အဖေတွေကို ဘယ်သွားထားမလဲ


Atletico Madrid နည်းပြ Diego Simeone က ချယ်လ်ဆီးကွင်းမှာ အိမ်ရှင် ကို တစ်ဂိုး သုံးဂိုးနဲ့အနိုင်ရ၊ ရီယယ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲလက်မှတ် ရ လိုက်တဲ့နောက် ဂုဏ်ပြုစကားပြောလိုက်ပုံက အားလုံးကို အံ့ဩတကြီးဖြစ်စေ ခဲ့ပါတယ်။
သူ ဂုဏ်ပြုစကားပြောလိုက်တာက အားကစားသမားတွေကို မဟုတ်ဘဲ အဲဒီ အားကစားသမားတွေကို မွေးထုတ်ပေးလိုက်တဲ့ အမေတွေကိုပါ။
“I want to congratulate the mothers of these players, because they gave them big balls to play like this."
အရင်းလိုက်တာက ကောင်းပါတယ်။ ပြသနာက အဖေတွေကို ဘာလို့များ ချန်ထားခဲ့ပါလိမ့်ဆိုတာပါ။

အလုပ်သမားနေ့


မြန်မာတွေ စင်္ကာပူမှာ လုပ်အားညှိနေပုံ။ Work-force balance လို့ ခေါ်လေမလား။
ပညာရှင်တွေအရဲစွန့်ပြန်ကြတာကတော့ ကောင်းတဲ့လက္ခဏာ တစ်ရပ်ပါ။


သညက္ခန္ဓာ


ခန္ဓာငါးပါးတွင် အများအားဖြင့် သညက္ခန္ဓာကို ခပ်ပေါ့ပေါ့ သဘောထားတတ် ကြပါသည်။ အမှန်မူ သညက္ခန္ဓာသည် ကျွန်ုပ်တို့ တွေးခေါ်စဉ်းစားပုံ၊ ကျွန်ုပ် တို့ ယုံကြည်ကိုးကွယ်ပုံ၊ ကျွန်ုပ်တို့ငြင်းဆန် ထောက်ခံပုံတွေအားလုံးကို ပုံဖော်ပေးသည့် ခန္ဓာတစ်ပါးဖြစ်ပါသည်။
သင်၏ဆုံးဖြတ်ချက်များကို သင်ကိုယ်တိုင် ဆုံးဖြတ်ချက်ချတာမဟုတ်၊ သင်၏ သညက္ခန္ဓာက ဆုံးဖြတ်ခြင်းသာဖြစ်၏။
ယနေ့ ဖြစ်ပွားနေသည့်ပြဿ နာများသည် သညက္ခန္ဓာကို အစပြုသည်။ ယုံချင်ယုံ၊ မယုယုံချင်နေ။ မယုံကြည်လျင် သုတေသနပြုရန် လိုအပ်ပေသည်။ အရမ်းကာရော မပြုမူသင့်။ ဗုဒ္ဓဒေသနာသည်သိပ္ပံကို မျက်ကွယ်မပြု၊ သိပ္ပံကို ကြိုဆိုပူးပေါင်း၏။ လောကအရာမဝင်ဘဲ လောကုတ္တရာ ကြွေးကြော်ခြင်းသည် အဋ္ဌကထာနှင့် မဆန့်ကျင်သော်လည်း ဗုဒ္ဓမူရင်းစကားတော်နှင့် ညှိရန် ခက်ခဲ လှသည်။
ပဋိပက္ခသည် သညက္ခန္ဓာမှာ အစပြု၍ သညက္ခန္ဓာမှာ အဆုံးသတ်၏။
(အကြောင်းသင့်မှ သညက္ခန္ဓာ အရေးပါပုံကို ရေးပါမည် ၊ဝေဒနက္ခန္ဓာ သဘောလည်းပါမည်။)

ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ သတင်း





ဆရာတော် ဦးသဇ္ဇနာ လင်္ကာရ (Satipatthana Meditation Centre) ရေးသားစီရင်ပုံနှိပ်သော ပါဠိသဒ္ဒါသင်ယူမှု အထောက်အကူပြု ကျမ်းစာအုပ်နှစ်အုပ်ကို သာသနဝေပုလ္လ ဖောင်ဒေးရှင်း(ဂျပန်) မှ ၂၀၁၄-ခု နှစ် ဗုဒ္ဓစာပေဆု ပထမဆု နှင့် ဒုတိယဆု ချီးမြှင့်လိုက်ကြောင်း သိရှိုရပါသည်။

(၁) သုခါဝဗောဓနီ အလွယ်သင် မစိုးရိမ်ပါဠိသဒ္ဒါ (A Comprehensive Manual of Pāli Grammar)၊ ၂၀၁၁-ခုနှစ်၊
(၂) နာမာ-ချာတဂဏသမ္ဗောဓနီ (Noun Declension,Verb Conjugation Handbook and Basic Pāli Reader) အမည်ရှိ ပါဠိသဒ္ဒါနှင့် တွဲဖက်သင် ကျမ်းစာ၊ ၂၀၁၂-ခုနှစ်၊

ပေးပို့သူ - မလတ် (အဘိဓမ္မာ အမှတ်စဉ် ၂ - ၃)


Source: http://www.dhammadownload.com/dhammadownload-news-SayadawUThitzana.htm 

ဘာသာစကားမှာ လော့ဂျစ် မရှိ


ဥပမာ ရက်လည်၊ လလည်၊ နှစ်လည်။
လလည်က တစ်လပြည့်တဲ့နေ့၊ နှစ်လည်က တစ်နှစ်ပြည့်တဲ့နေ့။
ရက်လည်က တစ်ရက်ပြည့်တဲ့နေ့ မဟုတ်ဘူး၊ ၇ ရက်ပြည့်တဲ့နေ့။
ဘာသာစကားကို လော့ဂျစ်နဲ့ ကိုက်ချင်တော့ ၇ ရက်ပြည့်တဲ့နေ့ကိုပဲ (၇)ကို ချန်ထားပြီး (၇ ရက်လည်အစား) ရက်လည်လို့ ခေါ်ဝေါ်ကြောင်း ရှင်းပြလာ ကြပြန်တယ်။
ဒါပေမဲ့ ဒီသီအိုရီက လလည်၊ နှစ်လည်ကို ရှင်းပြလို့ မရဘူး။ ရက်သုံးဆယ်လည်လို့ မခေါ်၊ လလည်ပဲခေါ်။ ၁၂လလည်မခေါ်၊ နှစ်လည်ပဲခေါ်)

နောက်ပြီး ၇ ရက်ကို တစ်ပတ်ခေါ်တဲ့အတွက် လော့ဂျစ်အလိုဆိုရင် ရက်လည်မခေါ်ဘဲ ပတ်လည်လို့ခေါ်ရမယ့်သဘောပဲ။
ဒီ ဝေါဟာရကို ဘာသာစကားက လက်မခံပြန်ဘူး။
ဒါက မြန်မာစကား အချင်းချင်းပဲရှိသေးတာပါ။ အခြားဘာသာစကားကနေ မြန်မာဘာသာကိုပြန်ရင် ဒီထက် ရှုပ်ထွေး ပါတယ်။
တကယ်က ဘာသာစကားဟာ လော့ဂျစ်ထက် နားလည်သဘောပေါက်မှုကို ပိုပြီး အလေးထားဟန်ရှိပါတယ်။