မကြုံဖူးသဖြင့် "ထူး"သည်


အောက်မှာ မျက်ရည်တွေနဲ့ မိသားစုတစ်စု ရောက်နေလို့ အောက်ကို ခဏ ဆင်းခဲ့ဖို အတွင်းရေမှုးက ဖုန်းဆက်သည်။
ကျေးဇူးရှိသည့် မိသားစုဟုဆိုရမည်။ သတိပဋ္ဌာန်သင်တန်းများကို တာဝန် ယူ ဆောင်ရွက်ပေးနေသည့် ဒကာမ မိသားစုဖြစ်သည်။
အဖေ၊ အမေ၊ သားနှစ်ယောက်စလုံး မျက်ရည်တွေနဲ့မို့ ဘာများဖြစ်ပါလိမ့်ဟု စိုးရိမ်နေစဉ်မှာပင် ဒကာက
" မက်သယူးရဲ့ ခွေးလေး သေသွားလို့ တစ်အိမ်လုံး သောကရောက်နေကြ ရတယ်" တဲ့။ (မက်သယူး သားအကြီး၊ ၁၃ နှစ်သား)
မာတင်ကရော ဘာဖြစ်လို့လဲ ဆိုတော့
"မာတင်က အဲဒီခွေးလေးကို လေ့ကျင့်ပေးနေတာ၊ တော်တော်တတ်နေပြီ" ဟု အဖေလုပ်သူက ဖြေသည်။
မည်သို့ဖြစ်စေ သူတို့ကို ဘလက်ဇင်းလုပ်ပေးဖို့ လျှောက်ထားသဖြင့် ဘလက် ဇင်းလုပ်ပေးလိုက်သည်။

မမေးဖြစ်တောပေမဲ့ မိဘတွေကရော ဘာဖြစ်လို့ ဒီလောက်ကြီး ငိုနေရတာ လဲဟု တွေးမိသည်။ မျက်ရည်စို့ရုံမျှ မဟုတ်ကြ။ ခွေးလေး အတွက်လား ၊ ခွေးသေလို့ ဝမ်းနည်းနေသည့် သားနှစ်ယောက်အတွက်လား။
မိဘများအတွက် ခွေးသေလို့ထက် ခွေးသေလို့ဝမ်းနည်းနေသည့် သားနှစ်ယောက်အတွက်က ပိုနေနိုင်သည်ဟု မဆီမဆိုင် တွေးနေမိသည်။
မှန်ချင်မှတော့ မှန်ပေမည်။

ခွေးအတွက် ရေစက်ချ အမျှဝေပေးပါဦး လျှောက်ထားသဖြင့် ဆွမ်တစ်ရက် အကပ်ခိုင်းပြီး အမျှဝေပေးလိုက်ရသေးသည်။ မိမိအတွက် မကြုံဖူးသဖြင့် ထူးသွား၏။


 သီဟနာဒ

မောနင်း ပို့စ်


အရင်ညက ဗီလာကို မန်ယူ သုံးဂိုး ဂိုးမရှိနဲ့ နိုင်တာက သတင်းကြီး မဟုတ်ေ ပမဲ့ ဒီည ချန်ပီယံလိဂ်မှာ ဘေယာမြူးနစ်က ဘာစီလိုနာကို လေးဂိုး ဂိုးမရှိ နဲ့ နိုင်တာကတော့ သတင်းကြီးပဲ။ ဂျာမန်ဘဏ်နဲ့ စပိန်ဘဏ်တွေလိုပဲ။ မက်စီ ဂိုးမသွင်းတဲ့နေ့လည်း ရှိသေးတာကိုး။

ဘာပဲဆိုဆို တစ်ပတ်အတွင်းလူအဖတ်ဆုံးသတင်းကတော့ လီဗာပူးက လူး ဝစ် ဆွာရက်ဇ်ရဲ့ ချယ်လ်ဆီးက အီဗန်နိုဗစ်လက်မောင်းကို ငုံ့ ကိုက်တဲ့ သ တင်းပဲ။ ပုံပြန်ကြည့်တော့ တကယ် အသည်းအမဲ ကိုက်နေတာ တွေ့ရတယ်။ မကြည့်ရသေးရင် ကြည့်ကြည့်ပါ။ ရယ်ရတယ်။

လူးဝစ် ဆွာရက်ဇ်လုပ်လို့ ဝီကီပီးဒီးယားတောင် အဓိပ္ပါယ်ဖွင့်ဆိုမှု ပြောင်း ထားရတယ်။ ဖတ်ကြည့်ပါ။
"bite" A bite is a wound received from the mouth ( and in particular, the teeth,) of an animal, including humans and Luis Suarez.
"ကိုက်" ဆိုတာ တိရစ္ဆာန်တစ်ကောင်၊ လူသားများ၊ လူးဝစ် ဆွာရက်ဇ် အပါအဝင် ရဲ့ ပါးစပ် (အထူးသဖြင့် သွားနဲ့) ကိုက်လို ကျန်ရစ်ခဲ့တဲ ဒဏ်ရာ တဲ့။
လူးဝစ် ဆွာရက်ဇ် နာမည်ကို မနေ့ကမှ ထပ်ဖြည့်ထားရတာ။

နောက်ထပ်သတင်းက မိုက်ကရိုဆော့ဖ် ဆရာကြီး ဘီးလ်ဂိတ် က တောင်ကို ရီးယားသမ္မတ ဒေါ်ပါ့က် ကို လက်တစ်ဖက် (ဘယ်ဖက်) ဘောင်းဘီ အိပ် ထဲနှိုက်ရင်း ကျန်တဲ့ (ညာဖက်) လက်တစ်ဖက်တည်းနဲ့ လက်ဆွဲနှုတ်ဆက် လို့ တစ်နိုင်ငံလုံး မကျေမနပ်ဖြစ်နေကြတယ်။ လက်ကိုင်ဒုတ်ရှိတဲ့ မီဒီယာေ တွရဲ့ အသံက အကျယ်းဆုံးပေါ့။
ယဉ်ကျေးမှု မတူတာလား၊ လေးစားမှု မရှိတာလားပေါ့။ သူတို့လိုပြောကြေးဆို အိုဗားမားလည်း ဒေါ်စုပါး မွှေးသွားသေးတာပဲ။ ရယ်စရာ နောက်တာကလွဲရင် မြန်မာတွေက အေးဆေးပါပဲ။

စောနေလို့ နောက်ထပ် သတင်းဆောင်းပါးတစ်ပုဒ်အကြောင်းတော့ မပြောတော့ဘူး။ ပျော်စရာ မကောင်းလို့။


 ဇင်ဝေသော်

ကျား ဥပုသ်စောင့်တဲခေတ်


ခြံလှောင်ခံထားတဲ့ကျားအတွက် ဆိတ် အရှင်တစ်ကောင်ကို ခြံထဲသွင်းပေး လိုက်ပေမဲ့ အဲ့ဒီကျားက ဆိတ်ကလေးကို မစားဘဲ ဆိတ်နဲ့မိတ်ဆွေ ဖွဲ့ပြီး ဆော့ကစားလို့တောင်နေတယ်ဆိုတဲ့ သတင်းကို 'the Time of India' က ဖော်ပြလာပါတယ်။

မဆာလို့ဘဲ မစားတာလားဆိုတာ သံသယရှိတဲ့ Bor နယ် မဟာရဋ္ဌတိုင်း (Maharashtra) တိရစ္ဆာန်ရုံစောင့်က ကျားကို လုံးဝအစာမကျွေးဘဲ နှစ်ရက် အငတ်ထားခဲ့တယ်။ ဒါပေမဲ့ ကျား ဥပုသ်က သစ်ကြုတ် ဥပုသ် ဖြစ်မသွားဘဲ ဆိတ်ကလေးနဲ့ဆော့ကစားမြဲမို့ တိရစ္ဆာန်ရုံစောင့်က သနားပြီး အမဲသား အစိမ်း ကျွေးတော့မှ စားတော့တယ်တဲ့။
တိရစ္ဆာန်ရုံစောင့်ကတော့ ဒီကျားကို တောထဲပြန်လွှတ်လို့ ရ မရ စမ်းသပ် ကြည့်တာလို့ပြောတယ်။

တချို့ အွန်လိုင်းပရိသတ်ကတော့ ကျားနဲ့ဆိတ်က ဖေစ့်ဘုတ်မှာ ကိုယ့်ဓာတ် ပုံ အစစ်တွေ တင်ထားတဲ့ (အပြင်မှာ တကယ်တွေ့ရင်မှတ်မိတာပေါ့) ဖရင့်ဒ်တွေ ဖြစ်နေလို့နေမှာလို့ ကွန်မင့် ပေးနေကြတယ်။


 ဇင်ဝေသော်

ကျန်ကျောင်း၊ ကျောက်စီဓားနဲ့ သမ္မတ ဦးသိန်းစိန် (၂ )


ဦးသိန်းစိန် မတိုင်မီ စစ်တပ်အရာရှိကြီးတွေထဲမှာ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ သူတွေ မရှိခဲ့နိုင်ဘူးလား?
လူတစ်ယောက်၊ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ဘေးက ကြည့်ရရင် ရှိနိုင်လောက်တယ်လို့ ထင်ပါတယ်။ လူတစ်ယောက်ဟာ ငယ်စဉ်၊ ကျန်းမာ စဉ်မှာ ဘယ်လောက်ပဲ မိုက်လုံးထွားထွား အရွယ်ရောက်လာရင်၊ သေမလောက် ရောဂါတစ်ခုခု ဖြစ်ဖူးရင် ကြောက်စိတ်ဝင်လာပြီး ကောင်းကောင်းမွန်မွန်လေး နေသွားဖို့ ခဏဖြစ်ဖြစ် စိတ်ကူးတော့ ရမိတတ်ကြတယ်။ ဒါပေမဲ့ ဒီမှာ ပြဿနာက မိုက်လာတဲ့ကာလ၊ ပျက်လာတဲ့ကာလက ကြာလာတော့ အရှိန်လွန်နေပြီး ဘယ်က စပြင်ရမှန်း မသိ ဖြစ်သွားပုံ ရပါတယ်။ ဒါနဲ့ပဲ
“ကဲ … ဖြစ်ချင်ရာ ဖြစ်ကွာ”
ဆိုပြီး နေလာခဲ့ကြပုံ ရပါတယ်။

ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင် ပျက်ခဲ့၊ မှားခဲ့၊ စားခဲ့တာတွေက ဗူးပေါ် သ လို ပေါ်ပြီး လက်ရှိနေတဲ့ အိမ်ပေါ်က ဆင်းပေးရမယ့် သဘောမျိုးတွေကို လည်း တွေးမိကြပါလိမ့်မယ်။ စားထားသမျှတွေ ပြန်အံထုတ်ရမယ့် အကြောက်တရားဟာ ပြုပြင်ပြောင်းလဲရေးအတွက် အကြီးမားဆုံး အဟန့် အတားကြီး ဖြစ်နေနိုင်ပါတယ်။
ဒီအနေအထားတွေကနေ မြန်မာနိုင်ငံဟာ ဦးသိန်းစိန်ကို ကောက်ရလိုက် တာ ဖြစ်ပါတယ်။ အရင်ကတော့ သူ့ဘဝက မသိမသာပါပဲ။ သမ္မတဖြစ် တဲ့နောက်မှ သူနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတချို့တစ်ဝက် ထွက်ထွက် လာ တယ်။ ဒီဇာတ်လမ်းတွေကို ခြေရာကောက်ကြည့်တော့ သူဟာ လူသားတစ်ေ ယာက်ရဲ့ အားနည်းချက် ရှိကောင်းရှိမယ်။ ဒါပေမဲ့ ကိုယ်ကျင့်တရားပျက်တဲ့ စစ်တပ်အရာရှိကြီးတစ်ယောက် လုံးဝ မဟုတ်ဘူးဆိုတာ နားလည်လို့ ရ တယ်။ သူ့သမိုင်းကပဲ ပြုပြင်ပြောင်းလဲရေးကို လက်ရဲဇက်ရဲ လုပ်ရဲဖို့ အားပေး လိုက်တာလို့ ယုံကြည်လို့ ရပါတယ်။

ပြီးတော့ ပြောင်းလဲလိုက်မယ်ဆိုရင်တောင် အကျင့်ပျက်၊ လာဘ်စားထား တာတွေ မရှိတော့ ဗူးပေါ်သလို ပေါ်လာလို့ အိမ်ပေါ်က ဆင်းပေးရ မယ့် ပြဿနာကိုလည်း ကြောက်စရာ မလိုပါဘူး။
ဒီတော့ ဦးသိန်းစိန်ဟာ “Nothing to lose” ပါပဲ။ ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေ က “Something to lose or too much to lose” ဖြစ်နေတာပါ။

ဘယ်လိုပဲဆိုဆို သူ့လက်ထဲ ကြောက်စီဓား အရောက်ခံတဲ့ (ရောက်အောင် ကြံဆောင်ခဲ့တဲ့) ပေါင်ချိန်ကို (တချို့က ဒါတွေဟာ မျက်နှာမည်း ပေါင်ချိန်ရဲ့ မဟာဗျူဟာလို့ ဆိုကြတယ်။ ဘယ်လိုပဲဆိုဆို ကျနော့သဘောကတော့ ဒီ ကိစ္စမှာ ပေါင်ချိန်ကို တစ်မှတ်မှ မပေးနိုင်ပါဘူး။ ဆက်စပ်နေလို့ ပေါင်ချိန်ဆို တာ သုံးလိုက်ရပေမဲ့ နာမည်ကိုတော့ နှမြောပါတယ်။ ဒီပေါင်ချိန်ရဲ့သဘော ထားက ငါရှိနေသရွေ့ ငါလုပ်ချင်ရာ လုပ်မယ်။ ငါမရှိတော့ရင်တော့ ဘယ်ကောင့်ကိုမှ ငါလုပ်ခဲ့သလို လုပ်ခွင့် မပေးနိုင်တော့ဘူးဆိုတဲ့ သဘော တရားထက် နည်းနည်းမှ မပိုပါဘူး။ မှတ်ချက်ရှည်သွားရင် ခွင့်လွှတ်ပါ) ကျေးဇူးတင်မယ်ဆို ကြံဖန်တင်လို့တော့ ရပါလိမ့်မယ်။

နောက်ရှု့ထောင့်တစ်ခုက ဝင်ကြည့်ရင် ဒီကျောက်စီဓား လက်ထဲရောက်ဖို့ ဦးသိန်းစိန်ကိုယ်တိုင် စနစ်တကျ၊ အချိန်ယူ ပြင်ဆင်ခဲ့တယ် လို့လဲ မြင်နိုင် ပါတယ်။ ဒါဆိုရင်တော့ ဦးသိန်းစိန်ရဲ့ အရည်အသွေးက ပိုတောက်ပလာ တယ်။ ဒီလူဟာ အကြံနဲ့လူ။

ဒါကြောင့် ဦးသိန်းစိန်ကို ရလိုက်တဲ့နိုင်ငံဟာ ကံကောင်းတယ်လို့ လတ်တလော မြင်မိတယ်။ ဘာကြောင့်လဲ။
၁။ စစ်တပ်မပါဘဲ ဒီနိုင်ငံကို ဘယ်သူမှ ပြောင်းလဲလို့ မရဘူး။
၂။ စစ်တပ်ထဲမှာ ဗိုလ်သိန်းစိန်၊ ဗိုလ်ချုပ်ကြီးသိန်းစိန် … ဘယ်နှစ်စိန် ရှိသလဲ။ သိပ် မရှိနိုင်ဘူး။

ဒီမှာ လူအများစု သိပ်မကြိုက်လောက်တဲ့ နှိုင်းယှည်မှုတစ်ခု ကျနော် ထုတ်ပြ ချင်ပါတယ်။
ဒေါ်စုရဲ့သတ္တိနဲ့ အရဲစွန့်မှု၊ အနင့်နာခံမှုတွေကို ပြည်တွင်းပြည်ပက တအံ့ တဩ အောချယူကြရ၊ လက်ခုပ်တဖြောင်းဖြောင်း တီးပေးကြရတယ်။ ကြက် သီးမွှေးညှင်း ထရလောက်တဲ့ သတ္တိပါပဲ။ လက်နက်ကိုင် စစ်ဗိုလ်ချုပ်ကြီးတွေ က တစ်ဖက်၊ လက်မောင်းပိန်ပိန် ခန္ဓာကိုယ် သွယ်သွယ် အမျိုးသမီးကြီး (The Lady) က တစ်ဖက်။ ဘယ်သူမှ မငြင်းရဲတဲ့ သတ္တိ။ လက်ခုပ်သံ အား လုံးနဲ့ ထိုက်တန်တယ်။

ဒါဆို ဦးသိန်းစိန်ကရော??

အကျင့်တွေ ပျက်ချင်သလို ပျက်၊ အကျင့်ပျက်လို့လည်း ဘယ်သူကမှ ဘာမှ မပြောရဲ၊ ငါ့စကားနွားရ၊ လက်ညှိုးညွှန်ရာ ရေဖြစ်နေတဲ့ စစ်တပ်မင်းမူ တဲ့ေ ခတ်မှာ ကိုယ်ကျင့်တရားကို ထိမ်းမက်ထားရတာကရော လွယ်တယ်လို့ ထင် ပါသလား။
တစ်ဖွဲ့လုံး အရက်သောက်နေတဲ့အထဲမှာ တစ်ယောက်က မသောက်ဘဲ ငူငူကြီး ထိုင်နေရတဲ့ ဘဝမျိုးပါပဲ။ ဒါကို မိုးခါးရေလို့ ခေါ်မလား မသိဘူး ။ သေချာပါတယ်။ လုံးဝ မလွယ်ကူလှပါဘူး။ လက်လှမ်းမီသရွေ့ ဖတ်ရ၊ သိရတာကတော့ သူဟာ ကိုယ်ကျင့်တရား ဖောက်ပြန်မှုနဲ့ ပတ်သက်လို့ သူ့ ကို မကြိုက်တဲ့လူကတောင် အပြစ်ထောက်ပြဖို့ ခပ်ခက်ခက် သဘောမျိုးပါ။
ဒီကိုယ်ကျင့်တရားကို ကျနော်က အမှတ်တွေ ပေးနေမိတယ်။
နိုင်ငံရဲ့ အပြောင်းအလဲဟာ သူစောင့်ထိမ်းခဲ့တဲ့ ကိုယ်ကျင့်တရားနဲ့ လုံးဝ ဆက်စပ်နေတယ်။

စစ်တပ်ထဲမှာ ဒီစာရိတ္တမျိုးနဲ့ ဗိုလ်ချုပ်ကြီး မပေါ်လာရင် ဒေါ်စု ကိုယ်တိုင် လည်း ပါလီမန်စားပွဲထက် (၅၄) လမ်း နေအိမ်က ဒီမီယံ ရိုက်စ်တို့ ပို့လိုက်တဲ့ ပီယာနိုဘေးမှာပဲ အချိန်တွေ ထပ်စောင့်နေရဦးမယ့် သဘောပါ။
ကျောက်စီဓား လက်ထဲရောက်ဖို့ ဒီသမ္မတ ဘယ်လောက် ကြိုးစားခဲ့ရသ လဲ ။ ကျောက်စီဓား လိုချင်တဲ့ အကြံနဲ့ ဒီလောက် ကြိုးစားလာတာ မဟုတ်ဘူး ဆိုရင်တောင် သူ့လက်ထဲ ကျောက်စီဓား ရောက်သွားတာကတော့ သူ့ အတိတ်၊ သူ့ကိုယ်ကျင့်တရားနဲ့ သူရှောင်နိုင်ခဲ့တဲ့ မိုးခါးရေပါပဲ။

အမြင်မတူရင် ခွင့်လွှတ်ပါ။ ကျနော်ကတော့ ဦးသိန်းစိန်ကို ကျောက်စီဓားနဲ့ အမိန့်ပေးနေမယ့် ကျန်ကျောင်းလို့ မြင်နေမိတယ်။

(ဆက်ရန်)


 ဇင်ဝေသော်

စလုံးက ခေါင်းလောင်းကြီးတောင် ဆယ်ပေးမယ်ဆိုလား


ဘယ်ကထွက်လာတဲ့ ကောလဟလမှန်းလည်း မသိရဘူး။ (စလုံးသတင်းစာ မှာ မတွေ့မိဘူး ပြောတာ)
စလုံးက မြန် မာပြည်ထဲ ဈေးကွက်အခိုင်အမာရဖို့ မဖြစ် ဖြစ်တဲ့နည်းနဲ့ ကြိုး စားနေတော့ ငြင်းလည်း မငြင်းရဲဘူး။
အော်.. အင်း.... ဟုတ်သတဲ့လား ပဲ။
၉၅ ဝန်းကျင်က လာအိုနိုင်ငံလေး တံခါးဖွင့်တော့ မြေချဲ့စရာ မရှိတော့တဲ့ စ လုံးတွေ လာအိုနိုင်ငံထဲ အလုံအရင်းနဲ့ ဝင်ကြတယ်။ မြေမချဲ့ ဈေးကွက် ချဲ့ပေါ့။
လာအိုနိုင်ငံထဲမှာ စ လုံးစီးပွားရေးသမားတွေ ခြေချင်းလိမ်နေတာပဲ။

မြစ်ထဲက ခေါင်းလောင်းကြီးသာ ဆယ်ပေးရင် မြန်မာတွေ အသည်း ခိုက်လောက်တာပေါ့။
ပရောဂျက်ကြီး ရရင်တောင် တရုတ်မုန်းတီးရေး ဘေးရန်က သက်သာနိုင် တယ်။
ဒါ့ကြောင့်ပြောတာ၊ လက်လှမ်းမီသလောက် ကြည့်ရတာကတော့ ဒီခေတ်ကြီးမှာ ကောလဟလလည်း မငြင်းရဲဘူး။


 ဇင်ဝေသော်