ဖို့တဲ့။

ဓာတ်လှေကားလည်းရောက်လာရော လမ်းညွှန်ချက်တွေ ပြပေးထားတယ်။
၁။ အုပ်စု အေ(လောဘီထဲမှာရှိနေတဲ့အဖွဲ့) က အင်အားသုံးပြီး အုပ်စု ဘီ(ဓာတ်လှေကားထဲမှာ ရှိနေတဲ့အဖွဲ့) ဆီကို တိုးဝင်ကြရမယ်။ ဒီလိုမှမလုပ်ရင် ဘယ်သူနိုင်တယ်ဆိုတာ ဆုံးဖြတ်လို့ မရနိုင်ဘူး။
၂။ ဓာတ်လှေကားထဲ ပထမဆုံးရောက်သွားတဲ့ပုဂ္ဂိုလ်က အထပ်နံပါတ်တွေရှိတဲ့ ခလုတ်နေရာကို ဘယ်သူမှနှိပ်လို့မရအောင် သူ့ခန္ဓာကိုယ်နဲ့ ကာထားရမယ်။
၃။ လူတွေရဲ့ ဒီလိုပြိုင်ဆိုင်မှုအတွက် စက်လှေကားက နှစ်မိနစ်ရပ်နားပေးတယ်။ လူတွေသက်ပြင်းချ၊ အမောဖြေဖို့အတွက်။

ဒီဥပဒေက ကျွန်တော်တို့တိုက်ရဲ့ ဥပဒေရယ်မဟုတ်ပါဘူး။ အာရှတိုက်နဲ့ ကမ္ဘာတစ်ဝှမ်းလုံး တိတိကျကျလိုက်နာနေရတဲ့ ဥပဒေတွေပါ။ ဒါပေမယ့် စာဖတ်သူတွေကို ပြန်ပြောပြနေတဲ့ ရိုးရိုးသားသားပုဂ္ဂိုလ်(ကျွန်တော်) နဲ့ သူ့မိတ်ဆွေကတော့ လူတွေရဲ့အမူအကျင့်ကို ပြောင်းလဲပေးနိုင်ဖို့ ဒီလိုလေး တီထွင်ကြံဆ လုပ်ဆောင်ကြည့်ကြပါတယ်။ ဒီလိုပါ-


၁။ လူတစ်ယောက် ဓာတ်လှေကားထဲဝင်လာတိုင်း “ ဟိုင်း၊ ဓာတ်လှေကားထဲရောက်အောင် ကြိုးစားနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်” ဆိုပြီး သူ့လက်ကို အားရပါးရဆွဲပြီး နှုတ်ဆက်ပေးပါ။
၂။ မြေညီထပ်မှာဆိုရင် ဓာတ်လှေကားတံခါးကို ပိတ်မရအောင် တားထားပြီး လိုအပ်တာထက် အချိန်ကြာအောင် အချိန်ဆွဲပေးပါ။ ဓာတ်လှေကားစောင့်နေတဲ့ အခြားပုဂ္ဂိုလ်တွေကို ဓာတ်လှေကားဆီဖြည့်နေလို့ပါလို့ ပြောပေးပါ။
၃။ ဓာတ်လှေကားထဲမှာရှိတဲ့ မိုက်ကရိုဖုန်းကနေပြီး “ This is Alpha Bravo Elevator One to Control! Ready for Departure! Over!” လို့ ပြောပေးပါ။
၎။ ဓာတ်လှေကား စတက်ပြီဆိုရင် “ဓာတ်လှေကားလမ်းပြ စစ်စတမ်တွေကို အနှောက်အယှက် ဖြစ်စေနိုင်တဲ့အတွက် မိမိတို့ရဲ့ လျှပ်စစ်ပစ္စည်းတွေအားလုံး ပိတ်ပေးထားကြပါ” လို့ ကြေငြာပေးပါ။
၅။ ဓာတ်လှေကားစီးသူတွေ မျက်နှာကြီးတွေ ခပ်တည်တည်ဖြစ်နေရင် တစ်ဖွဲ့လုံးဖက်ထားကြဖို့ (group hug) အကြံပြုပါ။
၆။ အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက်ဝင်လာတိုင်း ဂျိန်စဘွန်းအကြောင်း စကားစပြောပေးပါ။
၇။ အမျိုးသားနဲ့ အမျိုးသမီး အတူတူဝင်လာရင် “မင်္ဂလာအခါတော်ပေးတေးသွားကို သံစုံဆိုပေးပါ။ ( သူတို့က တစိမ်းသက်သက်တွေဆိုရင် ပိုပြီးအလုပ်ဖြစ်ပါတယ်)
၈။ ဓာတ်လှေကားရပ်ပြီဆိုရင် “Switching doors to manual” လို့ ဓာတ်လှေကားနံရံက ပင်နယ်ဖက်ကို လှည့်ပြောပြီး “ I will never forget you” လို့ ခရီးသည်တွေကို ပြောပေးပါ။

ကျွန်တော့်မိတ်ဆွေက အကြံတစ်မျိုးရှိပြန်ပါတယ်။ မှန်အကြည်နဲ့ ဓာတ်လှေကားစီးရင်း တက်သွားပြီးဆိုရင် ရိုလာကိုစတာစတိုင်နဲ့ လက်နှစ်ဖက်ကိုမြှောက်ပြီး “ဝေး” လို့ အော်ရမယ်တဲ့။ တစ်ခါတစ်လေ သူစီးထားတဲ့ ရှူးဖိနပ်ကိုချွတ်ပြီး “ဓာတ်လှေကား ငှားကြဦးမလား” လို့ ခရီးသည်တွေကို မေးတတ်ပြန်ပါတယ်။

ကျွန်တော်ကိုယ်တိုင် သူနဲ့အတူ ဓာတ်လှေကားထဲရှိနေတုန်းကတော့ ဓာတ်လှေကားစီးရင် သိထားရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို ခရီးသည်တွေဖက်လှည့်ပြီး လက်ချာပေးနေပါတယ်။ ဓာတ်လှေကားစီးပြီဆိုရင် ခန္ဓာကိုယ်ကို မတ်မတ်ထားရပါမယ်။ လက်နှစ်ဘက်ကို အောက်ချထားပြီး ပေါင်နဲ့ထိနေစေရမယ်။ အဲဒီ ထိနေတဲ့ပေါင်က ကိုယ့်ပေါင်ဖြစ်ဖို့တော့ လိုအပ်ပါတယ်” တဲ့။ ပြီတော့မှ သူက ဆက်တယ်။

“ကိုယ်ဆင်းမယ့်အထပ်ကို ဘယ်သူမှမရိပ်မိစေဖို့ အထပ်နံပါတ်ကို နှိပ်တဲ့အခါ နံပါတ်တွေကို လက်နှစ်ဖက်နဲ့ ကာကွယ်ပြီးမှနှိပ်ပါ။

ဘယ်လောက်ပဲကြိုးစားကြိုးစား ခင်ဗျားတို့နေတဲ့အထပ်ကို သိနေတဲ့လူတစ်ယောက်ယောက်ကတော့ ခင်ဗျားတို့နေတဲ့ အထပ်ရောက်ရင် ရောက်ပြီလို့ ပြောမှာပါပဲ။ အဲသလို အခါမျိုးမှာဆိုရင် ကျွန်တော့်မိတ်ဆွေက ခေါင်းကိုရမ်းပြီး -
“ကျွန်တော်က ခရီးစဉ်များတဲ့လူပါ။ တစ်နေ့နဲ့တစ်နေ့မတူအောင် အထပ်တိုင်းမှာ ဆင်းတတ်ပါတယ်” လို့ ပြောပြတတ်တယ်။

ကျွန်တော် အကြံပေးတဲ့အတိုင်းသာ လုပ်ပါ။
ကျွန်တော်တို့နှစ်ယောက်ကို အဆောက်အဦးနဲ့ ပရိဘောဂထိန်းသိမ်းရေးကော်မတီက စိတ်ဝင်စားသလို ခင်ဗျားတို့ကိုလည်း စိတ်ဝင်စားလာလိမ့်မယ်ဆိုတာ အာမခံပါတယ်။

Ref: Reader Digest
First Time Riding a Lift? By Nury Vittach.


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.