ဒီမိုကရေစီ သွေးသားက နုနု
အတ္တတွေက ရင့်ရင့်
ဒီမိုကရေစီအစိုးရသက်တန်းက နုနု
စိန်ခေါ်မှုတွေက ရင့်ရင့်
ဟူး...............
နိုင်ငံရေးသိက္ခာ
လတ်တလောဖြစ်ပွားနေတဲ့ မဟာသန္တိသုခကိစ္စဟာ ဦးသိန်းစိန်အစိုးရ ရဲ့ နိုင်ငံရေးသိက္ခာကို ပြည်တွင်း၊ ပြည်ပမှာ အကြီးအကျယ် ထိခိုက်မှုရှိနေပါပြီ။ ဒီကျောင်းကို ဘယ်သူပိုင်ဆိုင်တယ်ဆိုတဲ့ အငြင်းပွားမှုကြောင့် မဟုတ်ပါဘူး။
၁။ ဦးအံ့မောင် သမ္မတအကြံပေး ဟုတ်၊ မဟုတ်
၂။ ဒီအချိန်မှာ ဘာသာရေးပြသနာ အဖြစ်ခံသင့်၊ မခံသင့်ကြောင့် ဖြစ်ပါတယ်။
ရှောင်မရတဲ့ မီဒီယာကနေ မနေ့ကအထိ သိလိုက်ရတာက ဦးအံ့မောင်က သူ့ ကိုယ်သူ သမ္မတရုံးအကြံပေးလို့ ဝန်ခံပြီး သမ္မတရုံးက ဒါကို ငြင်းဆန်တယ်။ တကယ်လို့ မဟုတ်ရင် သမ္မတအာဏာကို အလွဲသုံးစားပြုရာ ရောက်မနေဘူး လား။ မဟာသန္တိသုခကိစ္စက သမ္မတနဲ့ တိုက်ရိုက်မဆိုင်ဘူး၊ ဝင်ရောက်ဖြေ ရှင်းပေးမှာ မဟုတ်ဘူးဆိုတာက(နိုင်ငံရေးနဲ့ဘာသာရေး မတူဘူး လေဆိုပြီး) လက်ခံထားလို့ရပေမဲ့ သမ္မတအာဏာကို အလွဲသုံးစားပြုတာကတော့ သမ္မတနဲ့ မဆိုင်ဘူး ပြောလို့မရနိုင်တော့ဘူး။
အရေးယူရမယ်။ သမ္မတရုံးကထွက်လာတဲ့ ငြင်းချက်ရဲ့နောက်မှာ စစ်ဆေးအရေး ယူမယ်ဆိုတာ ပါမလာဘူး။ ပါတယ်ဆိုရင် မိမိရဲ့ မနှံ့စပ်ကြောင့်မို့ တောင်းပန် ပါတယ်။
ဒါက ဘာလဲ။ ဦးအံ့မောင်က ဘယ်သူလဲ။ သမ္မတရုံးကထွက်လာတဲ့တုန့်ပြန်မှုက အဖြေထက် မေးခွန်းပဲ ပေးခဲ့တယ်။ ဦးအံ့မောင်ဟာ နိုင်ငံတော်သမ္မတက မထိ ရဲလောက်အောင် ကြီးနေသူလား။ ဘာကြောင့်လဲ။
တစ်ကမ္ဘာလုံး ဘာသာရေးက ဆတ်ဆတ်ထိမခံဖြစ်နေချိန် ဒီမိုကရေစီသွေး သားနုနုနဲ့ ဒီနိုင်ငံမှာ ဘာကြောင့် ဒီလိုကိစ္စမျိုး အဖြစ်ခံရသလဲ။ သမ္မတက ဝင်မရှင်းလို့ ပြသနာရှင်းသွားပါ့မလား။ စိုးရိမ်စရာပဲ။
အခုဆို အနည်းဆုံး သုံးအုပ်စု ကွဲနေတယ်။
၁။ ဦးအံ့မောင်နဲ့ မဟန အတိုက်အခံအုပ်စု
၂။ ဦးအံ့မောင်နဲ့ မဟန အုပ်စု(အသံ မထွက်လှပေမဲ့ အချုပ်အချာအာဏာဆိုတဲ့ စကားလုံးကြီးကို သုံးလိုက်ရင် အားမသေးလှဘူး)
၃။ လူတွေ လမ်းပေါ်ရောက်လာမှာ စိုးရိမ်တဲ့အုပ်စု။
မဟာသန္တိသုခက သင်တန်းသားအသစ်တွေ ခေါ်ယူဖို့ လုပ်နေပြီ၊ အခုနေ တားမြစ်ရမယ်။ အခု မတားမြစ်လို့ သင်တန်းသားအသစ်တွေ ရောက်လာရင် ဒီထက်ရှင်းရခက်မယ်။ ဒီလိုလား။
တကယ်လို့ အကျိုးအကြောင်းညီညီနဲ့ ပီနန်ဆရာတော်ကြီး မပိုင်ဘူးဆိုတာ ခိုင်မာရင် နောက် ၅ နှစ်၊ ၁၀ နှစ်ကြာပြီး နိုင်ငံရေးတည်ငြိမ်မ်မှ ဖြေရှင်းရင်ကော မရနိုင်ဘူးလား။ ဘာပဲဖြစ်ဖြစ် လူအများစုကတော့ လမ်းပေါ်ကို ရဟန်းတွေ၊ လူတွေတက်လာမှာ၊ မဖြစ်လို့ လမ်းပေါ်တက်လိုက်ရမှာကို ကြောက်နေကြတယ်။ လမ်းပေါ်လူတွေတက်လာရင် ဘယ်လိုလုပ်မှာလဲ။ အကြမ်းမဖက်နည်းလား၊ ဓာတ်ပြားဟောင်း ကျည်ဆန်လား၊ မျက်ရည်ယို ဗုံးလား။
အရေးအခင်းဖြစ်တဲ့အကြိမ် ထိုင်းလောက်မများပေမဲ့ တကယ်ဖြစ်ရင် ပမာဏက ထိုင်းထက်အများကြီး ပိုကြီးနေတတ်တယ်။
မရတော့ဘူးဆိုရင်တော့ အချုပ်အချာအာဏာဆိုတဲ့ စကားလုံးကြီးကို ကိုင်ပြီး အစိုးရက လုပ်မှာပဲ(လုပ်လည်းလုပ်ရမှာပဲ)။ ဒီခေတ်မှာ နိုင်ငံရေးအတွက် အသေခံရဲသူထက် ဘာသာရေးအတွက် အသေခံရဲသူ ပိုများတယ်လို့ ကမ္ဘာက သက်သေပြနေပါတယ်။ ဒီလို မဖြစ်အောင် မတားမြစ်နိုင်ဘူးလား။
အနည်းဆုံး ဦးအံ့မောင်ကို(သူ့ရှေ့က ဆိုင်းဘုတ်ကြီးမမှန်ဘူး ဆိုရင်) သမ္မတ အာဏာ အလွဲသုံးစားမှုတပ်ပြီး တရားစွဲလိုက်၊ စံပြ အပြစ်ပေးလိုက်။ လူထု ရာနှုန်းပြည့် သာဓုခေါ်မယ့် ကိစ္စ။ သမ္မတအပေါ်လည်း ယုံကြည်မှု ပိုလာမယ်။ အစိုရအကြံပေး အဖွဲ့လည်း အနည်းဆုံး စုန်းပြူးတစ်ယောက် ရှင်းသွားမယ်။
ဘာသာရေး အဓိကရုဏ်းကို ဘာသာရေးလက်ထဲ လွှဲပေးလိုက်။
ဒီလိုမဟုတ်ရင် ပြည်တွင်းမှာရော ပြည်ပမှာပါ နိုင်ငံရေးသိက္ခာ ဆက်ကျနေ လိမ့်မယ်။
ဒီလောက်အထိ ရေးမှတော့ ဒါဟာ စစ်အစိုးရက အာဏာပြန်သိမ်းချင် လို့ ထောက်ခြောက်ဆင်နေတယ်ဆိုတဲ့စကားကို မယုံကြည်လို့ပေါ့။
မဟာသန္တိသုခ ဘယ်လောက်ကြီးကြီး နိုင်ငံတော်နဲ့ ယှဉ်ရင် ဘုန်းကြီးကျောင်း တစ်ကျောင်းမျှသာပါ။
ဘုန်းကြီးကျောင်း တစ်ကျောင်းမျှသာလို့ဆိုပေမဲ့ ဒီကျောင်းရဲ့ ကွန်ယက်နဲ့ ဂယက်က အကြီးကြီး။
ဒီမိုကရေစီ သွေးသားက နုနု
အတ္တတွေက ရင့်ရင့်
ဒီမိုကရေစီ အစိုးရသက်တန်းက နုနု
စိန်ခေါ်မှုတွေက ရင့်ရင့်
ဟူး.............................