ဘယ်ဆိုင်က ကော်ဖီလဲ


ဇနီးက မီးဖိုထဲမှာအလုပ်ရှုပ်နေချိန် အမျိုးသားက ဧည့်ခန်းထဲမှာ သတင်းစာ ဖတ်နေတယ်။ သူတို့ရဲ့ သုံးနှစ်အရွယ်သမီးလေးကတော့ သူ့ ဖေးဘရိတ် အ ရုပ်လေးတွေနဲ့ကစားနေတာပေါ့။ ဖေးဘရိတ်အရုပ်ဆိုတာ ကော်ဖီကရားနဲ့
ကော်ဖီပန်းကန် အစုံပါ။ ကလေးက သတင်းစာဖတ်နေတဲ့ သူ့အဖေအ တွက် ကော်ဖီဖျော်လာတယ်ဆိုပြီး လာလာချပေးတယ်၊ တကယ်တော့ ရေေ တွပါ။ အဖေလုပ်သူကလည်း သူ့သမီးလေးကစားနေတာကိုကြည့်ပြီး ကျေနပ် မဆုံး တပြုံးပြုံးပေါ့။ လာချပေး သမျှကိုလည်း တော်လိုက်တဲ့သမီးလေးဆိုပြီး သောက်ပေးတယ်။

ခဏနေတော့ သူအမေဘေးမှာ ရှိနေတုန်း သမီးလေးက ကော်ဖီလာတိုက် လို့ သောက်မယ်လုပ်နေစဉ် ဇနီးက သေသေချာချာကြည့်လိုက်ပြီး

" ရှင့်နှယ်နော်၊ ဒါလေးမှမစဉ်းစားမိဘူးလား။ သမီးလေးအရပ်နဲ့ ခပ်လို့မီနိုင် တဲ့ရေက တစ်အိမ်လုံးမှာ အိမ်သာထဲမှာပဲရှိမယ် "
( Ref: R.D.May, 2012 )


ဇင်ဝေသော်

ရှားလော့ဟုမ်းနှင့် သတိပဋ္ဌာန်ကျင့်စဥ်( အပိုင်း ၂ )


စိတ်ပညာသိပ္ပံအရ “Paradox is illusory” ဖြစ်သည်။ ထို့ကြောင့် ရှားလော့ဟုမ်း ကိုယ်တိုင်ပင် စိတ်ဖိစီးမှုဒဏ်မှတော့ မလွတ်။ သူ့စိတ်ဖိစီးမှုက ဦးနှောက်မှာ အလုပ်များ၍ မဟုတ်။ အလုပ်မရှိလျှင် မနေတတ် မထိုင်တတ် ဖြစ်သော ခံစားမှုမျိုး ဖြစ်သည်။ ထို့ကြောင့် သူ့ဦးနှောက်အတွက် အလုပ်က တစ်ခုမဟုတ် တစ်ခု ရှိနေရသည်။

သတိပဋ္ဌာန်ကျင့်စဉ်သည် ခံစားမှုဆိုင်ရာ ဦးနှောက် လှည်ပတ်မှုနှင့်သာ ဆိုင်သည်မဟုတ်၊ တစ်ချိန်ထဲမှာ အလုပ်တွေ အများကြီး လုပ်နေရသော Multi-tasking ခေတ်ကြီးထဲ၌ သတိက ပို၍ပင် အသုံးဝင်သည်။ တစ်ချိန်ထဲမှာ ဦးနှောက်က အလုပ်တွေ အများကြီး လုပ်နေရတယ်ဟု သာမန်လူတို့ ထင်ထားသော အယူအဆက မမှန်၊ ဒဏ္ဍာရီသာ ဖြစ်၏။ ဦးနှောက်က တစ်ချိန်မှာ တစ်ခုသာ လုပ်နိုင်၏။

ယခုနှစ်မှာပင် ဝါရှင်တန်တက္ကသိုလ် သုတေသနအဖွဲ့ကလည်း သတိပဋ္ဌာန်နှင့် Multi-tasking ကိစ္စကို တွဲစပ်၍ သုတေသန ပြုခဲ့ကြပြန်သည်။ သူတို့ သုတေသနက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းနေသေး၏။

ထိုအလုပ်စခန်း (Work-shop) သို့ တက်ရောက်သူတိုင်းသည် သူတို့ဆိုင်ရာ နယ်ပယ်အသီးအသီး၌ ပရော်ဖက်ရှင်နယ်ချည်းသာ ဖြစ်ကြသည်။

သူတို့အားလုံးကို ရုံးခန်းတစ်ခန်းစီ၊ တယ်လီဖုန်း တစ်လုံးစီ၊ လက်(ပ်)တော့ကွန်ပျူတာ တစ်လုံးစီ ပေးထားပြီး စမ်းသပ်ချိန် မိနစ် (၂၀) ဖြစ်သည်။

ရုံးခန်းထဲ ရောက်လျှင်ရောက်ချင်း အစည်းအဝေး အစီအစဉ်များ၊ အဂျင်ဒါများ၊ သတင်းအချက်အလက် စုစောင်းရန် ကိစ္စများကို ပြုလုပ်ဖို့ တာဝန်ပေးထားသည်။ ထိုတာဝန်များ ပြီးဆုံးဖို့ ကြိုးစားနေစဉ် ကွန်ပျူတာမှာ ဝင်လာသည့် အီးမေးလ်တိုင်းကိုလည်း စစ်ရ၊ (လိုအပ်ပါက) ပြန်ရသည်။ တစ်ချိန်ထဲမှာပင် ဖုန်းဝင်လာပြီး ဖုန်းဆက်သူကို ဖြေကြရပြန်သည်။ ဖုန်းမဆက်၊ အီးမေးလ် မပို့ဘဲ လူကိုယ်တိုင် ရုံးခန်းထဲ ဝင်လာပြီး စကားပြောတာမျိုးလည်း ရှိတတ်ပြန်သေးသည်။ အလုပ်ရှုပ်သည်ဟု ဆင်ခြေပေး၍ မရ။ ပေးထားသော တာဝန်ကို မိနစ် (၂၀) အတွင်း ပြီးနိုင်သမျှ ပြီးအောင် လုပ်ဆောင်ကြရသည်။

ဤက ပထမ ဆက်ရှင် ဖြစ်သည်။

ဒုတိယ ဆက်ရှင်၌ သူတို့အားလုံးကို သုံးစု ခွဲခြားလိုက်သည်။

ပထမအုပ်စုကို သတိပဋ္ဌာန်ကျင့်စဉ် ရှစ်ပတ်ကြာအောင် တရားရှု့မှတ်ခိုင်းသည်။

ဒုတိယအုပ်စုကိုတော့ တရား ချက်ချင်း မထိုင်ခိုင်းသေးဘဲ နောက်မှ အထိုင်ခိုင်းမည်ဟု ချန်ထားလိုက်သည်။

တတိယအုပ်စုကတော့ ခန္ဓာကိုယ် အနားယူခြင်း သင်တန်းများ ပေးပြီး လေ့ကျင့်စေသည်။

သင်တန်းကာလ ရှစ်ပတ်ပြည့်သောအခါ ယခင်နည်းအတိုင်း တာဝန်များကို ပေးအပ် ပြုလုပ်စေခဲ့သည်။

ထိုအခါ သတိပဋ္ဌာန်တရား ရှစ်ပတ်ကြာအောင် အားထုတ်ခဲ့ရသော ပထမအုပ်စုသည် တိုးတက်မှု အရှိဆုံး ဖြစ်လာသည်ကို တွေ့ရှိကြရသည်။ သူတို့မှာ စိတ်ဆိုးခြင်း၊ စိတ်ပျက်ခြင်းများ နည်းသွားရုံသာမက အလုပ်ကိုလည်း သူများတွေထက် ပိုမို အာရုံစိုက် လုပ်ဆောင်လာနိုင်ကြသည်။ အလုပ်ပြီးစီးချိန်ကလည်း သူများလောက် မကြာတော့ပေ။ ကျန်အဖွဲ့နှစ်ဖွဲ့က အဖွဲ့ဝင်များအတွက် ပြီးစီးရန် စက္ကန့် ၄၀/၅၀ အချိန်ယူရသော အလုပ်တစ်ခုကို သတိပဋ္ဌာန်ကျင့်ထားသူတို့က စက္ကန့် (၃၀) မျှဖြင့် ပြီးအောင် လုပ်နိုင်ကြသည်။ သူတို့အဖွဲ့အားလုံး လုပ်ဆောင်စရာ ရှိသည်တို့ကို လုပ်ဆောင်ပြီးသည့်နောက် အားလုံးကို ခြုံပြီး အကြမ်းဖျဉ်း တွက်ကြည့်ရာ သာမန်လူ စက္ကန့် (၅၀) ကြာသော အလုပ်တစ်ခုက သတိပဋ္ဌာန်ကျင့်ထားသူက စက္ကန့် (၃၀) အတွင်း ပြီးအောင် လုပ်နိုင်သည်ဟု တိတိကျကျ တွေ့ရှိကြရသည်။

ထိုမျှမက သူတို့ လုပ်ခဲ့သည့် အလုပ်များကိုလည်း သူများတွေထက် ပိုပြီး မှတ်မိကြသည်။

Emory တက္ကသိုလ်ကလည်း သတိပဋ္ဌာန်နှင့် ဆက်စပ်ပြီး ခံစား၊ တွေးခေါ်မှုတို့ကို အလုပ်လုပ်ပေးသော ဦးနှောက် အစိတ်အပိုင်းကို ဆက်လက် လေ့လာကြသည်။ သူတို့ တွေ့ရှိချက်အရ သတိပဋ္ဌာန်ကျင့်စဉ်ကို ကျင့်သုံးသူများက အလုပ်တစ်ခုမှ တစ်ခု၊ အာရုံတစ်ခုမှ တစ်ခုသို့ ကူးပြောင်းရာ၌ ပို၍ ထိထိရောက်ရောက် လုပ်နိုင်ကြောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာတွေမှာလည်း သူများတွေထက် သာလွန်ကြောင်း တွေ့ရှိကြရသည်။

သူတို့ တွေ့ရှိချက်များက ခက်ခဲသော ကိစ္စများ ဆုံးဖြတ်စရာ ကြုံတိုင်း တရားထိုင်ပြီးမှ ဆုံးဖြတ်ချက် ချတတ်သည်ဟု ဆိုသော ဦးသန့်၏ စကားကို အတည်ပြုပေးလျှက် ရှိနေလေသည်။

သူတို့ အဓိက လေ့လာသော အချက်မှာ Default-network ဟုခေါ်သည့် စိတ်အနားယူနေစဉ်မှာပင် ဆက်သွယ်မှု မပြတ်အောင် အလုပ် လုပ်ပေးနေသော ဦးနှောက်၏ အစိတ်အပိုင်း ဖြစ်သည်။ သတိပဋ္ဌာန်ကို ပုံမှန် ပွားများနေသူများက ထို Default-network ကို ပိုပြီး ကောင်းမွန်စေသလို သတင်းအချက်အလက် စုစောင်းရာ၌လည်း သူများထက် သာလွန်သည်။ ပတ်ဝန်းကျင်ကို သတိထားမိရာ၌လည်း သူများထက် သာလွန် ကောင်းမွန်ကြောင်း တွေ့ရှိရသည်ဟု သိရသည်။

သူတို့ကလည်း သတိပဋ္ဌာန်၏ အကျိုးကို ပြရာ၌ ရှားလော့ဟုမ်းကိုပင် ပြန်ပြီး လက်ညှိုး ညွှန်ကြပြန်သည်။

“စိတ် မပျံ့လွင့်သူဟာ ဘယ်သူလဲလို့ဆိုရင် ကုလားထိုင်ပေါ်မှာ လက်ပေါ် မေးထောက်ပြီး ဆေးတန်ကြီး ခဲနေတဲ့ ရှားလော့ဟုမ်းလိုပဲလို့ ဖြေရမည်” ဟု ဆိုလာကြပြန်သည်။

“The Valley of Fear” ဟူသော ဝတ္ထု၌ စုံထောက်ဖြစ်သူ Mac က မြို့ရွာအနှံ့ပတ်ပြီး ပျောက်ဆုံးသွားသော စက်ဘီးသမားကို ရှာဖွေ ထောက်လှမ်းခဲ့သည်။ ပိုးသာကုန် မောင်ပုံ စောင်းမတတ် ဆိုသကဲ့သို့ Mac ခင်ဗျာ ခြေသာ တိုသွားသည်။ ဘာ သဲလွန်စမျှ မရခဲ့။ ရှားလော့ဟုမ်းက သူ့အိမ်ထဲမှာ ထိုင်နေရင်း အကျိုးအကြောင်း ဆက်စပ် တွေးခေါ်လိုက်ရာ အမှုခင်း ဖြစ်သွားသော နေရာသာမက လူသတ် တရားခံကိုပါ ရှာဖွေမိလေတော့သည်။

သတိ၊ သမာဓိ ရှိခြင်းရဲ့ အကျိုးဟာ ဘာလဲ မေးလျှင် ရှားလော့ဟုမ်းကဲ့သို့ ကျိုးကြောင်း ဆက်စပ် တွေးရာ၌ ဦးနှောက်စွမ်းရည် မြင့်မားလာခြင်းသာ ဖြစ်သည်ဟု ရှင်းပြကြသည်။ ရှေးပိုင်း သုတေသနများအရ ဤအချက်ကို လူကြီး၊ လူလတ်ပိုင်းတို့၏ ဦးနှောက်များ၌သာ ထင်ထင်ရှားရှား တွေ့နိုင်သည်ဟု သိရသည်။ သို့သော် လတ်တလော သုတေသနများအရ သတိပဋ္ဌာန်ကျင့်စဉ်နှင့် ဦးနှောက်၏ ဆက်သွယ်မှုသည် အရွယ်သုံးပါးလုံး၌ ဖြစ်နေသည်ဟု သိရှိလာရသည်။ ဤတွေ့ရှိမှုက ၂၀၀၆ - ခုမှ စတင်ခဲ့သည်။ သတိပဋ္ဌာန်ကျင့်စဉ်ကို စနစ်တကျ လေ့ကျင့်၊ ကျင့်သုံးမည်ဆိုလျှင် (၅) နာရီခန့်မျှ နောက်ပိုင်းမှ စ၍ အကျိုးတရားများ စတင် တွေ့ရှိနိုင်သည်ဟု ဆိုသည်။

ယခုနှစ်မှာပင် အိုဟိုင်းယိုးတက္ကသိုလ်ကလည်း ဤကိစ္စကို ဆက်လက် သုတေသန ပြုကြရာ သတိကောင်းသူတိုင်း၏ Default-network က အခြားသူများထက် သာလွန်ကြောင်း၊ သတင်းများ ပို၍ စုစောင်းနိုင်ကြောင်း ထပ်မံ တွေ့ရှိခဲ့ကြပြန်သည်ဟု သိရသည်။ တွေ့ရှိရသော အကျိုးရလဒ်တို့က အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။

ရှားလော့ဟုမ်း၏ အဓိက စွမ်းရည်သည် များပြားလှသော အာရုံကို ဖယ်ခွာ (Detach) နိုင်ပြီး မိမိ စူးစိုက်လိုသော အာရုံတစ်ခုထဲကိုသာ စွဲစွဲမြဲမြဲ စူးစိုက်ထားနိုင်ခြင်း ဖြစ်သည်။

ထို့အတူ တာဝန်နှင့် ဝတ္တရားများ ပို၍ များများလာသော Multi-tasking ခေတ်သစ်ကမ္ဘာ၌ လိုအပ်ရာ အာရုံကိုသာ စူးစိုက်ထားနိုင်သော Uni-tasking စွမ်းရည်သည် အလွန်ပင် အရေးပါလှကြောင်း ရှားလော့ဟုမ်းကို ဇာတ်ကောင်တည်ပြီး ရေးသားထားသော ဤဆောင်းပါးကို ဗုဒ္ဓဘာသာဝင်များ ဝမ်းသာကြစေရန် မှီငြမ်း ရေးသား လိုက်မိသည်။

တစ်ချိန်က မဟာသတိပဋ္ဌာနသုတ်သည် ယနေ့ သိပ္ပံစာသင်ခန်းထဲ ရောက်ရှိနေပြီ။ တစ်ချိန်က လောက ရှောင်ခွာရေးကိုသာ အာရုံစိုက်ခဲ့သော ယဉ်ကျေးမှုသည် လောကနှင့် သဟဇာတဖြစ်အောင် နေတတ်ဖို့ သင်ပြသလို ရှိနေသည်။

ဘုရားရှင်ကိုယ်တိုင် လိုအပ်သောတရားကို ရှာတွေ့ပြီးသောအခါ မိဂဒါဝုန်နှင့် ရာဇင်္ဂြီုဟ်စသော လူတောထဲသို့ ပြန်ကြွလာခဲ့သည်ကို သတိမူလျှင် အဖော်မမှီး တစ်ကိုယ်တည်းကိစ္စသည် ပုဂ္ဂလိက ရွေးချယ်မှုသာ ဖြစ်ကြောင်း နားလည်ထားရမည် ထင်၏။

အချို့က တရားထိုင်လျှင် အိပ်ချင်သည်ဟု ဆိုကြ၏။ မိမိကတော့ အိပ်ချင်လျှင်ပင် မဆိုးလှဟု ထင်သည်။ မှန်၏။ အိပ်ခြင်းကတော့ မကောင်း၊ သို့သော် အိပ်မရသဖြင့် အိပ်ဆေးများ သောက်နေသူနှင့် နှိုင်းစာလျှင် ရှု့မှတ်ခြင်းကို အိပ်ဆေးအဖြစ် အသုံးချပါကလည်း လောကသံသရာ အကျိုးယုတ်စရာ မရှိပါ။

ထို့ကြောင့် ယနေ့ကမ္ဘာက သိသော သတိပဋ္ဌာန်သည် နိဗ္ဗာန်ရောက်ရှိရေး ဆိုသည်ထက် ပစ္စုပ္ပန် စိတ်ဒုက္ခ အေးငြိမ်းရေးကိုသာ ပို၍ ရှေးရှု့နေသည်။ အမှန်ဆိုပါကလည်း ပစ္စုပ္ပန် ပူလောင် လူမှုဒုက္ခကို အေးအေးလူလူ မဖြေရှင်း တတ်သေးလျှင် အံချော်နေသော စိတ်ကူးယဉ် နိဗ္ဗာန်သာ ဖြစ်တန်ရာ ကောင်း၏ဟု။



မေတ္တာဖြင့်


သီဟနာဒ 

မပါလည်း ဖြစ်တဲ့ ဝေဟာရများ


ဘာသာစကားတိုင်းမှာရှိတဲ့ အပို လုံးတွဲတချို့ကို ကြည့်ရင် သူတို့မပါလည်း အဓိပ္ပါယ် အပြည့်အစုံရနေတာတောင် သူတို့ပါမှ ပိုပြီးထိမိတယ် ထင်လာစ ရာဖြစ်လာကြပါတော့တယ်။ အင်္ဂလိပ်မှာ ဥပမာ Right here နဲ့ Right now တို့လိုပါ။ Now ( သို့ ) Here နဲ့ အိုကေနေပေမဲ့ အမေရိကန်တို့ စနက်ကြောင့် Right here ( သို့ ) Right now က ပိုပြီးထိထိမိမိ ရှိလာသလို လိုဖြစ်လာတယ်။
ကွင်းစကွင်းပိတ်ထဲက စကားတွေဟာ စကားတန်ဆာဆိုတာထက် ထူးခြား တဲ့အဓိပ္ပါယ် မရှိပါဘူး။

1 ) ( any and ) all.
ဥပမာ : Any and all information is kept strictly confidential.
ဥပမာ : All information is kept strictly confidential. ဆိုရင် ရနေပါပြီ။

2 ) ( bond ) together
3 ) diverse ( cross section )
4 ) anything or nothing ( at all )
5 ) begins ( promptly )
6 ) career ( path )
7 ) completely ( surrounded )
8 ) ( conclusive ) proof
9 ) ( core ) audience, market, value etc
10) ( delegate ) responsibility
11) Dollar ( amount )
12) ( end ) result


ဇင်ဝေသော်

သခ်ာၤေဗဒ


1 ) ခင်ဗျားမှာ ပန်းသီးတစ်လုံး ရှိတယ်။ ကျနော့်မှာလည်း ပန်းသီးတစ်လုံး ရှိတယ်။ ပန်းသီးချင်း လဲကြမယ်ဆိုရင် ကျနော်တို့မှာ ပန်းသီးတစ်လုံးစီပဲ ရှိနေကြလိမ့်မယ်။
၁+၁=၂

2 ) ဒါပေမယ့် ခင်ဗျားမှာ အတွေးတစ်ခု ရှိတယ်။ ကျနော့်မှာ အတွေးတစ်ခု ရှိတယ်။ ဒီအတွေးနှစ်ခုကို ဖလှယ်လိုက်မယ်ဆိုရင် ကျနော်တို့ ကိုယ်စီမှာ အတွေးနှစ်ခုစီ ရှိသွားမယ်။
၁ ( ၂ ) + ၁ ( ၂ ) = ၎

3) နားလည်မှုရှိတဲ့ နှလုံးသားတစ်ခုစီ အပြန်အလှန် လဲကြမယ်ဆိုရင်ကော ဘယ်လောက်ဖြစ်နိုင်မလဲ။ ဆရာကြီး ဂျော့(ဂ်ျ) ဘားနက်ရှော မပြောခဲ့ဘူး။
အပေးအယူညီမျှတဲ့ ဘဝတစ်ခု ဖြစ်မသွားနိုင်ဘူးလား။
၁+၁=၁
( မြတ်ကျော်လွင်နဲ့ သန်းလဲ့ခိုင်တို့ အတွက် အမှတ်တရ )

1, 2 (ဂျော့(ဂ်ျ) ဘားနက်ရှော)


 ကမ်းလက် 

အန်ဆောင်း အောင်ဆန်း


နိုင်ငံခြားသားနာမည်တွေကို မြန်မာတွေ မွေးစားကြသလို ( ဥပမာ မော် ရင်ညိုကို မောင်တင်ညို၊ ဦးစိန်ဘိုးလ်ကို ဦးစိန်ဗိုလ် ) နိုင်ငံခြားသားတွေ လည်း မြန်မာနာမည်တွေကို သူတို့အသံနဲ့တွဲပြီး မှတ်မိအောင် မှတ်ကြရ တယ်ဆိုတဲ့ အကြောင်း အဖြူရေးတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ရဖူးတယ်။

သူတို့ပြောစကားအရ ဂျင်နရယ် " အောင်ဆန်း " ဆိုတဲ့နာမည်ကလည်း မှတ်ရခေါ်ရ တော်တော်ခက်တယ်တဲ့၊ အောင်ဆန်းကို ပြောင်းပြန်လှန်ပြီး သူတို့စကားနဲ့ အန်ဆောင်း( Unsound ) လို့ မှတ်လိုက်တော့မှ အဆင်ပြေ သွားတော့တယ် တဲ့။
သူက ဗိုလ်ချုပ် အောင်ဆန်းကို Unsound ( အန်ဆောင်း ) Hero လို့ခေါ် တယ်။ သူများတွေလို ပွဲရှိ၊ ရှေ့ထွက် လူသိမများလှဘဲ နောက်ကွယ်က နာမည်မထွက်တဲ့ လူစွမ်းကောင်းပေါ့။ မိုက်ပါတယ်။
အန်ဆောင်း အောင်ဆန်း။
၁၃။ ဖေဖော်ဝါရီ။


ဇင်ဝေသော်