The haze, the brave or the craze

"The haze"
အရာတိုင်းဟာ ဘာမှ မမြင်ရအောင် ဝေဝါးနေလေတော့ရဲ့
စင်္ကာပူရဲ့ (The haze) PSI က ၁၁ နာရီမှာ ၄၀၀ ကို ရောက်သွားပြီ။

"the brave or the craze"
တိုင်းမဂ္ဂဇင်းက The Face of Buddhist Terror တဲ့၊ ဝီရသူရဲ့ ဓာတ်ပုံနဲ့။
ပေးထာားတဲ့ ဂုဏ်ထူးက "the Burmese bin Laden" ဗမာ ဘင်လာဒင်။
ဝီရသူကတော့ the brave လား the craze လား။
ပြောချင်ရာပြော မှန်နေပြီ။
အဆုံး အစမရှိ ဝေဝါးကုန်ပြီ။

မြန်မာ့ ဒီမိုကရေစီအတွက် ဘာသာရေး နားလည်သည်းခံမှုသည် အဓိက

Nehginpao Kipgen ရဲ့ စထရိတ်တိုင်း ဆောင်းပါး Religious tolerance key to Myanmar's democracy ကို အကျဉ်းချုပ် ပြန်ဆိုထားတာပါ။

ကမ္ဘာပေါ်ရှိတဲ့ အခြားနိုင်ငံတွေလိုပဲ မြန်မာဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိ တဲ့ နိုင်ငံဖြစ်တယ် သို့သော် ၁၉၄၀ ခုနှ်တွေကစလို့ ပါလီမန်ထဲမှာပင် ဘာ သာရေးက အခရာ ကျခဲ့တယ်။
မြန်မာပြည်ဟာ ဘာသာရေးနဲ့ ခွဲခြားထားတယ်၊ စစ်အစိုးရလက်ထက်မှာလည်း ဗုဒ္ဓဘာသာဝင် မဟုတ်သူများ ရာထူးမြင့်မြင့် မရကြ။
သူရရွှေမန်းက ဘာသာရေး ပြဿနာ မရှိဘူးလို့ ဒီလထဲမှာပဲ ဆိုခဲ့ပေမဲ့ တ ကယ်က ခွဲခြားမှုတွေ ရှိနေဆဲပါလို့လတ်တလောအနေအထားကို ထောက်ပြ တယ်။
ဗမာ၊ ရှမ်း၊ မွန်၊ တရုတ်တို့ကြားတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအတွက် များပြီး အစိုးရ စာရင်းဇယား အရ ဗုဒ္ဓဘာသာ ၈၉. ၂ ရာခိုင်နှုံး၊ ခရစ္စယန် ၅ ရာခိုင်နှုံး၊ မွတ်စလင် ၃. ၈ ရာခိုင်နှုံး၊ နတ်ကိုးကွယ်သူ ၁. ၂ ရာခိုင်နှုံး၊ ဟိန္ဒူ ၀. ၅ ရာခိုင်နှုံး ဖြစ်တယ်။

အခုအထိ ဆွေးနွေးညှိနှိုင်းရဆဲ ကချင်လက်နက်ကိုင် ပြဿနာဟာ ဗုဒ္ဓဘာ သာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေ ထုတ်ပြန်ခဲ့တဲ့ ဦးနု အစိုးရလက် ထက်မှာ စတင်ခဲ့ကြောင်း၊ မကျေနပ်တဲ့ ခရစ္စယန်ဘာသာဝင် ကချင် တိုင်း ရင်းသားများက စတင် ပုန်ကန်ခဲ့ကြောင်း ရေးသားထားပါတယ်။ ကရင်တိုင်းရင်းသားများ ကြားမှာလည်း ဘာသာရေးအခြေခံပြီး ကရင်းခြင်း ကွဲပြားနေကြောင်း၊ လက်နက်ကိုင်အဖွဲ့ဆိုရာ၌ပင် ဗုဒ္ဓဘာသာ၊ ခရစ္စယန်ဘာ သာ ဟု ရှိနေကြောင်း ရေးသားထားပါတယ်။

နောက်ပြီး ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟိန်ဂျာပြဿနာ၊ ဘူးသီးတောင် ၊ မောင်းတော နှစ်မြို့နယ်မှာထုတ်ပြန်ခဲ့တဲ့ ကလေးနှစ်ယောက် ဥပဒေ ကို သူက ဆက်ထောက်ပြတယ်။
လူထုတစ်ရပ်လုံးက အထူးလေးစားတဲ့ သံဃာ့အဖွဲ့ထဲမှာလည်း ရဟန်း တ ချို့ကြောင့် သဘောထား ကွဲလွဲမှုရှိနေနိုင်ကြောင်း အထူးသဖြင့် အမျိုးသားေ ရး ဝါဒ ပြင်းထန်သူ ဝိရသူနဲ့ ၉၆၉ လှုပ်ရှားမှုကြောင့်ဖြစ်နိုင်ကြောင်း၊ အမျို့စောင့် ဥပဒေ မူကြမ်းအကြောင်း၊ မွတ်စလင်တွေနဲ့ စီးပွားရေး အဆက်အဆံ မလုပ်ရေး လှုပ်ရှားမှုတွေအကြောင်း ဆွေးနွေးထားပါတယ်။

နောက်ဆုံး သူဆွေးနွေးရေးသားသွားတာကတော့ ဒီမိုကရေစီဆိုရာမှာ လွတ်လပ်စွာ ယုံကြည်မှု ရွေးချယ်ခွင့်၊ ယုံကြည်မှုအချင်းချင်း နားလည်၊ ခွင့် လွှတ်ခြင်း ဖြစ်တယ်။ နိုင်ငံရေးနဲ့ ဘာသာရေး လက်ပွန်းတတီးရှိလှ တဲ့ မြန် မာနိုင် ငံရဲ့ ဒီမိုကရေစီအတွက် ဘာသားရေးကိစ္စဟာ အရေးကြီးလှကြောင်း ပါပဲ။

Religious tolerance key to Myanmar's democracy.
By: Nehginpao Kipgen
The writer is general Secretary of the US-based Kuki international Forum, and researches on the politics of South and South-east Asia, with a concentration on Myanmar.

အိမ်နီးချင်း

ဒီ တောမီးလောင်မှူတွေ ဘယ်ကစတာလဲလို့ စထရိတ်တိုင်း သတင်းေ ထာက်က မေးတော့ မီးငြိမ်းသတ်သူတွေထဲက တစ်ယောက်က "This is the act of God." ထာဝရ ဘုရားရှင် အလိုကျဖြစ်တာလို့ ဖြေတယ် တဲ့။
ဒီ အတွက် မီးငြိမ်းသတ်ရင်း အပိုဝင်ငွေပါရလို့ သူကတော့ ပျော်တောင် ပျော်သေးတယ် လို့ ဆက်ပြောတယ်။


ပါးစပ်က အဲသလိုပြောနေပေမဲ့ သူကိုယ်တိုင် အသက်ရှူလို့ မဝဘူး၊ ရင်ဘတ်လည်းအောင့်နေတယ် လိုတော့ ငြီးငြူလျက်ပါပဲ လို့ သတင်းထောက် က ဆက်ရေးထားတယ်။

ဒီ ပြသနာကြားထဲမှာ ချစ်စရာကောင်းတာက စင်္ကာပူ အစိုးရပါပဲ။ အသက် ရှူမှုနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်လို့ အဲသလို လူနာတွေ အ တွက် ဖြည့်ဆည်းပေးနိုင်အောင် အစွမ်းကုန်ပြင်ဆင်ထားကြဖို့ ဆေးရုံ၊ ဆေး ခန်းတွေ ကို ချက်ချင်း ညွှန်ကြားချက် ထုတ်ပြန်တယ်။

လယ်သမားက စားအုံးဆီပင် မီးရှို့တာနဲ့ ဆေးရုံထဲက ဆရာဝန် အလုပ်ရှုပ် တာ မဆိုင်ဘူးလို့ ပြောချင်ရင်လည်း ပြောလို့တော့ ရမှာပေါ့လေ။

အသက် ၉၀ အရွယ်ရှိ (90 years young) လီကွမ်ယု အနှစ် ၅၀ မြောက် သစ်ပင်စိုက်ပွဲမှာ ဂေါ်ပြားနဲ့ သစ်ပင်စိုက်နေတဲ့ပုံ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သတင်းစာမှာ တွေ့လိုက်ရတယ်။

ဆရာမနဲ့ လီလီ

ဆရာမ။ ။ လီလီရေ၊ သစ်ပင်ပေါ်မှာ ငှက် ငါးကောင် နားနေတယ်၊ တစ်ကောင်ကို လေသေနတ်နဲ့ ပစ်ချလိုက်ရင် ဘယ်နှကောင် ကျန်မလဲ။

လီလီ ။ ။ တစ်ကောင်မှ မကျန်ပါဘူး ဆရာမ၊ သေနတ်သံကြားရင် အားလုံး လန့်ပြီး ပြန်ပြေးကြမှာပါ။

ဆရာမ။ ။ မဟုတ်ဘူးကွဲ့၊ အဖြေမှန်က လေးကောင်ကျန်တယ်တဲ့။ ဒါပေမဲ့ သမီးတွေးပုံကို ဆရာမ သဘောကျတယ်။

လီလီ ။ ။ ကျေးဇူးပါ ဆရာမ၊ သမီးလည်း ဆရာမကို တစ်ခုမေးချင်တယ်။

ဆရာမ။ ။ မေးပါ သမီး။

လီလီ ။ ။ အမျိုးသမီးသုံးယောက်မှာ တစ်ယောက်က ထမင်းချက်နေတယ်၊ တစ်ယောက်က မိတ်ကပ်လူးနေတယ်၊ တစ်ယောက်က တီဗွီကြည့်နေတယ်။ သူတို့ သုံးယောက်မှာ ဘယ်သူက အိမ်ထောင်ရှင်လဲ။

ဆရာမ။ ။ ဖြစ်နိုင်တာကတော့ ထမင်းချက်နေသူဟာ အိမ်ထောင်ရှင်ပေါ့ ကွယ်။
လီလီ ။ ။ မဟုတ်ဘူး ဆရာမရဲ့။ အဖြေမှန်က လက်ထပ်လက်စွပ် ဝတ် ထားသူတဲ့၊ ဒါပေမဲ့ ဆရာမတွေးပုံကို သမီးလည်း သဘောကျတယ်။

ဆရာမနဲ့ လီလီတို့ ကွန်ဗာဇေးရှင်းကတော့ ပြီးသွားပါပြီ၊ နောက်တွေ့မှပဲ ပညာရှင်လီလီလေးကို မေးရမယ်....
မြန်မာပြည်မှာ သမ္မတလောင်း သုံးယောက်ရှိတယ် သမီး။ သူတို့ သုံးယောက် အနက် ထောင်ထွက်နဲ့ တပ်ထွက်ကို နှုတ်လိုက်ရင် ဘယ်နှယောက် ကျန်မ လဲ လို့။

"စားဘုန်း" နှင့် အရွယ်ယ်ကပေးသည့် သင်္ခန်းစာ(ကျောင်းတွင်းမှတ်စု)

ငယ်စဉ်က ဆရာ့ ဆရာများစကားကို ကြားရစဉ် ရယ်စရာသဘောမျိးဖြင့် မိန့် ကြသည်ဟု ထင်မိသည်။ ပေးဘုန်း၊ ကျွေးဘုန်း၊ မေးဘုန်း၊ စာဘုန်း စသည် တို့ဖြစ်သည်။ ပေးဘုန်း၊ ကျွေးဘုန်း ဟူသည် အပေးအကမ်းရက်ရောသော ဆရာတော်များ ဘုန်းကြီးတတ်သည်၊ မေးဘုန်းက သတင်းစကားမေးခြင်း၊ သာကြောင်းမာကြောင်း စသည်မေးမြန်းလေ့ ရှိခြင်းပင်။ ဤသည်ကလည်း ဘုန်းကြီးခြင်းအကြောင်းတွင်ပါဝင်သည်၊ သာကြောင်းမာကြောင်း စ သည်ပြောကြားခြင်းဖြင့် ဒကာ၊ ဒကာမတို့စိတ်ကို ညွတ်နူးစေ၏။ "ကစ္စိ ဘိက္ခဝေ ခမနီယံ၊ ကစ္စိ ယာပနီယံ" စသော ဘုရားရှင်၏ နှုတ်ခွန်းဆက် စကားတို့သည် ဤသဘောအတိုင်းပဲ ဖြစ်ပေမည်။

သို့သော် "စားဘုန်း" ဆိုသည့်စကားကိုတော့ မကြာမီအချိန် အထိ ကောင်းေ ကာင်း သဘောမပေါက်ခဲ့ပါ။ လူကြီး ဖြစ်စမှာတော့ ရေးတေးတေး သဘောပေါက်သလို ရှိခဲ့သည်။ ယခင်က စားရသောကိစ္စက လွယ်သည်ဟု ထင်သည်။ "စားဘုန်း" နှင့် စာပေကိုလည်း ဆက်စပ် မကြည့်နိုင်ခဲ့။

စာသင်သား ဘဝ၊ ရဟန်းငယ်ဘဝ မှာ လူတွေက ဘာပဲကပ်ကပ် ကိုယ် ကြိုက်ရာကို စားလိုက်သည်၊ မကြိုက်ဘူးဆိုလျင် တို့လို့ပင် မကြည့်မိ။ အရွယ်ရလာတော့ သူတို့ခမျာ ချက်ထားရရှာတာဆိုသည့် အတွေး ဝင် လာတော့သည်။ အထူးသဖြင့် ကိုယ်တိုင်က လူကြီးအနေနှင့် အိမ်များကို ဆွမ်းစားသွားရသည့်အခါ ရဟန်းများ ဘုန်းပေးလေလေ ဒကာ၊ ဒကာမတို့က ကြည်နူးလေလေဖြစ်သည်ကို ကိုယ်တွေ့ ခံစားတတ်လာသည်။ အပြန် အ လှန် အားဖြင့်ကြည့်လျှင် ရဟန်းများက အားရပါးရ မဘုန်းပေးလျင် ကြားထဲ က မျက်နှာ ပူသလိုလိုဖြစ်လာသည်။

မန္တလေးမှာ နေစဉ် ဆရာဘုန်းကြီးက ဆွမ်းစားနိုင်သည့် ရဟန်းတို့ ကို ရွေး ပြီးဆွမ်းစားခေါ်သွားတတ်သည့် သဘောကို ယခုမှ သဘောပေါက် မိသည်။ ဒကာ၊ ဒကာမတို့စိတ်ကို ညွတ်နူးစေလိုခြင်း သာ ဖြစ်ပေသည်။ မေတ္တာ ကရု ဏာ သဘောပင်ဖြစ်သည်။
မြန်မာဒကာ၊ ဒကာမ၊ မြန်မာဆရာတော်များကြား၌ကား မြန်မာ အစား အစာ များသာကပ်ကြသဖြင့် အခက်အခဲက ထင်သလောက် မကြီးလှဟုထင်သည်။ လူမျိုးခြားများ ကပ်သောဆွမ်းဖြစ်နေလျှင် ပို၍အခက်ကြုံရသည်။ ကိုယ့်လျှာနှင့် မကိုက်သော်လည်း ခဲဖွယ်များဖြစ်သဖြင့် ကြိတ်ကာ မှိတ်ကာ "ခဲ" ရသည်။ ထို့ကြောင့် စလုံး ဒကာ၊ ဒကာမတို့ကို "You do your best for cooking. Then, we will try our best for eating." ဟုသာ ပြောရလေေ တာ့သည်။

Image source : သောတုဇနပအိုဝ်းပေးblog
စားရသောကိစ္စက လွယ်သည်ဟု ယခု မထင်မိတော့။ သူတို့ စိတ်ကြည်နူး မှုရစေရန် သင့်ရုံတော့ မကြိုက်လည်း စားရတော့သည်။ သူတပါးကို စိတ် ကြည်နူးမှုရစေလိုသဖြင့် ကုသိုလ်တော့ ဖြစ်တန်ရာ၏။ ဤအချက်ကို နား လည်ကြသည့် နီးစပ်သော မြန်မာ ဒကာ၊ ဒကာမတို့က မြန်မာ အစားအစာ များ ဘုန်းပေးရအောင်ဆိုပြီး အိမ်ပင့်၍ မကြာမကြာ ကပ်ကြသည်။ ထို ဆွမ်း မျိုးကို သဒ္ဓါဆွမ်း (သို့) သနားဆွမ်းဟု ခပ်သောသော အမည်ပေးလိုက်သည်။

ထိုမှဆက်စပ်ပြီး "စားဘုန်း" နှင့် စာပေကို လေ့လာကြည့်မိတော့ ဘုရားရှင် ကိုယ်တိုင် ကျင့်သုံးခဲ့သည်ကို တွေ့ရပါတော့သည်။ ဤကား ပရိနိဗ္ဗာန် မစံဝင် မီ ဘုန်းပေးခဲသည့် စုန္န၏ ဝက်ပျိုသားဟင်းလျာပင် ဖြစ်ပေသည်။ စာပေက စုန္နကို ချီးမြှောက်လိုသောကြောင့်ဟုဆို၏။ ခေတ်စကားဖြင့်ဆိုလျင် စုန္နကို ဝမ်းသာစေလိုသောကြောင့်ဟု ဆိုနိုင်သည်။ မဟာကရုဏာ၏ ပြယုဂ် တစ်ခု ပင်။
ယခု စားရသောကိစ္စက လွယ်သည်ဟု မထင်မိတော့သလို "စားဘုန်း" အကြောင်းကိုလည်း သဘောပေါက်မိသည်။ စာပေနဲ့လည်း ညီ၏။ မကြိုက် လှသော အစားအစာတို့ကို သင့်သလို လှူသူကျေနပ်ဖို့ ဘုန်းပေးရာမှာ စာနာ မှု၊ ချီးမြှောက်လိုမှု၊ ငါကြိုက်မှ ငါစားမှာပေါ့ ဆိုသည့် အတ္တဗဟိုပြု အယူ အဆ ကို ကျော်လွန်မှု စသည်တို့ ပါဝင်နေသည်။
အထူးသဖြင့် ဘုန်းကြီးလို၍ ဘုန်းပေးနေကြခြင်း မဟုတ်ဆိုသည်ကို နား လည်လိုက်မိ၏။