ကျနော်တို့  ဘလော့ဂ်မှာ လီကွမ်းယုတွေသိပ်များနေသလားလို့ တောင် စဉ်းစားစရာပါ။ မြန်မာလိုမတတ်တဲ့ တရုတ်မ စလုံးမိတ်ဆွေက မင်းဘာတွေရေးနေတယ်ဆိုတာတော့ မသိဘူး။ လီကွမ်းယုပုံတွေတော့ အများကြီးတွေ့ ရတယ်လို့  ဆိုလာပါတယ်။ ဒါပေမယ့် မတတ်နိုင်ပါဘူး။ သတင်းစာထဲပါလာတဲ့ ဒီဆောင်းပါးလေးကိုလည်း သဘောတူတာ မတူတာအပထား သဘောကျလို့  ဘာသာပြန်လိုက်မိပါတယ်။
သူရဲ့ Hard Truths စာအုပ်ကြီးထဲမှာတောင် မြန်မာနဲ့ ပတ်သတ်တဲ့မေးခွန်းတစ်ခုသာပေးခွင့်ပြုပြီး မြန်မာအကြောင်း စိတ်နာတယ်။ တော်ပြီတခြားဟာမေးလို့ ပြောပြီး ရှောင်ထွက်သွားတဲ့အဖိုးကြီးက မြန်မာအကြောင်းတခမ်းတနား ဆောင်းပါးတွေဘာတွေတောင် ကောက်ရေးနေတော့ အံသြတကြီးလည်း ဖြစ်မိတယ်။
ထားပါတော့ သူ့ ဆောင်းပါးက “Socialism or free market? Consider Myanmar and Thailand” ပါတဲ့။
မြန်မာနှင့်ထိုင်းတို့ သည် အကျယ်အဝန်းအားဖြင့်လည်းကောင်း လူဦးရေအားဖြင့်လည်းကောင်း မတိမ်းမယိမ်း ရှိကြသည်။ ၁၉၆၀ ခုနှစ်များ တိုးတက်မှုနှုန်းအားဖြင့်လည်း သူ မသာ ကိုယ်မသာရှိနေခဲ့ကြသည်။
သို့ သော် ၁၉၆၂ခုနှစ်၌ ဂျင်နရယ်နေဝင်းက စစ်တပ်အာဏာကိုသိမ်းခဲ့ပြီး စစ်တပ်ကိုအခြေခံပြီး ဆိုရှယ်လစ်စနစ်ပါးပါးဖြင့် နိုင်ငံကို တည်ဆောက်ခဲ့သည်။ ပြင်ပကမ္ဘာ၏ တံခါးတို့ ကို ပိတ်ခဲ့ပြီး ဗြိတိသျှအစိုးရနှင့်အတူ ပါလာသည့် အိန္ဒိယန်းတို့ ကိုမောင်းထုတ်ခဲ့သည်။ ၁၉၈၈ခုနှစ်၌ နေဝင်းကိုယ်တိုင်က နှုတ်ထွက်ခဲ့သော်လည်း နိုင်ငံကို စစ်တပ်ကပင် အုပ်စိုးထားခဲ့သည်။
ထိုတချိန်တည်းမှာပင် ထိုင်းနိင်ငံကလည်းစစ်တပ်အာဏာသိမ်းမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ ခေါင်းဆောင်တို့  က မတူသောစီးပွားရေးမူဝါဒကို ရွေးချယ်ခဲ့ကြသည်။ ထိုင်းနိုင်ငံက တံခါးဖွင့်စီးပွားရေးစနစ်ကိုကျင့်သုံးပြီး ကမ္ဘာ့ နိုင်ငံများမှ ရင်းနှီးမြုပ်နှံသူတို့ ကို လက်ခံခဲ့သည်။ ထို့ အပြင် ဗြိတိသျှအုပ်ချုပ်မှုကာလအတွင်း ရောက်ရှိလာခဲ့သည့် တရုတ်လူမျိုးတို့  ကို လက်ခံထားခဲ့သည်။ ယနေ့ ဆိုလျှင် ထိုင်းနိုင်ငံသည် ကုန်ထုတ်လုပ်မှုပိုင်း၌ အာရှ၏ အစည်ကားဆုံးနိုင်ငံတစ်ခုထဲတွင် ပါဝင်နေပေသည်။
မြန်မာနိုင်ငံ၏တံခါးပိတ်ဆိုရှယ်လစ်ဝါဒကြောင့် ပြည်တွင်းထုတ်ကုန်နှင့်တစ်ဦးချင်းဝင်ငွေကဏ္ဍ၌ထိုင်းနိုင်ငံနောက် နောက်ကျကျန်ရစ်ခဲ့ရလေသည်။၁၉၈၀ခုများ၌ မြန်မာနိုင်ငံ၏တစ်နှစ်အတွင်းတစ်ဦးချင်းဝင်ငွေသည်၁၇၂အမေရိကန် ဒေါ်လာဖြစ်ပြီးထိုင်းနိုင်ငံတစ်နှစ်အတွင်း တစ်ဦးချင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၁၀၆၀ရှိနေခဲ့သည်။ယခုနှစ်တွင် မြန်မာ၏တစ်ဦးချင်းဝင်ငွေကအမေရိကန်ဒေါ်လာ ၁၉၅၀ ဖြစ်ပြီး ထိုင်းက ၈၅၁၆ အထိ ကွာဟခဲ့လေတော့သည်။
၁၉၉၇ခု မေလတွင်အမေရိကန်နိုင်ငံကလူ့ အခွင့်အရေးချိုးဖောက်မှုတို့ ကြောင့် မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ပင်မှုများ ပြုလုပ်ခဲ့
သည်။ထိုပိတ်ဆို့ မှုတို့ တွင်ရင်းနှီးမြုပ်နှံမှုနှင့်ကုန်သွယ်မှုတို့ ပါပါဝင်ခဲ့သည်။ နိုင်ငံ၏စီးပွားရေးချွတ်ခြုံကျလာခြင်းနှင့်အခြား
အခြားသောပြဿနာတို့ ကြောင့် နိုင်ငံသူ၊ နိုင်ငံသားတို့ သည်လိုအပ်သောဆေးဝါးများရရှိစေရန်အတွက်ပင်ထိုင်းနိုင်ငံနယ်စပ်သို့ သွားကာ ကျောက်စိမ်းများဖြင့်ဆေးဝါးတို့ ကိုလဲလှယ်ရသည်အထိရှိခဲ့ရသည်။ထိုတချိန်တည်းမှာပင် မြန်မာအစိုးရက ကျောက်မျက်ရတနာနှင့် ပတ်သက်သော သဘာဝအရင်းအမြစ်တို့ ကို တရုတ်အစိုးရစိတ်ကြိုက် တူးဖော်ခွင့်ပြုခဲ့ပြန်လေသည်။
သည်။ထိုပိတ်ဆို့ မှုတို့ တွင်ရင်းနှီးမြုပ်နှံမှုနှင့်ကုန်သွယ်မှုတို့ ပါပါဝင်ခဲ့သည်။ နိုင်ငံ၏စီးပွားရေးချွတ်ခြုံကျလာခြင်းနှင့်အခြား
အခြားသောပြဿနာတို့ ကြောင့် နိုင်ငံသူ၊ နိုင်ငံသားတို့ သည်လိုအပ်သောဆေးဝါးများရရှိစေရန်အတွက်ပင်ထိုင်းနိုင်ငံနယ်စပ်သို့ သွားကာ ကျောက်စိမ်းများဖြင့်ဆေးဝါးတို့ ကိုလဲလှယ်ရသည်အထိရှိခဲ့ရသည်။ထိုတချိန်တည်းမှာပင် မြန်မာအစိုးရက ကျောက်မျက်ရတနာနှင့် ပတ်သက်သော သဘာဝအရင်းအမြစ်တို့ ကို တရုတ်အစိုးရစိတ်ကြိုက် တူးဖော်ခွင့်ပြုခဲ့ပြန်လေသည်။
ယခုမူထင်ရှားသောအပြောင်းအလဲတချို့  မြန်မာနိုင်ငံတွင်တွေ့ လာရသည်။အထင်ရှားဆုံးသာဓကမှာလက်ရှိမြန်မာနိုင်ငံ၏ခေါင်းဆောင်ဖြစ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ တတိယသမီး အောင်ဆန်းစုကြည်ပင်ဖြစ်သည်။ ဒေါ်စုကြည်က သူမ၏လူငယ်၊ လူလတ်အရွယ်တွင် နိုင်ငံခြားတိုင်းပြည်များ၌ ကျင်လည်ခဲ့ရပြီး မိခင်၏ကျန်းမာရေးကြောင့် ၁၉၈၀ ခုတွင် မြန်မာပြည်ပြန်သွားခဲ့ပြီး ပရိုဒီမိုကရေစီခေါင်းဆောင်တစ်ယောက်အနေဖြင့် NLDကို ဦးဆောင်ခဲ့သည်။
၁၉၈၉ ခု၌ ပထမဆုံး သူမကိုယ်တိုင်နေအိမ်အကျဉ်းချခံခဲ့ရသည်။ ထို့ နောက် ၁၉၉၀ ခုရွေးကောင်ပွဲတွင်ကား သူမ၏အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က တစ်နိုင်ငံလုံး ၅၉ ရာခိုင်နှုန်း၊ ပါလီမန်အမတ်နေရာ ၈၁ ရာခိုင်နှုန်းအထိ အပြတ်အသတ် အနိုင်ရခဲ့သည်။ သို့ သော် စစ်တပ်က ထိုရွေးကောင်ပွဲရလာဒ်ကို အသိအမှတ်မပြုခဲ့ပေ။ ဒေါ်စုကြည် ကိုယ်တိုင်က ၂၁ နှစ်အတွင်းတွင် ၁၅နှစ်ခန့် နေအိမ်အကျယ်ချုပ်ဘဝဖြင့် နေထိုင်ခဲ့ရသည်။ ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို သူမရခဲ့သည်။၂၀၁၀ ခု၊ နိုဝင်ဘာလ၌ သူမလည်းအကျယ်ချုပ်ဘဝမှ လွတ်မြောက်ခဲ့ရတော့သည်။
ယခုနှစ်ဧပြီလတွင်ကျင်းပသောကြားဖြတ်ရွေးကောက်ပွဲ၌ကားအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကပါလီမန်အမတ်၄၃ နေရာရရှိခဲ့လေသည်။ ဒေါ်စုကြည်ကိုယ်တိုင်ပင်ပါလီမန်အောက်လွှတ်တော်အမတ်နေရာကိုရယူခဲ့သည်။သူမ၏ရဲဝံ့ပြောင်မြောက်သောသတ္တိက မြန်မာနိုင်ငံ၏ပြောင်းလဲမှုကို အဓိကတွန်းအားတစ်ခု ဖြစ်စေခဲ့သည်။
အလားတူစွာပင် စစ်တပ်အတွင်း အဓိကအပြောင်းအလဲကလည်း မြန်မာနိုင်ငံ ပြောင်းလဲရေးအတွက် အထူးအရေးပါလှပေသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးတိုးတက်ရေးကောင်စီဥက္ကဌ သန်းရွှေ နှုတ်ထွက်ပြီး သူ၏စစ်တပ်ထဲမှ ဦးသိန်းစိန်ကသူ့ နေရာကို ဆက်ခံခဲ့သည်။ ဦးသိန်းစိန်ကား အမှန်တကယ်ပြောင်းလဲရေးကို လိုလားသူဟု သုံးသပ်၍ရသည်။ သူ၏ခေါင်းဆောင်မှုအောက်၌ အပြောင်းအလဲများစွာရှိခဲ့သည်။
သမ္မတဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံရေးဝန်ကြီးဗယ်လာရီကလင်တန်တို့  ပထမဆုံးတွေ့ ဆုံစဉ် ကလင်တန်က နိုင်ငံခြားရင်းနှီးမှုနှင့် ကုန်သွယ်မှုတို့ အတွက် ဆက်လက်တံခါးဖွင့်ပေးရန် တိုက်တွန်းခဲ့သည်။ ယခုနှစ်အရင်လက သူတို့  နှစ်ဦးထပ်မံတွေ့ ဆုံရာ အမေရိကန်ကပိတ်ဆို့ ထားသော စီးပွားရေးကဏ္ဍများ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သူမက ကြေငြာခဲ့သည်။ ဤအခွင့်အရေးကို အမိအရယူနိုင်မည်ဆိုလျှင် ကျဉ်းမြောင်းသွားစေနိုင်ပေလိမ့်မည်။
ထိုင်းနိုင်ငံကိုယ်တိုင်ကလည်း ဘုရင်စနစ်ဒီမိုကရေစီမှသည် အရပ်သားဒီမိုကရေစီစနစ်သို့  ကူးပြောင်းဆဲကာလသာ ဖြစ်သည်။ ပုံမှန်ရွေးကောက်ပွဲများ ကျင်းပနေသော်လည်း တစ်ခုခုဖြစ်တိုင်း စစ်တပ်က ရှေ့တက်လာပြီး ထိန်းသိမ်းထားတတ်သည်။ လွန်ခဲ့သော နှစ် ၈၀ သမိုင်းကို ပြန်ကြည့်လျှင် စစ်တပ်ကအာဏာသိမ်းမှုပေါင်း (၁၈) ကြိမ်ရှိခဲ့ပြီး (၁၁)ကြိမ်အောင်မြင်ကာ (၇)ကြိမ်ကျရှုံးခဲ့သည်။ လတ်တလောထင်ရှားသောသာဓကမှာ ဝန်ကြီးချုပ် သက်ဆင်ကို ၂၀၀၆ခု၊ စက်တင်ဘာလက ဖြုတ်ချလိုက်ခြင်းပင်ဖြစ်သည်။ စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှုတို့ က အပြည်ပြည်ဆိုင်ရာရင်းနှီးမြုပ်နှံသူတို့ ၏ ယုံကြည်မှုကို လျော့ပါးစေသည်။
ထို့ ကြောင့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံလုံးကအစိုးရတို့ သည် ထိုသင်္ခန်းစာကို ကောင်းကောင်းရယူနိုင်ခဲ့သည်ဆိုလျှင် တံခါးဖွင့်စီးပွားရေးစနစ်ကို ခိုင်ခိုင်မာမာကျင်သုံးပြီး အပြည်ပြည်ဆိုင်ရာရင်းနှီးမြုပ်နှံသူတို့ ကို ပိုမိုဆွဲဆောင်နိုင်အောင် ကြိုးစားသင့်သည်။ ထိုင်းနိုင်ငံတိုးတက်လာခြင်းသည် တံခါးဖွင့်စီးပွားရေးစနစ်ကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံ နောက်ကျကျန်ရစ်ခဲ့ရခြင်းသည် တံခါးပိတ်ဆိုရှယ်လစ်ဝါဒကြောင့်ဖြစ်သည်။
ဤအချက်သည် နှစ်နိုင်ငံလုံးအတွက် သင်္ခန်းစားများဖြစ်ပေသည်။
Original article >> Socialism or free market? Consider Myanmar and Thailand By Lee Kuan Yue
This article first appeared in the November issue of Forbes Asia magazine in a column ratated among Mr. Lee Kuan Yew, former Primine Minister of Singapore; Mr. David Malpass, global Economic, President of Encima Global LLC; Ms Amity Shales, director of the 4% Growth; and Mr. Paul Johnson, Eminent British historian and author. FORBES ASIA.
This article first appeared in the November issue of Forbes Asia magazine in a column ratated among Mr. Lee Kuan Yew, former Primine Minister of Singapore; Mr. David Malpass, global Economic, President of Encima Global LLC; Ms Amity Shales, director of the 4% Growth; and Mr. Paul Johnson, Eminent British historian and author. FORBES ASIA.