ကမ်းလက် လပတ်လည် (NUSBS နှစ်ပတ်လည်)

စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS) ဗုဒ္ဓဘာာအဖွဲ့ချုပ်၏ (Buddhist Society) နှစ်ပတ်လည် "Wise Up!" မဂ္ဂဇင်းအတွက် ထိုအဖွဲ့ချုပ်၏ Spiritual Adviser ဖြစ်သည့် ဦးစိတ္တရ ရေးသားသည့် စာလုံးရေ (၃၀၀) ရှိ (ဘုန်းကြီးပဲ ရေးချင်ရာရေးပါစေဟူသော အထူးအခွင့်အရေး ရဟန်၊ ယူထား ဟန် မတူပါ) အမှာစာကို အမှတ်တရအဖြစ် ဘာသာပြန်ပေးထားခြင်း ဖြစ်ပါ သည်။ သူတို့မဂ္ဂဇင်းအတွက်ဖြစ်ပြီး စောင့်စည်းသင့်သည်ဟု ယုံကြည်သဖြင့် အင်္ဂလိပ်လိုတော့ ဖော်ပြမထားတော့ပါ။

Wise Up!
Dhamma Sisters and Brothers
ကျွန်ုပ်လူငယ်ဘဝက လက်ဝှေ့ပွဲ တစ်ပွဲကြည့်ဖူးသည်။ လက်ဝှေ့သမား နှစ်ေ ယာက်စလုံးက ပညာလည်းကောင်း သတ္တိလည်းရှိကြသဖြင့် ဘက်ညီပြီး ကြည့်လို့ကောင်းသောပွဲ တစ်ပွဲဖြစ်ခဲ့၏။ ဆိုင်းသံဗုံသံများကလည်း စီညံ ၍နေလေသည်။
ထိုစဉ် နောက်ခုံမှာ ထိုင်နေသူတစ်ယောက်က ဆိုင်းသံ၏ စည်းချက်နဲ့အညီ ကျွန်ုပ်ခေါင်းကို ရိုက်နေတော့သည်။ ဒေါသတကြီးဖြင့် နောက်လှည့်ကြည့်စဉ် သူက သူတပါးကို ရိုက်နေမှန်းပင်မသိရှာသည့် ကလေးငယ်၏ အပြစ် ကင်း စင်သောမျက်နှာလေးကို တွေ့လိုက်ရသည်။ တုန့်ပြန်လိုသော ကျွန်ုပ်၏ ဒေါ သ လည်း သူ့ကိုမြင်ပြီး အေးငြိမ်းသွားခဲ့တော့သည်။ ဤသို့ သာမန်ဖြစ်စဉ်ေ လးများမှာပင် အကြောင်းရင်းမှန်ကို သဘောပေါက်လိုက်ပါက ဒေါသဖြင့်ေ လာင်ကြွမ်းနေရသောအဖြစ်မှ ကင်းလွတ်ခွင့်ရလေသည်။

Wise Up!
Dhamma Sisters and Brothers
နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့အားလုံး ပျော်ရွှင်မှုကို ရှာဖွေနေကြသည်။ လိုအပ်မှု ကို ရသူတို့ ပျော်ရွှင်ကြရသည်ဟု ဆိုကြ၏။ ဗုဒ္ဓဘာသာစိတ်ပညာအရ သမာ ဓိ၊ ပညာကြောင့် ရရှိသော ပျော်ရွှင်မှု၊ စွန့်လွှတ်ပေးလှူရမှုကြောင့် ရရှိသောေ ပျာ်ရွှင်မှုတို့အပြင် လောဘကြောင့်လည်း ပျော်ရွှင်မှု ရနိုင်သည်ဟု ဆိုသည်။ တချို့ ပျော်ရွှင်မှုက အပြစ်ကင်းပြီး တချို့ ပျော်ရွှင်မှုက အပြစ်ရှိသည်။ မိမိ၏ ပျော်ရွှင်မှုကို ရှာဖွေရင်း သူတစ်ပါးကို ဒုက္ခရောက်အောင် မသိ မသာ ပြုမူတတ်ကြလေသည်၊ သတိ၊ ပညာ အထူး ထားသင့်ကြ၏။

Wise Up!
Dhamma Sisters and Brothers
အကောင်းအဆိုး လောကဓံများနှင့် ကြုံရခိုက် အပျော်လွန်၊ ဝမ်းနည်းလွန် သည့် ခံစားမှုများ ရှိတတ်ကြ၏။ သတိထားသင့်သည်မှာ ဘုရားရှင်သည် ဒေ သနာအားလုံးကို ဒုက္ခသစ္စာဖြင့် မိတ်ဆက်ထားလေသည်။ ထိုကြောင့် သမ္မာ ဒိဋ္ဌိ ဦးဆောင်သည့် မဂ္ဂသစ္စာကို ပွားများဖို့ ကြိုးစားကြသလို ကြုံတွေ့ရမည့် ဒုက္ခသစ္စာကိုလည်း မေ့မထားသင့်။ ဒုက္ခအစုမှ လွတ်မြောက်မှုပေးနိုင်သော အရာသည်လည်း ပညာမှလွဲ၍ ဘာမျှမရှိပေ။

Wise Up!
Dhamma Sisters and Brothers
နောက်ဆုံးစကားဆိုချင်ပါ၏။ အခါတပါး၌ ဘုရားအလောင်းတော်သည် ပညာ ရှိဘုရင်တစ်ပါးအား အကြံဉာဏ်ပေးဖူး၏။ ထို ပညာရှိဘုရင်က ဘုရား အလောင်းတော်ကို ဆုအနေဖြင့် တစ်ဂါထာကို အသပြာ တစ်ထောင် ပေးခဲ့ ၏။
ထို အကြံဉာဏ်ကိုပင် လှေထိုးသားအားပေးလိုက်မိရာ လှော်တက်ဖြင့် အရိုက် ခံ ရလေသည်။ သတိ၊ ပညာ မူသင့်၏။

စာကြွင်း။ ။ စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS) ဗုဒ္ဓဘာာအဖွဲ့ချုပ်၏ လွန် ခဲ့သော လေးငါးနှစ်ခန့် က ဆောင်ပုဒ်သည် Wake Up! ဖြစ်သည်။ ထို့နောက် Light Up! ဖြစ်လာပြီး ယခု Wise Up! ဖြစ်လာသည်။ သတိ၊ ပညာကို ရည်ညွှန်းသည်။ နောင်နှစ်များတွင် ဘယ်ဆောင်ပုဒ်ကို သုံးကြမည် နည်းဟု ကျောင်းသားတို့က လျှောက်ထားရာ Shut Up! လည်းမဆိုး ဟု မြန်မာဘုန်းကြီးက ခပ်နောက်နောက် ဩဝါဒပေးထားကြောင်းလည်း သိရပါသည်။ ကံအလွန်ဆိုးလျှင် Shut Up! လည်း ဖြစ်လာနိုင်ဖွယ် ရှိ ပါကြောင်း...။
Shut Up! ကို Noble silence ဟု ဘာသာပြန်လျှင် ရနိုင်သည်ဟု မြန်မာ ဘုန်းကြီးက ဆက်လက်အကြံပေးသည်ဟု သိရပါသည်။

**နေရာအမှန် ပြန်ရောက်သည့် ဘာသာရေး**

ဘာသာရေးနှင့် နိုင်ငံရေးကို ကြည့်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များအတွက် ဘုရားမပွင့်မီနှင့် ဘုရားရှင်လက်ထက်ကာလကိုပါ အနည်းငယ် စောင်းငဲ့ ကြည့်နိုင်သည်။ ဘုရားမပွင့်မီကာလမှာ နိုင်ငံရေးသည် ဘာသာရေးဩဇာ လွှမ်းမိုးမှုအောက်မှာ ကျပ်ကျပ်တည်းတည်း ရှိခဲ့သည်။ ခတ္တိယတို့က အာဏာ ရှိသော်လည်း ဗြဟ္မဏတို့ကို လွန်ဆန်ရန် အလွန်ခက်ခဲသည်။
ဘုရားရှင်လက်ထက် ဗုဒ္ဓဘာသာဝင် ဘုရင်များဖြစ်လာကြသည့် ဗိမ္ဗိသာရ မင်း တို့လက်ထက်မှာ ဗြဟ္မဏတို့လွှမ်းမိုးမှု အတန်ငယ်ရှိခဲ့သော်လည်း ရိုး စင်း သည့် ဗုဒ္ဓဘာသာဓလေ့ထုံးစံများကို ပို၍ လိုက်နာခဲ့ကြသည်။ များပြားလှသည့် ပိဋကတ်တော်အားလုံးကို နှိုင်းစာကြည့်လျှင် ရှင်ဘုရင်တို့ကို တိုက်ရိုက်ဟေကြားသည့် နိုင်ငံရေးတရားက အတော်ရှားပါးသည်ဟု ဆိုနိုင်ပါ သည်။ သုတ်ထဲမှာ ရာဇောဝါဒ သုတ်ကို တစ်လုံးတစ်ခဲလိုက်တွေ့ရသော် လည်း ရာဇောဝါဒ သုတ်ကိုယ်တိုင်ကပင် နိုင်ငံရေးစစ်စစ်ဟု ပြောရန် ခက်နေ ဆဲပင်ဖြစ်သည်။ အကျဉ်းအားဖြင့် ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးရှက် တင် မရှိဟု ဆိုရပေမည်။

ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးရှက်တင်ရှိလာသည့်ကာလက အသော ကခေတ်ဟု ဆိုရမည်။ သဘောထား မတိုက်ဆိုင်သူများ ယောနိသော မနသိ ကာရဖြင့် ဖတ်ရှုကြရန် မေတ္တာရပ်ခံလိုသည်။ အသောက အကြောင်းကျွန်ုပ် တို့သိထားသမျှက အလွန်နည်းပါးလှသည်၊ တစ်ဖက်အမြင်မျှသာ ဖြစ်သည် ဟု ဆိုခဲ့ဖူးပါသည်။ မှန်သည်ဟုလည်း ယုံကြည်ဆဲဖြစ်သည်။ ကျွန်ုပ်တို့ သိ ထား၊ ဖတ်ထားရသမျှတွေကလည်း ရှာဖွေရင်း တွေ့တွေ့လာသောအထောက် အထားများ အရ မခိုင်မပိုင် ဖြစ်ဖြစ်လာလေသည်။ ဗုဒ္ဓဘာသာဝင်တိုင်းက အသောကမင်းကြီးနှင့် ပတ်သက်ပြီး ပထမဆုံး သာသနာပြုမင်း၊ မစ်ရှင်နရီ စနစ်ကို ပထမဆုံးကျင့်သုံးသောမင်းဟု ဂုဏ်ယူတတ်ကြသည်။ မှန်ပါသည်၊ အငြင်းပွားဖွယ်မရှိပါ။
သို့သော် ထို မစ်ရှင်နရီက နောင်နှစ်ပေါင်း ၂၀၀၀ နီးပါးတွင် ဥရောပတိုက်က ကျင့်သုံးလာသည့် သာသနာပြုခရီးစဉ်များနှင့် တူညီသော အချက်များရှိပါ သည်။ ဘာသာရေးကို ရှေ့ကလာစေပြီး တဖြည်းဖြည်း နိုင်ငံရေး သဘော တ ရားများ ပါလာသည်။ မယုံကြည်လျှင် အသောက ကျောက်စာများကိုကြည့်ပါ၊ ဗုဒ္ဓဘာသာ အငွေ့အသက်များပါဝင်သော်လည်း ဘုရားဟောများကို ရေး ထိုးခြင်း ထက် ဘုရားဟောများနှင့် ဆက်နွယ်နေသည့် သူပိုင် နိုင်ငံရေး အ ယူအဆများ ပိုများနေသည်ကို တွေ့ကြရပါမည်။ ဤသို့ဆိုသဖြင့် အသောက မင်းကြီးကို ဝေဖန်နေသည်ဟု အထင်လွဲစရာရှိ၏။
မဟုတ်ပါ။ လူ့သမိုင်း ခေတ်ဦးမှာ ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးရှက် တင် ရှိနေသည် ဆိုသည့် အချက်ကို ဆိုလိုခြင်းသာ ဖြစ်ပါ၏။

ထို့အပြင် ရှေးခေတ်၊ အလယ်ခေတ် ဥရောပသမိုင်းကိုလည်း ကြည့်နိုင်ပါ သည်။ အိန္ဒိယနှင့် ဆင်ဆင်တူသည်။ ခရစ်ယန် ဘာသာရေးခေါင်းဆောင် များက နိုယ်ငံရေးမှာ အကြီးအကျယ် လွမ်းမိုးမှုရှိခဲ့သည်။ ကိုလိုနီခေတ်အထိ သူတို့ဩဇာ ငြောင်းခဲ့သည့်။ သို့သော် တဖြည်းဖြည်းနဲ့ နိုင်ငံရေးအပေါ်မှာ ဘာသာရေးဩဇာ သက်ရောက်မှု လျော့ပါးလာခဲ့သည်။ ယနေ့ ဥရောပနှင့် အမေရိကကို ကြည့်လျှင် ခရစ်ယန်ဩဇာ ရှိနေသေးသည်မှန်သော်လည်း ပုံစံတစ်မျိုးဖြင့်သာ ရှိနေတော့သည်။
ဆိုလိုသည်မှာ ပရိုတက်စတင့် ဘုန်းတော်ကြီးက အစိုရ၏ ဥပဒေနဲ့ပတ် သက် ပြီး အိမ်ဖြူတော်အရောက်သွားပြီး ဩဝါဒပေးလို့မရ၊ ပေးလို့ရသည်ဆိုစေ အိုဘားမားက လိုက်နာချင်မှ လိုက်နာမည်။ သီးသန့် ကွဲထွက်လာသည်။ လူ့ ကိုယ်ကျင့်နှင့် ပတ်သက်၍ကား ဘာသာရေးက ပြောမြဲ ပြောနေမည်သာဖြစ် သည်။
ဥရောပမှာလည်း ယနေ့ ပုတ်ရဟန်းမင်းကြီးသည် အလယ်ခေတ် ဥရောပ ပုတ်ရဟန်းမင်းလောက် နိုင်ငံရေးထဲ ဝင်စွက်ခွင့် မရှိတော့ပါ။ ခေတ်မီသော လူ့အဖွဲ့အစည်းများက အစိုးရများ အရွယ်ရောက်လာသည်။ ဘာသာရေး ကြိုးကိုင်မှုက လွတ်လာသည်။

အာရှမှာလည်း ဂျပန်၊ ကိုရီးယားစသော နိုင်ငံများမှာ ဤ လက္ခဏာများ တွေ့ ရသည်။ ခရစ်ယန်နိုင်ငံ အများစုက ဘာသာရေးနှင့် နိုင်ငံရေး ကွဲပြားလာနေ သည်။
မကွဲသေးသည်က မွတ်စလင်နိုင်ငံအများစုနှင့် ဗုဒ္ဓဘာသာ နိုင်ငံအချို့ သာဖြစ်သည်။ ခေတ်သစ်ယုံကြည်မှု လူ့သမိုင်းအရ တဖြည်းဖြည်းနဲ့တော့ ဒီလမ်းကို သွားနေသည်ဟု ယူဆရန်ရှိသည်။ ဤကိစ္စက အချိန်ယူရသည် ထင်ပါသည်။ လူထုရော အစိုးရ ဤ၌ အကြုံးဝင်ကြ၏။

အခြားဘာသာများကိုတော့ မဆိုလို၊ ဗုဒ္ဓဘာသာအရကတော့ ဘာသာရေးနှ င့် နိုင်ငံရေး သီးသီးခြားခြာရှိနေခြင်းသည် ဗုဒ္ဓဘာသာ၏ နေရာ အမှန် ကို ပြန်ရောက်တာဖြစ်ပြီး ဘုရားလက်ထက်တော်က အတိုင်း ပြန်ဖြစ်သွား သည်ဟု ဆိုနိုင်ပါသည်။
ရောဟိနီမြစ်ပဋိပက္ခကို နိုင်ငံရေးဟု အချို့ကဆိုချင်ကြသော်လည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မသတ်ကြဖို့ပေးသော ဩဝါဒမျှ သာ ဖြစ်ကြောင်းသတိမူသင့်၏။

ငရဲထင်သွားမှာ စိုးလို့

အမျိုးသမီးတစ်ယောက်ဟာ နာရီပေါင်းများစွာ ကြာတဲ့ မေဂျာ အော်ပရေးရှင်း (ခွဲစိပ်ကုသမှု) ကို ခံယူရတယ်။ သူမ သတိပြန်လည်လာလို့ ပတ်ဝန်းကျင်ကို ဂရုစိုက်မိတော့ ပြူ တွင်းပေါက်တွေမှာ လိုက်ကာ အထူကြီးတွေနဲ့ ဖုံးကာထား သလို သူမ မျက်စေ့တွေကိုလည်း အဝတ်နဲ့စည်းထားတာကို တွေ့ရတယ်။
ခွဲစိပ်မှုနဲ့ မျက်စေ့ အဝတ်စည်းတာကလည်း ဘာမှမဆိုင်။ ဘာဖြစ်လို့ ဒီလို စီ စဉ်ထားရတာလဲလို့ အနီးမှာရှိတဲ့ ဆရာဝန်ကို မေးတော့ ဆရာဝန်က

"ပတ်ဝန်းကျင်တစ်ခုလုံး ဆိုင်တွေ၊ အိမ်တွေ မီးရှို့ခံနေရတော့ (မီးလောင်နေတော့) တကယ်လို့ သမီးများ မေ့ဆေးအရှိန်ပြယ်၊ သတိပြန်လည်လာပြီး ဒါတွေကို ရုတ်တရက်မြင်လိုက်ရင် ငါတော့ သေပြီး ငရဲပြည် ရောက်နေပြီလို့ ထင်သွားမှာစိုးလို့ ဒီလို စီစဉ်ထားရတာ သမီးရယ်"
ဒေါက်တာက ရှင်းပြရင်း အားပေး သတဲ့။

သွေးပေါင်၊ သတိပဋ္ဌာန် နှင့် အထိတ်တလန့် ဖြစ်စဉ်

စနေနေ့က တရားထိုင်အပြီး ယောဂီအချို့နှင့် စကားပြောဖြစ်ခဲ့သည်၊ အင် တာဗျူးဟု ခေါ်လျှင်လည်း ရပေမည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယောဂီနှစ်ယောက်က အိပ်ယာမဝင်မီ နှင့် အိပ်ယာ ထ ထချင်းအချိန်များတွင် တရား ရှူမှတ်ရတာပိုကောင်းသည်ဟု ပြောပြီး တက် တက်နေတတ်သည့် သွေးပေါင်များ ကျသွားပြီး ယခုဆိုလျှင် သွေးေ ပါင်ချိန်လိုက်တိုင်း ပုံမှန် ၇၅ နှင့် ၁၂၀ သာရှိနေကြောင်း ပြောကြသဖြင့် ဝမ်းသာရသည်။
ဒကာမ၏ အမျိုးသားက ဗုဒ္ဓဘာသာ ဟုတ်ဟန်မတူ၊ သို့သော် တရားပုံမှန် ထိုင်ပြီးနောက် သွေးပေါင်က ပါဖက်ဖြစ်သွားသည့် ကိစ္စကိုမူ အထူးအ ဆန်း ဖြစ်နေဟန်တူသည်။ တရားပုံမှန်မထိုင်ခင်ကဆိုလျင် သွေးတက်တတ်သောပြဿနာက သူ့ထက် သူ့ဇနီးက ပိုဆိုးသည်ဟု သူက ဆိုသေးသည်။ အခုတော့ တစ်နေလျင် နာရီ ဝက်ခန့် ပုံမှန်ထိုင်သည်ဟု ဆိုလေသည်။ နိဗ္ဗာန်ကို ဘေးမှာ အသာထားပြီး တရားရှူမှတ်ခြင်းက ပစ္စက္ခကျန်းမာရေးကို တိုးတက်စေသည်ဆိုလျင်လည်း ဝမ်းသာစရာ မဟုတ်ပါလား။

တလောကပင် တရားရှူမှတ်ခြင်းနှင့် ဆက်စပ်သည့် သိပ္ပံဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရသည်။ သူတို့က မဟာသတိပဋ္ဌာန်သုတ်မှာ ဘုရားရှင် မိန့်ထား သည့် နိဗ္ဗာနံ သစ္ဆိကရိယာယ ကို စမ်းသပ်ခြင်းဖြစ်သည်။ တရားရှူမှတ်ခြင်း က လူ၏ လွတ်မြောက်ရေးအတွက် ဘယ်လိုဆက်စပ်နေသလဲ ဆိုသည့် အ ချက်ဖြစ်သည်။ သို့သော် သူတို့ ထင်ထင်ရှားရှား ရလိုက်သည့် အဖြေက လစ် ဘရေးရှင်းမဟုတ်ဘဲ ကွန်ပက်ရှင်း (Compassion) ခေါ် ကရုဏာဖြစ်နေေ လသည်။
တရားပုံမှန်ထိုင်သူတို့မှာ အတွင်း ဦးနှောက် ဖွဲ့စည်းမှုမှာရော အပြင်ပိုင်း အမူ အကျင့်မှာပါ ကရုဏာ သဘောတရားများ ပိုမိုအားကောင်းလာသည်ဟု ဆို ထားသည်။

အနောက်က သတိပဋ္ဌာန်ကို လေ့လာရာမှာ တမလွန်ဆိုသည်ထက် လက် ရှိနေရေးထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အကျိုးတို့ကို ပို၍ ရှေး ရှု ကြ၏။ ထို့ကြောင့် အကျိုးဆက်က မြင်သာထင်သာရှိ၏။ ထို့ကြောင့်ပင် လူသိပိုများလာခြင်းဖြစ်သည်။
ဖရီးသင့်ကား တစ်ယောက်က နိဗ္ဗာန်ကို မယုံပါ။ သို့သော် လက်ရှိဘဝ အ ကျိုး အတွက် တရားတော့ ထိုင်တတ်ကြသည်။ ၂၀၀၃ ခုက မိမိထံ ပထမ ဆုံးရောက်လာပြီး တရားထိုင်သူ သုံးယောက်တွင် နှစ်ယောက်က ဘာသာ မရှိသူမျာဖြစ်ကြသည်။ ဤကိစ္စ ရှိစေ။

အထက်က အကြောင်းကို ပြန်ဆက်ရလျှင် ယောဂီက သွေးပေါင်တွေ ပုံ မှန်ဖြစ်သွားပြီဆိုခိုက် မြန်မာ ဒကာ၊ ဒကာမများအိမ်သို့ ဆွမ်းစားသွားရာ ဒကာ၊ ဒကာမတို့ ချက်/ ညွှန်းဟင်းများကို (ဘုန်းကြီးကို ဘုန်းပေး လိုေ သာစေတနာဖြင့် ငရုပ်သီး သိပ်မစပ်ပါ ဟု လျှောက်တတ်ကြ၏၊ အမှန်မူ စပ်၏ စသည်) ဘုန်းပေးပြီး သွေးတက်သလိုလို ခံစားရသည့် ကိုယ့်အဖြစ်ကို စဉ်းစားမိရင်း ပြုံးမိသေး၏။
တကယ် ချိန်ကြည့်တော့ သွေးပေါင်က ပုံမှန်ပင်ဖြစ်၏။ တော်သေးသည်၊ သို့ မဟုတ်လျင်.............

ကိုဝင်းဇော်ဦး ကျန်းမာပါစေ

မနှစ်က ထင်တယ်၊ အသက်အရှည်ဆုံးအဖွား မြန်မာပြည်မှာ ရှိတယ်ဆို ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ဖတ်ကြ၊ ရှယ်ကြ တော်တော်လုပ်လိုက်ကြသေး တယ် ။ ပြဿနာက ယုံကြည်လောက်တဲ့ မှတ်တန်းမှတ်ရာမှာ မြန်မာက နိုင်ငံ အ လိုက်ကို အားနည်းတယ်။ တကယ်လို့ အဲဒီ အဖွားက ၁၂၆ နှစ် အမှန် ဆို ရင်တော့ ဘောလုံးပွဲကအစ အမြဲတန်း အသက်လိမ်ညာလာတဲ့ အကျင့် ဆိုးကြောင့် ကမ္ဘာက အသိအမှတ်မပြုတာလို့ ဆိုရလိမ့်မယ် ထင်တယ်။ ပြီးတော့ မြင်ရတဲ့ အရာလည်း မဟုတ်ဘူး။ အခု မြင်ရတဲ့ ကိစ္စပေါ်လာတယ်။ ဘယ်သူမှ ငြင်းလို့မရတော့ဘူး။

Photo from The Straits Times

စင်္ကာပူကို လာပြီး ခွဲစိပ်မှုခံယူရရှာတဲ့ ကိုဝင်းဇော်ဦး အကြောင်းပါ။ သူ့ ဟို မုန်း ဓာတ်ကလည်း ထူးထူးခြားခြား အရပ်ကို မနားတန်း ရှည်စေတယ် တဲ့။ ကျန်းမာရေးကို မထိခိုက်ဘူးဆိုရင်လည်း ဒီ အတိုင်း ထားရရင် မဆိုးဘူး ။ လှောင် ပြောင်လိုစိတ်ရှိသူတွေကတော့ ရှည်လို့ပြောင်၊ ပုလို့ပြောင်ြေ ပာင်လှောင်နေကြမှာပဲ။
သူ့အရပ်က ၇ ပေ ခွဲလောက်တောင် ရှိနေပြီ၊ အကြိတ်ကို ခွဲမထုတ်ရင် အရပ် ရှည်လာဦးမှာဖြစ်ပြီး အသက်ကျတော့ တိုသွားမယ်တဲ့။

ဒါက မနေ့က စထရိတ်တိုင်းမ် ပေးထားတဲ့ ရက်ကော့တွေပါ။
Tallest man ever Robert Wadlow 272cm
Tallest man alive Sultan Kosen 31, Turkey, 251cm
ကိုဝင်းဇော်ဦး ၊ မြန်မာ၊ 36, 233cm
Yao Ming 33, China, 229cm

နာမည်နဲ့မလိုက်တာက ကမ္ဘာ့အရပ် အရှည်ဆုံး အမေရိကန်ပါပဲ။ Wad low ရယ်လို့။
ကမ္ဘာ့အရပ် အရှည်ဆုံးလူသား မပိုင်ရရင် နေပါစေ၊ ကိုဝင်းဇော်ဦးရဲ့ ခွဲစိပ် မှု အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

news from  The Straits Times: Myanmar's 'tallest man' seeks medical aid in Singapore